Saturday, January 31, 2026

CATEGORY

သတင်း

PNLA နှင့် RCSS/SSA တို့ မိုင်းပန်တွင် ထိတွေ့မှုဖြစ်ပွါး

သျှမ်းပြည်တောင်ပိုင်း မိုင်းပန်မြို့နယ်အတွင်း ၀င်ရောက်လှုပ်ရှားလာသော   PNLA တပ်ဖွဲ့နှင့်  သျှမ်းပြည်တပ်မတော် RCSS/SSA တို့ တရက်အတွင်း ၂ ကြိမ် တိုက်ပွဲဖြစ်ပွါးခဲ့ကြောင်းသိရသည်။ အောက်တိုဘာလ ၁၆ ရက် မနက် ၅ နာရီ ၄၅ မိနစ်က   PNLA တပ်ဖွဲ့နှင့်   RCSS/SSA တို့ မိုင်းပန်မြို့နယ်...

TNLA ကနေထောင်သုံးနှစ် ချမှတ်ခံရတဲ့ နန်းမိုဟွမ်နဲ့တွေ့ဆုံမေးမြန်းချက်

TNLA တအာင်းတပ်ဖွဲ့ကနေ အကောက်ခွန်ဝန်ထမ်းတွေကို နာကျင်အောင်လုပ်စေတယ်ဆိုတဲ့ စွပ်စွဲပြောဆို ချက်တဲ့ ၂ လ နီးပါးအကြာဖမ်းဆီးသွားပြီး ထောင် ၃ နှစ် ပြစ်ဒဏ်စီရင်ချက်ချခံရတဲ့ နန်းမိုဟွမ်ကို FPNCC ရဲ့ ကြားဝင်ဖြန်ဖြေပေးမှု မဟာမိတ်တပ်ဖွဲ့ဖြစ်တဲ့ SSPP/SSA ရဲ့ တိုက်တွန်းတောင်းဆိုမှုတွေကြောင့်ဆိုပြီး TNLA ကပြန်လွှတ်ပေးခဲ့ပါတယ်။ အောက်တိုဘာလ...

ခွဲမထွက်ရေးမူ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ လက်မခံသေး ထပ်မံဆွေးနွေးဦးမည်ဟုဆို

တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တောင်းဆိုထားသည့် ပြည်ထောင်စုမှ ခွဲမထွက်ရေးမူကို တိုင်းရင်းသားများ လက်မခံသေးကြောင်း သိရသည်။ နေပြည်တော် ရွှေစံအိမ်ဟိုတယ် တွင် အောက်တိုဘာ ၁၅၊ ၁၆ ရက် ၂ ရက်တာ ကျင်းပခဲ့သည့် ငြိမ်းချမ်းရေး ထိပ်သီးဆွေးနွေးပွဲကို တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်ရပ်စဲရေး သဘောတူညီစာချုပ်...

TNLA ထံမှသွားရောက်ခေါ်ဆောင်လာသည့် နမ့်ခမ်းမြို့သူနန်းမိုဟွမ်အား မိသားစုလက်ထံ SSPP/SSA မှတဆင့် ပြန်လည်ပေးအပ်

တအာင်းတပ်ဖွဲ့ TNLA မှ ၂ လ နီးပါးအကြာဖမ်းဆီးသွားသော နမ့်ခမ်းမြို့သူ နန်းမိုဟွမ်အား သွားရောက်ကြိုလာသည့် သျှမ်းပြည်တိုးတက်ရေးပါတီ သျှမ်းပြည်တပ်မတော် SSPP/SSA က သူမ၏ မိသားစုထံပြန်လည်အပ်နှံသည့်အခမ်းအနားတရပ် ၀မ့်ဟိုင်းဌာနချုပ်တွင် ပြုလုပ်ခဲ့သည်။ အောက်တိုဘာလ ၁၇ ရက်နေ့ ယနေ့မနက် ၉ နာရီခန့်က စတင်ခဲ့ခြင်းဖြစ်ပြီး SSPP/SSA...

ဆင်ဖြူစျေးကော်မတီရုံးဆောက်လုပ်နေမှု လက်နက်အပြည့်အစုံဖြင့်တရုတ်တပ်ဖွဲ့များ ၀င်ရောက်ဟန့်တား ဒေသခံလူထု ထိတ်လှန့်

တရုတ်နယ်စပ် မြန်မာဘက်ခြမ်းမူစယ်မြို့ တွင် ဆောက် လုပ်နေသည့် ဆင်ဖြူစျေးကော်မတီရုံးနှင့် ပတ်သတ်ပြီး လက်နက်အပြည့်ကိုင်ဆောင်သည့် တရုတ်တပ်ဖွဲ့ဝင်များ ဝင်ရောက် ဟန့်တား ရာ ဒေသခံများထိတ်လန့်မှု ဖြစ်ခဲ့ကြောင်း သတင်းရရှိသည်။ အောက်တိုဘာ ၁၇ ရက်နေ့ မနက် ၈ နာရီက မူစယ်မြို့အတွင်း တရုတ်တပ်ဖွဲ့များ လက်နက်ဖြင့် နယ်စပ်...

