စစ်ကောင်စီအုပ်စု ကျောက်မဲ ပြည်သူနေအိမ်ထဲ ဝင်မွှေပြီး ပစ္စည်းများကို ဖျက်ဆီး

သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့တွင် စစ်ကောင်စီ အုပ်စုသည် ပြည်သူနေအိမ်ထဲသို့ ဝင်ရောက်ရှာဖွေပြီး နေအိမ်ထဲရှိ ပစ္စည်းများကိုပါ ရိုက်ချိုးဖျက်ဆီးခဲ့ကြောင်း စုံစမ်းသိရှိရသည်။

ဖြစ်စဉ်မှာ သြဂုတ် ၈ ရက် ည (၁၁) နာရီ ဝန်းကျင်တွင် ကျောက်မဲမြို့ ရပ်ကွက် (၇) ရှိနေအိမ်တလုံးအတွင်းသို့ စစ်ကောင်စီ အုပ်စု လက်အောက်ခံ ရဲများသည် အင်အား အလုံးအရင်းဖြင့် လာရောက်ရှာဖွေစစ်ဆေးခဲ့ပြီး၊ ထိုအိမ်ထဲတွင် လူတဦးတယောက်မျှ မရှိသဖြင့် ဆိုင်ကယ်တစ်စီးနှင့် နေအိမ်အတွင်းရှိ ပစ္စည်များကို ဖျက်ဆီးခဲ့ကြောင်း ကျောက်မဲမြို့ ဒေသခံ အသက် (၄၅)ကျော် အမျိုးသား တစ်ဦး က သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ အဲ့အိမ်မှာက လူမရှိထားဘူး။ အိမ်ထဲက ပစ္စည်းတွေဝင်ရှာတယ်။ ပြီးတော့ ဆိုင်ကယ်တစ်စီးကိုလည်း ဖျက်ဆီးလိုက်တယ်။ နေအိမ်ထဲဝင်ရှာပြီးတော့ ပစ္စည်းတချို့ကိုလည်း ဖွသွားတယ်” ဟု ၎င်း အမျိုးသားကဆိုသည်။

ထိုနေအိမ်တွင် လွန်ခဲ့သည့် သြဂုတ် ၆ ရက် တွင် စစ်ကောင်စီ က အင်အားအလုံးအရင်းဖြင့် ၅၀၅ ဖြင့် အမှုဖွင့်ခံထားရသည့် လူငယ်ကိုသွားရှာဖွေခဲ့သည့် အိမ်ဖြစ်လည်းဖြစ်သည်။

ထိုနေ့တွင် ၅၀၅ က ဖြင့် အမှုဖွင့်ခံထားရသည့် လူငယ်ကို မတွေ့ရှိခဲ့သဖြင့် နေအိမ်တွင် ကျန်ရှိနေသည့် အသက် (၂၂) အရွယ်ရှိ လူငယ်တဦးကို ဖမ်းဆီးသွားပြီး ရိုက်နှက်စစ်ဆေးရာတွင် ခြေထောက်ကျိုးသွားခဲ့ကြောင်း ကျောက်မဲဒေသခံများပြောပြချက် အရသိရသည်။

ကျောက်မဲမြို့တွင် စစ်ကောင်စီများက မြို့တွင်းအရပ်ဝတ်ဖြင့် လှည့်လည်နေပြီး စစ်အာဏာရှင်ဆန့်ကျင် သူများကို ညအချိန်တွင် ဝင်ရောက်ဖမ်းဆီးရိုက်နှက်လေ့ရှိကြောင်း သိရသည်။

“ ကျနော်တို့မြို့မှာက အရပ်ဝတ်တွေနဲ့သွားလာတာများတယ်။ သူတို့စောင့်ကြည့်နေတာ။ သူတို့ရဲ့ အာဏာရှင်ကို ဆန့်ကျင်တဲ့သူတွေ၊ PDF လို့ထင်ရတဲ့သူတွေကို လိုက်ရှာပြီး ဖမ်းယူဖို့လုပ်နေကြတာ” ဟု အမည်မဖော်လိုသည့် ကျောက်မဲမြို့ဒေသခံ လူငယ်တဦးက ပြောသည်။

ဖေဖော်ဝါရီ ၁ ရက်နေ့ စစ်အာဏာသိမ်းယူပြီးနောက်ပိုင်း ကျောက်မဲမြို့တွင် စစ်ကောင်စီမှ ဖမ်းဆီးထားသူ စုစုပေါင်း ၂၀ ကျော်ရှိပြီး ၎င်းတို့ကို မိသားစုဝင်များနှင့် အဆက်သွယ်ဖြတ်တောက်ထားကာ မည်သည်နေရာတွင် ဖမ်းဆီးထားကြောင်းလည်း မသိရှိရကြောင်းသိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

မိုင်းငေါ့မြို့နယ်တွင် ရေကြီးမြေပြိုမှုကြောင့် လူ ၂ ဦးသေဆုံး၊ နိုင်ငံတစ်ဝန်း ရေးဘေးသင့်သူ ၆ သောင်းကျော်ရှိလာ

0
သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲခရိုင် မိုင်းငေါ့မြို့နယ်အတွင်း မိုးသည်းထန်စွာရွာသွန်းမှုနှင့်အတူ ဖြစ်ပွားခဲ့သည့် ရေနစ်မှုနှင့် မြေပြိုမှုဖြစ်စဉ်များကြောင့် ရက်ပိုင်းအတွင်း ဒေသခံ ၂ ဦး သေဆုံးခဲ့ကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဩဂုတ်လ ၅ ရက်နေ့က မိုင်းငေါ့မြို့နယ် ဟဲခမ်းကျေးရွာရှိ နမ့်မီချောင်းအတွင်း သူငယ်ချင်းများနှင့်အတူ ရေဆင်းကစားရာမှ ပျောက်ဆုံးသွားခဲ့သည့် အသက် ၁၅...

“အကျပ်အတည်း နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ”

0
“အကျပ်အတည်းကြား နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ” ဆိုသည့် ခေါင်းစဉ်ကို ဉီးတည်ကာ အဓိကထားဆွေးနွေးသွားမည့် (၅)ကြိမ်းမြောက် မြန်မာ့အရေး နိုင်ငံတကာ လေ့လာရေး ညီလာခံ (International Conference on Burma/Myanmar Studies) ကို ယနေ့ (သြဂုတ် ၁၄ရက်မှ...

ပဋိပက္ခကြားက ကျောက်မဲ အထက်ရဲရွာစီမံကိန်းကို စစ်တပ်ပြန်စရန် ပြင်ဆင်နေ

0
သျှမ်းပြည်မြောက်ပိုင်းတွင် စစ်ရေးနှင့် နိုင်ငံရေးအခြေအနေများ ရှုပ်ထွေးနေဆဲကာလအတွင်း တိုက်ပွဲများကြောင့် ပျက်စီးသွားသည့် အထက်ရဲရွာ ရေအားလျှပ်စစ်စီမံကိန်းကို ပြည်ထောင်စုဘတ်ဂျက်သုံးစွဲကာ ပြန်လည်ပြင်ဆင်မည်ဟု စစ်ကော်မရှင်က ပြောဆိုလိုက်သည်။ ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် ဇွန်လအတွင်း ဖြစ်ပွားခဲ့သော တိုက်ပွဲများကြောင့် ကျောက်မဲမြို့နယ်ရှိ အဆိုပါစီမံကိန်းမှ စက်ပစ္စည်းနှင့် အဆောက်အအုံများ ငွေကျပ် ၂၆ ဘီလီယံခန့်...

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...