ကျောက်မဲ နောင်ဆင်စစ်ရှောင် (၂)ဦး ကြိုးမိုင်းထိ (၁)ဦးဒဏ်ရာပြင်းထန်

သျှမ်းမြောက် ကျောက်မဲမြို့နယ် နောင်ဆင်ကျေးရွာတွင် ယမန်နေ့ ( သြဂုတ် ၁၃)ရက် မွန်းလွဲ (၂)နာရီခန့် ၌ စစ်ရှောင်(၂)ဦး မိုင်းနင်းမိပြီး (၁)ဦး ပြင်းထန်ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။

ထိုမိုင်းနင်းမိသူများသည် ကျောက်မဲမြို့နယ် ပန်လင်ကျေးရွာအုပ်စု နောင်ဆင်ကျေးရွာတွင် ရောက်ရှိနေသည့် စစ်ရှောင်များဖြစ်ပြီး လက်ဖက်ခြံအနီး မှိုသွားရှာချိန်တွင် ကြိုးမိုင်းထိမိကာ ပြင်းထန်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

“သူတို့ လက်ဖက်ခူးတဲ့ ခြံနားမှာပဲ မှိုသွားရှာရင်း ကြိုးမိုင်းကို သွားထိမိတာ၊ ကလေး (၄)ယောက်လည်းပါတယ်၊ ကလေးတွေကတော့ ဒဏ်ရာမရဘူး၊ လူကြီး (၂)ယောက် မိုင်းစ ထိပြီး ဒဏ်ရာရခဲ့တယ်” ဟု ပန်လင်ကျေးရွာမှ ဒေသခံတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ဒဏ်ရာရသူမှာ ယာအေးစိန် (၄၀)နှစ်၊ မိုင်းအိုက်ညီ (၃၁)နှစ်တို့ဖြစ်ပြီး မိုင်းအိုက်ညီတွင် မျက်လုံးနှင့် ဗိုက်(ချက်အောက်)တွင် မိုင်းစနစ်ဝင်ကာ ပြင်းထန်ဒဏ်ရာရရှိထားကြောင်း၊ ယာအေးစိန်တွင် ခြေသလုံးနှင့် ခါးတို့တွင် ဒဏ်ရာရရှိထားတာဖြစ်ကြောင်း အဆိုပါ ဒေသခံထံမှ သိရသည်။

ထိုဒေသတွင် တိုင်းရင်းသားလက်နက်ကိုင်များဖြစ်သည့် သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ၊ သျှမ်းပြည်တပ်မတော် (RCSS/SSA)နှင့် တအာင်း(ပလောင်)အမျိုးသားလွှတ်မြောက်ရေးတပ်မတော် (TNLA)တို့သည့် ယနေ့ (သြဂုတ် ၁၄)ရက်နေ့တွင်လည်း တိုက်ပွဲ ဆက်လက်ဖြစ်ပွားနေကြောင်း သိရသည်။

ထိုတိုက်ပွဲကြောင့် ကျေးရွာအဝင်အထွက်လမ်းများလည်း ပိတ်ထားရပြီး ကျောက်မဲမြို့ပေါ်တွင်လည်း ကိုဗစ်ကူးစက်မှု မြင့်တက်နေသည့်အတွက် လူနာများ ဆေးကုသရန် ခက်ခဲနေကြောင်း ဒေသခံက ပြောသည်။

“တိုက်ပွဲသံတွေက ဒီနေ့လည်း ကြားနေရသေးတယ်၊ ရွာအဝင်လမ်းတွေလည်းပိတ်ထားတယ်၊ နောက်ပြီး မြို့ပေါ်မှာလည်း ကိုဗစ်က အရမ်းပျံ့နေတော့ သူတို့နှစ်ယောက်ကို ဆေးကုသပေးဖို့ အရမ်းခက်ခဲနေတယ်”ဟု ထိုလူနာကို ကူညီပေးနေသည့် ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

