လုပ်အားခ သိန်းတရာ ကျော် မရသေးသည့် Gold Luck Water Park လုပ်ငန်းရှင်ကို အလုပ်သမားများ ဆန္ဒပြ

သျှမ်းပြည်နယ် မြောက်ပိုင်း လားရှိုးမြို့ Gold Luck Water Park လုပ်ငန်းရှင် မှ အလုပ်သမားများကို လုပ်အားခ သိန်းတရာကျော် ပေးချေရန်ကျန်ရှိမှု နှင့် ပတ်သက်ပြီး အလုပ်သမားများက ဆန္ဒထုတ်ဖော်တောင်းဆိုကြကြောင်း သိရသည်။

Photo Credit to RFA: လုပ်အားခ သိန်းတရာ ကျော် မရသေးသည့် Gold Luck Water Park လုပ်ငန်းရှင်ကို အလုပ်သမားများ ဆန္ဒပြ

ဇူလိုင်လ ၃၀ ရက် ယနေ့ မနက်ပိုင်း ၉ နာရီခွဲက ရပ်ကွက်(၁) ဗျူဟာလမ်းဆုံ မှ မြို့တော် ခန်းမရှေ့အထိ လုပ်အားခ မရသည့် Gold Luck Water Park မှအလုပ်သမား များက စီတန်းလှည့်လည် ဆန္ဒထုတ်ဖော်ခဲ့သည်။

Gold Luck Water Park ပိုင်ရှင် ဦးရဲနိုင် မှ ဆေးသုတ်လုပ်အားခ များအား အမြန်ဆုံးရှင်းပေးရန်၊ နေ့စားအလုပ်သမားများအား အနိုင်ကျင့်စော်ကားခြင်း ဘဝမှ အမြန်ဆုံးလွှတ်မြောက်ပေးရန် ၊ ဦးရဲနိုင်မှ မိသားစုချင်းကိုယ်ချင်းစာစိတ်ထားပေးရန်စသည့် ပို့စတာများ ကိုင်ဆောင်ပြီး ဆန္ဒ ထုတ်ဖော်ခဲ့ကြသည်။

Photo Credit to Real News Distribution Agency : လုပ်အားခ သိန်းတရာ ကျော် မရသေးသည့် Gold Luck Water Park လုပ်ငန်းရှင်ကို အလုပ်သမားများ ဆန္ဒပြ

“ ကျနော်တို့ ဆေးသုတ် အလုပ်သမား ၁၅ယောက် လုပ်အားခ သိန်း ၁၃၀ကျော်မရသေးဘူး။ ၃လပိုင်း(မတ်) လကတည်းက ရရမယ့် ငွေတွေပါ” ဟု ဆန္ဒပြသည့် ခေါင်းဆောင် ကိုယောဟန် က ပြောသည်။

ရေပန်းဥယျာဉ် ပိုင်ရှင်မှလုပ်အားခ မပေးဆောင်သည့် ကိစ္စနှင့် ပတ်သက်ပြီး ဇူလိုင် ၂၂ရက်နေ့တွင် အလုပ်သမားညှိနှိုင်းဖြန်ဖြေရေး ကော်မတီ ကို တင်ပြထားကြောင်း ကိုယောဟန် က ပြောပြသည်။

ထို့ပြင် ဇူလိုင် ၂၈ ရက်နေ့တွင် Gold Luck Water Park ပိုင်ရှင် ဦးရဲနိုင်မှ လုပ်အားခ ကိစ္စ ရှင်းရန် အတွက် သတင်းစာတွင် ထည့်သွင်း ကြေငြာ ခဲ့သည် ဟု သိရသည်။

