ကျောက်မဲ ဒေသခံလူငယ်တဉီးကို အာဏာသိမ်းတပ်မှ ဖမ်းဆီးရိုက်နှက်ခြေထောက်ကျိုး

သျှမ်းပြည် မြောက်ပိုင်း ကျောက်မဲမြို့ပေါ် နေအိမ်တလုံးအား အာဏာသိမ်းတပ်ဖွဲ့ မှ အင်အား အလုံးအရင်းဖြင့် ဝန်းရံပိတ်ဆို့ပြီး အိမ်အတွင်းရှိလူငယ်တဉီးအား ဖမ်းဆီးခေါ်ဆောင်ကာ ရိုက်နှက်စစ်ဆေးရာ ခြေထောက်နှစ်ချောင်းလုံးကျိုးသွားကြောင်းသတင်းရရှိသည်။

ကျောက်မဲမြို့တွင် မေလကပြုလုပ်သည့် စစ်အာဏာရှင်ဆန့်ကျင်ရေးသပိတ်စစ်ကြောင်း

အိမ်စောင့်တပ်ဖမ်းသွားသည့် အသက် ၂၂ အရွယ် ကျောက်မဲ ရပ်ကွက် ၇ သားတဉီး တပ်အချုပ်ခန်း မှ ထွက်ပြေးရန် ကြိုးစားစဉ် ခြေထောက် ကျိုးသွားသည်ဟု လူငယ်၏မိသားစုထံသို့  ၂၀၂၁ ခု သြဂုတ်လ ၈ ရက်နေ့က စစ်တပ်က ဖုန်းဆက်အကြောင်းကြားလာကြောင်း လူငယ်နှင့်နီးစပ်သည့် အသိုင်းအဝိုင်းပြောပြ ချက်အရ သိရသည်။

အခုထက်ထိ မိဘ နဲ့ တွေ့ခွင့်မပေးသေးဘူး။ ဆေးကုသခွင့်လည်းမရဘူး၊ ဆေးဝါးဆိုင်ရာ ထောက်ပံ့ မှု အတွက် ပြောတဲ့သူတွေကိုလဲ တပ်ကခြိမ်းခြောက်ထားတယ်။ ဆေးဝါးကုသ ခွင့်မရတဲ့အတွက် မိဘက အရမ်းစိတ်ပူနေတယ်” –  ဟု လုံခြုံရေးအရ အမည်မဖော်လိုသည့် ဒေသခံ တစ်ဉီးက သျှမ်းသံ တော် ဆင့်ကို ပြောသည်။

  သြဂုတ်လ ၆ ရက်နေ့ညပိုင်းက ကျောက်မဲမြို့ အမှတ် ၇ ရပ်ကွက်ရှိ နေအိမ်တလုံးအား အင်အား ၂၀ ခန့်ရှိ အရပ်ဝတ် စစ်ကောင်စီတပ်များ  ဝန်းရံပိတ်ဆို့ပြီး   ဝင်ရောက်ရှာဖွေကြောင်း၊ ပုဒ်မ ၅၀၅  ထိထားသူ အစ်ကိုဖြစ်သူအား ဖမ်းဆီးရန်မေးမြန်းရာ အစ်ကိုဖြစ်သူနေအိမ်တွင်မရှိသဖြင့်  နေအိမ်ရှိ ညီဖြစ်သူအား ဖမ်းဆီးခေါ်ဆောင်သွားရာ  ရိုက်နှက် စစ်ဆေးရာ မှ ညီဖြစ်သူ ခြေနှစ်ချောင်းလုံး ကျိုးသွားကြောင်း ရပ်ကွက်သူ၊ ရပ်ကွက်သားများ ပြောပြချက် အရသိရသည်။

