Monday, May 6, 2024

ကျောက်မဲ အမြောက်တပ်အနီးရှိ ပညာရေးကျောင်း ဗုံးတွေ့

Must read

သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့ အမြောက်တပ်အနီးရှိ အမှတ် (၃) အခြေခံပညာအထက်တန်းကျောင်း အဝင်တံခါးပေါက်တွင် ယနေ့ ( ဇွန် ၂) ရက် မနက် (၈)နာရီခွဲ၌ ဗုံးတစ်လုံး တွေ့ရှိခဲ့ကြောင်း သတင်းရရှိသည်။

“ဗုံးတွေ့တော့ တာဝန်ရှိသူတွေ လာဖောက်ခွဲလိုက်တယ်။ အဲ့ကျောင်းက တပ်မိသားစုတွေ ဝန်ထမ်းမိသားစုတွေ တက်ကြတာ။ အခုတော့ ဘယ်သူမှ လာမတက်ကြတော့ဘူးထင်တယ်” ဟု ကျောက်မဲ ဒေသခံ တစ်ဦး က သျှမ်းသံတော်ဆင့် ကိုပြောသည်။

အဆိုပါ ကျောင်းသည် စစ်တပ်နှင့် ဆေးရုံ နှင့် နီးပြီး ဝန်ထမ်း မိသားစုများ စစ်တပ် မိသားစုများ ကျောင်းသို့ တက်ရောက်နေသည့် ကျောင်းဖြစ်ကြောင်း သိရသည်။

“ပြည်သူတွေတော့ ကျောင်းကို မသွားတက်ရဲကြသေးဘူး။ ဒီလို ဗုံးလာထောင်ရင် ဘယ်သူမှ မသွားတက်ရဲကြတော့ဘူးထင်တယ်။ လုံခြုံမှု မရှိဘူး” ဟု ကျောက်မဲ ဒေသခံ တစ်ဦး ကပြောသည်။

ဇွန် (၁) ရက်တွင် စစ်ကောင်စီ၏ အမိန့်အရ မြန်မာနိုင်ငံတဝှမ်း ကျောင်းဖွင့်လှစ်သော်လည်း ကျောင်းလာတက်သည့် သူများသည် ဝန်ထမ်း မိသားစုဝင် အများဖြစ်ကြသည်။

Leave a Comments

- Advertisement -spot_img

Latest article