Tuesday, January 27, 2026

အလုပ်သမား လုပ်အားခ သတင်းရေးသားသည့် လားရှိုး သတင်းထောက် ပို့ကုန်၊သွင်းကုန် ဥပဒေဖြင့် တရားစွဲခံရ

သျှမ်းပြည်နယ် မြောက်ပိုင်း လားရှိုးမြို့ ရှိ Gold Luck Water Park ရေကစားကွင်း အလုပ်သမား လုပ်အားခ မရသေးသည့် ကိစ္စ နှင့်ပတ်သက်ပြီး သတင်းရေးသားသည့် သတင်းထောက် ခွန်ဇော်ဦး ပို့ကုန်၊သွင်းကုန် ဥပဒေ နှင့် အမှုဖွင့် ခံရကြောင်း သတင်းရရှိသည်။

Photo Credit to Ko Kyi Htwe – ပို့ကုန်၊သွင်းကုန် ဥပဒေ နှင့် အမှုဖွင့်ခံရသည့် အလွှတ်တန်းသတင်းထောက် ခွန်ဇော်ဦး

လွန်ခဲ့သည့် ဇူလိုင် ၂၂ ရက်နေ့တွင် Gold Luck Water Park ရေကစား ကွင်းမှ အလုပ်သမားများ လုပ်အားခ မရရှိသေးသည့် ကိစ္စနှင့် ပတ်သက်ပြီး ပိုင်ရှင် ဦးရဲနိုင်ဆီ အင်တာဗျူး သွားရာ မှ အမှုဖွင့်ခံခဲ့ရခြင်းဖြစ်ကြောင်း သတင်းလိုက်ပါ ယူသည့် အလွတ်တန်းသတင်းထောက် မြတ်မိုးသူ က သျှမ်းသံတော်ဆင့် သို့ ပြောသည်။

Gold Luck Water Park အလုပ်သမား များ လုပ်အားခ မရရှိကာ အလုပ်သမားရုံးကို တိုင်ကြားနေသည် ဟု ဇူလိုင် ၂၂ ရက်နေ့တွင် သတင်းထောက် ခွန်ဇော်ဦး က သူ၏ လူမှုကွန်ရက်စာမျက်နှာပေါ်တွင်ရေးသားခဲ့သည်။

ထိုရေးသားမှုကြောင့် Gold Luck Water Park ပိုင်ရှင် ဦးရဲနိုင် က မကျေမနပ်ဖြစ်ကာ အင်တာဗျူးပေးစဉ်တွင် အခြေအတင်း စကားများရာမှ၊ သက်ဆိုင်ရာ အာဏာပိုင်ဆီ ဖုန်းဆက်ကြောင်း သတင်းထောက် မမြတ်မိုးသူ က ပြောသည်။

“ကျမ တို့ ဝင်ဝင်ချင်းပဲ။သူ(ဦးရဲနိုင်) က သူနာမည်နဲ့ ဖေ့ဘွတ်စ်ပေါ်တင်တာလဲ လို့ စပြောပါတယ်။ နောက် သူ့တပည့်တွေကို ခြံတံခါးတွေ ပိတ်ခိုင်းတယ်။ မင်း(ခွန်ဇော်ဦး)ကို တရားစွဲရုံမကဘူး ထောင်ပါချမယ်လို့ လည်းခြိမ်းခြောက်ပါတယ်” ဟု မမြတ်နိုးသူ က ဆိုသည်။

နေ့စားအလုပ်သမားများ လစာ မရရှိမှု နှင့် ပတ်သတ်ပြီး သွားရောက် အင်တာဗျူးသည်ကိုလည်း ရုပ်သံ၊ဗွီဒီယို မရိုက်ခိုင်းခဲ့ကြောင်း၊ အင်တာဗျူး မပြီးခင် အချိန်တွင် ယာဉ်ထိန်းရဲ မှ ခြံထဲသို့ ဝင်ရောက်ကာ ဦးရဲနိုင်မှ ကားများ လိုင်စင်ရှိ၊ မရှိ အားလုံးစစ်ပါဆိုပြီး ပြောဆိုခဲ့ကြောင်း သိရသည်။

