Saturday, January 31, 2026

CATEGORY

သတင်း

SSPP/SSA မေတ္တာရပ်ခံချက်ကြောင့် နန်းမိုဟွမ်ကို ယနေ့ လွတ်ပေးလိုက်ပြီဟု TNLA ထုတ်ပြန်

ရက်ပေါင်း ၆၀ နီးပါး ဖမ်းဆီးထားသော နမ့်ခမ်းမြို့သူ နန်းမိုဟွမ်အား SSPP/SSA မေတ္တာရပ်ခံချက်ကြောင့် အောက်တိုဘာလ ၁၅ ရက်နေ့တွင် ပြန်လွှတ်ပေးလိုက်ပြီဖြစ်ကြောင်း TNLA ဥက္ကဌ မှ ကြေငြာချက်တစောင် ထုတ်ပြန် လိုက် သည်။ အဆိုပါကြေငြာချက်တွင် FPNCC ၏ကြားဝင်စေ့စပ်ညှိနှိုင်းပေးမှုအရသော်လည်းကောင်း၊ မဟာမိတ်အဖွဲ့ အစည်း ဖြစ်သည့်...

သျှမ်းပြည်နယ်အတွင်း တရားဥပဒေ ဆုတ်ယုတ်နေ ဟု တိုင်းရင်းသူအဖွဲ့များကဆို  

သျှမ်းပြည်နယ် အတွင်း လူ့အခွင့်အရေး ချိုးဖောက်မှုများ၊ တရားဥပဒေ စိုးမိုးရေး ပျက်သုဉ်း ဆုတ်ယုတ်နေသည် ဟု သျှမ်းပြည်နယ် မှ တိုင်းရင်းသူအဖွဲ့ အစည်းများက ပြောဆိုလိုက်သည်။ သျှမ်းပြည်နယ် နှင့် မြန်မာ တဝှမ်းလုံး တွင် ဖြစ်ပွားနေသည့် မြန်မာ့တပ်မတော်နှင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်း နှင့် တိုင်းရင်းသားလက်နက်ကိုင်အချင်းချင်းအကြား...

အထက်ရဲရွာရေကာတာတည်ဆောက်ဖို့ လွှတ်တော်မှ ဘတ်ဂျက်တိုးချပေးသည့်အပေါ် သီပေါဒေသခံများ ဆန့်ကျင်

သျှမ်းပြည်မြောက်ပိုင်း သီပေါမြို့နယ် တာ့လုံရွာအနီး နမ္မတူမြစ်ပေါ် အထက်ရဲရွာရေအားလျှပ်စစ် ထုတ်လုပ် ရေး အတွက် လွှတ်တော်မှ ဘတ်ဂျက်တိုးချပေးသည့်အပေါ် သီပေါဒေသခံများလွှတ်တော်အမတ် များ တွေ့ဆုံဆွေးနွေးခဲ့ပြီး ဆန့်ကျင်ကန့်ကွက်ကြောင်း ကြေငြာချက်ထုတ်ပြန်ခဲ့သည်။ သျှမ်းပြည်မြောက်ပိုင်း သီပေါမြို့နယ် သျှမ်းစာပေနှင့်ယဉ်ကျေးမှုခန်းမတွင် အောက်တိုဘာလ ၁၂ ရက် ယနေ့မနက် က သီပေါဒေသခံလူထု ၊...

လားရှိုးမြို့ ရပ်ကွက် ၇ ရှိနေအိမ်တလုံးတွင် ပေါက်ကွဲမှုဖြစ်ပွါး

သျှမ်းပြည်မြောက်ပိုင်းလားရှိုးမြို့ ရပ်ကွက် ၇ နယ်မြေ ၄ တွင် အောက်တိုဘာလ ၁၁ ရက်နေ့ ည ၉ နာရီအချိန်က နေအိမ်တအိမ်အတွင်း ပေါက်ကွဲမှုဖြစ်ပွါးခဲ့သည်။   အမက ၂ ကျောင်းအနီးရှိ အိမ်အမှတ် ၃၄  တွင်ပေါက်ကွဲခဲ့ခြင်းဖြစ်ပြီး လူသူထိခိုက်ဒဏ်ရာ ရမှုတော့မရှိကြောင်း သက်ဆိုင်ရာအာဏာပိုင်များ ပြောသည်ဟု လားရှိုးခရိုင်အမျိုးသား...

ကျောက်မဲမြို့ ပစ်ခတ်ခံရမှုကြောင့်ပျံလွန်တော်မူသော ကျောင်းယွက်ကျောင်းတိုက်ဆရာတော်အတွက် ခိုလမ်ဒေသခံများ ဆုတောင်းပွဲပြုလုပ်ပေးမည်

ယနေ့ကျောက်မဲတွင်ပြုလုပ်သော ဓမ္မမေဒနီကျောင်းတိုက်ကျောင်းထိုင်ဆရာတော် ဦးကလျာဏဝံသ အဂ္ဂိဈာပန အခမ်းအနားသမယ သျှမ်းပြည်တောင်ပိုင်း လွယ်လင်ခရိုင် ခိုလမ်မြို့နယ်ခွဲတွင် ဆရာတော် ၊ သံဃာတော်များနှင့် ဒေသခံလူထုစုပေါင်းကာ ဆီမီးထွန်းပူဇော်ပြီးဆုတောင်းပွဲ တရပ်ပြု လုပ် မည်ဖြစ်ကြောင်း သိရသည်။ အောက်တိုဘာလ ၁၁ ရက်ညနေ ၆ နာရီခွဲအချိန် ခိုလမ် မြို့နယ်ခွဲ သီရိမင်္ဂလကျောင်းတိုက်တွင်...

