Tuesday, January 27, 2026

တာချီလိတ် အခြေစိုက်သတင်းထောက် ၂ဦး ကိုဖမ်းရန် ထိုင်းကို အကူအညီတောင်း

မြန်မာ-ထိုင်း တာချီလိတ်မြို့ အခြေစိုက် သတင်းဌာန ၂ခုမှ သတင်းထောက်များကို ဖမ်းဆီးရန် စစ်ကောင်စီ မှ ထိုင်းနိုင်ငံဘက်ကို တောင်းဆိုထားကြောင်း စုံစမ်းသိရသည်။

တာချီလိတ်အခြေစိုက် တာချီလိတ်အေဂျင်စီ သတင်းဌာန တည်ထောင်သူ ကိုဇောင်း နှင့် မှုခင်းရှု့ထောင့် မှ ကိုရွှေဝင်း တို့ကို စစ်ကောင်စီ က တရားခံပြေး၊ ဖမ်းဝရမ်းထုတ်ထားပြီး၊ ထိုင်းနိုင်ငံဘက်တွင် သွားရောက်ခိုလှုံနေပါက ဖမ်းဆီးပြီး မြန်မာနိုင်ငံသို့ ပြန်လည် လွှဲပြောင်းပေးရန် စစ်ကောင်စီက ထိုင်းနိုင်ငံ မယ်ဆိုင်မြို့နယ် အဆင့် နယ်ခြားကော်မတီ ဥက္ကဌ ထံ စာပို့ခဲ့သည်။

ထို့ပြင် ယနေ့ (မတ် ၂၆)ရက် ထိုင်း-မြန်မာ နယ်ခြားကော်မတီ (TBC)အစည်းအဝေးတွင်လည်း ထွက်ပြေးတိမ်းရှောင် နေသည့် သတင်းထောက် ၂ဦးကို ဖမ်းဆီးပြီး မြန်မာပြည်ဘက်ကို ပြန်လွှဲပေးပါက ဆုကြေးငွေထုတ်ပေးဖြစ်ပြီး၊ လက်ရှိမှာ သတင်းထောက် ၂ဦး၏ ဓာတ်ပုံ၊ ကိုယ်ရေးအချက်အလက်များကို လည်း ထိုင်းနိုင်ငံသို့ ပေးပို့တောင်းဆိုခဲ့ပြီး ဖြစ်ကြောင်း သိရသည်။

လက်ရှိမှာ သျှမ်ပြည် အခြေစိုက် တာချီလိတ်သတင်းအေဂျင်စီ မှ ကိုဇောင်း၊ မဲခေါင်းသတင်းဌာနမှ အယ်ဒီတာ ကိုပုဒ်မ ၅၀၅ (က)ဖြင့်အမှုဖွင့်ထားပြီး ဖမ်းဝရမ်းထုတ်ထားကြောင်းသိရသည်။

ဆက်လက်ပြီး ကမ္ဘောဇ တိုင်း သတင်းဌာနမှ တာဝန်ခံအယ်ဒီတာ၊ သတင်းထောက်နှင့် ထုတ်ဝေသူများကို ပုဒ်မ ၅၀၅(က)ဖြင့် အမှုဖွင့် အရေးယူပြီး တောင်လေးလုံးထောင်သို့ ပို့ဆောင်ထားကြောင်းသိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

တာချီလိတ်တွင် ပြန်ပေးဆွဲမှု၊ ဓားပြတိုက်မှုများ ဆက်တိုက်ဖြစ်ပွားနေ

0
ထိုင်း-မြန်မာနယ်စပ် တာချီလိတ်မြို့ပေါ်တွင် ပြန်ပေးဆွဲမှု၊ ဓားပြတိုက်မှုများ ဆက်တိုက်ဖြစ်ပွားနေသဖြင့် လုံခြုံရေးအတွက် စိုးရိမ်နေရကြောင်း မြို့ခံများက ပြောသည်။ ဖြစ်စဉ်မှာ ယမန်နေ့ ဇန်နဝါရီလ ၂၄ ရက် နံနက် ၉ နာရီကျော် အချိန်တွင် ဆန်ဆိုင်း (က) ရပ်ကွက်နေ အသက် (၅၀) အရွယ်ခန့် အမျိုးသမီးတစ်ဦးသည်...

