ကျောက်မဲမြို့ပေါ်ရောက် နှစ်ကျော့ပြန်စစ်ရှောင် (၈၀)ကျော် စားနပ်ရိက္ခာခက်ခဲ

သျှမ်းမြောက် ကျောက်မဲခရိုင် မိုင်းငေါ့မြို့နယ်ခွဲ နမ့်မန်းဒေသခံ (၈၀)ကျော်သည် နှစ်ကျော့ပြန် စစ်ရှောင်ခဲ့ရပြီး ကျောက်မဲမြို့ပေါ်ရောက်ရှိလာသဖြင့် စားနပ်ရိက္ခာ ခက်ခဲနေကြောင်း စုံစမ်းသိရသည်။

ထိုနမ့်မန်ဒေသခံ(၈)ကျော်သည် လွန်ခဲ့သည့် မတ်လ အတွင်းတွင် နေအိမ်မီးရှို့ခံခဲ့ရပြီး ရွာနှင့် (၂)မိုင်ဝေးကွာသည့် နေရာသို့ ပြောင်းရွှေ့နေထိုင်ခဲ့ရာ အမည်မသိလက်နက်ကိုင် တပ်ဖွဲ့က အရပ်ဝတ်ဖြင့် လာရောက် ခြိမ်းခြောက်ပြောဆိုသဖြင့် လက်ရှိမှာ ကျောက်မဲမြို့ ရောက်ရှိ နေထိုင်နေကြောင်း သတင်းရရှိသည်။

“မီးရှို့ဖျက်ဆီးခံရလို့ နမ့်မန်းရွာနဲ့ (၂)မိုင်ဝေးတဲ့ လမ်းဘေးတစ်နေရာမှာ ပြောင်းပြီး လာနေတယ်၊ အဲ့ဒီနေရာမှာလည်း မနေရဘူး၊ တစ်ခြားနေရာပြောင်း ဆိုပြီး အရပ်ဝတ်နဲ့လူတစ်စုက ထပ်လာပြောလို့ အခု ကျောက်မဲမြို့ပေါ်ရောက်လာတယ် ”ဟု ဒေသခံ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

အဆိုပါဒေသခံ (၈၀)ကျော်သည် ပြီးခဲ့သည့် ဇူလိုင်လအတွင်း ကျောက်မဲမြို့ပေါ်သို့ ထပ်မံပြောင်းရွေ့နေထိုင်ခဲ့ရကြောင်း၊ သို့သော် မြို့ပေါ်တွင် ကိုဗစ်ကူးစက်မှုမြင့်တက်နေပြီး အလုပ်အကိုင်ရှားပါးသည့်အတွက် စားနပ်ရိက္ခာခက်ခဲမှုများ ရှိနေကြောင်း သိရသည်။

“မြို့ပေါ်မှာက ကိုဗစ်တွေ အရမ်းပျံ့နေတယ်၊ အရင်ကတည်းက မြို့ပေါ်မှာ နေတဲ့သူတွေတောင် စားနပ်ရိက္ခာအတွက် ခက်ခဲနေကြတာ၊ သူတို့လို အခြားနေရပ်ကနေ ပြောင်းရွှေ့လာခဲ့ရသူဆိုရင် ပိုပြီး ခက်ခဲတာပေါ့” ဟု အထက်ပါ ဒေသခံက ဆိုသည်။

နမ့်မန်းရွာသည် ကျောက်မဲမြို့ နှင့် (၁၃)မိုင်အကွာ မိုင်းငေါ့မြို့သို့သွားသည့် လမ်းမကြီးဘေးတွင်ရှိသည့် ကျေးရွာဖြစ်ပြီး၊ ပြီးခဲ့သည့် မတ်လ (၂၅)ရက်နေ့ ညပိုင်းက စားသောက်ဆိုင်နှင့် နေအိမ် (၈)အိမ်ခန့် မီးရှို့ဖျက်ဆီးခံခဲ့ရတာဖြစ်ကြောင်း သိရသည်။

ထိုဒေသတွင် တိုင်းရင်းသားလက်နက်ကိုင်များဖြစ်သည့် RCSS/SSA နှင့် TNLA တို့ စစ်ရေးတင်းမာနေသည့် ဒေသဖြစ်ပြီး မကြာခဏ တိုက်ပွဲဖြစ်ပွားသည့်နေရာဖြစ်သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

မိုင်းငေါ့မြို့နယ်တွင် ရေကြီးမြေပြိုမှုကြောင့် လူ ၂ ဦးသေဆုံး၊ နိုင်ငံတစ်ဝန်း ရေးဘေးသင့်သူ ၆ သောင်းကျော်ရှိလာ

0
သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲခရိုင် မိုင်းငေါ့မြို့နယ်အတွင်း မိုးသည်းထန်စွာရွာသွန်းမှုနှင့်အတူ ဖြစ်ပွားခဲ့သည့် ရေနစ်မှုနှင့် မြေပြိုမှုဖြစ်စဉ်များကြောင့် ရက်ပိုင်းအတွင်း ဒေသခံ ၂ ဦး သေဆုံးခဲ့ကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဩဂုတ်လ ၅ ရက်နေ့က မိုင်းငေါ့မြို့နယ် ဟဲခမ်းကျေးရွာရှိ နမ့်မီချောင်းအတွင်း သူငယ်ချင်းများနှင့်အတူ ရေဆင်းကစားရာမှ ပျောက်ဆုံးသွားခဲ့သည့် အသက် ၁၅...

