Wednesday, January 28, 2026

အစိုးရသစ်လက်ထက် ကွတ်ခိုင်မြို့နယ်တွင် မူးယစ်ဆေးဝါး အများဆုံး ဖမ်းဆီးရမိ

သျှမ်းပြည် မြောက်ပိုင်း ကွတ်ခိုင်မြို့နယ် အတွင်း မူးယစ်ဆေးချက်သည့် နေရာ ၆ နေရာ နှင့် မူးယစ်ဆေးဝါးတန်ဖိုး ၁၆ ဘီလီယံ (ကျပ်သန်းပေါင်း တစ်သောင်းခြောက်ထောင်)ကို တပ်မတော်နှင့်ရဲတပ်ဖွဲ့များသိမ်းဆည်းရမိရာ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) အစိုးရ သက်တမ်းတွင် အရေအတွက်အများဆုံးဖမ်းဆီးရမိ ခြင်းဖြစ်သည်ဟု ဒေသခံများကပြောသည်။

Photo by – cincds.gov.mm-ဖမ်းဆီးရမိသည့်မူးယစ်ဆေးဝါးများချက်သည့်တဲ

ဇူလိုင် ၂၅ ရက်မှ ဇူလိုင် ၂၈ ရက်အထိ မူးယစ်ဆေး ချက်သည့် နေရာ ၆ နေရာ နှင့် မူးယစ်ဆေး ဆက်စပ်သည့် ပစ္စည်း တန်ဖိုး ၁၆ ဘီလီယံ တန်ဖိုး ကို သိမ်းဆည်းရမိခဲ့ ခြင်းဖြစ်ပြီး ထို ဖမ်းဆီးမှုသည် ဇူလိုင် ၂၁ ရက် တွင် သျှမ်းပြည်နယ် မြောက်ပိုင်း မူဆယ်မြို့နယ် နမ့်အွန် ကျေးရွာ က ဦးကျောက်တဲ့ယုန် ၏ နေအိမ် ဂိုဒေါင် မှ မူးယစ်ဆေးဝါး နှင့် တရားခံ ၂ ဦး ဖမ်းဆီးရမိခဲ့သည့် ကွင်းဆက် ဖြစ်သည် ဟုလည်း တပ်မတော် သတင်းမှန်နှင့်ပြန်ကြားရေး ၏ သတင်းတွင် ဖော်ပြထားသည်။

ကွတ်ခိုင် မြို့နယ် ရှောက်ဟော်ကျေးရွာ အရှေ့တောင် ဘက် မီတာ ၃၀၀၀ ခန့် အကွာ ချောင်းဆုံ နေရာ တဝိုက်တွင် မူးယစ်ဆေးဝါးချက်လုပ်နေကြောင်း သတင်းရသဖြင့် သွားရောက်စစ်ဆေး ရာတွင် လူနေတဲ နှင့် မူးယစ်ဆေးဝါးချက်သည့်တဲ ၉၆ လုံးအမှန်ရှိနေကြောင်းလည်း ထုတ်ပြန်ချက်တွင် ရေးသားထားသည်။

သို့သော် ၄င်းနှင့်ပတ်သက်ပြီး တရားခံ တဦးမျှ မဖမ်းမိသေးကြောင်းလည်း သျှမ်းပြည်နယ် ရဲတပ်ဖွဲ့ ရဲမှူးချုပ် ဇော်ခင်အောင် က မီဒီယာများ တွင် ဖြေဆိုထားသည်။

“မူးယစ်ဆေးဝါး စက်ရုံနဲ့ မူးယစ်ဆေး ဆက်စပ်ပစ္စည်းတွေပဲ သိမ်းဆည်းရမိတယ်။ လူကတော့ ကိုတော့ ဖမ်းဆီးရမိတာ မရှိခဲ့ဘူး” ဟု ရဲမှူးချုပ် ဇော်ခင်အောင် ကပြောသည်။

လက်ရှိ ဖမ်းဆီးရမိသည့် မူးယစ်ဆေးဝါး စက်ရုံ နေရာ ၆နေရာ၊ မူယစ်ဆေးဝါး နှင့် ဆက်စပ်သည့် ပစ္စည်း တန်ဖိုး ကျပ်ငွေ ၁၆ ဘီလီယံ တို့သည် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) အစိုးရ သက်တမ်းတွင် အများဆုံးဖမ်းဆီးရမိခြင်းဖြစ်သည် ဟုလည်း ကွတ်ခိုင် ဒေသခံ များပြောပြချက် အရ သိရသည်။

