သီပေါတံတားမှ MNDAA ဆုတ်ခွာသွားသော်လည်း စစ်ကော်မရှင်ဘက်မှ ယာဉ်ဖြတ်သန်းခွင့်မပြုသေး

သျှမ်းပြည်မြောက်ပိုင်း သီပေါ-လားရှိုး ဆက်သွယ်ထားသည့် သီပေါတံတားကြီးမှ ကိုးကန့်တပ်ဖွဲ့ MNDAA ဆုတ်ခွာသွားခဲ့သော်လည်း စစ်ကော်မရှင်ဘက်မှ ယာဉ်ဖြတ်သန်းခွင့် မပြုသေးဘဲ ဆက်လက်ပိတ်ထားကြောင်း စုံစမ်းသိရသည်။

ဇန်နဝါရီလဆန်းပိုင်းမှ စတင်ပြီး သီပေါမြို့နှင့် လားရှိုးမြို့ကြား ပြည်ထောင်စုလမ်းမကြီး တစ်လျှောက်တွင် ကိုးကန့်တပ်ဖွဲ့ MNDAA ဖွင့်လှစ်ထားသည့် စစ်ဆေးရေးဂိတ်များ ဆုတ်ခွာပိတ်သိမ်းခဲ့ပြီးနောက် သီပေါတံတားတွင် တပ်စွဲထားခဲ့သည့် ကိုးကန့်တပ်များလည်း အလားတူ ဆုတ်ခွာသွားခဲ့သည်။

လက်ရှိတွင် သီပေါတံတား၌ စစ်ကော်မရှင်တပ် တစ်ဖွဲ့တည်းသာ တပ်စွဲထားပြီး ဒေသခံများကို တံတားပေါ် လမ်းလျှောက်ဖြတ်ကူးရန် အချိန်ပိုင်း ခွင့်ပြုနေသော်လည်း ယာဉ်ဖြတ်သန်းခွင့် မပေးခြင်းကြောင့် အခက်အခဲ ကြုံနေရကြောင်း သီပေါဒေသခံများက ပြောသည်။

“သီပေါတံတားမှာတော့ ကိုးကန့်တပ် မရှိတော့ဘူး၊ အခုက စစ်တပ်က နှစ်ဘက်လုံး စောင့်နေတာ။ ကိုးကန့်ဘက်က တပ်ဆုတ်တာတော့ မဟုတ်ဘူး ရွာတွေမှာ ရှိသေးတယ်၊ လမ်းမကြီးပေါ်မှာ ဂိတ်ထောင်ပြီး ပိုက်ဆံကောက်တာတော့ မရှိတော့ဘူး။ သီပေါတံတားပေါ် အချိန်ပိုင်း လူဖြတ်လို့ ရပေမယ့် ကားတွေ ဆိုင်ကယ်တွေတော့ ပေးမသွားသေးဘူး” ဟု သီပေါဒေသခံ အမျိုးသမီးတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ရွေးကောက်ပွဲ ပထမပိုင်း ကျင်းပပြီးနောက် ဒီဇင်ဘာလ (၂၉) ရက်တွင် စစ်ကော်မရှင်နှင့် MNDAA ကိုယ်စားလှယ်များ လားရှိုးမြို့၌ ထပ်မံတွေ့ဆုံ ဆွေးနွေးခဲ့စဉ် ကိုးကန့်တပ်ဘက်မှ သီပေါ-လားရှိုးကြား ပြည်ထောင်စုလမ်းမကြီးတစ်လျှောက် ဖွင့်လှစ်ထားသည့် စစ်ဆေးရေးဂိတ်များကို ပိတ်သိမ်းရန် သဘောတူခဲ့ကြောင်း စစ်ရေးသတင်းရင်းမြစ်တစ်ဦးက ပြောသည်။

ထို့နောက် ဇန်နဝါရီလ ၂ ရက်နေ့မှ စတင်ပြီး သီပေါမြို့နှင့် နမ့်လန်မြို့ကြား တပ်စွဲထားသည့် MNDAA တပ်များသည် ကိုးမိုင်လမ်းခွဲမှတဆင့် ဆောင်ကြဲ၊ ဆင်ကျော့ကျေးရွာအုပ်စုနှင့် မိုင်းရယ်မြို့နယ် ဟိုယကျေးရွာအုပ်စုဘက်သို့ တပ်ဆုတ်သွားခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

“ကိုးကန့်တပ်က ၉ မိုင်လမ်းခွဲကနေ ဆုတ်ထားတယ်၊ သီပေါ-နမ့်လန် အဲ့ဒီလမ်းမကြီး တစ်လျှောက်ကနေ ပန်ညု ကုံးမုံ အဲ့ဘက်ထိ ဆုတ်သွားပြီ။ သီပေါဘက်မှာတော့ လမ်းမကြီးအရှေ့ဘက် ပန်ညုကနေ ဆောင်ကြဲ၊ ဟိုယဘက်ထိပဲ ကိုးကန့်တပ်ရှိတော့မယ်။ နားမခေါ်ဘက်က ကိုးကန့်တွေတော့ အကုန်ဆုတ်ပြီ ပြောတယ်၊ ဆင်ကျော့ဘက်ကို ဆုတ်သွားတာ” ဟု နမ့်လန်ဒေသခံ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

