Wednesday, January 28, 2026

လုပ်အားခ သိန်းတရာ ကျော် မရသေးသည့် Gold Luck Water Park လုပ်ငန်းရှင်ကို အလုပ်သမားများ ဆန္ဒပြ

သျှမ်းပြည်နယ် မြောက်ပိုင်း လားရှိုးမြို့ Gold Luck Water Park လုပ်ငန်းရှင် မှ အလုပ်သမားများကို လုပ်အားခ သိန်းတရာကျော် ပေးချေရန်ကျန်ရှိမှု နှင့် ပတ်သက်ပြီး အလုပ်သမားများက ဆန္ဒထုတ်ဖော်တောင်းဆိုကြကြောင်း သိရသည်။

Photo Credit to RFA: လုပ်အားခ သိန်းတရာ ကျော် မရသေးသည့် Gold Luck Water Park လုပ်ငန်းရှင်ကို အလုပ်သမားများ ဆန္ဒပြ

ဇူလိုင်လ ၃၀ ရက် ယနေ့ မနက်ပိုင်း ၉ နာရီခွဲက ရပ်ကွက်(၁) ဗျူဟာလမ်းဆုံ မှ မြို့တော် ခန်းမရှေ့အထိ လုပ်အားခ မရသည့် Gold Luck Water Park မှအလုပ်သမား များက စီတန်းလှည့်လည် ဆန္ဒထုတ်ဖော်ခဲ့သည်။

Gold Luck Water Park ပိုင်ရှင် ဦးရဲနိုင် မှ ဆေးသုတ်လုပ်အားခ များအား အမြန်ဆုံးရှင်းပေးရန်၊ နေ့စားအလုပ်သမားများအား အနိုင်ကျင့်စော်ကားခြင်း ဘဝမှ အမြန်ဆုံးလွှတ်မြောက်ပေးရန် ၊ ဦးရဲနိုင်မှ မိသားစုချင်းကိုယ်ချင်းစာစိတ်ထားပေးရန်စသည့် ပို့စတာများ ကိုင်ဆောင်ပြီး ဆန္ဒ ထုတ်ဖော်ခဲ့ကြသည်။

Photo Credit to Real News Distribution Agency : လုပ်အားခ သိန်းတရာ ကျော် မရသေးသည့် Gold Luck Water Park လုပ်ငန်းရှင်ကို အလုပ်သမားများ ဆန္ဒပြ

“ ကျနော်တို့ ဆေးသုတ် အလုပ်သမား ၁၅ယောက် လုပ်အားခ သိန်း ၁၃၀ကျော်မရသေးဘူး။ ၃လပိုင်း(မတ်) လကတည်းက ရရမယ့် ငွေတွေပါ” ဟု ဆန္ဒပြသည့် ခေါင်းဆောင် ကိုယောဟန် က ပြောသည်။

ရေပန်းဥယျာဉ် ပိုင်ရှင်မှလုပ်အားခ မပေးဆောင်သည့် ကိစ္စနှင့် ပတ်သက်ပြီး ဇူလိုင် ၂၂ရက်နေ့တွင် အလုပ်သမားညှိနှိုင်းဖြန်ဖြေရေး ကော်မတီ ကို တင်ပြထားကြောင်း ကိုယောဟန် က ပြောပြသည်။

ထို့ပြင် ဇူလိုင် ၂၈ ရက်နေ့တွင် Gold Luck Water Park ပိုင်ရှင် ဦးရဲနိုင်မှ လုပ်အားခ ကိစ္စ ရှင်းရန် အတွက် သတင်းစာတွင် ထည့်သွင်း ကြေငြာ ခဲ့သည် ဟု သိရသည်။