“ အရင်က နယ်စပ်တလျှောက်မှာ စက်ရုံ တွေထောင်ကြတယ်။ အခုတော့ တဖြည်းဖြည်းနဲ့ မြို့ နဲ့ နီးလာပြီ။ အခု ဖမ်းမိတဲ့ နေရာတွေက ပြည်သူ့စစ်တွေ လွှမ်းမိုး နေတဲ့နေရာတွေပါ” ဟု ကွတ်ခိုင် ဒေသခံ လူ့အခွင့်အရေး တက်ကြွလှုပ်ရှားနေသည့် မိုင်းမိုင် က ပြောပြသည်။

ကွတ်ခိုင်မြို့နယ် အတွင်းတွင် ပြည်သူ့စစ် ပေါင်းများစွာ ကျင်လည် လှုပ်ရှားနေသည့် နေရာဖြစ်သည့်အတွက် မူးယစ်ဆေးဝါး နှိမ်နင်း ရန် ခက်ခဲကြောင်းလည်း ဒေသခံများက ဆိုသည်။

“ အရင်ကဆိုရင် ဖမ်းမိရင် နည်းနည်းပဲ။ ဒီတခါတော့ တော်တော်များတယ်။ နောက်ထပ် ထပ်ရှိအုံးမယ်လို့ ကျနော်ထင်တယ်။ အဲ့နေရာတွေက တပ်မှ မဝင်ရင် ဘယ်သူမှ မဝင်ရဲဘူး” ဟု ကွတ်ခိုင်မြို့ သျှမ်းလူငယ် စိုင်းလှ က ပြောသည်။

အဆိုပါ ကွတ်ခိုင်မြို့နယ် သည် လက်ရှိ ပြည်သူ့လွှတ်တော် ဥက္ကဌ ၊ ပြည်ထောင်စု လွှတ်တော် နာယက ဦးတီခွန်မြတ်၏ မဲဆန္ဒနယ်မြေ ဖြစ်သည်။

“ ကွတ်ခိုင် လွှတ်တော် ကိုယ်စားလှယ်တွေက နယ်မြေ ကွင်းဆင်းတာ နည်းတယ်။ နယ်မြေ မအေးချမ်းတော့ ကွင်းဆင်းရင် ချုံ ခို တိုက်ခိုက်ခံရတယ်။ ကွတ်ခိုင် ကိစ္စတွေနဲ့ ပတ်သတ်ရင် ဘယ်သူ့ကို တိုင်လို့တိုင်ရမှန်းမသိတဲ့ အဆင့်ပါပဲ” ဟု မိုင်းမိုင် က ထပ်လောင်းပြောသည်။

ကွတ်ခိုင်မြို့နယ် တွင် မူးယစ်ဆေးဝါး သုံးစွဲမှု များပြီး၊ ဒုစရိုက် မှုများ၊ လူ့အခွင့် အရေး ချိုးဖောက်မှုများလည်း ရှိကြောင်း လည်း ကွတ်ခိုင်ဒေသခံများက ပြောသည်။

ကွတ်ခိုင် မြို့နယ် အတွင်း ဖမ်းဆီးရမိသည့် မူးယစ်ဆေးဝါးချက် စက်ရုံ ၆ ရုံ မှ မူးယစ်ဆေးဝါး ချက်လုပ်ရာတွင် အသုံးပြုသည့် ၅ ဂါလန်ဆံ့ အက်စစ်ပုံး ၂၂၆၂ ပုံး၊ ၁ဝ ဂါလန်ဆံ့ အက်စစ်ပုံး ၃၅၆ ပုံး၊ ၅ဝ ဂါလန်ဆံ့ အက်စစ်ပုံး ၁၉၅ ပုံး၊ အက်စစ်သံပီပါ ၄၇၈ လုံး၊ အက်စစ်ပုလင်း ၅၂၈ဝ၊ အိတ်(အညို) (Washing Soda) ၉ဝ အိတ်၊ အရိုး မီးသွေးအိတ် ၂ဝ အိတ်၊ အဖြူရောင်အမှုန့် (ဆိုဒီယမ်အိတ်ဇောဒိုက်) ၁၂၂ဝ အိတ်၊ အဖြူရောင်အမှုန့် (ဆိုဒီယမ်ဆာလဖိတ်) ၅ဝ အိတ်၊ ပန်းရောင်ဆေးပြား (WY+88) အရော ၉ဝဝဝ ပြား၊ အိုက်စ် ရ၅ဝ ကီလို(စုစုပေါင်းဒေသ တန်ဖိုးငွေကျပ် ၁၆ ဘီလီယံကျော်) တို့ကိုလည်း သိမ်းဆည်းရမိသည်။

