သီပေါတံတားကို ၈ လနီးပါး ပိတ်ထား လူနာပို့ဆောင်ရေး အခက်ကြုံ

သျှမ်းပြည် မြောက်ပိုင်း သီပေါ-လားရှိုး ဆက်သွယ်ထားသည့် သီပေါတံတားကို စစ်ကော်မရှင်တပ်က ၈ လနီးပါး ပိတ်ထားဆဲဖြစ်သဖြင့် ဒေသခံများ၏ သွားလာရေးနှင့် အရေးပေါ်လူနာများ ပို့ဆောင်ရေးတို့တွင် အခက်အခဲများ ကြုံတွေ့နေရကြောင်း စုံစမ်းသိရသည်။

သီပေါမြို့နှင့် လားရှိုးမြို့ကို ဆက်သွယ်ထားသည့် သီပေါတံတားကို စစ်ကော်မရှင်တပ်နှင့် ကိုကန့်တပ်ဖွဲ့ MNDAA တို့  ပြီးခဲ့သည့် ၂၀၂၅ ခုနှစ် နိုဝင်ဘာလ ၁၄ ရက်စပြီး ရက်အကန့်အသတ်မရှိ အပြန်အလှန် ပိတ်ထားခဲ့သည်။ 

လက်ရှိ အချိန်ထိစစ်ကော်မရှင်က သီပေါတံတားကို ဆက်လက်ပိတ်ထားပြီး မော်တော်ယာဉ်များ ဖြတ်သန်းခွင့်မပြုသေးကြောင်း သီပေါမြို့ဒေသခံ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“သီပေါတံတားက ပိတ်ထားတုန်းပါ။ ကားကတော့ သွားလာလို့မရဘူး။ လူတွေတော့ အရင်လို လမ်းလျှောက်သွားနေကြရတယ်။ လူနာပို့ရင်တော့ လမ်းလျှောက်ဖြတ်ရတုန်းပဲ။ စက်လှေနဲ့လည်း  ကူးတာတော့ရှိတယ်။”ဟု သီပေါမြို့ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။

ထိုသီပေါတံတားပိတ်ထားခြင်းကြောင့် ဖောင်ဆိပ်မှ တဆင့် သွားလာနေသူများလည်းရှိကြောင်း၊ လူတစ်ဦလျှင် ကျပ်ငွေ ၁ သောင်း ဆိုင်ကယ်တစ်စီးလျှင် ကျပ်ငွေ ၂သောင်းအထက် ပေးရကြောင်း ၎င်းကဆိုသည်။

အဆိုပါ သီပေါတံတားကို အမြန်ဆုံးပြန်လည်ဖွင့်ပေးရန် ခရီးသွားပြည်သူများ၊ကားသမားများ နှင့် ဒေသခံများက မျှော်လင့်နေကြကြောင်းကို သီပေါမြို့ ဒေသခံအမျိုးသားတစ်ဦးက ဆက်ပြောသည်။ 

“အခုက ပိတ်ထားတာ ၈ လနီးပါးရှိနေပြီ။ ပြန်တော့ ဖွင့်စေချင်တာပေါ့။ တံတားတွေဖွင့်လာရင် အလုပ်လုပ်လို့လည်းအဆင်ပြေမယ်။ အားလုံးကလည်း ဖွင့်ဖို့ပဲ မျှော်လင့်နေကြတာ။အခုလို ပိတ်ထားတော့ ပြည်သူတွေက ဘာမှပြောလို့မရဘူး။ အခုတံတားမှာတော့ စစ်ကောင်စီပဲရှိတာ။” ဟု ၎င်းက ဆက်ပြောသည်။

စစ်ကော်မရှင်တပ် နှင့်  MNDAA တို့သည် သီပေါတံတားကို အပြန်အလှန် ပိတ်ဆို့ထားခဲ့ရာ ပြီးခဲ့သည့် ၂၀၂၆ ခုနှစ်ဇန်နဝါရီလ ၂ ရက်တွင် MNDAA ဘက်က ဂိတ်နေရာမှ ဆုတ်ခွာပေးခဲ့သော်လည်း စစ်ကော်မရှင်တပ်ဘက်က ဆက်လက်ပိတ်ထားဆဲဖြစ်သည်။

ဒေသခံများကမူ သွားလာရေး၊ ကုန်စည်စီးဆင်းရေးနှင့် အရေးပေါ်လူနာပို့ဆောင်ရေးတို့  ပုံမှန်ပြန်လည်လည်ပတ်နိုင်ရန်သီပေါတံတားကို အမြန်ဆုံး ပြန်လည်ဖွင့်လှစ်ပေးစေလိုကြောင်း ဒေသခံများက တောင်းဆိုထားသည်။

စစ်ကော်မရှင်တပ်က သီပေါမြို့ကို TNLA တပ်ဖွဲ့ထံမှ ပြန်လည်တိုက်ခိုက် သိမ်းပိုက်ခဲ့ပြီးနောက် ပြည်ထောင်စုလမ်းမကြီးပေါ်ရှိ သီပေါ – လားရှိုးလမ်းပိုင်း နှင့် လားရှိုး-မိုင်းရယ် လမ်းပိုင်းများမှ MNDAA တပ်ဆုတ်ခွာရန် ၂၀၂၅ခုနစ် နိုဝင်ဘာလ၁၁ ရက်တွင် လားရှိုးမြို့၌ တွေ့ဆုံစဉ် တောင်းဆိုခဲ့သည်။

