ကျောက်မဲ ပုံဝိုးဒေသရောက် စစ်ရှောင် (၁၀၀)ကျော် အကူညီလိုအပ်နေ

သျှမ်းမြောက် ကျောက်မဲမြို့နယ် ပုံဝိုးဒေသတွင် စစ်ဘေးရှောင်ပြည်သူ (၁၀၀)ကျော်ရှိနေပြီး ဆေးဝါးနှင့် စားဝတ်နေရေးအတွက် အခက်ခဲဖြစ်နေကြောင်း သိရသည်။

သျှမ်းတပ် (၂)တပ်တိုက်ပွဲ မကြာခဏဖြစ်ပွားသည့်အတွက် ဒေခသံများ ထိခိုက်မှာကို စိုးရိမ်သဖြင့် စစ်ရှောင် (၁၀၀)ကျော်ထွက်ပြေးလာကြကြောင်း၊ ထိုစစ်ရှောင်များသည် တာလုံနဲ့ စလောင်းကျေးရွာတွင် နေထိုင်ကြသူများ ဖြစ်ကြောင်း သရသည်။

“သျှမ်းတပ် ၂ တပ် မကြာခဏ တိုက်ပွဲဖြစ်ကြတော့ ဒေသခံတွေ ထိခိုက်မှာစိုးရိမ်ပြီး ထွက်ပြေးလာတာ၊ တာလုံနဲ့နားစလောင်း ကျေးရွာဒေသခံတွေဖြစ်တယ်၊ ပြီးခဲ့တဲ့ လပြည့်နေ့ကတည်းက ထွက်ပြေးလာကြတာ” ဟု ပုံဝိုးကျောင်းတိုက် ဆရာတော်က သျှမ်းသံတော်ဆင့်ကို မိန့်သည်။

ဇူလိုင် (၂၃)ရက်နေ့တွင် စစ်ဘေးရှောင် (၁၀၀)ကျော် စတင်ရောက်ရှိလာပြီး လက်ရှိတွင် ရွာကျောင်းတိုက်မှာ ခိုလှုံနေရတာဖြစ်ကြောင်း၊ အသုံးအဆောင်ပစ္စည်း၊ အစားအသောက်များနှင့် ဆေးဝါးများပါ လိုအပ်နေတာဖြစ်ကြောင်း သိရသည်။

“စစ်ဘေးရှောင်တွေက ဟဲကွီရွာကျောင်းတိုက်မှာ (၃၅)ဦးနဲ့ နောင်စင်ရွာကျောင်းတိုက်မှာ (၇၀)ဦးကျော်ရှိတယ်၊ အများစုက ကလေးငယ်နဲ့ အမျိုးသမီး၊ လူကြီးလူအိုတွေပဲ၊ စောင်တွေ၊ ခြင်ထောင်တွေလည်း မလုံလောက်ဘူး၊ စားစရာတွေလည်း လိုနေတယ်” ဟု အဆိုပါ ဆရာတော် မှ မိန့်သည်။

ခုရက်ပိုင်းတွင် နေရပ်ပြန်သွားသူ အနည်းငယ်ရှိပြီး ဆွေမျိုး အသိအိမ်သို့ ပြောင်းရွေ့သွားသူလည်း ရှိကြောင်း၊ လက်ရှိ ကျန်နေသူများသည် သက်ကြီးရွယ်အို၊ အမျိုးသမီးနှင့် ကလေးငယ်များသာဖြစ်ပြီး လသားအရွယ်ကလေးငယ်လည်း ရှိနေကြောင်း စုံစမ်းသိရသည်။

အဆိုပါ စစ်ဘေးရှောင်များအတွက် ဇူလိုင် (၂၉)ရက် ယနေ့တွင် ပုံဝိုးကျောင်းတိုက်ဆရာတော် ဦးဆောင်ပြီး အစားအသောက်တချို့ကို သွားရောက်လှူဒါန်းခဲ့ကြောင်း သိရသည်။

ပြီးခဲ့သည့် ဇူလိုင် (၂၆)ရက်နေ့က သျှမ်းမြောက် ကျောက်မဲခရိုင် သီပေါမြို့နယ် နမ့်လန်ဒေသ ဝမ်စိမ်းကျေးရွာအုပ်စုတွင် သျှမ်းတပ် (၂)တပ် တိုက်ပွဲဖြစ်ပွားခဲ့ပြီး တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနိုင်ခြေရှိကြောင်း သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS/SSA ပြောခွင့်ရ ဗိုလ်မှူး စိုင်းခမ်းစံ က ပြောဆိုထားသည်။