နှစ်သစ်ကူးအလံတော်အား တောင်ကြီးမှ လားရှိုးသို့ သယ်ဆောင်

လားရှိုးမြို့တွင် ပြုလုပ်မည့် စုပေါင်းသျှမ်းနှစ်သစ်ကူးပွဲတော်ကျင်းပရေးအတွက်  တောင်ကြီးမြို့ သျှမ်းစာပေယဉ်ကျေးမှုအသင်းရုံးရှိ သျှမ်းနှစ်သစ်ကူးအလံတော် အား လားရှိုးမြို့ သျှမ်းနှစ်သစ်ကူးပွဲတော်ကျင်းပရေးဦးစီးကော်မတီအဖွဲ့က လာရောက်ကြိုဆို သယ်ဆောင်ခဲ့ကြကြောင်း သိရသည်။ အောက်တိုဘာလ ၁၆ ရက်နေ့က တောင်ကြီးမြို့ သျှမ်းစာပေယဉ်ကျေးမှုအသင်းရုံးသို့ လာရောက်သယ်ဆောင်ခြင်းဖြစ်သည်။ “လားရှိုးကကော်မတီက စာတော့ကြိုပို့ထားပါတယ်။ နှစ်သစ်ကူးပွဲတော်ကျင်းပဖို့ ဆွေးနွေးဖို့ လို့ရေးထားပါတယ် ။ ဆွေးနွေးမှုအပြီးမှာတော့ ဒီ...

အင်းလေးဖောင်တော်ဦးဘုရား ညောင်ရွှေမြို့တွင် ၃ ည ကျိန်းမည်

သျှမ်းပြည်တောင်ပိုင်း တောင်ကြီးခရိုင် ညောင်ရွှေမြို့နယ် အင်းလေးကန်အတွင်း သီတင်းကျွတ်အခါသမယ ဖောင်တော်ဦးဘုရား ဒေသစာရီကြွချီ လှည့်လည်အပူဇော်ခံပွဲကို အောက်တိုဘာလ ၁၀ ရက်နေ့မှ ၂၇ ရက်နေ့အထိ ကျင်းပရာ ညောင်ရွှေမြို့တွင် ၃ ည ကျိန်းဝပ်တော်မူမည်ဖြစ်ကြောင်းသိရသည်။ နှစ်စဉ်ရိုးရာမပျက်ကျင်းပမြဲ ဖောင်တော်ဦးဘုရားပွဲအား ယခုနှစ်တွင်လည်း ၁၈ ရက်တာ ကျင်းပခဲ့ရာ အောက်တိုဘာလ...

နောင်ချိုလယ်သမား ၆၂ ဦး အတွက် တဧက ကျပ်သိန်း ၁၀၀-၁၅၀ အထိ လျော်မည်ဟုအစိုးရသဘောတူ

သျှမ်းပြည်မြောက်ပိုင်း နောင်ချိုမြို့နယ်နှင့် ကျောက်မဲမြို့နယ်ကြား ဂုတ်တွင်းလမ်းနှင့် ဂုတ်တွင်းရှောင်လမ်း တိုးချဲ့ရေးအတွက် သိမ်းဆည်းခံရလယ်ယာမြေများလျော်ကြေးပြန်မရသေးသည့် ကျန်ရှိလယ်သမား ၆၂ ဦး အတွက် ယာမြေ တဧက ကျပ်သိန်း ၁၀၀-၁၅၀ အထိ ပေးလျော်ဖို့ နေပြည်တော် ဆွေးနွေးပွဲတွင် အစိုးရ နှင့်သဘောတူကြသည်ဟု သိရသည်။ အောက်တိုဘာလ ၁၁ ရက်နေ့...

ပြည်ထောင်စုကြီး၏ ပထမဆုံးသမ္မတ ညောင်ရွှေစော်ဘွားကြီးကြေးသွန်းရုပ်ထုအား ညောင်ရွှေမြို့တွင်စိုက်ထူပွဲကျင်းပမည်

သျှမ်းပြည်တောင်ပိုင်း ညောင်ရွှေစော်ဘွားကြီးစဝ်ရွှေသိုက်၏ ကြေးသွန်းရုပ်ထု သယ်ယူခြင်းနှင့် ဖွင့်ပွဲအခမ်းအနားကို အောက်တိုဘာလ ၁၉ ရက်နေ့တွင် ကျင်းပပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၏ ပထမ သမ္မတ ၊ အဂ္ဂမဟာ သီရိသုဓမ္မ၊ အဂ္ဂမဟာ သရေစည်သူ ညောင်ရွှေစော်ဘွားကြီးစဝ်ရွှေသိုက်၏ကြေးသွန်းရုပ်ထုမှာ အောက်တိုဘာလ ၁၃ ရက်နေ့က ညောင်ရွှေသို့ ရောက်ရှိလာခြင်းဖြစ်ကြောင်း...

လဲချားမြို့နယ် SNLD ပါတီမြို့နယ်အထွေထွေအတွင်းရေးမှူး စိုင်းမိုင်းဇင့် ကွယ်လွန်

သျှမ်းပြည်တောင်ပိုင်းလဲချားမြို့နယ် ကျားခေါင်းပါတီ မြို့နယ်အထွေထွေအတွင်းရေးမှူး စိုင်းမိုင်းဇင့် သည် နှလုံးရောဂါဖြင့် ကွယ်လွန်သွားခဲ့သည်။ အောက်တိုဘာလ ၁၅ ရက်နေ့ မနက် ၅ နာရီက လဲချာမြို့နယ် ကျားခေါင်းပါတီ မြို့နယ်အထွေထွေအတွင်းရေးမှူး စိုင်းမိုင်းဇင့် အသက် ၄၁ နှစ်သည် လဲချားရပ်ကွက် ၂ ရှိ ၄င်းနေအိမ်တွင် ရုတ်တရက်ကွယ်လွန်ခဲ့ခြင်းဖြစ်ကြောင်း...

Latest news