စစ်ကော်မရှင်နှင့် PNO စစ်သုံးစရိတ်နှင့် တပ်သားစုဆောင်းမှုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနေ

0
အာဏာသိမ်းစစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းပြီးနောက်ပိုင်း စစ်မှုထမ်း လစဉ်ကြေးနှင့် တပ်သားသစ် စုဆောင်းမှုဒဏ်ကြောင့် လူထုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနွမ်းနယ်နေကြောင်း ဒေသခံများက ပြောသည်။ တရားဝင် လူဖမ်းစစ်သားစုဆောင်းရန်အတွက် စစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းခဲ့သည်မှာ လာမည့် ၂၀၂၆ ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် ၂ နှစ်ပြည့်ပြီ ဖြစ်သည်။ သို့သော်...

လူငယ်များအား အဓမ္မ စစ်ထဲဆွဲထည့်နေသည့် စစ်ခေါင်းဆောင် ဦးဆောင်၍ လူငယ် ငြိမ်းချမ်းရေးဖိုရမ် ကျင်းပနေ

0
အနည်းဆုံး လူငယ် ၆၀၀၀၀ ကျော်ကို အဓမ္မ စစ်တပ်ထဲ ဆွဲထည့်ထားသည့် စစ်ခေါင်းဆောင် မင်းအောင်လှိုင် ဦးဆောင်သော လူငယ် ငြိမ်းချမ်းရေး ဖိုရမ် ၂၀၂၆ ကို ယမန်နေ့ (ဇန်နဝါရီ ၁၃ ရက်) နံနက်ပိုင်းက နေပြည်တော်၌ စတင် ကျင်းပနေကြောင်း စစ်ကောင်စီက...

မဲပေးစက်ပြဿနာနှင့် ကြိုတင်မဲကြောင့် ကြံ့ခိုင်ရေးပါတီက အများစုအနိုင်ရ

0
သျှမ်းပြည် ၁၇ မြို့နယ်တွင် ပြီးခဲ့သော ဇန်နဝါရီလ ၁၁ ရက်က ကျင်းပသည့် ရွေးကောက်ပွဲ အပိုင်း (၂) ၏ အနိုင်အရှုံးစာရင်းများကို ကြည့်လျှင် စစ်တပ်ကျောထောက်နောက်ခံ ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး (USDP) ပါတီက အများစုအနိုင်ရထားသည်။ ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး (USDP) ပါတီသည် ၁၉၉၃ ခုနှစ်က...

ရပ်စောက်နှင့် ရွာငံမြို့နယ်တွင် လုံခြုံရေးစိုးရိမ်မှုကြား ဒေသခံမဲသွားပေး

0
သျှမ်းပြည် ရပ်စောက်မြို့နယ်နှင့် ရွာငံမြို့နယ်တွင် စစ်ကော်မရှင်တပ်မှ စစ်အင်အား ဖြည့်တင်းထားပြီး မဲရုံပရဝုဏ်အနီး လက်နက်အပြည့်အစုံဖြင့် စောင့်ဆိုင်းနေခြင်းကြောင့် ဒေသခံများ လုံခြုံရေးစိုးရိမ်မှုဖြင့် မဲသွားပေးနေရကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဇန်နဝါရီလ ၁၁ ရက်) တွင် စစ်ကော်မရှင် ကျင်းပနေသည့် ရွေးကောက်ပွဲ ဒုတိယပိုင်းတွင် သျှမ်းပြည်တောင်ပိုင်းမှ ရပ်စောက်၊ ရွာငံ၊...