ကျောက်မဲ ကျေးရွာများတွင် သေဆုံးမှုမြင့်တက်နေ

သျှမ်းမြောက် ကျောက်မဲမြို့နယ်အတွင်းရှိ ကျေးရွာများတွင် သေဆုံးမှု မြင့်တက်နေကြောင်း ဒေသခံများထံမှ စုံစမ်းသိရသည်။

ကျောက်မဲမြို့ပေါ်တွင် သာမက ကျေးရွာများတွင်လည်း ကိုဗစ်ကူးစက်လူနာများ ရှိနေပြီး အတည်ပြုလူနာများအပြင် သံသယလူနာများ၊ ကျန်းမာရေးမကောင်းသူများလည်း သေဆုံးနေကြတာဖြစ်ကြောင်းသိရသည်။

“ဒီ ကိုဗစ် တတိယလှိုင်းအတွင်းမှာပဲ ရွာထဲမှာ သေဆုံးသူ (၁၀)ယောက်ကျော်ရှိတယ်၊ ကိုဗစ်နဲ့သေတာလည်းပါတယ်၊ သေဆုံးတာတွေက အရမ်းများလာတယ်” ဟု ကျောက်မဲမြို့နယ် ကျွဲကုန်းကျေးရွာ ဒေသခံအမျိုးသမီး တစ်ဦက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ထို့အပြင် ကျောက်မဲမြို့အဝင် ခိုမုန်းကျေးရွာတွင်လည်း ရက်ပိုင်းအတွင်း သေဆုံးသူ (၅)ဦးထိ ရှိခဲ့ပြီး၊ အောက်ဆီဂျင်ရှူနေရသူလည်း ရှိနေကာ သေဆုံးသူများထဲတွင် သက်ကြီးရွယ်အိုများ သာမက လူလတ်ပိုင်းများလည်း ပါဝင်နေကြောင်း ဒေသခံများထံမှ ကြားသိရသည်။

“ရက်ပိုင်းအတွင်းကို နေမကောင်းလို့ ဆိုပြီး သေဆုံးသွားတဲ့သူတွေ (၅)ယောက်လောက်ရှိသွားပြီ၊၊ ခုထိ ရွာထဲမှာ နေမကောင်းလို့ အောက်ဆီဂျင်ရှူနေရတဲ့သူ ရှိနေသေးတယ်” ဟု ခိုမုန်းကျေးရွာမှ ဒေသခံတစ်ဦးက ပြောသည်။

အဆိုပါကျေးရွာတွင် ကျန်းမာရေးဆေးပေးခန်းရှိသော်လည်း စစ်ကောင်စီအာဏာသိမ်းပြီးနောက် ကျန်းမာရေး ဝန်ထမ်းနည်းပါး မှုကြောင့် ပိတ်ထားခဲ့ရတာဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။

ကျောက်မဲမြို့တွင် ကိုဗစ်အတည်ပြုလူနာအပါအဝင် တစ်နေ့လျင် ပျှမ်းမျှ (၇)ဦးခန့် သေဆုံးနေတာဖြစ်ပြီး တစ်ရက်တည်း (၁၃)ဦးသေဆုံးတာလည်း ရှိခဲ့ကြောင်း ကျောက်မဲ ပရဟိတဆောင်ရွက်သူများထံမှ သိရသည်။

“ဒီနောက်ပိုင်း ကျေးရွာတွေမှာ ကိုဗစ်ကူးစက်ခံရတာတွေ၊ ကိုဗစ်လက္ခဏာနဲ့ သေဆုံးတာတွေ ရှိလာတယ်၊ သေဆုံးတာလည်း မြင့်လာတယ်၊ တစ်ရက်တည်းကို (၁၂)ဦး သေဆုံးတာလည်း ရှိခဲ့တယ်” ဟု ပရဟိတအသင်းဝင်တစ်ဦးက ပြောသည်။

ထို့အပြင် ဆေးရုံမှ ဆင်းခွင့်ရသည့် ကိုဗစ်အတည်ပြုလူနာ နေအိမ်သို့ပြန်ရောက်ပြီး (၃)ရက်အကြာတွင် သေဆုံးသွားတာလည်း ရှိခဲ့ကြောင်း ပရဟိတဆောင်ရွက်နေသူများထံမှ သိရသည်။

သျှမ်းမြောက် ကျောက်မဲမြို့တွင် ယမန်နေ့အထိ ကိုဗစ်အတည်ပြုလူနာ (၆၀၀)ထိ ရှိနေပြီး သေဆုံးသူ (၃၀)ကျော် ရှိနေပြီဖြစ်ကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ပင်းတယ ရောက် စစ်ရှောင်အချို့ ပြန်စရာ အိမ်မရှိ

