Wednesday, January 28, 2026

ကျောက်မဲမြို့ ဆေးရုံတွင် အောက်ဆီကျ ကိုဗစ်-၁၉ လူနာ ကိုသာလက်ခံ

သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့တွင် အောက်ဆီဂျင်ကျနေသည့် ကိုဗစ် လူနာများကိုသာ ဆေးရုံတင်ခွင့်ပြုကြောင်း စုံစမ်းသိရသည်။

ကျောက်မဲမြို့ ပြည်သူ့ဆေးရုံတွင် အောက်ဆီဂျင် ကျနေသည့် ကိုဗစ်-၁၉ လူနာကိုသာ ဆေးရုံတင်ခွင့်ပြုပြီး ပုံမှန် ကိုဗစ်- ၁၉ ကူးစက်ခံရသူများကို လက်ခံကုသပေးခြင်းမရှိကြောင်း ကျောက်မဲမြို့ နမ့်ခုံးပရဟိတအဖွဲ့ဝင်တဦးက ပြောသည်။

“ ဟုတ်ပါတယ်။ ဒီမှာလူနာအားလုံးကို ဆေးရုံးက လက်မခံဘူး။ ဘာလို့လဲဆိုရင် ဆေးရုံကလူနာတွေပြည့်နေပြီးလေ။ လူနာထားစရာမရှိတော့ ပိုးတွေ့လူနာအားလုံးကို ဆေးရုံမှာမပေးတင်ထားတော့ဘူး။ အရေးပေါ်လူနာတွေကိုပဲ အဓိကကုပေးနေကြရတာပေါ့။” ဟု ကျောက်မဲမြို့ နမ့်ခုံးပရဟိတ အဖွဲ့ဝင်တဦးက ပြောသည်။

ကျောက်မဲမြို့တွင် ကိုဗစ်-၁၉ ပိုးကူးစက်ခံရသူ မည်မျှရှိနေသည်ကို အတိကျမသိရှိနိုင်ကြောင်း၊ စစ်ဆေးရန် ပစ္စည်းက မရှိသောကြောင့် ကိုဗစ်- ၁၉ လက္ခဏာပြမှသာ ပိုးရှိသည်ကို သိရှိနိုင်ကြောင်း သိရသည်။

ထိုအပြင် ကိုဗစ်-၁၉ ပိုးကူးစက်ခံထားရပြီး ဆေးရုံသို့သွားပြပါက အရေးပေါ်အခြေအနေရောက်မှသာ လက်ခံကုသပေးလျက်ရှိကြောင်း သိရသည်။

“ ကျောက်မဲမှာ ဘယ်လောက်ရှိလဲကျနော်တို့ အတိကျမသိရတော့ဘူး။ စစ်ဆေးဖို့ ပစ္စည်းတွေ၊ Task Kit ကမရှိတော့ဘူး။ ဘယ်သူက ကူးနေလဲဆိုတာမသိတော့ဘူး။ လက္ခဏာပြလာမှ ကိုဗစ် ဖြစ်တယ်ဆိုတာကို သိရတယ်။ လက္ခဏာပြပြီးဆိုရင်လဲ အခြေနေမဆိုးရင် ကိုယ်အိမ်မှာဘဲ ဆေးကုသကြရတယ်။” ဟု နမ့်ခုံးပရဟိတက ပြောသည်။

ကျောက်မဲမြို့တွင် ယနေ့ ဩဂုတ် ၁၇ ရက်မနက်ပိုင်းအချိန်တွင် ကိုဗစ်-၁၉ ကြောင့် ပြည်သူ (၂) ဦးထပ်မံသေဆုံးသွားကြောင်း သိရသည်။

ကျောက်မဲမြို့တွင် ကိုဗစ်-၁၉ တတိယလှိုင်းတွင် သေဆုံးသွားသည့် ပြည်သူများ စုစုပေါင်း (၃၀) ကျော်ရှိကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ကျောက်မဲ စစ်တပ်ပြန်ဝင်လာပြီး TNLA နှင့်ဆက်စပ်သူများကို ဖမ်းဆီး၊ နေအိမ်ဆိုင်ခန်း ချိတ်ပိတ်