သီပေါမြို့ကို TNLA တပ်ဖွဲ့ထံမှ စစ်ကောင်စီတပ် ပြန်လည်တိုက်ခိုက် သိမ်းယူခဲ့ပြီးနောက် ပြည်ထောင်စုလမ်းမကြီးပေါ်ရှိ သီပေါ-လားရှိုးလမ်းပိုင်းနှင့် လားရှိုး-မိုင်းရယ် လမ်းပိုင်းများမှ MNDAA တပ်ဆုတ်ခွာရန် ယမန်နှစ် နိုဝင်ဘာလဆန်းတွင် တောင်းဆိုခဲ့ရာ ဆွေးနွေးမှု အဆင်မပြေဘဲ နှစ်ဘက်စစ်ရေး တင်းမာကာ နှစ်လနီးပါး အပြန်အလှန် လမ်းပိတ်ထားခဲ့သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

သီပေါတံတားကို လုံခြုံရေးအရ ပိတ်ထားဟု စစ်တပ်ခန့်ဒုဝန်ကြီး ရွေးတုလွှတ်တော်တွင် ဖြေကြား

0
သျှမ်းပြည်မြောက်ပိုင်း လားရှိုး-မန္တလေး ကုန်သွယ်ရေးလမ်းမကြီးပေါ်ရှိ သီပေါတံတားကို လုံခြုံရေးအရ ပိတ်ထားခြင်းဖြစ်ကြောင်း စစ်တပ်ခန့် ပြည်ထဲရေးဒုဝန်ကြီးက ရွေးတုလွှတ်တော်တွင် ဖြေကြားခဲ့သည်။ အတုအယောင် ရွေးကောက်ပွဲမှတဆင့် ပေါ်ပေါက်လာသည့် ပြည်သူ့လွှတ်တော်တွင် ယနေ့ (ဇူလိုင်လ ၂၈ ရက်) ကျင်းပသည့် အစည်းအဝေး၌ သီပေါမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးကောင်းသက်စံ တင်ပြထားသည့် သီပေါတံတားကိစ္စ...

UWSA နှင့် MNDAA လည်း နေပြည်တော်တွင် ငြိမ်းချမ်းရေး သွားဆွေးနွေးမည်ဟုဆို

0
မြောက်ပိုင်းမဟာမိတ်တပ်များထဲမှ ‘ဝ’တပ်ဖွဲ့ UWSA နှင့် ကိုးကန့်တပ်ဖွဲ့ MNDAA တို့လည်း နေပြည်တော်တွင် စစ်အစိုးရနှင့် ငြိမ်းချမ်းရေး သွားရောက်ဆွေးနွေးမည်ဟု သတင်းသိရသည်။ ‘ဝ’ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် UWSA နှင့် ကိုးကန့်တပ်ဖွဲ့ MNDAA ထိပ်ပိုင်းခေါင်းဆောင်များသည် စစ်အစိုးရလက်အောက်ခံ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ NSPNC နှင့် တွေ့ဆုံဆွေးနွေးရန်...

လားရှိုး-မန္တလေး ကုန်သွယ်ရေး အရေးပါးသည့် သီပေါတံတား ခရီးသည်ဖြတ်သန်းခွင့်ပြု

0
သျှမ်းပြည်မြောက်ပိုင်း လားရှိုး-မန္တလေး ကုန်သွယ်ရေးလမ်းမကြီးပေါ်ရှိ အရေးပါသည့် သီပေါတံတားကို ခရီးသည်များကို ဖြတ်သန်းခွင့်ပြုလိုက်ပြီဖြစ်ကြောင်း သတင်းရရှိသည်။ လားရှိုး-မန္တလေး ကုန်သွယ်ရေးအတွက် အရေးပါသည့် သီပေါတံတားကို (၈)လကြာ ပိတ်ဆိုင်းထားရမှာ ယမန်နေ့ (ဇူလိုင် ၂၁)ရက် မှ စပြီး ခရီးသည်များကို ပြန်လည် ဖြတ်သန်းခွင့်ပြုလုပ်ကြောင်း သီပေါမြို့တွင်နေထိုင်သည့် အမျိုးသားတစ်ဉီးက သျှမ်းသံတော်ဆင့်ကိုပြောသည်။ “...
Hsipaw Bridge Closed

သီပေါတံတား ပိတ်ထားမှုနောက်ကွယ်မှ အဂတိလိုက်စားမှုများကို ဖွင့်ချမည်ဟု လွှတ်တော်ကိုယ်စားလှယ် သတိပေး

0
သျှမ်းပြည်မြောက်ပိုင်း လားရှိုး-မန္တလေး ကုန်သွယ်ရေးလမ်းမကြီးပေါ်ရှိ အရေးပါသော သီပေါတံတားအား ဆက်လက်ပိတ်ထားခြင်းကြောင့် ဒေသခံပြည်သူများ စီးပွားရေးနှင့် လုံခြုံရေးဆိုင်ရာ အကျပ်အတည်းများ ရင်ဆိုင်နေရကြောင်း သီပေါမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် စိုင်းကောင်းသက်စံက ပြောကြားလိုက်သည်။ အဆိုပါ ဖြစ်စဉ်နောက်ကွယ်မှ မမျှတသော အကျိုးအမြတ်ရယူမှုများကို လွှတ်တော်တွင် အထောက်အထားဖြင့် ဖွင့်ချသွားမည်ဟု ၎င်းက ဆိုသည်။ “တံတားရှိလျက်နဲ့ ပြည်သူတွေ...

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...