“ ကျမ က အင်တာဗျူးလာတာ လို့ပြောတော့ သူ (ဦးရဲနိုင်) က ဓာတ်ပုံမရိုက်၊ ဗွီဒီယိုမရိုက်ခိုင်းဘူး။ ရီကော်တာနဲ့ ပဲလုပ်ခဲ့တယ်။ အင်တာဗျူးမပြီးခင်မှာပဲ ယာဉ်ထိန်းရဲက လာတယ်။ ကျမတို့ စီးလာတဲ့ ကားက လိုင်စင်မဲ့ဆိုတာ သိနေတော့ စစ်စရာမလို့ပါဘူးလို့ ကျမ ယာဉ်ထိန်းရဲကို ပြောလိုက်တယ်။နောက် သော့ ပေးလိုက်ပါတယ်” ဟု မမြတ်မိုးသူက ပြောသည်။

ထို့ပြင် သျှမ်းပြည်နယ် မြောက်ပိုင်း လားရှိုး အခြေစိုက် ဒီဗွီဘီ သတင်းထောက် ခွန်ဇော်ဦး ကို ယာဉ်ထိန်းရဲ မှခေါ်ဆောင်သွားကာ ဇွန် ၂၈ ရက်နေ့ တွင် လားရှိုး အမှတ်(၁) ရဲစခန်းမှ ပ (၂၈၀/၂၀၁၉ ) ပို့ကုန်၊ သွင်းကုန် ဥပဒေ ဖြင့် အရေးယူ အမှုဖွင့်ထားကြောင်း ရဲစခန်းမှ သိရသည်။

“ ဒီကိစ္စ က နယ်သတင်းထောက်တွေကို တဖက်လှည့် ခြိမ်းခြောက်လိုက်တာပါပဲ။ သတင်းနဲ့ မဆိုင်တာ ဆွဲ ထည့်လိုက်တာပါပဲ။ သတင်းထောက် အနေနဲ့ အရမ်းထိခိုက်တယ်” ဟု မမြတ်နိုးသူကဆိုသည်။

သတင်းထောက်အား လိုင်စင်မဲ့ကားအမှုဖြင့်ဖမ်းဆီးအရေးယူခြင်းအပေါ် မြို့နယ်အသီးသီးရှိ သတင်း ထောက်များအဖွဲ့များက ကန့်ကွက်ရှုပ်ချကြောင်းကြေငြာချက်များထုတ်ပြန်ခဲ့ပြီး သတင်းသမားများခြိမ်းခြောက်ခံနေရမှုအပေါ် သတင်းမီဒီယာအဖွဲ့အစည်းအသီးသီးမှ မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီသို့လည်း တင်ပြသွားမည်ဖြစ်ကြောင်းသိရသည်။
သျှမ်းပြည်နယ်အတွင်းရှိ လိုင်စင်မဲ့ကားများမှာ ရောင်းဝယ်ရာတွင်စျေးသက်သာပြီး ဒေသတွင်းသွားလာရလွယ်ကူသဖြင့် သျှမ်းပြည်တွင်းကားများ ၈၀ ရာခိုင်နှုန်း မှာ လိုင်စင်မဲ့ ကားများဖြစ်ကြောင်းသိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ငှက်ပျောခြံ အလုပ်သမားများကို KIA ပြန်လွှတ်ပေး

0
ကချင်ပြည်၊ ဝိုင်းမော်မြို့ ဒေသခံ ငှက်ပျောခြံ အလုပ်သမားများကို ကချင်လွတ်လပ်ရေးတပ်မတော် KIA က ပြန်လွှတ်ပေးကြောင်း သတင်းရင်းမြစ်များက ယနေ့ (မေလ ၂၇ ရက်) တွင်ပြောသည်။ ကချင်လွတ်လပ်ရေး တပ်မတော်-KIA က ဝိုင်းမော်မြို့နယ်၊ ဘီဒရာရွာ၌ ထိန်းသိမ်းထားသည့် အဆိုပါ အလုပ်သမားနှင့် စစ်တပ်မိသားစုဝင်များကို...