အဆိုပါ လူနာနှစ်ဦးသည် ယခင်က ပန်မ ရွာသစ်တွင် နေထိုင်သူများဖြစ်ကြောင်း၊ ပြီးခဲ့သည့် (၅)လခန့်ကတည်းက တိုင်းရင်းသားလက်နက်ကိုင်များ တိုက်ပွဲဖြစ်ပွားမှုကြောင့် ပန်လင်ကျေးရွာအုပ်စု နောင်ဆင်ကျေးရွာသို့ စစ်ရှောင်ရောက်ရှိလာပြီး လက်ဖက်ခူးအငှားလိုက်ကာ စားဝတ်နေရေးအတွက် လုပ်ကိုင်နေရတာဖြစ်ကြောင်း ဒေသခံများထံမှ စုံစမ်းသိရသည်။
ဒေသခံများ စားဝတ်နေရေးအတွက် သွားလာလှုပ်ရှားနေရသည့် နေရာအနီးတွင် လက်နက်ကိုင်တပ်ဖွဲ့များ မိုင်းထောင်ခြင်း မပြုလုပ်ကြရန် အနူးအညွှတ်တောင်းပန်ကြောင်း ဒေသခံ တစ်ဦးက ပြောသည်။

“ဘယ်လက်နက်ကိုင်တပ်ဖွဲ့မဆို ဒေသခံတွေ နေ့တိုင်း သွားလာလှုပ်ရှားနေရတဲ့ နေရာအနီးမှာ မိုင်းထောင်တာတွေ မပြုလုပ်ကြဖို့ အနူးအညွှတ်ကို တောင်းပန်ပါတယ်၊ အဲ့လို မိုင်းထောင်ထားလို့ ဒေသခံတွေ ဒဏ်ရာရပြီး အခက်ခဲတွေ ကြုံနေကြရတယ်” ဟု ပန်လင်းကျေးရွာဒေသခံ အမျိုးသားတစ်ဦးက ဆိုသည်။

ပြီးခဲ့သည့် ဇူလိုင်လအတွင်းမှာလည်း ပန်လင်ကျေးရွာမှ အသက် (၂၅)နှစ်အရွယ်ရှိ ဒေသခံ အမျိုးသားတစ်ဦး လက်ဖက်ခြံသို့သွားစဉ် ကြိုးမိုင်းထိမိကာ ခြေထောက်နှစ်ဖက်နှင့် ရင်ဘက်တို့တွင် ဒဏ်ရာရရှိခဲ့ကြောင်း၊ အဆိုပါအမျိုးသားသည် ယနေ့အချိန်ထိ လမ်းလျှောက်နိုင်ခြင်းမရှိသေးကြောင်း ဒေသခံများထံမှ စုံစမ်းသိရသည်။

သျှမ်းမြောက် ကျောက်မဲမြို့နယ်တွင် ယခုရက်ပိုင်းအတွင်း တိုင်းရင်းသားလက်နက်ကိုင်များဖြစ်သည့် RCSS/SSA နှင့် SSPP/SSA ၊ TNLA တို့ ထိတွေ့တိုက်ပွဲဖြစ်ပွားနေမှုကြောင့် ဒေသခံ (၂၀၀)ကျော် ထပ်မံထွက်ပြေးတိမ်းရှောင်ခဲ့ရကာ စားနပ်ရိက္ခာများလည်း အရေးပေါ်လိုအပ်နေဆဲဖြစ်ကြောင်း စုံစမ်းသိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

မိုင်းငေါ့မြို့နယ်တွင် ရေကြီးမြေပြိုမှုကြောင့် လူ ၂ ဦးသေဆုံး၊ နိုင်ငံတစ်ဝန်း ရေးဘေးသင့်သူ ၆ သောင်းကျော်ရှိလာ

0
သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲခရိုင် မိုင်းငေါ့မြို့နယ်အတွင်း မိုးသည်းထန်စွာရွာသွန်းမှုနှင့်အတူ ဖြစ်ပွားခဲ့သည့် ရေနစ်မှုနှင့် မြေပြိုမှုဖြစ်စဉ်များကြောင့် ရက်ပိုင်းအတွင်း ဒေသခံ ၂ ဦး သေဆုံးခဲ့ကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဩဂုတ်လ ၅ ရက်နေ့က မိုင်းငေါ့မြို့နယ် ဟဲခမ်းကျေးရွာရှိ နမ့်မီချောင်းအတွင်း သူငယ်ချင်းများနှင့်အတူ ရေဆင်းကစားရာမှ ပျောက်ဆုံးသွားခဲ့သည့် အသက် ၁၅...