“ ကျနော် တို့ကို တွေ့ဖို့ အတွက် သတင်းစာကနေ ကြေညာတယ်။ ကျနော်တို့လုံခြုံရေးအရ ကျနော်မသွားနိုင်ဘူး။ ကျနော်တို့ရှေ့မှာတင် သတင်းသမား တယောက်ဖြစ်ခဲ့ပြီးပြီ။ ကျနော်ကတော့ အလုပ်သမား ဖြန်ဖြေရေး ကော်မတီ ကနေဘဲ ရှင်းမယ်လို့ ပြောထားပါတယ်” ဟု ကိုယောဟန် က ဆိုသည်။

ရေပန်းဥယျာဉ်တွင် ဆေးသုတ် သည့် အလုပ်သမား အလုပ်လစာ စာရင်းဇယား ရှင်းလင်းရန် အတွက် မြန်မာအလင်းသတင်းစာ မှတဆင့် ခေါ်ခဲ့ကြောင်း၊ ငွေကြေးများကို ရှင်းပေးမည် ဟု Gold Luck Water Park ပိုင်ရှင် ဦးရဲနိုင် က သျှမ်းသံတော်ဆင့် ကို ပြောသည်။

“ ကျနော် အနေနဲ့ ကန်ထရိုက် ကိုယောဟန် အနေနဲ့ စာရင်းဇယားတွေ လာရှင်းဖို့ သတင်းစာကနေခေါ်ထားတယ်။ မရှင်းဘူးဆိုတာတော့ မဟုတ်ပါဘူး။ ဒါကတော့ လုပ်ငန်း သဘော ဆိုတာ ရှိသေးတယ်။ ရှင်းမှာပါ” ဟု ဦးရဲနိုင် က ဆိုသည်။

အဆိုပါ ဆေးသုတ် လုပ်အားခ မရသေးသည့် အလုပ်သမား သတင်း ရေးသားရန် Gold Luck Water Park ပိုင်ရှင် ဦးရဲနိုင် အား ဒီဗွီဘီ အလွတ်တန်းသတင်းထောက် ခွန်ဇော်ဦး နှင့် မြန်မာတိုင်းလ် အလွတ်တန်းသတင်းထောက် မမြတ်မိုးသူတို့ ဇူလိုင် ၂၂ ရက်နေ့တွင် သွားရောက် တွေ့ဆုံမေးမြန်းမှုပြုခဲ့သည်။

ဇူလိုင်လ ၂၈ ရက်နေ့တွင် သတင်းထောက် ခွန်ဇော်ဦး ကို လိုင်စင်မဲ့ ကားမောင်းနှင်းမှုဖြင့် ယာဉ်ထိန်းရဲ က အရေးယူတိုင်ကြားခဲ့ကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ချင်းမိုင် တရုတ်ကောင်စစ်ဝန်ရုံးရှေ့ ရဲတပ်ဖွဲ့နှင့် ဆန္ဒပြသူများ ရုန်းရင်းဆန်ခတ်ဖြစ်၊ ဆန္ဒပြသူ ၂ဉီးဒဏ်ရာရ

0
ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းမိုင်မြို့ရှိ တရုတ်ကောင်စစ်ဝန်ချုပ်ရုံးရှေ့တွင် ယနေ့ (ဇူလိုင် ၆ ရက်) နံနက်က ပြုလုပ်ခဲ့သော ဆန္ဒပြပွဲအတွင်း ရဲတပ်ဖွဲ့ဝင်များနှင့် ဆန္ဒပြသူများအကြား ရုန်းရင်းဆန်ခတ်ဖြစ်ပွားခဲ့ရာ လူ ၂ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ထိုင်းသတင်းတွင် ဖော်ပြသည်။ မြန်မာနိုင်ငံအတွင်းရှိ တရုတ်ရင်းနှီးမြှုပ်နှံမှု သတ္တုတွင်းများမှ ထွက်ရှိသော အဆိပ်သင့်ဓာတုပစ္စည်းများက နယ်စပ်ဖြတ်ကျော်ကာ...