ထို့ပြင် ဘူဒိုဇာတစ်စီး၊ တိုယိုတာဟိုင်းလတ် ယာဉ်တစ်စီး၊ ဂက်စ်အိုးရှည် ၁၁၄၄ လုံး၊ မီးဖို ဘွိုင်လာ ၆၉ လုံး၊ ဖန်ပေါင်းချောင်/ ပေါင်းအိုး ၉၅ လုံး၊ မီးစက်(အကြီး) ခြောက်လုံး၊ ရေခဲသေတ္တာ ၃ဝ လုံး၊ ဒိဖရီဇာခုနစ်လုံး၊ အဝတ်လျှော်စက် ၁၁ လုံး၊ အခြောက်ခံစတီး ပန်း ၄ဝ ချပ်၊ စတီးမွှေစက် ၈ လုံး၊ ဆေးပြား မှုန့်(အဖြူ/အနီ) ၁၈ ဖာ၊ ဆေးပြားရိုက်စက် ငါးလုံး၊ ကတ္တားခြောက်ခု၊ ဇလားမျိုးစုံ ၄၈၄ လုံး၊ ဇလုံမျိုးစုံ ၂ဝ၅ လုံး၊ အခြောက်ခံစက် ခြောက်လုံး၊ လက်ဖက်ခြောက်အိတ်ခွံ ၁၈ဝဝ အိတ်နှင့် ဆက်စပ်ပစ္စည်းများအားလည်း ထပ်မံ သိမ်းဆည်း ရမိခဲ့ကြောင်း သိရသည်။

ယခုနှစ် မူးယစ်ဆေးဝါးတိုက်ဖျက်ရေးနေ့က တောင်ကြီးမြို့တွင်ပြုလုပ်ကျင်းပသော သျှမ်း-ကယား အတွင်းဖမ်းဆီးရမိ မူးယစ်ဆေးဝါးမီးရှို့ဖျက်ဆီးပွဲတွင် အမေရိကန်ဒေါ်လာ ၁၃၄ သန်းတန်ဖိုးရှိ ဆေးဝါးများမီးရှို့ဖျက်ဆီးခဲ့ပြီး ၅ နှစ်အတွင်း သျှမ်းပြည်နယ်တွင် မီးရှို့ဖျက်ဆီးမှု တန်ဖိုးအများဆုံး ဖြစ်ကြောင်း ပြည်နယ်ရဲတပ်ဖွဲ့ဝင်များ၏ စာရင်းများအရ သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

သီပေါ-မိုင်းရယ် စစ်တပ် ဆက်တိုက်ဖမ်းဆီးနေသည့် မူးယစ်ဆေးဝါးအမှု တရားခံမပေါ်သေး

0
သျှမ်းပြည် သီပေါနှင့် မိုင်းရယ်မြို့နယ်တွင် မူးယစ်ဆေးဝါး ချက်လုပ်သည့်နေရာများနှင့် အသုံးပြုသည့် ပစ္စည်းများကို စစ်ကော်မရှင်ဘက်မှ ဆက်တိုက်ရှာဖွေ ဖမ်းဆီးနေသော်လည်း တရားခံ မပေါ်သေးကြောင်း စုံစမ်းသိရသည်။ ဇန်နဝါရီလ (၈) ရက်မှ စတင်ပြီး သီပေါမြို့နယ် နမ့်လန်မြို့တဝိုက်နှင့် မိုင်းရယ်မြို့နယ်အတွင်း စစ်ကော်မရှင်တပ်မှ အွန်လိုင်းငွေလိမ် ကျားဖြန့်လုပ်ငန်းများနှင့် မူးယစ်ဆေးဝါး ချက်လုပ်သည့်...

