Wednesday, January 28, 2026

နမ့်စန်မြို့ သတင်းထောက်ဟောင်း တစ်ဦးကို စစ်ကောင်စီ လာရောက်ဖမ်းဆီးသွား

သျှမ်းပြည်တောင်ပိုင်း နမ့်စန်မြို့တွင် နေထိုင်သည့် သတင်းထောက်ဟောင်းတစ်ဦးကို စစ်ကောင်စီမှ လာရောက် ဖမ်းဆီးသွားကြောင်း သတင်းသိရသည်။

ပြီးခဲ့သည့် မတ်လ ၇ ရက်နေ့ ည ၉ နာရီကျော်ဝန်းကျင်အချိန်တွင် နမ့်စန်မြို့မှာ နေထိုင်သည့် အလွတ်တန်း သတင်းထောက်ဟောင်း ကိုသန်းစိုးအောင်ကို စစ်ကောင်စီတပ်သားများက လာရောက်ဖမ်းဆီးသွားကြောင်း သတင်းသိရသည်။

“အရင်ကတော့ DVB နဲ့ ဂျာနယ်တချို့မှာ ရေးဖူးတာ သိရပါတယ်၊၊ မတ်လ ၇ ရက်နေ့ ညမှာ စစ်ကောင်စီတပ်သားတွေက လာဖမ်းသွားတယ်” ဟု ဖြစ်စဥ်များကို သိရှိရသည့် ဒေသခံအမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ကိုသန်းစိုးအောင်သည် အရင်နိုင်ငံရေးကောင်းစဥ်က အလွတ်တန်း သတင်းထောက်ဖြစ်ခဲ့ဖူးသော်လည်း လက်ရှိ မှာ နိုင်ငံရေးအခြေအနေနှင့် ကျန်းမာရေးအခြေအနေများကြောင့် သတင်းထောက်အလုပ် ရပ်နားထားသူတစ်ဦးဖြစ်သည်။

လက်ရှိမှာ Namsam Net Page တွင်တင်ထားသည့် သတင်းနှင့်ပတ်သက်ပြီး လာရောက်ဖမ်းဆီးခြင်းဖြစ်ကြောင်းသိရသည်။

“အရင်နေ့တွေက သူ့ကျန်းမာရေးမကောင်းလို့ သူ့အမျိုးသမီးအမျိုးရှိတဲ့ရွာမှာ သွားနေခိုင်းပြီး ကုသမှုတွေခံယူခဲ့ တာ တော်တော်ကြာပြီ၊ အဲ့နေ့ (မတ် ၇) ရက်နေ့ ညနေ ၃ နာရီလောက်မှာမှ အိမ်ပြန်ရောက်လာတာ၊ ည ၉ နာရီ လောက်တော့ စစ်ကောင်စီတွေက လာဖမ်းသွားတာပဲ” ဟု မိသားစုနှင့် နီးစပ်သူက သျှမ်းသံတော်ဆင့်ကို ပြောသည်။

စစ်ကောင်စီတပ်သားတို့မှ ကိုသန်းစိုးအောင်ကို လာရောက်ဖမ်းဆီးစဥ်တွင် Namsam Net Page မှာ တင်ထားသည့် သတင်းတစ်ခု၌ “အကြမ်းဘက် စစ်ကောင်စီ” ဆိုသည့် စကားလုံးပါနေသည့်အတွက် ဖမ်းဆီးရခြင်းဖြစ်သည်ဟု ပြောဆိုသွားကြောင်းလည်း သိရသည်။

“Namsam Net Page မှာ တင်ထားတဲ့ဟာက “အကြမ်းဖက် စစ်ကောင်စီ” လို့ ပါလို့ ဖမ်းရတာတဲ့၊ အခု နမ့်စန်မြို့ ရဲစခန်းမှာ ဖမ်းထားတယ်၊ အကြမ်းဖက် ပုဒ်မနဲ့ လာမယ့် ၁၄ ရက်နေ့မှာ ရုံးထုတ်မယ်လို့ သိရတယ်” ဟု အထက်ပါ ပုဂ္ဂိုလ်က ပြောသည်။

လက်ရှိ ကိုသန်းစိုးအောင် အိမ်တွင် သူ၏ ကလေးငယ်နှစ်ဦးနှင့် အမျိုးသမီး ကျန်ရှိနေပြီး အမျိုးသမီးဖြစ်သူက ကိုသန်းစိုးအောင်ကျန်းမာရေးအတွက် စိုးရိမ်ပူပန်မှုများရှိနေကြောင်းလည်း အိမ်နီးချင်းများက ပြောသည်။

“စိတ်ပူတာတော့ ရှိတာပေါ့၊ ပြီးတော့ သူ(ကိုသန်းစိုးအောင်)က ကျန်းမာရေးမကောင်းတော့ ပိုပြီးစိုးရိမ်ရတယ်၊ အထဲမှာ အမှုရင်ဆိုင်တဲ့ ကာလ ဆေးကုသမှုရရင်တော့ တမျိုးပေါ့၊ ဒါပေမဲ့ လွတ်လာရင်တော့ အကောင်းဆုံးပါ” ဟု အမည်မဖော်လိုသူ အိမ်နီးချင်းတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ပြီးခဲ့သည့် အပတ်တွင်လည်း သျှမ်းပြည်တောင်ပိုင်း ရပ်စောက်မြို့နယ် အင်တောမြို့က နိုင်ငံရေးပိုစ့်တင်သည် ဆိုသည့်အကြောင်းပြချက်ဖြင့် စစ်ကောင်စီဖမ်းဆီးခေါ်ဆောင်သွားသည့် ဒီဇိုင်နာ အမျိုးသမီးတစ်ယောက်လည်း ယနေ့အချိန်ထိ အဆက်အသွယ်မရသေးကြောင်း သိရသည်။