“ ကျနော် တို့ကို တွေ့ဖို့ အတွက် သတင်းစာကနေ ကြေညာတယ်။ ကျနော်တို့လုံခြုံရေးအရ ကျနော်မသွားနိုင်ဘူး။ ကျနော်တို့ရှေ့မှာတင် သတင်းသမား တယောက်ဖြစ်ခဲ့ပြီးပြီ။ ကျနော်ကတော့ အလုပ်သမား ဖြန်ဖြေရေး ကော်မတီ ကနေဘဲ ရှင်းမယ်လို့ ပြောထားပါတယ်” ဟု ကိုယောဟန် က ဆိုသည်။

ရေပန်းဥယျာဉ်တွင် ဆေးသုတ် သည့် အလုပ်သမား အလုပ်လစာ စာရင်းဇယား ရှင်းလင်းရန် အတွက် မြန်မာအလင်းသတင်းစာ မှတဆင့် ခေါ်ခဲ့ကြောင်း၊ ငွေကြေးများကို ရှင်းပေးမည် ဟု Gold Luck Water Park ပိုင်ရှင် ဦးရဲနိုင် က သျှမ်းသံတော်ဆင့် ကို ပြောသည်။

“ ကျနော် အနေနဲ့ ကန်ထရိုက် ကိုယောဟန် အနေနဲ့ စာရင်းဇယားတွေ လာရှင်းဖို့ သတင်းစာကနေခေါ်ထားတယ်။ မရှင်းဘူးဆိုတာတော့ မဟုတ်ပါဘူး။ ဒါကတော့ လုပ်ငန်း သဘော ဆိုတာ ရှိသေးတယ်။ ရှင်းမှာပါ” ဟု ဦးရဲနိုင် က ဆိုသည်။

အဆိုပါ ဆေးသုတ် လုပ်အားခ မရသေးသည့် အလုပ်သမား သတင်း ရေးသားရန် Gold Luck Water Park ပိုင်ရှင် ဦးရဲနိုင် အား ဒီဗွီဘီ အလွတ်တန်းသတင်းထောက် ခွန်ဇော်ဦး နှင့် မြန်မာတိုင်းလ် အလွတ်တန်းသတင်းထောက် မမြတ်မိုးသူတို့ ဇူလိုင် ၂၂ ရက်နေ့တွင် သွားရောက် တွေ့ဆုံမေးမြန်းမှုပြုခဲ့သည်။

ဇူလိုင်လ ၂၈ ရက်နေ့တွင် သတင်းထောက် ခွန်ဇော်ဦး ကို လိုင်စင်မဲ့ ကားမောင်းနှင်းမှုဖြင့် ယာဉ်ထိန်းရဲ က အရေးယူတိုင်ကြားခဲ့ကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

Mogok View

TNLA ဆုတ်ခွာမည့် မိုးကုတ်မြို့တွင် စစ်အာဏာရှင်လက်မခံကြောင်း သံပုံးတီးဆန္ဒပြ

0
သျှမ်းပြည်နှင့် မန္တလေးနယ်စပ် TNLA ဆုတ်ခွာမည်ဟုဆိုထားသည့် မိုးကုတ်မြို့တွင် တော်လှန်ရေးအင်အားစုများနှင့် ဒေသခံပြည်သူများမှ စစ်အာဏာရှင်ဆန့်ကျင်ရေး သံပုံးတီးဆန္ဒပြမှုများ ပြုလုပ်ခဲ့ကြောင်း စုံစမ်းသိရသည်။

ကျောက်မဲ စာသင်ကျောင်းထဲတပ်စွဲသည့် TNLA ကို ထွက်ခွာပေးရန် ဒေသခံများ တောင်းဆိုခဲ့ပြီး ဂိတ်ကိုဖယ်ရှား

