ကျောက်မဲ
ကျောက်မဲမြို့ပေါ်ရောက် နှစ်ကျော့ပြန်စစ်ရှောင် (၈၀)ကျော် စားနပ်ရိက္ခာခက်ခဲ
SHAN -
သျှမ်းမြောက် ကျောက်မဲခရိုင် မိုင်းငေါ့မြို့နယ်ခွဲ နမ့်မန်းဒေသခံ (၈၀)ကျော်သည် နှစ်ကျော့ပြန် စစ်ရှောင်ခဲ့ရပြီး ကျောက်မဲမြို့ပေါ်ရောက်ရှိလာသဖြင့် စားနပ်ရိက္ခာ ခက်ခဲနေကြောင်း စုံစမ်းသိရသည်။ ထိုနမ့်မန်ဒေသခံ(၈)ကျော်သည် လွန်ခဲ့သည့် မတ်လ အတွင်းတွင် နေအိမ်မီးရှို့ခံခဲ့ရပြီး ရွာနှင့် (၂)မိုင်ဝေးကွာသည့် နေရာသို့ ပြောင်းရွှေ့နေထိုင်ခဲ့ရာ အမည်မသိလက်နက်ကိုင် တပ်ဖွဲ့က အရပ်ဝတ်ဖြင့် လာရောက် ခြိမ်းခြောက်ပြောဆိုသဖြင့်...
စစ်ကောင်စီအုပ်စု ကျောက်မဲ ပြည်သူနေအိမ်ထဲ ဝင်မွှေပြီး ပစ္စည်းများကို ဖျက်ဆီး
SHAN -
သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့တွင် စစ်ကောင်စီ အုပ်စုသည် ပြည်သူနေအိမ်ထဲသို့ ဝင်ရောက်ရှာဖွေပြီး နေအိမ်ထဲရှိ ပစ္စည်းများကိုပါ ရိုက်ချိုးဖျက်ဆီးခဲ့ကြောင်း စုံစမ်းသိရှိရသည်။ ဖြစ်စဉ်မှာ သြဂုတ် ၈ ရက် ည (၁၁) နာရီ ဝန်းကျင်တွင် ကျောက်မဲမြို့ ရပ်ကွက် (၇) ရှိနေအိမ်တလုံးအတွင်းသို့ စစ်ကောင်စီ အုပ်စု လက်အောက်ခံ...
ကျောက်မဲမြို့ပေါ်ရောက် စစ်ရှောင် (၂၆၀) ကျော် အကူအညီလိုအပ်နေ
SHAN -
သျှမ်းမြောက် ကျောက်မဲမြို့ပေါ် တလနီးပါး ရောက်ရှိနေသည့် စစ်ဘေးရှောင် (၂၆၀)ကျော်အတွက် စားနပ်ရိက္ခာ ခက်ခဲနေကြောင်း စုံစမ်းသိရသည်။ ထို စစ်ဘေးရှောင် (၂၆၀)ကျော်သည် ပြီးခဲ့သည့် ဇူလိုင်လ တွင် ကျောက်မဲမြိုု့နယ် အတွင်း တိုင်းရင်းသားလက်နက်ကိုင် အချင်းချင်းဖြစ်ပွားသည့် တိုက်ပွဲကြောင့် ထွက်ပြေးတိမ်းရှောင်လာကြပြီး၊ လက်ရှိမှာ ဆွေမျိုးအိမ်တွင် နေထိုင်ကြကြောင်း သတင်းရရှိသည်။ “...
ကျောက်မဲ ဒေသခံလူငယ်တဉီးကို အာဏာသိမ်းတပ်မှ ဖမ်းဆီးရိုက်နှက်ခြေထောက်ကျိုး
SHAN -
သျှမ်းပြည် မြောက်ပိုင်း ကျောက်မဲမြို့ပေါ် နေအိမ်တလုံးအား အာဏာသိမ်းတပ်ဖွဲ့ မှ အင်အား အလုံးအရင်းဖြင့် ဝန်းရံပိတ်ဆို့ပြီး အိမ်အတွင်းရှိလူငယ်တဉီးအား ဖမ်းဆီးခေါ်ဆောင်ကာ ရိုက်နှက်စစ်ဆေးရာ ခြေထောက်နှစ်ချောင်းလုံးကျိုးသွားကြောင်းသတင်းရရှိသည်။ အိမ်စောင့်တပ်ဖမ်းသွားသည့် အသက် ၂၂ အရွယ် ကျောက်မဲ ရပ်ကွက် ၇ သားတဉီး တပ်အချုပ်ခန်း မှ ထွက်ပြေးရန် ကြိုးစားစဉ်...
ကျောက်မဲ ညဘက် ပစ္စည်းလုယက်မှုများ မကြာခဏဖြစ်နေ
SHAN -
ဇူလိုင်လက စပြီး ကျောက်မဲမြို့ပေါ်တွင် ပစ္စည်းလုယက်မှုများ မကြာခဏ ဖြစ်ပေါ်နေကြောင်း ဒေသခံများထံမှ စုံစမ်းသိရသည်။ “ညပိုင်း လူပြတ်တဲ့နေရာတွေမှာ စကစတွေလား၊ ရဲတွေလားဆိုတာတော့ သေခြာမသိဘူး၊ သူ့တို့ပုံစံတွေလိုလုပ်ပြီး သွားလာတဲ့လူတွေကို ဟန့်တားပြီး အနုကြမ်းစီး ပစ္စည်းလုတာတွေ ရှိတယ်” ဟု ကျောက်မဲမြို့မှ ဒေသခံက ပြောသည်။ ဇူလိုင်လမှ စတင်ပြီး ယခုချိန်ထိ...