အာဏာသိမ်း စစ်ကောင်စီတို့သည် ၎င်းတို့ကို ဝေဖန်ပြောဆိုသည့် သတင်းတိုက်များနှင့် သတင်းသမားများကို ချိတ်ပိတ် ဖမ်းဆီးပိတ်ပင်မှုများ ပြုလုပ်သည့်အပြင် လူမှုကွန်ယက်စာမျက်နှာပေါ် ရေးသားတင်မိသော အကောင့်ပိုင်ရှင်များကိုလည်း လိုက်လံဖမ်းဆီးမှုများ ပြုလုပ်နေသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

စစ်ကော်မရှင်နှင့် PNO စစ်သုံးစရိတ်နှင့် တပ်သားစုဆောင်းမှုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနေ

0
အာဏာသိမ်းစစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းပြီးနောက်ပိုင်း စစ်မှုထမ်း လစဉ်ကြေးနှင့် တပ်သားသစ် စုဆောင်းမှုဒဏ်ကြောင့် လူထုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနွမ်းနယ်နေကြောင်း ဒေသခံများက ပြောသည်။ တရားဝင် လူဖမ်းစစ်သားစုဆောင်းရန်အတွက် စစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းခဲ့သည်မှာ လာမည့် ၂၀၂၆ ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် ၂ နှစ်ပြည့်ပြီ ဖြစ်သည်။ သို့သော်...

လူငယ်များအား အဓမ္မ စစ်ထဲဆွဲထည့်နေသည့် စစ်ခေါင်းဆောင် ဦးဆောင်၍ လူငယ် ငြိမ်းချမ်းရေးဖိုရမ် ကျင်းပနေ

0
အနည်းဆုံး လူငယ် ၆၀၀၀၀ ကျော်ကို အဓမ္မ စစ်တပ်ထဲ ဆွဲထည့်ထားသည့် စစ်ခေါင်းဆောင် မင်းအောင်လှိုင် ဦးဆောင်သော လူငယ် ငြိမ်းချမ်းရေး ဖိုရမ် ၂၀၂၆ ကို ယမန်နေ့ (ဇန်နဝါရီ ၁၃ ရက်) နံနက်ပိုင်းက နေပြည်တော်၌ စတင် ကျင်းပနေကြောင်း စစ်ကောင်စီက...

မဲပေးစက်ပြဿနာနှင့် ကြိုတင်မဲကြောင့် ကြံ့ခိုင်ရေးပါတီက အများစုအနိုင်ရ

0
သျှမ်းပြည် ၁၇ မြို့နယ်တွင် ပြီးခဲ့သော ဇန်နဝါရီလ ၁၁ ရက်က ကျင်းပသည့် ရွေးကောက်ပွဲ အပိုင်း (၂) ၏ အနိုင်အရှုံးစာရင်းများကို ကြည့်လျှင် စစ်တပ်ကျောထောက်နောက်ခံ ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး (USDP) ပါတီက အများစုအနိုင်ရထားသည်။ ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး (USDP) ပါတီသည် ၁၉၉၃ ခုနှစ်က...

ရပ်စောက်နှင့် ရွာငံမြို့နယ်တွင် လုံခြုံရေးစိုးရိမ်မှုကြား ဒေသခံမဲသွားပေး

0
သျှမ်းပြည် ရပ်စောက်မြို့နယ်နှင့် ရွာငံမြို့နယ်တွင် စစ်ကော်မရှင်တပ်မှ စစ်အင်အား ဖြည့်တင်းထားပြီး မဲရုံပရဝုဏ်အနီး လက်နက်အပြည့်အစုံဖြင့် စောင့်ဆိုင်းနေခြင်းကြောင့် ဒေသခံများ လုံခြုံရေးစိုးရိမ်မှုဖြင့် မဲသွားပေးနေရကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဇန်နဝါရီလ ၁၁ ရက်) တွင် စစ်ကော်မရှင် ကျင်းပနေသည့် ရွေးကောက်ပွဲ ဒုတိယပိုင်းတွင် သျှမ်းပြည်တောင်ပိုင်းမှ ရပ်စောက်၊ ရွာငံ၊...

မိုင်းပျဉ်း ကြိုတင်မဲကောက်ယူရာတွင် USDP မှလွဲ၍ အခြားပါတီများကို အကြောင်းမကြား ဟုဆို

0
သျှမ်းပြည်အရှေ့ပိုင်း မိုင်းပျဉ်းမြို့နယ်တွင် ရွေးကောက်ပွဲ အပိုင်း (၂) အတွက် ကြိုတင်မဲကောက်ယူရာတွင် လွှတ်တော်ကိုယ်စားလှယ်များ လိုက်ပါခွင့်ပြုမည်ဟု ရွေးကော်ပွဲကော်မရှင်က ပြောသော်လည်း မြေပြင်တွင် ကြံ့ခိုင်ရေး ဖွံ့ဖြိုးရေး (USDP)ပါတီမှလွဲ၍ အခြားပါတီများကိုအကြောင်းကြားခြင်းမရှိခဲ့ ကြောင်း စုံစမ်းသိရသည်။ လာမည့် ဇန်နဝါရီလ ၁၁ ရက်တွင် သျှမ်းပြည်အရှေ့ပိုင်း မိုင်းခတ်၊ မိုင်းပျဉ်း၊...