0
သျှမ်းပြည် ကျောက်မဲမြို့နယ် မိုင်းတင်းကျေးရွာအုပ်စုရှိ စာသင်ကျောင်းထဲ ဝင်ရောက်တပ်စွဲခဲ့သည့် TNLA တပ်သားများကို ပြန်လည်ထွက်ခွာပေးရန် ဒေသခံများ ဆန္ဒပြတောင်းဆိုခဲ့ပြီး စစ်ဆေးရေးဂိတ်ကိုလည်း ဖယ်ရှားလိုက်ကြောင်း စုံစမ်းသိရသည်။ စက်တင်ဘာလ (၂၈) ရက် နံနက် ၇ နာရီခန့်မှ စတင်ပြီး ကျောက်မဲမြို့နယ် မိုင်းတင်းကျေးရွာအုပ်စုရှိ သံဃာတော်နှင့် ပြည်သူ စုစုပေါင်း...

SSPP နှင့် အငြင်းပွားမှုနယ်မြေအတွင်း အုပ်ချုပ်ရေးချမှတ်ခြင်း မပြုလုပ်ရန် MNDAA သဘောတူ

0
ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) နှင့် ကိုးကန့်တပ်ဖွဲ့ MNDAA တို့အကြား နယ်မြေအငြင်းပွားမှု ဒေသအတွင်း MNDAA ဘက်မှ တပ်သားသစ်စုဆောင်းခြင်းနှင့် အုပ်ချုပ်ရေးချမှတ်ခြင်း မပြုလုပ်ရန် သဘောတူခဲ့ကြောင်း စုံစမ်းသိရသည်။ ဇွန်လ (၁၇) ရက်တွင် လားရှိုးမြို့နယ် နမ့်ပေါင်ကျေးရွာအနီး သံလွင်ကျေးရွာတွင် SSPP နှင့် MNDAA...

လားရှိုးမြို့အဝင် MNDAA စစ်ဆေးရေးဂိတ်တွင် စစ်ကောင်စီယာဉ်တန်း အချိန်အတော်ကြာ စစ်ဆေးခံရ

0
သျှမ်းပြည် လားရှိုးမြို့အဝင် မယ်ဟန်ကျေးရွာရှိ ကိုးကန့်တပ်ဖွဲ့ MNDAA စစ်ဆေးရေးဂိတ်တွင် စစ်ကောင်စီယာဉ်တန်းကို ကားပေါ်အထိ တက်ရောက်ကာ အချိန်အတော်ကြာ စစ်ဆေးခဲ့ကြောင်း စုံစမ်းသိရသည်။ ဇွန်လ (၅) ရက် နံနက်ပိုင်းတွင် မိုင်းရယ်ဘက်မှ လာသည့် စစ်ကား (၆) စီးပါ စစ်ကောင်စီယာဉ်တန်းသည် လားရှိုးမြို့အဝင် မယ်ဟန်ကျေးရွာရှိ MNDAA...

လားရှိုးမြို့လို ထပ်အဖြစ်မခံလောက်တော့ဘူး။ အကယ်လို့ ထပ်လက်လွှတ်ခဲ့ရတယ်ဆိုရင်တောင် DPLA ပြန်တိုက်ထုတ်မယ်။

0
ဓနုပြည်သူ့လွတ်မြောက်ရေးတပ်တော် (DPLA) သည် စစ်အာဏာရှင်စနစ်၊ မဟာလူမျိုးကြီးဝါဒနှင့် ကျဉ်းမြောင်းသော အမျိုးသားရေးဝါဒများကို ဆန့်ကျင်တိုက်ဖျက်သွားရန် ဆိုသည့် ရည်ရွယ်ချက်ဖြင့် ၂၀၂၂ ခုနှစ် သြဂုတ်လ ၇ ရက်တွင် ဖွဲ့စည်းတည်ထောင်ခဲ့သည်။ လက်ရှိတွင် DPLA အဖွဲ့ဝင် စစ်အင်အား တစ်ထောင်ကျော်ရှိပြီး ဓနုလူမျိုးများနေထိုင်သည့် သျှမ်းပြည်မြောက်ပိုင်းနှင့် သျှမ်းပြည်တောင်ပိုင်း ရွာငံ၊...