Friday, April 26, 2024

မိုင်းတုံက အလွတ်တန်း သတင်းထောက်ဟောင်း တစ်ဦး ဖမ်းဆီးခံရ

Must read

သျှမ်းပြည် အရှေ့ပိုင်း မိုင်းတုံမြို့တွင် နေထိုင်သည့် အလွတ်တန်း သတင်းထောက်ဟောင်းတစ်ဦးကို စစ်ကောင်စီတို့က အကြမ်းဖက် ပုဒ်မဖြင့် ဖမ်းဆီးထားကြောင်း သတင်းသိရသည်။

ကိုအောင်ဝင်းဌေးအမည်ရှိ အလွတ်တန်း သတင်းထောက်ဟောင်းတစ်ယောက်ဖြစ်သူကို လူမှုကွန်ယက် စာမျက်နှာ Facebook တွင် အကြမ်းဖက်စစ်ကောင်စီနှင့် စစ်အာဏာသိမ်းမှုနှင့် ဆက်စပ်ပတ်သက်သည့် စာသားများ ရေးသားတင်မှုကြောင့် စစ်ကောင်စီတို့က ဖမ်းဆီးခြင်းဖြစ်ကြောင်း သတင်းသိရသည်။

“၂၀၁၇ လောက်က DVB ကို ပို့တဲ့ အလွတ်တန်းသတင်းထောက်ဖြစ်ဖူးတယ်၊ ဒါပေမဲ့ သတင်းထောက် အလုပ်ကို သူနားထားတာကြာပြီ၊ စစ်တပ်အာဏာမသိမ်းခင် ကတည်းက နားထားတယ်။ ဒါပေမဲ့ တစ်နေ့မှာ သူ့ Facebook မှာ စစ်ကောင်စီကို ရေးသားဝေဖန်လို့ဆိုပြီး လာဖမ်းသွားတယ်” ဟု ကိုအောင်ဝင်းဌေး ၏ မိတ်ဆွေ အမျိုးသား တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

လက်ရှိတွင် ကိုအောင်ဝင်းဌေးကို မိုင်းတုံမြို့မရဲစခန်းတွင် ဖမ်းဆီးချုပ်နှောင်ထားပြီး ရာဇသတ်ကြီး ပုဒ်မ ၅၀၅ ဖြင့် တရားစွဲဆိုထားကြောင်း သတင်းသိရသည်။

သျှမ်းပြည်အတွင်း သတင်းမီဒီယာသမားများအနက် ကမ္ဘောဇတိုင်း သတင်းဌာနမှ ၄ ဦး၊ သံလွင်သွေးချင်း သတင်းဌာနမှ ၁ ဦးတို့ကို ဖမ်းဆီးကာ ထောင်ဒဏ် ချမှတ်ခံထားရသည့်အပြင် လက်ရှိ ကိုအောင်ဝင်းဌေး အပါအဝင် ရွှေဖီမြေ သတင်းဌာနမှ သတင်းသမား ၁ ဦးနှင့် နမ့်စန်မြို့မှ အလွတ်တန်း သတင်းထောက် ၁ ဦး တို့လည်း ဖမ်းဆီးခံထားရပြီး အမှုရင်ဆိုင်နေကြရသည်။

Leave a Comments

- Advertisement -spot_img

Latest article