ကျောက်မဲ ပုံဝိုးဒေသရောက် စစ်ရှောင် (၁၀၀)ကျော် အကူညီလိုအပ်နေ
SHAN -
သျှမ်းမြောက် ကျောက်မဲမြို့နယ် ပုံဝိုးဒေသတွင် စစ်ဘေးရှောင်ပြည်သူ (၁၀၀)ကျော်ရှိနေပြီး ဆေးဝါးနှင့် စားဝတ်နေရေးအတွက် အခက်ခဲဖြစ်နေကြောင်း သိရသည်။ သျှမ်းတပ် (၂)တပ်တိုက်ပွဲ မကြာခဏဖြစ်ပွားသည့်အတွက် ဒေခသံများ ထိခိုက်မှာကို စိုးရိမ်သဖြင့် စစ်ရှောင် (၁၀၀)ကျော်ထွက်ပြေးလာကြကြောင်း၊ ထိုစစ်ရှောင်များသည် တာလုံနဲ့ စလောင်းကျေးရွာတွင် နေထိုင်ကြသူများ ဖြစ်ကြောင်း သရသည်။ “သျှမ်းတပ် ၂ တပ်...
ကျောက်မဲ ဟူးစွန်ရွာတွင် လသားအရွယ်အပါဝင် စစ်ရှောင် (၈၀)ကျော်ရောက် အခက်ခဲရှိနေ
SHAN -
သျှမ်းမြောက် ကျောက်မဲမြို့နယ် ဟူးဆွန်ကျေးရွာတွင် လသားအရွယ်ကလေးငယ်အပါအဝင် စစ်ဘေးရှောင် ပြည်သူ (၈၀)ကျော် ရောက်ရှိနေပြီး အစားအသောက်နှင့် နေထိုင်ရန် အခက်ခဲဖြစ်နေကြောင်း သိရသည်။ “ပြီးခဲ့တဲ့ ဇူလိုင် ၂၆ ရက်နေ့ ညနေပိုင်း ကတည်းက ကိန်ကိုင်ရွာမှာနေတဲ့ စစ်ရှောင်တွေ စပြီး ရောက်လာတာ၊ ဒီနေ့ထိဆိုရင် (၈၁) ယောက်ရှိတယ်၊...
ကျောက်မဲတွင် အိမ်တွင်းကုသနေမှု ထိန်းချုပ်နိုင်ရန် Fever Clinic အခမဲ့ဆေးခန်း ဖွင့်လှစ်
SHAN -
သျှမ်းမြောက် ကျောက်မဲမြို့တွင် ကျန်းမာရေးမကောင်းသည့် သူများ၊ ငွေကြေးခက်ခဲသူများ အလွယ်တကူ လာရောက်ပြသနိုင်ရန်နှင့် အိမ်တွင်းပုန်း ကုသနေသူများ လျော့နည်းသွားစေရန် ရည်ရွယ်ပြီး ဇူလိုင် ၂၆ ရက်နေ့(ယနေ့)မနက်ပိုင်း မှစတင်ကာ Fever Clinic အခမဲ့ဆေးခန်း ဖွင့်လှစ်ကာ ကုသပေးနေပြီဖြစ်ကြောင်း သိရသည်။ ကျောက်မဲမြို့တွင် ကိုဗစ် ကူးစက်မှုနှုန်းမြင့်တက်နေပြီး ကာကွယ်ထိန်းချုပ်ကုသမှု...
ကျောက်မဲ ဘိုးဘွားရိပ်သာနေထိုင်သူ (၁၄)ဦး ကိုဗစ်ကူးစက်ခံရ
SHAN -
သျှမ်းမြောက် ကျောက်မဲမြို့ရှိ သက်ကြီးစောင့်ရှောက်ရေးစင်တာတွင်ရှိသော ဘိုးဘွားများ ပြီးခဲ့သည့်ရက်ပိုင်းက ကိုဗစ် − ၁၉ ရောဂါပိုး ကူးစက်ခံရပြီး စိုးရိမ်နေရကြောင်း သိရသည်။ “ပြီးခဲ့တဲ့ ဇူလိုင် ၂၁ ရက်က ပထမအသုတ် ဘိုးဘွား(၃)ယောက်ကို စစ်ကြည့်တာ ကိုဗစ်ပိုးစတွေ့တာပေါ့၊ နောက်တစ်ရက်ခြားမှာ ကျန်တဲ့ ဘိုးဘွားတွေကို ထပ်စစ်တော့လည်း ရောဂါပိုးရှိနေတာကို...
ကျောက်မဲ ရဲတပ်ဖွဲ့ဝင် ၁၆ ဦး ကိုဗစ်ကူးစက်ခံရ
SHAN -
သျှမ်းမြောက် ကျောက်မဲမြို့နယ်တွင် ဇူလိုင် (၁၉)ရက်နေ့က ကိုဗစ် − ၁၉ ကူးစက်ခံရသူ ၃၂ ဦးရှိကာ ထိုထဲတွင် ရဲဝန်ထမ်း ၁၆ ဦးပါဝင်ပြီး၊ သေဆုံးသူ (၄)ဦးထိ ရှိခဲ့ကြောင်း သိရသည်။ အဆိုပါနေ့ မနက်ပိုင်းတွင် နောင်ပိန်ရဲစခန်းမှ (ရခိုင်ပြန်) ရဲဝန်ထမ်း (၄)ဦး ကိုဗစ်ပိုး...