ကျောက်မဲမြို့နယ်တွင် ယခုလအတွင်း တိုင်းရင်းသားလက်နက်ကိုင်များ တိုက်ပွဲဖြစ်ပွားမှုကြောင့် စစ်ဘေးရှောင် (၇၀၀)ကျော်ခန့် ထွက်ပြေးတိမ်းရှောင်နေရဆဲဖြစ်ပြီး နေရပ်သို့ မပြန်နိုင်သေးကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

တောင်ကြီးမြို့နယ်ရောက် စစ်ရှောင် လျှပ်စစ်မီးရရှိရေး ကျပ်သိန်း (၃၀)ထိပေးရ

0
သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့နယ်သို့ရောက်ရှိလာသော စစ်ဘေးရှောင်များသည် လျှပ်စစ်မီးရရှိရန် သက်ဆိုင်ရာလူကြီးများထံ ကျပ်သိန်း(၃၀) ပေးနေရကြောင်း သတင်းရရှိသည်။ တောင်ကြီးမြို့နယ် နောင်ကားကျေးရွာ၊ တံတားမီးလောင်ကျေးရွာ၊ ဒုံခရာ ကျေးရွာနှင့် ညိုမီးကျေးရွာ ဘက်တွင် ကရင်နီပြည်မှ ရောက်လာသော စစ်ရှောင်များရှိကို ၎င်းနေအိမ်အတွက် လျှပ်စစ်မီးရရှိရန် ကျပ်သိန်း (၃၀)အထိ ပေးရသဖြင့် ဆိုလာပြားများကို အသုံးပြုနေရသည်။​ “လျှပ်စစ်မီးယူမယ်ဆို...

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...

မိုးဗြဲ- နန်းမယ်ခုံကြား တိုက်ပွဲပြင်းထန်၊ စစ်ကော်မရှင်တပ် လေကြောင်းတိုက်ခိုက်မှု ပြုလုပ်နေ

0
သျှမ်းပြည် တောင်ပိုင်း မိုးဗြဲမြို့အနီးတွင် စစ်ကော်မရှင်တပ် နှင့် ၎င်း လက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် PNO တို့က ကရင်နီတော်လှန်ရေးတပ်ပေါင်းစုရှိရာနေရာသို့  မြေပြင်ထိုးစစ်ဆင်မှုပြုလုပ်သဖြင့် တိုက်ပွဲ ပြင်းထန်နေကြောင်း သတင်းရရှိသည်။ ယခု ရက်တပတ်အတွင်း မိုးဗြဲမြို့ နှင့် နန်းမယ်ခုံမြို့ကြားတွင် စစ်ကော်မရှင်တပ်က  မြေပြင် ထိုးစစ်ဆင်မှုကြောင့် ကရင်နီတော်လှန်‌ရေးတပ်ပေါင်းစုများ နှင့် နေ့စဉ်နီးပါး ထိတွေ့ တိုက်ပွဲများဖြစ်ပွားနေကြောင်း စစ်မြေပြင်တွင်လှုပ်ရှားနေသည့်...

သန္နီမြို့နယ် စစ်ကျန်ဗုံးပေါက်ကွဲ ကလေး နှစ် ဦးအပါအဝင် ၄ ဦး ထိခိုက်ဒဏ်ရာရ

0
သျှမ်းပြည် မြောက်ပိုင်း  ကိုးကန့်တပ်ဖွဲ့ (MNDAA)ထိန်းချုပ်သည့် သန္နီမြို့နယ်တွင် စစ်အကြွင်းအကျန်ဗုံး ပေါက်ကွဲမှုဖြစ်ပွားပြီး ကလေး ၂ ဦးအပါအဝင် ၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သတင်းရရှိသည်။ ယနေ့ (မေလ ၁၆ ရက်) မနက် ၈ နာရီကျော်အချိန် သိန္နီမြို့နယ် ပိန်းဆာကျေးရွာရှိ လယ်ယာတခုထဲတွင် “၁၀၂၇ စစ်ဆင်ရေး” ကာလအတွင်း...

ကျောက်မဲမြို့တွင် စစ်လက်နက်ကျန်ပစ္စည်း ရောင်းစားရန်ကောက်ယူလာစဉ် ပေါက်ကွဲသေဆုံး

0
သျှမ်းပြည်မြောက်ပိုင်း၊ ကျောက်မဲမြို့နယ် နားအိုက်ခန့် အုပ်စု ပန်ဟိုက်ကျေးရွာတွင် စစ်လက်နက်ကျန် ပစ္စည်း ရောင်းစားရန် အတွက် ကောက်ယူမိရာမှ ပေါက်ကွဲပြီး အမျိုးသားတစ်ဦးက သေဆုံးသွားကြောင်း သတင်းရရှိသည်။ ယမန်နေ့( မေလ ၁၁) ရက်နေ့ ညနေ ၅နာရီ ခွဲကျော်တွင် ပန်ဟိုက်ကျေးရွာမှ အသက် (၃၃) နှစ်အရွယ်...