ထိုင်း-မြန်မာနယ်စပ်မှ သယ်ဆောင်လာသည့် စိတ်ကြွဆေးပြား ငါးသန်းကျော်ကို ချင်းမိုင်ခရိုင်တွင် ဖမ်းမိ

0
ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းမိုင်ခရိုင် မယ့်တျန် (Mae Taeng) မြို့နယ်တွင် စိတ်ကြွဆေးပြား ငါးသန်းနှစ်သိန်း (၅,၂၀၀,၀၀၀) ပြားကို လူငယ် ၃ ဦးနှင့်အတူ ဖမ်းဆီးရမိကြောင်း ထိုင်းသတင်းဌာနက ဖော်ပြသည်။ ယမန်နေ့ စက်တင်ဘာလ ၁၇ ရက် နံနက် ၂ နာရီကျော်အချိန်တွင် ချင်းမိုင်ခရိုင် မယ့်တျန်...

ကွတ်ခိုင်မြို့နယ် မန့်ဝိန်းပြည်သူတစ်ဦးကို SSPP တပ်ရင်းမှူး ပစ်သတ်ခဲ့သည့်အမှု လျော်ကြေးငွေဖြင့် ကြေအေး

0
သျှမ်းပြည် ကွတ်ခိုင်မြို့နယ် မုံးဟွမ်တိုက်နယ်ရှိ ပြည်သူတစ်ဦးကို SSPP တပ်ရင်းမှူးက သေနတ်ဖြင့် ပစ်သတ်ခဲ့သည့်အမှုကို လျော်ကြေးငွေဖြင့် ကြေအေးလိုက်ကြောင်း စုံစမ်းသိရသည်။ ဇူလိုင်လ (၁၈) ရက်တွင် ကွတ်ခိုင်မြို့နယ် မုံးဟွမ်တိုက်နယ် မန်ဝိန်းကျေးရွာတွင် ဖြစ်ပွားခဲ့သည့် ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) ၏ အမှတ်-၁၈၀ တပ်ရင်းမှူး စိုင်းစိန္န...

UWSA က မူးယစ်မှောင်ခိုဂိုဏ်းကို နှိမ်နှင်းပြီး ဖမ်းဆီးရမိသည့် မူးယစ်ဆေးဝါးများ တရုတ်ထံ လွှဲပြောင်းပေးဟုဆို

0
တရုတ်နိုင်ငံထဲ မူးယစ်ဆေးဝါး ခိုးသွင်းရန် ကြိုးပမ်းခဲ့သည့် မူးယစ်မှောင်ခိုဂိုဏ်းကို ‘ဝ’တပ်ဖွဲ့ UWSA မှ နှိမ်နှင်းပြီး ဖမ်းဆီးရမိသည့် မူးယစ်ဆေးဝါးများကို တရုတ်ရဲတပ်ဖွဲ့ထံ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သတင်းသိရသည်။ ‘ဝ’တပ်ဖွဲ့ UWSA ထိန်းချုပ်ဒေသအတွင်း ဖမ်းဆီးရမိသည့် မူးယစ်ဆေးဝါးများတွင် စိတ်ကြွဆေး၊ ဘိန်း၊ ဘိန်းဖြူ စသဖြင့် (၇၅၀) ကီလိုဂရမ်ကျော်၊...

မူးယစ်ဆေးဝါးကိစ္စ UWSA ကို စစ်ကောင်စီ မဖြေရှင်းနိုင်ပါက ထိုင်းကိုယ်တိုင်ဖြေရှင်းရန် တောင်းဆိုမည်ဟု သက်ဆင်ပြော

0
သျှမ်းပြည်တွင် အခြေစိုက်ပြီး ထိုင်းနိုင်ငံသို့ နယ်စပ်ဖြတ်ကျော် ဝင်ရောက်နေသည့် ‘ဝ’တပ်ဖွဲ့ UWSA နှင့် ဆက်နွှယ်နေသော မူးယစ်ဂိုဏ်းများကို နှိမ်နှင်းရန် ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင် ရှင်နာဝပ်မှ တိုက်တွန်းတောင်းဆိုလိုက်သည်။ ယနေ့ (မေလ ၂၇ ရက်) တွင် ထိုင်းနိုင်ငံ မူးယစ်ဆေးဝါးထိန်းချုပ်ရေးအဖွဲ့ချုပ် (ONCB) တွင် ပြုလုပ်သည့်...