Wednesday, January 28, 2026

ကျောက်မဲ စစ်ရှောင်များ တိုက်ပွဲကြောင့် နေရပ်မပြန်ရဲသေး

သျှမ်းမြောက် ကျောက်မဲမြို့နယ်အတွင်းရောက်ရှိနေသည့် စစ်ရှာင်များ တိုက်ပွဲပြန်ဖြစ်မှာကို စိုးရိမ်သဖြင့် နေရပ်မပြန်ရဲသေးကြောင်း စုံစမ်းသိရသည်။

ကျောက်မဲမြို့နယ် အတွင်း စစ်ရှောင် (၅၀၀)ကျော်ရှိပြီး ထိုစစ်ရှောင်များသည် တိုင်းရင်းသားလက်နက်ကိုင် အချင်းချင်းကြား တိုက်ပွဲဖြစ်ပွားမှုကြောင့် တိမ်းရှောင် လာသည့် သူများဖြစ်သည်။

လက်ရှိမှာ ကျောက်မဲမြို့ ပေါ် နှင့် မိုင်းငေါ့မြို့အနီးပတ်ဝန်းကျင် ရှိ စစ်ရှောင်စခန်းတွင်နေထိုင်ကြပြီး၊ စစ်ရှောင်များကို နေရပ်ပြန်ရန် သက်ဆိုင်ရာ ကျေးရွာ မှတာဝန်ရှိသူများက ပြန်ခေါ်သော်လည်း တိုက်ပွဲထပ်မံဖြစ်ပွားမည် ကို စိုးရိမ်သဖြင့် မပြန်ရဲကြောင်း စစ်ရှောင်များပြောပြချက် အရသိရသည်။

“ကျေးရွာတွေထဲမှာ တိုက်ပွဲဖြစ်တာတော့ မရှိဘူး၊ ဒါပေမယ့် ရွာထဲမှာ လက်နက်ကိုင်တပ်ဖွဲ့တွေက ခုထိ ဝင်ထွက်သွားလာနေတုန်းပဲ၊ အဲ့ဒါကြောင့် မပြန်ရဲကြသေးတာ” ဟု စစ်ရှောင် တစ်ဦးက ပြောသည်။

လက်ရှိမှာ ကျောက်မဲမြိုု့နယ် တော့ဆန်ကျေးရွာအုပ်စု အတွင်း သျှမ်းပြည်တိုးတက်ရေးပါတီ၊ သျှမ်းပြည်တပ်မတော် (SSPP/SSA)နှင့် တအာင်း(ပလောင်) အမျိုးသားလွှတ်မြောက်ရေးတပ်မတော်(TNLA)တို့ ထိန်းချုပ်ထားသည့်နေရာဖြစ်ပြီး၊ ထိုနေရာအနီးတွင် သျှမ်းပြည် ပြန်လည် ထူထောင်ရေးကောင်စီ၊ သျှမ်းပြည်တပ်မတော်(RCSS/SSA)တို့လည်းရှိနေကြောင်း သတင်းရရှိသည်။

ထို့ကြောင့် တော့ဆန်ကျေးရွာအုပ်စုအတွင်း တိုင်းရင်းသားလက်နက်ကိုင် အချင်းချင်းကြား အချိန်မရွေး တိုက်ပွဲပြန် ဖြစ်နိုင်သဖြင့် စစ်ရှောင်များနေရပ်မပြန်ရဲသေးကြောင်း သိရသည်။

ယခု (သြဂုတ်လ) လဆန်းပိုင်းတွင် တော့ဆန်ဒေသခံ စစ်ရှောင် (၃၀)နီးပါး နေရပ်သို့ ပြန်သွားပြီဖြစ်ကြောင်း၊ သို့သော် မိုင်းငေါ့စစ်ရှောင်စခန်းနှင့် ကျောက်မဲမြို့ပေါ်တို့တွင် တော့ဆန်ဒေသမှ စစ်ဘေးရှောင် ရာချီ ကျန်ရှိနေသေးကြောင်း ကျောက်မဲ စစ်ဘေးရှောင်ကူညီသူများထံမှ သိရသည်။

ယနေ့ သြဂုတ်လ (၁၁)ရက် မနက်ပိုင်းတွင် ကျောက်မဲမြို့နယ် ပန်ကွမ်ကျေးရွာအုပ်စု ပန်ကွမ်နှင့် ပန်ဖြတ်ကျေးရွာတို့တွင် တိုင်းရင်းသားလက်နက်ကိုင်များဖြစ်သည့် RCSS/SSA နှင့် TNLA တို့ တိုက်ပွဲထပ်မံဖြစ်ပွား ခဲ့ကြကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