ပဋိပက္ခကြားက ကျောက်မဲ အထက်ရဲရွာစီမံကိန်းကို စစ်တပ်ပြန်စရန် ပြင်ဆင်နေ

0
သျှမ်းပြည်မြောက်ပိုင်းတွင် စစ်ရေးနှင့် နိုင်ငံရေးအခြေအနေများ ရှုပ်ထွေးနေဆဲကာလအတွင်း တိုက်ပွဲများကြောင့် ပျက်စီးသွားသည့် အထက်ရဲရွာ ရေအားလျှပ်စစ်စီမံကိန်းကို ပြည်ထောင်စုဘတ်ဂျက်သုံးစွဲကာ ပြန်လည်ပြင်ဆင်မည်ဟု စစ်ကော်မရှင်က ပြောဆိုလိုက်သည်။ ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် ဇွန်လအတွင်း ဖြစ်ပွားခဲ့သော တိုက်ပွဲများကြောင့် ကျောက်မဲမြို့နယ်ရှိ အဆိုပါစီမံကိန်းမှ စက်ပစ္စည်းနှင့် အဆောက်အအုံများ ငွေကျပ် ၂၆ ဘီလီယံခန့်...

တောင်ကြီးမြို့နယ်ရောက် စစ်ရှောင် လျှပ်စစ်မီးရရှိရေး ကျပ်သိန်း (၃၀)ထိပေးရ

0
သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့နယ်သို့ရောက်ရှိလာသော စစ်ဘေးရှောင်များသည် လျှပ်စစ်မီးရရှိရန် သက်ဆိုင်ရာလူကြီးများထံ ကျပ်သိန်း(၃၀) ပေးနေရကြောင်း သတင်းရရှိသည်။ တောင်ကြီးမြို့နယ် နောင်ကားကျေးရွာ၊ တံတားမီးလောင်ကျေးရွာ၊ ဒုံခရာ ကျေးရွာနှင့် ညိုမီးကျေးရွာ ဘက်တွင် ကရင်နီပြည်မှ ရောက်လာသော စစ်ရှောင်များရှိကို ၎င်းနေအိမ်အတွက် လျှပ်စစ်မီးရရှိရန် ကျပ်သိန်း (၃၀)အထိ ပေးရသဖြင့် ဆိုလာပြားများကို အသုံးပြုနေရသည်။​ “လျှပ်စစ်မီးယူမယ်ဆို...

ကျောက်မဲမြို့တွင် စစ်လက်နက်ကျန်ပစ္စည်း ရောင်းစားရန်ကောက်ယူလာစဉ် ပေါက်ကွဲသေဆုံး

0
သျှမ်းပြည်မြောက်ပိုင်း၊ ကျောက်မဲမြို့နယ် နားအိုက်ခန့် အုပ်စု ပန်ဟိုက်ကျေးရွာတွင် စစ်လက်နက်ကျန် ပစ္စည်း ရောင်းစားရန် အတွက် ကောက်ယူမိရာမှ ပေါက်ကွဲပြီး အမျိုးသားတစ်ဦးက သေဆုံးသွားကြောင်း သတင်းရရှိသည်။ ယမန်နေ့( မေလ ၁၁) ရက်နေ့ ညနေ ၅နာရီ ခွဲကျော်တွင် ပန်ဟိုက်ကျေးရွာမှ အသက် (၃၃) နှစ်အရွယ်...

ဆောင်းပြောင်း နေရပ်ပြန် ဒေသခံများ မြေမြှုပ်မိုင်းများကြောင့် စိုက်ပျိုးရေး ပြန်မလုပ်နိုင်သေး

0
သျှမ်းပြည်တောင်ပိုင်း ပင်လောင်းမြို့နယ် ဆောင်းပြောင်းကျေးရွာသို့ နေရပ်ပြန် ဒေသခံများသည့် မြေမြှုပ်မိုင်းများကြောင့် စိုက်ပျိုးရေးလုပ်ငန်း ပြန်မလုပ်နိုင်သေးကြောင်း စုံစမ်းသိရသည်။ ဆောင်းပြောင်းကျေးရွာသည် ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်အတွင်း စစ်ကော်မရှင်တပ်၊ ပအိုဝ်းပြည်သူ့စစ် (PNO) နှင့် ကရင်နီတော်လှန်ရေး တပ်ပေါင်းစုတို့ တိုက်ပွဲများ ဖြစ်ပွားခဲ့ခြင်းကြောင့် ဒေသခံများ ထွက်ပြေး တိမ်းရှောင်ခဲ့ရသည်။ သို့သော် ၂၀၂၅...