0
သျှမ်းပြည်တောင်ပိုင်း၊ ပင်းတယမြို့သို့ လာရောက် စစ်ဘေးရှောင်နေသော သျှမ်းမြောက် စစ်ရှောင်အချို့ သည် ပြန်စရာအိမ်မရှိတော့သဖြင့် ယနေ့ထိတိုင် နေရပ်မပြန်နိုင်သေးကြောင်း သတင်းရရှိသည်? စစ်အာဏာသိမ်းပြီးနောက်ပိုင်း သျှမ်းပြည်တောင်းပိုင် ဖယ်ခုံ၊ မိုးဗြဲ၊ပင်လောင်းမြို့နယ်နှင့် သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲ၊ သီပေါ၊ လားရှိုးတို့တွင် စစ်ကော်မရှင်တပ်နှင့် တိုင်းရင်းသားလက်နက်ကိုင်တပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ်တို့ကြား တိုက်ပွဲပြင်းထန်ခဲ့သည်။ ထို့အပြင် စစ်ကော်မရှင်တပ်သည့် အရပ်သားနေအိမ်ကိုဉီးတည်ပြီး...

ကျောက်မဲတွင် စစ်တပ်နှင့် SSPP တိုက်ပွဲဖြစ်ပြီးနောက် ရွာသားများကို စစ်တပ်ဖမ်းဆီးရိုက်နှက်

0
သျှမ်းပြည် ကျောက်မဲမြို့နယ် ပုံဝိုးကျေးရွာအုပ်စုတွင် စစ်ကော်မရှင်တပ်နှင့် SSPP/SSA ကြား တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် ရွာသားများကို စစ်ကော်မရှင်တပ်ဘက်မှ ဖမ်းဆီးရိုက်နှက် စစ်ဆေးနေကြောင်း စုံစမ်းသိရသည်။ မတ်လ (၁၀) ရက် နေ့လယ်ပိုင်းတွင် ကျောက်မဲမြို့နယ် ပုံဝိုးကျေးရွာအုပ်စုအတွင်း စစ်ကော်မရှင်တပ်နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) ကြား တစ်နာရီကျော်ကြာ ထိတွေ့တိုက်ပွဲ...
Hsipaw_Polling_Station

ကျောက်မဲတွင် နယ်မြေ ၆ ရာခိုင်နှုန်းသာ ရွေးကောက်ပွဲလုပ်နိုင်၊ သီပေါတွင် မဲရုံနေရာ ရွှေ့ပြောင်းခဲ့ရ

0
သျှမ်းပြည် ကျောက်မဲနှင့် သီပေါမြို့တို့တွင် စစ်ကော်မရှင်ဘက်မှ အရေးပေါ်အခြေအနေ ကြေညာထားသည့်ကြား ရွေးကောက်ပွဲ တတိယပိုင်း ကျင်းပနေကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဇန်နဝါရီလ ၂၅ ရက်) တွင် စစ်ကော်မရှင် ကျင်းပနေသည့် ရွေးကောက်ပွဲ တတိယပိုင်း၌ သျှမ်းပြည်မြောက်ပိုင်းမှ ကျောက်မဲ၊ သီပေါနှင့် မက်မန်းမြို့နယ်တို့ ပါဝင်သည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်)...
Kyaukme_Scam_Center_Arrested_1

ကျောက်မဲမြို့နယ် ကျားဖြန့်လုပ်ငန်းနေရာကို စစ်တပ်ဝင်စီး၊ တရုတ်နိုင်ငံသား ၂၈ ဦး ဖမ်းမိ

0
သျှမ်းပြည် ကျောက်မဲမြို့နယ် တောင်ထိပ်ကျေးရွာအုပ်စုရှိ ကျားဖြန့်လုပ်ငန်း နေရာများကို စစ်ကော်မရှင်တပ်မှ ဝင်ရောက်စီးနင်းခဲ့ရာ တရုတ်နိုင်ငံသား ၂၈ ဦးနှင့်အတူ ဆက်စပ်ပစ္စည်းများ ဖမ်းဆီးရမိခဲ့ကြောင်း သတင်းသိရသည်။ နိုဝင်ဘာလ ၃၀ ရက်နှင့် ဒီဇင်ဘာလ ၁ ရက်နေ့တို့တွင် ကျောက်မဲမြို့နယ် တောင်ထိပ်ကျေးရွာအုပ်စုရှိ ဒုဋ္ဌဝတီမြစ်အနီး တောတွင်းတစ်နေရာ၌ ဆောက်လုပ်ထားသည့် အွန်လိုင်းကျားဖြန့်...

ကျောက်မဲမြို့နယ် SSPP တပ်စခန်းအနီး စစ်ကော်မရှင်တပ် ထိုးစစ်ဆင်၊ တိုက်ပွဲပြင်းထန်

0
သျှမ်းပြည် ကျောက်မဲမြို့နယ် ပုံဝိုးကျေးရွာအုပ်စုအနီးရှိ ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) တပ်စခန်းအနီး စစ်ကော်မရှင်တပ် မြေပြင် ထိုးစစ်ဆင်ခဲ့ခြင်းကြောင့် နှစ်ဘက်ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း စုံစမ်းသိရသည်။