Nam_Kham_Signboard

နမ့်ခမ်းမြို့ ရာဘာခြံအနီး ကလေးငယ်တစ်ဦး ရေနစ်သေဆုံး

0
သျှမ်းပြည် နမ့်ခမ်းမြို့ ရာဘာခြံအနီးရှိ ရေအိုင်တွင် ကလေးငယ်များ ရေဆော့ကစားရာမှ တစ်ဦးရေနစ်သေဆုံးခဲ့ကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (ဇန်နဝါရီလ ၂၆ ရက်) နေ့လယ် ၂ နာရီခန့်တွင် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထိန်းချုပ်ထားသည့် နမ့်ခမ်းမြို့ သာယာကုန်းရပ်ကွက်ရှိ ရာဘာခြံအနီး ရေအိုင်တစ်ခုတွင် ကလေးငယ်များ ရေဆင်းကစားရာမှ...
Hsipaw_Polling_Station

ကျောက်မဲတွင် နယ်မြေ ၆ ရာခိုင်နှုန်းသာ ရွေးကောက်ပွဲလုပ်နိုင်၊ သီပေါတွင် မဲရုံနေရာ ရွှေ့ပြောင်းခဲ့ရ

0
သျှမ်းပြည် ကျောက်မဲနှင့် သီပေါမြို့တို့တွင် စစ်ကော်မရှင်ဘက်မှ အရေးပေါ်အခြေအနေ ကြေညာထားသည့်ကြား ရွေးကောက်ပွဲ တတိယပိုင်း ကျင်းပနေကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဇန်နဝါရီလ ၂၅ ရက်) တွင် စစ်ကော်မရှင် ကျင်းပနေသည့် ရွေးကောက်ပွဲ တတိယပိုင်း၌ သျှမ်းပြည်မြောက်ပိုင်းမှ ကျောက်မဲ၊ သီပေါနှင့် မက်မန်းမြို့နယ်တို့ ပါဝင်သည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်)...

ကျောက်မဲမြို့နယ် SSPP နှင့် TNLA စစ်ရေးတင်းမာ၊ တိုက်ပွဲဖြစ်မည်ကို ဒေသခံစိုးရိမ်

0
သျှမ်းပြည် ကျောက်မဲမြို့နယ်တွင် ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) နှင့် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တို့ မြေပြင် စစ်ရေးတင်းမာနေကြောင်း စုံစမ်းသိရသည်။ ဇန်နဝါရီလ ၁၇ ရက်မှ ညနေပိုင်းမှ စတင်ပြီး ကျောက်မဲမြို့နယ်အတွင်း တော့ဆန်ကျေးရွာအုပ်စုရှိ SSPP တပ်စခန်း အနီးသို့ TNLA ဘက်မှ...

လက်နက်ကိုင်တပ်ဖွဲ့များထံ ငွေစီးဆင်းမှုမရှိရန် စစ်တပ်က နည်းမျိုးစုံ ဖမ်းဆီးနေ

0
မြန်မာ-တရုတ် နယ်စပ်ဂိတ်မှ တင်သွင်းလာသည့် တရုတ်ကုန်ပစ္စည်းများ၏ အခွန်ငွေများကို လက်နက်ကိုင်တပ်ဖွဲ့များထံ ဝင်ငွေစီဆင်းမှု မရှိစေရန်အတွက် စစ်ကော်မရှင်တပ်ဖွဲ့က ဖမ်းဆီးပိတ်ပင်မှုများ အပြင်းအထန် ပြုလုပ်နေကြောင်း သတင်းရရှိသည်။ ထိုဖမ်းဆီးမှုသည် ၂၀၂၅ခုနစ် သြဂုတ်လမှ ယနေ့ထိတိုင် ပြုလုပ်ခဲ့သဖြင့် နယ်စပ်ကုန်သည်များက အခက်အခဲများစွာ ရင်ဆိုင်နေရသည်။ တရုတ်နိုင်ငံမှ တင်သွင်းလာသည့် ကုန်ပစ္စည်းများသည် ညီနောင်မဟာမိတ် ထိန်းချုပ်သည့်...

သီပေါ-မိုင်းရယ်ကြား လေကြောင်းဗုံးကြဲမှုကြောင့် ထွက်ပြေးခဲ့ရသည့် စစ်ရှောင် ၃၀၀ နီးပါး နေရပ်ပြန်

0
သျှမ်းပြည် မိုင်းရယ်နှင့် သီပေါမြို့နယ်ကြားတွင် စစ်ကော်မရှင်တပ် ဗုံးကြဲတိုက်ခိုက်ခဲ့စဉ် ထွက်ပြေးတိမ်းရှောင်ရသည့် စစ်ဘေးရှောင် ၃၀၀ နီးပါး နေရပ်ပြန်သွားခဲ့ကြောင်း စုံစမ်းသိရသည်။ ဇန်နဝါရီလ (၉) ရက် နံနက်ပိုင်းတွင် မိုင်းရယ်နှင့် သီပေါမြို့နယ် အစပ်ရှိ ရှန်တော်ကျေးရွာအနီး ကျားဖြန့်ရုံဟောင်းဟု ယူဆရသည့် နေရာကို ရွေးကောက်ပွဲ ဒုတိယပိုင်း ကျင်းပရန်...