ကျနော်တို့ မြို့မှာက စစ်ကောင်စီတပ်တွေက အရပ်ဝတ်နဲ့ဘဲ လှုပ်ရှားတာ များတယ်၊ အရင်ကလည်း လူငယ် တွေကို အဲလိုဘဲ လိုက်ဖမ်း တာရှိတယ်၊ ဘယ်ကို ဖမ်းခေါ်သွားမှန်းမသိဘူး၊ တချို့ က စရဖ ရုံး၊  တချို့ ရဲစခန်းတဲ့။ တွေ့ဖို့ သွားမေးတော့ မရှိဘူးတဲ့ ”  ဟု ကျောက်မဲမြို့နေ အသက် ၄၅ နှစ်အရွယ် အာဏာရှင် ဆန့်ကျင်ရေး လှုပ်ရှားသူတဉီးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ဇူလိုင်လ နှင့် ဩဂုတ်လအတွင်း ကျောက်မဲမြို့ပေါ်ရှိ ရပ်ကွက်များတွင် ညအချိန်  အရပ်ဝတ် နှင့် ယူနီဖောင်းဝတ် အဖွဲ့တို့  ညစဉ် ပူးတွဲ ကင်းလှည့် ကြောင်း၊ ဖမ်းသွားသည့်  အဆိုပါလူငယ်အားလည်း ရဲစခန်းသို့ အပ်နှံခြင်းမရှိသေးသည့်အပြင် မိသားစုဝင်များနှင့်လည်းတွေ့ဆုံခွင့်မပေးသည့်အတွက် မိသားစုဝင်များစိုးရိမ်နေကြောင်း သိရှိရသည်။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဉီးဆောင်သည့် မြန်မာ့တပ်မတော် မှ တိုင်းပြည်အာဏာအား ၂၀၂၁ ခု ဖေဖေါ်ဝါရီလ ၁ ရက် သိမ်းယူလိုက်သည့်နောက်ပိုင်း ဆန္ဒပြသည့်ကျောက်မဲဒေသခံ လူငယ် ၂၀ ကျော် အားဖမ်းဆီးသည်ဟုသိရသည်။    အဖမ်းခံရလူငယ်များတွင်မိသားစု နှင့် တွေ့ခွင့်မရသေးသည့်အပြင်  ချုပ်နှောင်ထားသည့်နေရာလည်း မသိရှိရသေးသည့်အတွက် မိဘများ အထူးစိုးရိမ်နေကြသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

စစ်တပ် ပေါ်တာဆွဲမှု သောင်းကျန်း၊ လူငယ်များ သွားလာသတိပြုရန်

0
စစ်ကော်မရှင်တပ်ဖွဲ့ဝင်များသည် ယခုရက်ပိုင်း လူမြင်ကွင်းတွင် ပေါ်တင် ပေါ်တာဆွဲမှု ပြုလုပ်လာသဖြင့် သျှမ်းပြည်တောင်ပိုင်း လူငယ်များလည်း အသွားအလာ သတိရှိရှိ နေရကြောင်း သတင်းရရှိသည်။ ယခုရက်ပိုင်း အောင်ပန်းမြို့တွင် ပေါ်တာဆွဲမှုများရှိနေသဖြင့် လူငယ်များသည် နေ့လည်ပိုင်းတွင် အပြင်ကို သတိဖြင့်သွားလာရပြီး ညနေပိုင်းတွင် အပြင်ထွက်ရန်ပင် စိုးရိမ်နေကြကြောင်း အသက် ၂၅ ဝန်းကျင်ရှိ...

ရွာငံ စစ်တပ်နှင့် တော်လှန်ရေးတပ်ဖွဲ့ ထိတွေ့မှုရှိ၊ ဒေသခံများကို စစ်ဆေးမှု ပိုတင်းကျပ်လာ

0
သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်တွင် စစ်တပ်နှင့် တော်လှန်ရေးတပ်ဖွဲ့တို့ ထိတွေ့တိုက်ပွဲ မကြာခဏ ဖြစ်ပွားနေပြီး၊ စစ်တပ်က ဒေသခံများကို သွားလာမှု ကန့်သတ်ထားကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဩဂုတ်လ နောက်ဆုံးပတ်တွင် ရွာငံမြို့နယ် ဆတ်ခြံကျေးရွာနှင့် တောင်ဦးကျေးရွာကြားတွင် စစ်တပ်နှင့် တော်လှန်ရေးတပ်တို့ ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး တော်လှန်ရေးဘက်မှ ရှောင်တခင်တိုက်ခိုက်သောကြောင့် စစ်တပ်ဘက်မှ...