သို့သော် ဆွေးနွေးမှု အဆင်မပြေဘဲ နှစ်ဘက် စစ်ရေးတင်းမာကာ အပြန်အလှန် လမ်းပိတ်ထားခဲ့ခြင်း ဖြစ်သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

သီပေါတံတားမှ MNDAA ဆုတ်ခွာသွားသော်လည်း စစ်ကော်မရှင်ဘက်မှ ယာဉ်ဖြတ်သန်းခွင့်မပြုသေး

0
သျှမ်းပြည်မြောက်ပိုင်း သီပေါ-လားရှိုး ဆက်သွယ်ထားသည့် သီပေါတံတားကြီးမှ ကိုးကန့်တပ်ဖွဲ့ MNDAA ဆုတ်ခွာသွားခဲ့သော်လည်း စစ်ကော်မရှင်ဘက်မှ ယာဉ်ဖြတ်သန်းခွင့် မပြုသေးဘဲ ဆက်လက်ပိတ်ထားကြောင်း စုံစမ်းသိရသည်။ ဇန်နဝါရီလဆန်းပိုင်းမှ စတင်ပြီး သီပေါမြို့နှင့် လားရှိုးမြို့ကြား ပြည်ထောင်စုလမ်းမကြီး တစ်လျှောက်တွင် ကိုးကန့်တပ်ဖွဲ့ MNDAA ဖွင့်လှစ်ထားသည့် စစ်ဆေးရေးဂိတ်များ ဆုတ်ခွာပိတ်သိမ်းခဲ့ပြီးနောက် သီပေါတံတားတွင် တပ်စွဲထားခဲ့သည့်...
Hsipaw Bridge Closed

သီပေါတံတား တစ်လကျော်ပိတ်ထားသော်လည်း စစ်တပ်လာဘ်ယူပြီး ကုန်ကားအချို့ ညအချိန် ဖြတ်သန်းခွင့်ပြု

0
သျှမ်းပြည်မြောက်ပိုင်း သီပေါ-လားရှိုး ဆက်သွယ်ထားသည့် သီပေါတံတားကြီးကို စစ်ကော်မရှင်တပ်နှင့် MNDAA တို့ တစ်လကျော်ကြာ ပိတ်ဆို့ထားသော်လည်း ကုန်ကားအချို့ထံ လာဘ်ငွေတောင်းယူပြီး ညအချိန် ဖြတ်သန်းခွင့်ပြုနေကြောင်း စုံစမ်းသိရသည်။ စစ်ကော်မရှင် ပြန်လည်ထိန်းချုပ်ထားသည့် သီပေါမြို့နှင့် လားရှိုးမြို့ကို ဆက်သွယ်ထားသည့် သီပေါတံတားကြီးကို စစ်ကော်မရှင်တပ်နှင့် ကိုးကန့်တပ် MNDAA တို့ စစ်ရေးတင်းမာမှုကြောင့်...

သီပေါတံတား သုံးပတ်ကြာပိတ်ထားခြင်းကြောင့် အရေးပေါ်လူနာများ အခက်ကြုံနေ

0
သျှမ်းပြည်မြောက်ပိုင်း သီပေါ-လားရှိုး ဆက်သွယ်ထားသည့် သီပေါတံတားကြီးကို စစ်ကော်မရှင်တပ်နှင့် MNDAA သုံးပတ်ကြာ အပြန်အလှန် ပိတ်ဆို့ထားမှုကြောင့် အရေးပေါ်လူနာများအတွက် အခက်အခဲဖြစ်နေကြောင်း သတင်းရရှိသည်။ စစ်ကော်မရှင် ပြန်လည်ထိန်းချုပ်ထားသည့် သီပေါမြို့နှင့် လားရှိုးမြို့ကို ဆက်သွယ်ထားသည့် သီပေါတံတားကြီးကို စစ်ကော်မရှင်တပ်နှင့် ကိုးကန့်တပ်(MNDAA)တို့ စစ်ရေးတင်းမာမှုကြောင့် နိုဝင်ဘာလ ၁၄ ရက်မှ စတင်ပိတ်ထားခဲ့ရာ...
Lashio_Hsipaw_Road_Cut_Out

သျှမ်းမြောက်လမ်းပိုင်းအား စစ်ကော်မရှင်နှင့် MNDAA အပြန်အလှန်ပိတ်ဆို့၍ လူထုအခက်ကြုံ

0
သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့နှင့် သီပေါမြို့ကြားရှိ ကိုးကန့်တပ်ဖွဲ့ MNDAA ဆုတ်ခွာပေးရန် စစ်ကောင်စီတပ်က ဖိအားပေးမှုကြောင့် နှစ်ဘက်စစ်ရေး ပြန်လည်တင်းမာလာပြီး အပြန်အလှန် လမ်းပိတ်ဆို့မှု များကြောင့် ပြည်သူများ သွားလာရေးခက်ခဲနေကြောင်း စုံစမ်းသိရသည်။