ပဋိပက္ခကြားက ကျောက်မဲ အထက်ရဲရွာစီမံကိန်းကို စစ်တပ်ပြန်စရန် ပြင်ဆင်နေ

0
သျှမ်းပြည်မြောက်ပိုင်းတွင် စစ်ရေးနှင့် နိုင်ငံရေးအခြေအနေများ ရှုပ်ထွေးနေဆဲကာလအတွင်း တိုက်ပွဲများကြောင့် ပျက်စီးသွားသည့် အထက်ရဲရွာ ရေအားလျှပ်စစ်စီမံကိန်းကို ပြည်ထောင်စုဘတ်ဂျက်သုံးစွဲကာ ပြန်လည်ပြင်ဆင်မည်ဟု စစ်ကော်မရှင်က ပြောဆိုလိုက်သည်။ ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် ဇွန်လအတွင်း ဖြစ်ပွားခဲ့သော တိုက်ပွဲများကြောင့် ကျောက်မဲမြို့နယ်ရှိ အဆိုပါစီမံကိန်းမှ စက်ပစ္စည်းနှင့် အဆောက်အအုံများ ငွေကျပ် ၂၆ ဘီလီယံခန့်...

တောင်ကြီးမြို့နယ်ရောက် စစ်ရှောင် လျှပ်စစ်မီးရရှိရေး ကျပ်သိန်း (၃၀)ထိပေးရ

0
သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့နယ်သို့ရောက်ရှိလာသော စစ်ဘေးရှောင်များသည် လျှပ်စစ်မီးရရှိရန် သက်ဆိုင်ရာလူကြီးများထံ ကျပ်သိန်း(၃၀) ပေးနေရကြောင်း သတင်းရရှိသည်။ တောင်ကြီးမြို့နယ် နောင်ကားကျေးရွာ၊ တံတားမီးလောင်ကျေးရွာ၊ ဒုံခရာ ကျေးရွာနှင့် ညိုမီးကျေးရွာ ဘက်တွင် ကရင်နီပြည်မှ ရောက်လာသော စစ်ရှောင်များရှိကို ၎င်းနေအိမ်အတွက် လျှပ်စစ်မီးရရှိရန် ကျပ်သိန်း (၃၀)အထိ ပေးရသဖြင့် ဆိုလာပြားများကို အသုံးပြုနေရသည်။​ “လျှပ်စစ်မီးယူမယ်ဆို...

ကျောက်မဲမြို့တွင် စစ်လက်နက်ကျန်ပစ္စည်း ရောင်းစားရန်ကောက်ယူလာစဉ် ပေါက်ကွဲသေဆုံး

0
သျှမ်းပြည်မြောက်ပိုင်း၊ ကျောက်မဲမြို့နယ် နားအိုက်ခန့် အုပ်စု ပန်ဟိုက်ကျေးရွာတွင် စစ်လက်နက်ကျန် ပစ္စည်း ရောင်းစားရန် အတွက် ကောက်ယူမိရာမှ ပေါက်ကွဲပြီး အမျိုးသားတစ်ဦးက သေဆုံးသွားကြောင်း သတင်းရရှိသည်။ ယမန်နေ့( မေလ ၁၁) ရက်နေ့ ညနေ ၅နာရီ ခွဲကျော်တွင် ပန်ဟိုက်ကျေးရွာမှ အသက် (၃၃) နှစ်အရွယ်...

ဆောင်းပြောင်း နေရပ်ပြန် ဒေသခံများ မြေမြှုပ်မိုင်းများကြောင့် စိုက်ပျိုးရေး ပြန်မလုပ်နိုင်သေး

0
သျှမ်းပြည်တောင်ပိုင်း ပင်လောင်းမြို့နယ် ဆောင်းပြောင်းကျေးရွာသို့ နေရပ်ပြန် ဒေသခံများသည့် မြေမြှုပ်မိုင်းများကြောင့် စိုက်ပျိုးရေးလုပ်ငန်း ပြန်မလုပ်နိုင်သေးကြောင်း စုံစမ်းသိရသည်။ ဆောင်းပြောင်းကျေးရွာသည် ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်အတွင်း စစ်ကော်မရှင်တပ်၊ ပအိုဝ်းပြည်သူ့စစ် (PNO) နှင့် ကရင်နီတော်လှန်ရေး တပ်ပေါင်းစုတို့ တိုက်ပွဲများ ဖြစ်ပွားခဲ့ခြင်းကြောင့် ဒေသခံများ ထွက်ပြေး တိမ်းရှောင်ခဲ့ရသည်။ သို့သော် ၂၀၂၅...