နယ်စပ်တည်ငြိမ်ရေးနှင့် ကျားဖြန့်နှိမ်နင်းရန် စစ်တပ်နှင့် ထိုင်းအရာရှိများ ဆွေးနွေး

0
မြန်မာ-ထိုင်း နယ်စပ်တစ်လျှောက် တရားဥပဒေစိုးမိုးရေးနှင့် ဒေသတွင်း ဆိုးဝါးစွာဖြစ်ပေါ်နေသော အွန်လိုင်းလိမ်လည်မှု (ကျားဖြန့်) လုပ်ငန်းများကို တိုက်ဖျက်ရန် စစ်ကော်မရှင်၏ ဗိုလ်ချုပ်ကြီး ရဲဝင်းဦးနှင့် ထိုင်းနိုင်ငံ အမျိုးသားလုံခြုံရေးကောင်စီ အတွင်းရေးမှူးချုပ်တို့ နေပြည်တော်တွင် တွေ့ဆုံဆွေးနွေးခဲ့ကြကြောင်း စုံစမ်းသိရှိရသည်။ ယမန်နေ့ (သြဂုတ်လ ၂၇ ရက်) နံနက်ပိုင်းက နေပြည်တော်ရှိ ဇေယျာသီရိဗိမာန်၌...

တောင်ကြီး ရပ်ကွက်အချို့ စစ်တပ်က ဧည့်စာရင်းလိုက်လံစစ်ဆေး အသက်ပြည့်သူများကို စစ်မှုထမ်းရန် စာရင်းသွင်း

0
သျှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့ ရပ်ကွက်အချို့တွင် စစ်တပ်က ဧည့်စာရင်းလိုက်လံ စစ်ဆေးပြီး အသက်ပြည့်သည့် လူငယ်အမျိုးသားများကို စစ်မှုထမ်းရန် စာရင်းသွင်းထားကြောင်း သတင်းရရှိသည်။ စစ်ကော်မရှင်တပ်သည် တောင်ကြီးမြို့အတွင်း စစ်ဘေးလာရှောင်သူများကိုလည်း တစ်လတစ်ကြိမ် ပုံမှန် ဧည့်စာရင်းတိုင်ခိုင်းနေပြီး ရပ်ကွက်အတွင်း စစ်မှုထမ်းရန်လူလိုလျှင် အသက်ပြည့်ပြီးသည့် လူငယ် စစ်ဘေးရှောင်များကိုလည်း စစ်မှုထမ်းရန် စာရင်းသွင်းခိုင်းထားကြောင်း ဒေသခံများက...

မိုင်းငေါ့မြို့နယ်တွင် ရေကြီးမြေပြိုမှုကြောင့် လူ ၂ ဦးသေဆုံး၊ နိုင်ငံတစ်ဝန်း ရေးဘေးသင့်သူ ၆ သောင်းကျော်ရှိလာ

0
သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲခရိုင် မိုင်းငေါ့မြို့နယ်အတွင်း မိုးသည်းထန်စွာရွာသွန်းမှုနှင့်အတူ ဖြစ်ပွားခဲ့သည့် ရေနစ်မှုနှင့် မြေပြိုမှုဖြစ်စဉ်များကြောင့် ရက်ပိုင်းအတွင်း ဒေသခံ ၂ ဦး သေဆုံးခဲ့ကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဩဂုတ်လ ၅ ရက်နေ့က မိုင်းငေါ့မြို့နယ် ဟဲခမ်းကျေးရွာရှိ နမ့်မီချောင်းအတွင်း သူငယ်ချင်းများနှင့်အတူ ရေဆင်းကစားရာမှ ပျောက်ဆုံးသွားခဲ့သည့် အသက် ၁၅...