ငှက်ပျောခြံ အလုပ်သမားများကို KIA ပြန်လွှတ်ပေး

ကချင်ပြည်၊ ဝိုင်းမော်မြို့ ဒေသခံ ငှက်ပျောခြံ အလုပ်သမားများကို ကချင်လွတ်လပ်ရေးတပ်မတော် KIA က ပြန်လွှတ်ပေးကြောင်း သတင်းရင်းမြစ်များက ယနေ့ (မေလ ၂၇ ရက်) တွင်ပြောသည်။

ကချင်လွတ်လပ်ရေး တပ်မတော်-KIA က ဝိုင်းမော်မြို့နယ်၊ ဘီဒရာရွာ၌ ထိန်းသိမ်းထားသည့် အဆိုပါ အလုပ်သမားနှင့် စစ်တပ်မိသားစုဝင်များကို ယမန်နေ့ (မေလ ၂၆ရက်) ည ၈ နာရီဝန်းကျင်က စစ်တပ်ဘက်ကို အကြောင်းကြားပြီး ပြန်လွှတ်ပေးခဲ့ခြင်း ဖြစ်သည်။

“သူတို့က လွတ်မြောက်လာတာက မနေ့က ၂၃ ယောက်ပေါ့။ ဒီနေ့ မနက် ကယ်လာတာကတော့ ၂၇ ယောက်ပေါ့။ ပစ်ခတ်မှုကြောင့် ထိတာတွေလည်းရှိတယ်။သူတို့တွေက တိုက်ပွဲဖြစ်တုန်းက KIA ဘက်က ထိန်းသိမ်း ပေးထားတဲ့ဟာကို မနေ့က ပြန်လွှတ်လာပေးတာပေါ့။ လမ်းတွေမှာလည်း ပစ်သံတွေ ကြားနေရတာပဲ” လွတ်မြောက်လာသူများကို အကူအညီပေးနေသည့် ဝါရှောင် ဆရာတော် အရှင်ဝိဇယက သျှမ်းသံတော်ဆင့်ကို မိန့်သည်၊

KIA ပြန်လွှတ်ပေးသူ စုစုပေါင်း ၁၀၀ ခန့်ရှိပြီး တင်ဆောင်လာသည့် ကားများကို လမ်းတွင် စစ်တပ်က ပစ်ခတ်ရာ ကျည်ဆန်ထိမှန် ဒဏ်ရာရသူများ ရှိသဖြင့် ဝိုင်းမော် ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း ကျန်လူများ နောင်ချိန် ဘက်သို့ ဆက်သွားခဲ့ကြောင်း ဒေသခံ သတင်းရင်းမြစ်က ဆိုသည်။

ယခုဖြစ်စဥ် အသေးစိတ်ကို သျှမ်းသံတော်ဆင့် အနေဖြင့် ဆက်လက် စုံစမ်းနေဆဲ ဖြစ်သည်။

လက်ရှိ KIA နှင့် စစ်ကောင်စီတပ် တိုက်ပွဲ ပြင်းထန်နေပြီး ဝိုင်မော်မြို့၊ နောင်ချိန်ရွာနှင့် အနီးအနား ကျေးရွာများမှ ဒေသခံ ပြည်သူများ မြစ်ကြီးနားမြို့ပေါ်သို့ အလုံးအရင်းဖြင့် ထွက်ပြေး တိမ်းရှောင်နေပြီး ဘုန်းကြီးကျောင်း ဘုရားကျောင်းနှင့် ယာယီ စစ်ဘေးရှောင် စခန်းများတွင် ခိုလှုံနေရကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...

မူဆယ်-နမ့်ခမ်းလမ်း KIA စစ်ဆေးရေးဂိတ်တွင် ကားဘီးခွန် ကောက်ခံနေ

0
သျှမ်းပြည်မြောက်ပိုင်း မူဆယ်-နမ့်ခမ်း လမ်းမကြီးပေါ်ရှိ ကချင်လွတ်မြောက်ရေး တပ်မတော် ( KIA ) စစ်ဆေးရေးဂိတ်တွင် နေ့စဉ်ဖြတ်သန်းသွားလာနေသည့် ကားဘီးခွန် ကောက်ခံ နေကြောင်း သတင်း ရရှိသည်။ ပြီးခဲ့သည့် ဇူလိုင် ၂ ရက်တွင် မူဆယ်-နမ့်ခမ်း လမ်းမကြီးပေါ်ရှိ နမ့်လျှန်ကျေးရွာ အနီးတွင် KIA စစ်ဆေးရေးဂိတ်ကို...

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...