မိုင်းတုံက အလွတ်တန်း သတင်းထောက်ဟောင်း တစ်ဦး ဖမ်းဆီးခံရ

0
သျှမ်းပြည် အရှေ့ပိုင်း မိုင်းတုံမြို့တွင် နေထိုင်သည့် အလွတ်တန်း သတင်းထောက်ဟောင်းတစ်ဦးကို စစ်ကောင်စီတို့က အကြမ်းဖက် ပုဒ်မဖြင့် ဖမ်းဆီးထားကြောင်း သတင်းသိရသည်။ ကိုအောင်ဝင်းဌေးအမည်ရှိ အလွတ်တန်း သတင်းထောက်ဟောင်းတစ်ယောက်ဖြစ်သူကို လူမှုကွန်ယက် စာမျက်နှာ Facebook တွင် အကြမ်းဖက်စစ်ကောင်စီနှင့် စစ်အာဏာသိမ်းမှုနှင့် ဆက်စပ်ပတ်သက်သည့် စာသားများ ရေးသားတင်မှုကြောင့် စစ်ကောင်စီတို့က ဖမ်းဆီးခြင်းဖြစ်ကြောင်း...

နမ့်စန်မြို့ သတင်းထောက်ဟောင်း တစ်ဦးကို စစ်ကောင်စီ လာရောက်ဖမ်းဆီးသွား

0
သျှမ်းပြည်တောင်ပိုင်း နမ့်စန်မြို့တွင် နေထိုင်သည့် သတင်းထောက်ဟောင်းတစ်ဦးကို စစ်ကောင်စီမှ လာရောက် ဖမ်းဆီးသွားကြောင်း သတင်းသိရသည်။ ပြီးခဲ့သည့် မတ်လ ၇ ရက်နေ့ ည ၉ နာရီကျော်ဝန်းကျင်အချိန်တွင် နမ့်စန်မြို့မှာ နေထိုင်သည့် အလွတ်တန်း သတင်းထောက်ဟောင်း ကိုသန်းစိုးအောင်ကို စစ်ကောင်စီတပ်သားများက လာရောက်ဖမ်းဆီးသွားကြောင်း သတင်းသိရသည်။ “အရင်ကတော့ DVB နဲ့...

လွှတ်မြောက်နယ်မြေရောက် သတင်းထောက် (၂)ဦး နှင့် CDM ကျောင်းသူ ကို KGZ က ဖမ်းဆီး ရိုက်နှက်

0
ကရင်နီပြည် ဒီးမော့ဆိုမြို့နယ် လွှတ်မြောက်နယ်မြေ တစ်နေရာတွင် ရောက်ရှိနေသော သတင်းထောက် (၂)ဦး နှင့် CDM ကျောင်းသူတစ်ဦးတို့ကို KGZ (Karenni Generation - Z ) တပ်ဖွဲ့ဝင်များက ဖမ်းဆီးရိုက်နှက်ခဲ့ကြောင်း သတင်းသိရသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၂၀ ရက်နေ့ ည ၉...

တာချီလိတ် အခြေစိုက်သတင်းထောက် ၂ဦး ကိုဖမ်းရန် ထိုင်းကို အကူအညီတောင်း

0
မြန်မာ-ထိုင်း တာချီလိတ်မြို့ အခြေစိုက် သတင်းဌာန ၂ခုမှ သတင်းထောက်များကို ဖမ်းဆီးရန် စစ်ကောင်စီ မှ ထိုင်းနိုင်ငံဘက်ကို တောင်းဆိုထားကြောင်း စုံစမ်းသိရသည်။ တာချီလိတ်အခြေစိုက် တာချီလိတ်အေဂျင်စီ သတင်းဌာန တည်ထောင်သူ ကိုဇောင်း နှင့် မှုခင်းရှု့ထောင့် မှ ကိုရွှေဝင်း တို့ကို စစ်ကောင်စီ က တရားခံပြေး၊...