ဂုတ်တွင်းလမ်းနှင့် ဂုတ်တွင်းရှောင်လမ်း စီမံကိန်းတွင် လယ်သမား ၆၂ဦးလျော်ကြေးငွေ မရရှိသေး

  သျှမ်းပြည်နယ် မြောက်ပိုင်းကျောက်မဲခရိုင် ဂုတ်တွင်းလမ်းနှင့် ဂုတ်တွင်းရှောင်လမ်း စီးမံကိန်းတွင် နစ်နာရသော လယ်သမား ၆၂ ဦး လျော်ကြေးငွေ မရသေးကြောင်း သတင်းရရှိသည်။ ကျောက်မဲခရိုင် အတွင်း လမ်းသစ်ဖောက်လုပ်ရန် အတွက် OHC (Oriental Highway Company) ကုမ္ပဏီ မှ တာဝန်ယူထားပြီး၊ လယ်ယာမြေ များ...

မိုးဆက်တိုက်ရွာသွန်းမှုကြောင့် လင်းခေးမြို့ တိန်းချောင်းဘေးရပ်ကွက်များ ရေသိသိသာသာလျှံဝင်

သျှမ်းပြည်အတွင်း မိုးဆက်တိုက်ရွာသွန်းခဲ့ပြီးနောက် မြို့နယ်အသီးသီး တို့တွင် လူနေအိမ်ခြေအတွင်း ရေများ လွှမ်းခဲ့ရာ သျှမ်းပြည်တောင်ပိုင်း လင်းခေးမြို့တွင်လည်း တိန်းချောင်းရေမြင့်တက်ကာ ချောင်းဘေး တလျှောက် နေထိုင်သူများ ကုန်းမြင့်ရာသို့ ပြောင်းရွှေ့ခဲ့ရကြောင်းသိရသည်။ အောက်တိုဘာလ ၁၀ ရက်နေ့ မနက်ပိုင်းက တိန်းချောင်းရေ စတင်မြင့်တက်ကာ လင်းခေးမြို့နယ် တိန်းချောင်းဘေးနေ ရပ်ကွက်များအတွင်းလယ်ယာခြံမြေများအတွင်း ရေဝင်သဖြင့်...

TNLA မှ နန်းမိုဟွမ်အား ထောင်ဒဏ် ၃ နှစ်ချမှတ်သည့်အပေါ် မိသားစုဝင်များမသိရဟုဆို

သျှမ်းပြည်နယ် မြောက်ပိုင်း နမ့်ခမ်းသူ နန်းမိုဟွမ်အား တအာင်း ပလောင်  အမျိုးသားလွတ်မြောက်ရေးတပ်မတော်  TNLA  က အောက်တိုဘာ ၅ ရက်နေ့တွင် ထောင်ဒဏ် ၃ နှစ်ချလိုက်သည့်အပေါ် မိသားစုဝင်မှ မသိရှိရကြောင်း ဆိုပါသည်။ “မနေ့က သတင်းတွေထွက်လာတာတွေ့တယ်။ ဒီအကြောင်း ကျမတို့ဘာမှမသိရဘူး။ အကြောင်းကြားလာတာလဲ မရှိသေးဘူး။ ဒါကြောင့်...

ကျောက်မဲမြို့ ရွှေကျင်ကျောင်းတိုက်ဆရာတော်၏ ရုပ်ကလပ်တော်အား အောက်တိုဘာ ၁၁ ရက်နေ့တွင် အဂ္ဂိဈာပန မီးသဂြိုဟ်မည်  

သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့နယ် ရပ်ကွက် ၇ ရှိ ဓမ္မမေဒနီရွှေကျင်ကျောင်း တိုက်(ကျောင်းယွက်ကျောင်းတိုက်)မှ ကျောင်းထိုင်ဆရာတော် ဦးကလျာဏ ဝံသ၏ ရုပ်ကလပ်အား အောက်တိုဘာလ ၁၁ ရက်နေ့တွင် အဂ္ဂိဈာပန မီးသဂြိုဟ်ပွဲပြုလုပ်မည်ဖြစ်ကြောင်းသိရသည်။ ‘‘ကျောက်မဲမြို့နယ်အတွင်းမှ သံဃာတော်တပါးက- အခု ဘုန်းဘုန်းတို့ ဒီကျောင်းထိုင်ဆရာတော်ရဲ့ ရုပ်ကလပ်ကို သဂြိုဟ်ဖို့စီစဉ်နေတယ်။ ဆရာတော်က ရွှေကျင်ဂိုဏ်းမို့လို့...

ချိန်ကိုက်ဗုံးပေါက်ကွဲမှုကြောင့် သီပေါမြို့နယ် ဒေသခံများထိတ်လန့်မှုဖြစ်

သျှမ်းပြည်နယ် မြောက်ပိုင်း သီပေါမြို့နယ် အတွင်း ချိန်ကိုက်ဗုံးပေါက်ကွဲသဖြင့် ဒေသခံများ ထိတ်လန့်မှု ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။ အဆိုပါ ချိန်ကိုက်ဗုံးသည် သီပေါမြို့နယ် နားမွန်းကျေးရွာ နှင့် နားကျိုင်း ကျေးရွာ ကြားတွင် ယမန်နေ့ အောက်တိုဘာ ၉ ရက် နေ့လည် ၃ နာရီကျော်အချိန်က ပေါက်ကွဲခဲ့...

Latest news