0
သျှမ်းပြည် ကျောက်မဲမြို့တွင် စစ်ကော်မရှင်တပ်က TNLA နှင့် ပတ်သက်ကြောင်း စွပ်စွဲခံရသူများကို စတင်ဖမ်းဆီးခဲ့ပြီး နေအိမ်ဆိုင်ခန်းများလည်း ချိတ်ပိတ်ခံရကြောင်း စုံစမ်းသိရသည်။ အောက်တိုဘာလ (၁) ရက်တွင် ကျောက်မဲမြို့ကို စစ်ကော်မရှင်တပ်က အလုံးစုံ ပြန်လည် ထိန်းချုပ်ခဲ့ပြီးနောက် မြို့ပေါ်ရပ်ကွက်များတွင် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထိန်းချုပ်စဉ် အုပ်ချုပ်ရေးပိုင်း...

ကျောက်မဲမြို့ထဲ စစ်ကော်မရှင်တပ် ပြန်ဝင်ရောက်နေရာယူ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ်သို့ စစ်ကော်မရှင်တပ်သားများ ဝင်ရောက်လာပြီး မြို့ပြင်ဘက်တွင် သေနတ်ပစ်ခတ်သံများ ဆက်ကြားနေရကြောင်း စုံစမ်းသိရသည်။ ယနေ့ (အောက်တိုဘာ ၁ ရက်) နံနက်ပိုင်းမှ စတင်ပြီး တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ခုခံကာကွယ်ခဲ့သည့် ကျောက်မဲမြို့ပေါ်သို့ စစ်ကော်မရှင်တပ်သားများ ဝင်ရောက်လာပြီး ယမန်နေ့တွင် မီးရှို့ခံထားရသည့် ဌာနဆိုင်ရာရုံးများတွင် နေရာယူထားကြောင်း...

ကျောက်မဲမြို့အနီး ၃ မိုင်အကွာ တိုက်ပွဲပြင်းထန်၊ စစ်ကော်မရှင်တပ် အဆိပ်ဗုံးကြဲဟု TNLA ပြော

0
သျှမ်းပြည် ကျောက်မဲမြို့အနီး ၃ မိုင်ခန့်အကွာအဝေးတွင် စစ်ကော်မရှင်တပ်နှင့် TNLA တို့ တိုက်ပွဲပြင်းထန်နေပြီး စစ်ကော်မရှင်တပ်မှ ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်နေကြောင်း စုံစမ်းသိရသည်။ ယနေ့ (စက်တင်ဘာလ ၂၉ ရက်) နေ့လယ်ပိုင်းတွင် စစ်ကော်မရှင်တပ်နှင့် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တို့၏ ကျောက်မဲမြို့နယ်အတွင်း ဖြစ်ပွားနေသည့် မြေပြင်ထိတွေ့တိုက်ပွဲသည်...

ကျောက်မဲမြို့ လူမှုကူညီရေးအသင်းဝင် အမျိုးသမီးတစ်ဦးကို TNLA ပြန်လွှတ်ပေး

0
သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့တွင် တအာင်း (ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) မှ ဖမ်းဆီးခေါ်ဆောင်သွားသည့် လူမှုကူညီရေးအသင်းဝင် အမျိုးသမီးတစ်ဦး ပြန်လွှတ်လာကြောင်း သတင်းသိရှိရသည်။ ပြီးခဲ့သည့် စက်တင်ဘာလ ၁၉ ရက် နေ့လယ် ၂ နာရီခွဲအချိန်တွင် ကျောက်မဲမြို့ နမ့်ခုံးရှမ်းများပရဟိတ အသင်းဝင် တစ်ဦးဖြစ်သည့် နန်းအေးယိင်းသည် ကျောက်မဲမြို့...

ကျောက်မဲမြို့ လူမှုကူညီရေးအသင်းဝင် အမျိုးသမီးတစ်ဦးအပါအဝင် အရပ်သား ၃ ဦး ကို TNLA ဖမ်းဆီး

0
သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့ လူမှုကူညီရေးအသင်းဝင် အမျိုးသမီးတစ်ဦး အပါအဝင် အရပ်သား ၃ ဦးကို တအာင်း (ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) မှ ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း ကျောက်မဲဒေသခံများ၏ ပြောကြားချက်အရ သိရသည်။ ယမန်နေ့ (စက်တင်ဘာလ ၁၉ ရက်) နေ့လယ် ၂ နာရီခွဲတွင် ကျောက်မဲမြို့...