စစ်တပ်ထိန်းချုပ် လားရှိုးမြို့ပေါ် ခိုးဆိုးလုယက်မှုနှင့် ပြန်ပေးဆွဲမှုများလာ၊ ဖမ်းဆီးအရေးယူမှုမရှိ

0
သျှမ်းပြည် လားရှိုးမြို့တွင် ခိုးဆိုးလုယက်မှုနှင့် ပြန်ပေးဆွဲ ငွေညှစ်တောင်းခံမှုများ ခပ်စိပ်စိပ် ဖြစ်ပွားလာပြီး ဖမ်းဆီးအရေးယူမှုလည်း မရှိသလောက် နည်းပါးကြောင်း စုံစမ်းသိရသည်။ လားရှိုးမြို့ကို စစ်တပ်ပြန်လည်ထိန်းချုပ်ထားသည့် တစ်နှစ်ကျော်အတွင်း ခိုးဆိုးလုယက်မှုနှင့် ပြန်ပေးဆွဲ ငွေညှစ်တောင်းခံမှုများ ခပ်စိပ်စိပ် ဖြစ်ပွားလာပြီး မေလ ပထမပတ်အတွင်း အမျိုးသမီးတစ်ဦး ဆိုင်ကယ်လုယက်ခံရပြီး ခရိုင်ရဲစခန်းအနီးရှိ နေအိမ်တစ်အိမ်တွင်လည်း...

လားရှိုးမြို့ “ကျော်သရဖူရွှေဆိုင်” နေအိမ် ဓားပြတိုက်ခံရပြီး ရွှေ ၅ ပိဿာပါသွားဟုဆို

0
သျှမ်းပြည် လားရှိုးမြို့ရှိ ရွှေအရောင်းအဝယ် လုပ်ကိုင်သည့် “ကျော်သရဖူ ရွှေဆိုင်”၏ နေအိမ်တွင် ဓားပြတိုက်ခံရပြီး ရွှေ (၅) ပိဿာနှင့် ကျပ်ငွေ သိန်းတစ်ထောင်ကျော် ပါသွားခဲ့ကြောင်း ဒေသခံပြောဆိုချက်အရ သိရသည်။ ယမန်နေ့ (၂၀၂၆ ဇန်နဝါရီလ ၁ ရက်) မွန်းတည့်ချိန် ၁၂ နာရီခန့်တွင် စစ်ကော်မရှင်...

လားရှိုးမြို့တွင် ဆရာတော်ကို အငြိုးကြောင့် သဝာ်ဖြတ်ခဲ့သည့် ကျောင်းသားနှစ်ဦးဖမ်းမိ

0
သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့တွင် သီတင်းသုံးနေထိုင်သည့် ဆရာတော်တစ်ပါးအား သတ်ဖြတ်ခဲ့သည့် သတ္တမတန်း ကျောင်းသားနှစ်ဉီးကို ဖမ်းဆီးရမိခဲ့ကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် ဇန်နဝါရီလ ၂၈ ရက်တွင် လားရှိုးမြို့၊ ရပ်ကွက် (၄) ရှိ မဟာဗောဓရုံ ကျောင်းတိုက်အတွင်း၌ သက်တော် (၆၀) ဝန်းကျင်ရှိ ဆရာတော်တစ်ပါးကို လူငယ်နှစ်ဦးက ဝင်ရောက်...
Mogok View

TNLA ဆုတ်ခွာမည့် မိုးကုတ်မြို့တွင် စစ်အာဏာရှင်လက်မခံကြောင်း သံပုံးတီးဆန္ဒပြ

0
သျှမ်းပြည်နှင့် မန္တလေးနယ်စပ် TNLA ဆုတ်ခွာမည်ဟုဆိုထားသည့် မိုးကုတ်မြို့တွင် တော်လှန်ရေးအင်အားစုများနှင့် ဒေသခံပြည်သူများမှ စစ်အာဏာရှင်ဆန့်ကျင်ရေး သံပုံးတီးဆန္ဒပြမှုများ ပြုလုပ်ခဲ့ကြောင်း စုံစမ်းသိရသည်။