ကျောက်မဲက မျှစ်သွားချိုးသည့် သားအဖ မိုင်းထိဒဏ်ရာရ

သျှမ်းမြောက် ကျောက်မဲမြို့နယ်တွင် ပြီးခဲ့သည့် သြဂုတ်လ (၁၅)ရက် မနက် (၁၀)နာရီဝန်းကျင်တွင် မျှစ်သွားချိုးသည့် သားအဖ (၂)ဦး မိုင်းထိကာ ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ကျောက်မဲမြို့မှ (၁၂)မိုင်ခန့် ကွာဝေးသည့် နမ့်မန်းကျေးရွာအနီးတွင် မျှစ်သွားချိုးတာဖြစ်ပြီး သားအဖ(၂)ဦးလုံး ဒဏ်ရာရရှိခဲ့တာဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။

“မျှစ် သွားချိုးရင်းနဲ့ မိုင်းကို သွားထိမိတာ၊ အဖေက ညာဖက် ပေါင်မှာ ထိတယ်၊ သားဖြစ်သူက ဒူးခေါင်းမှာ ဒဏ်ရာရခဲ့တယ်” ဟု အဆိုပါ သားအဖနှင့်နီးစပ်သူ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

အဆိုပါမိုင်းထိသူမှာ ဦးအောင်လေး (၄၈)နှစ်နှင့် သားဖြစ်သူ စိုင်းလိန် (၂၄)နှစ်တို့ဖြစ်ပြီး ကျောက်မဲမြို့ ရပ်ကွက်(၈)တွင် နေထိုင်သူများဖြစ်ကြောင်း၊ ယခင်ရက်များတွင်လည်း ထိုနေရာသို့ မှိုရှာ၊ မျှစ်ရှာ သွားရောက်နေကြဖြစ်ကြောင်း ဖခင်ဖြစ်သူက ယခုလို ပြောသည်။

“နမ့်မန်းရွာဖက်ကို အရင်ရက်တွေကလည်း သွားနေကြပဲ၊ မှိုရှာ၊ မျှစ်ရှာတဲ့ အခြားသူငယ်ချင်းတွေလည်း အဲ့ဖက်ကို သွားတာများတယ်၊ အဲ့နေ့ကတော့ ကံဆိုးသွားတယ်။” ဟု ဦးအောင်လေးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ထိုဒေသတွင် တိုင်းရင်းသားလက်နက်ကိုင်များဖြစ်သည့် သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ၊ သျှမ်းပြည်တပ်မတော် (RCSS/SSA)၊ သျှမ်းပြည်တိုးတက်ရေးပါတီ၊ သျှမ်းပြည်တပ်မတော် (SSPP/SSA)၊ တအာင်း(ပလောင်) အမျိုးသားလွှတ်မြောက်ရေးတပ်မတော် (TNLA)တို့ သွားလာလှုပ်ရှားသည့် နေရာဖြစ်ကြောင်း စုံစမ်းသိရသည်။

ထို့ကြောင့် အဆိုပါနေရာအနီး မှိုရှာ၊ မျှစ်ချိုးသွားသူများအနေဖြင့် မိုင်းအန္တရာယ်ကို သတိထားသင့်ကြောင်း ဒေသခံတစ်ဦးက ပြောသည်။

“နမ့်မန်းအနီး (၁၁)မိုင်း၊ (၁၂)မိုင်နေရာက မှိုရှာ၊ မျှစ်ရှာတဲ့သူတွေ ပေါတယ်၊ ခုရာသီကလည်း မှိုရှာ၊ မျှစ်ရှာတဲ့ ရာသီဆိုတော့ အများစုက အဲ့ဖက်ကို သွားကြတာ၊ ဒါပေမယ့် လက်နက်ကိုင်တွေ လှုပ်ရှားတဲ့ နေရာဆိုတော့ မိုင်းတွေကို သတိထားသင့်တယ်” ဟု ကျောက်မဲမြို့မှ ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

ကျောက်မဲတွင် ကိုဗစ်ပိုးပျံ့နှံ့နေမှုကြောင့် အလုပ်အကိုင်ရှားပါးမှုများဖြစ်လာသည့်အတွက် ရာသီအလိုက် မှိုရှာ၊ မျှစ်ရှာကာ မိသားစု စားဝတ်နေရေးအတွက် လုပ်ကိုင်လာကြသူ ပိုများလာကြောင်း ၎င်းက ဆိုသည်။

ယခု သြဂုတ်လအတွင်း ကျောက်မဲမြို့နယ် ပန်လင်းကျေးရွာအုပ်စုတွင်လည်း လက်ဖက်ခြံအနီး မှိုသွားရှာသူ (၂)ဦး မိုင်းထိကာ ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

မိုင်းငေါ့မြို့နယ်တွင် ရေကြီးမြေပြိုမှုကြောင့် လူ ၂ ဦးသေဆုံး၊ နိုင်ငံတစ်ဝန်း ရေးဘေးသင့်သူ ၆ သောင်းကျော်ရှိလာ

0
သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲခရိုင် မိုင်းငေါ့မြို့နယ်အတွင်း မိုးသည်းထန်စွာရွာသွန်းမှုနှင့်အတူ ဖြစ်ပွားခဲ့သည့် ရေနစ်မှုနှင့် မြေပြိုမှုဖြစ်စဉ်များကြောင့် ရက်ပိုင်းအတွင်း ဒေသခံ ၂ ဦး သေဆုံးခဲ့ကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဩဂုတ်လ ၅ ရက်နေ့က မိုင်းငေါ့မြို့နယ် ဟဲခမ်းကျေးရွာရှိ နမ့်မီချောင်းအတွင်း သူငယ်ချင်းများနှင့်အတူ ရေဆင်းကစားရာမှ ပျောက်ဆုံးသွားခဲ့သည့် အသက် ၁၅...

ပဋိပက္ခကြားက ကျောက်မဲ အထက်ရဲရွာစီမံကိန်းကို စစ်တပ်ပြန်စရန် ပြင်ဆင်နေ

0
သျှမ်းပြည်မြောက်ပိုင်းတွင် စစ်ရေးနှင့် နိုင်ငံရေးအခြေအနေများ ရှုပ်ထွေးနေဆဲကာလအတွင်း တိုက်ပွဲများကြောင့် ပျက်စီးသွားသည့် အထက်ရဲရွာ ရေအားလျှပ်စစ်စီမံကိန်းကို ပြည်ထောင်စုဘတ်ဂျက်သုံးစွဲကာ ပြန်လည်ပြင်ဆင်မည်ဟု စစ်ကော်မရှင်က ပြောဆိုလိုက်သည်။ ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် ဇွန်လအတွင်း ဖြစ်ပွားခဲ့သော တိုက်ပွဲများကြောင့် ကျောက်မဲမြို့နယ်ရှိ အဆိုပါစီမံကိန်းမှ စက်ပစ္စည်းနှင့် အဆောက်အအုံများ ငွေကျပ် ၂၆ ဘီလီယံခန့်...

ကျောက်မဲမြို့တွင် စစ်လက်နက်ကျန်ပစ္စည်း ရောင်းစားရန်ကောက်ယူလာစဉ် ပေါက်ကွဲသေဆုံး

0
သျှမ်းပြည်မြောက်ပိုင်း၊ ကျောက်မဲမြို့နယ် နားအိုက်ခန့် အုပ်စု ပန်ဟိုက်ကျေးရွာတွင် စစ်လက်နက်ကျန် ပစ္စည်း ရောင်းစားရန် အတွက် ကောက်ယူမိရာမှ ပေါက်ကွဲပြီး အမျိုးသားတစ်ဦးက သေဆုံးသွားကြောင်း သတင်းရရှိသည်။ ယမန်နေ့( မေလ ၁၁) ရက်နေ့ ညနေ ၅နာရီ ခွဲကျော်တွင် ပန်ဟိုက်ကျေးရွာမှ အသက် (၃၃) နှစ်အရွယ်...

ကျောက်မဲတွင် စစ်တပ်နှင့် SSPP တိုက်ပွဲဖြစ်ပြီးနောက် ဖမ်းဆီးခံရသည့် ရွာသားနှစ်ဦး ပြန်မလွှတ်သေး

0
သျှမ်းပြည် ကျောက်မဲမြို့နယ် ပုံဝိုးကျေးရွာအုပ်စုတွင် စစ်ကော်မရှင်တပ်နှင့် SSPP/SSA ကြား တိုက်ပွဲ ဖြစ်ပွားခဲ့ပြီးနောက် စစ်တပ်ဖမ်းဆီးခဲ့သည့် ရွာသားများထဲမှ အချို့မှာ ပြန်လည် လွတ်မြောက်လာခြင်း မရှိသေးကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် မတ်လ (၁၀) ရက်တွင် ကျောက်မဲမြို့နယ် ပုံဝိုးကျေးရွာအုပ်စုတွင် စစ်ကော်မရှင်တပ်နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA)...

ပင်းတယ ရောက် စစ်ရှောင်အချို့ ပြန်စရာ အိမ်မရှိ

0
သျှမ်းပြည်တောင်ပိုင်း၊ ပင်းတယမြို့သို့ လာရောက် စစ်ဘေးရှောင်နေသော သျှမ်းမြောက် စစ်ရှောင်အချို့ သည် ပြန်စရာအိမ်မရှိတော့သဖြင့် ယနေ့ထိတိုင် နေရပ်မပြန်နိုင်သေးကြောင်း သတင်းရရှိသည်? စစ်အာဏာသိမ်းပြီးနောက်ပိုင်း သျှမ်းပြည်တောင်းပိုင် ဖယ်ခုံ၊ မိုးဗြဲ၊ပင်လောင်းမြို့နယ်နှင့် သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲ၊ သီပေါ၊ လားရှိုးတို့တွင် စစ်ကော်မရှင်တပ်နှင့် တိုင်းရင်းသားလက်နက်ကိုင်တပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ်တို့ကြား တိုက်ပွဲပြင်းထန်ခဲ့သည်။ ထို့အပြင် စစ်ကော်မရှင်တပ်သည့် အရပ်သားနေအိမ်ကိုဉီးတည်ပြီး...