တရုတ်ပြည် မှ ပြန်လာသည့် ကျောက်မဲသူတဦး နမ့်ခမ်းမြို့ မြစ်ဆိပ်တွင်သေဆုံး

သျှမ်းပြည်နယ်မြောက်ပိုင်း နမ့်ခမ်းမြို့နယ် တရုတ်နယ်စပ် ကွန်ဟိုင်းရွာ နှင့် နောင်ခမ်းရွာ လမ်းကြား မြစ်ဆိပ်ဘေးတွင် တရုတ်ပြည်မှပြန်လာသည့် အမျိုးသမီးတဦး၏ အလောင်းကို ရွာသားများတွေ့ရှိကြောင်းသိရသည်။

Photo Credit to SHM – at ကျောက်မဲသတင်းစုံ Page

ဇူလိုင် ၃၀ ရက်နေ့ကတွေ့ရသော အမျိုးသမီး၏ အလောင်းမှာ အသက် ၂၇ နှစ်ရှိ ကျောက်မဲမြို့သူ မစန္ဒာဝင်း ဆိုသူဖြစ်ကြောင်း၊ ၄င်းသည်တရုတ်နိုင်ငံ တွင် သွားရောက် အလုပ်လုပ်ကိုင် ကာ မြန်မာပြည်သို့ ပြန်လာစဉ် လမ်းတွင် သေဆုံးသွားပုံရကြောင်း မျက်မြင်ရွာသားများပြောကြားချက် အရ သိရသည်။

သေဆုံးသူ မစန္ဒာဝင်း ရုပ်အလောင်းကို မူဆယ်မြို့ ဂရုဏာ လူမှု ကူညီရေး အသင်းမှ တာဝန်ရှိသူများက ကျောက်မဲမြို့ သို့ ပို့ဆောင်ပေးခဲ့သည်။

“ မနေ့က ကျနော်တို့ကို နမ့်ခမ်း ဘက် က အကူအညီတောင်းလာလို့ မစန္ဒာဝင်း ရုပ်အလောင်းကို ညနေ ပိုင်းမှာ သွားသယ်ပါတယ်။ ညတွင်းချင်း ကျောက်မဲကို ရုပ်အလောင်း သွားပို့ပါတယ်။ ကျောက်မဲမြိ့ ရန်ကင်း ရပ်ကွက် ကပါ” ဟု မစန္ဒာဝင်း ရုပ်အလောင်းကို ပို့ဆောင်ပေးသည့် မူဆယ်မြို့ ဂရုဏာ လူမှု အသင်း မှ တာဝန်ရှိသူတဦးက သျှမ်းသံတော်ဆင့်ကို ပြောပြသည်။

တရုတ်ပြည် တွင် အလုပ်လုပ်ကိုင်ကာ အပြင်းဖျားနာပြီး နေရပ်သို့ ပြန်စဉ် သေဆုံးခဲ့သည် ဟု သိရသည်။

ယခုနှစ်ဆန်းက သျှမ်းပြည် မြောက်ပိုင်း ကျောက်မဲမြို့နယ် အတွင်း လက်နက်ကိုင် ပဋိပက္ခ များဖြစ်ပွားမှုကြောင့် မိသားစုဝမ်းရေးအတွက် ကျောက်မဲ ဒေသခံ များ သည် တရုတ်နိုင်ငံသို့ သွားရောက် အလုပ်လုပ်ကိုင်ကြကြောင်း ကျောက်မဲဒေသခံများပြောပြချက်အရ သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

အွန်လိုင်းအလုပ်ခေါ်စာမှတဆင့် ပင်လောင်းမိန်းကလေးများ တရုတ်နယ်စပ်တွင် လူကုန်ကူးခံရ

0
မြန်မာ-တရုတ်နယ်စပ် မူဆယ်မြို့တွင် အလုပ်ရရှိမည်ဟုဆိုသည့် အွန်လိုင်းအလုပ်ခေါ်စာကို ယုံစားမိသည့် ပင်လောင်းမြို့နယ်မှ မိန်းကလေး ၁၄ ဦး လူကုန်ကူးခံရကြောင်း သတင်းရရှိသည်။ အဆိုပါ လူကုန်ကူးခံရသည့် မိန်းကလေးများသည် အသက် ၁၈ နှစ်မှ အသက် ၂၅ နှစ်အရွယ်ရှိကြသည်။ ပြီးခဲ့သည့် မတ်လအတွင်း ပင်လောင်းမြို့နယ် တောင်လေးကျေးရွာမှ မိန်းကလေးများသည် အွန်လိုင်းမှတစ်ဆင့်...

မူဆယ်မြို့ ကျားဖြန့် လုပ်ကိုင်သူ တရုတ်နိုင်ငံသားအပါအဝင် (၂၈) ဦး ထပ်မံဖမ်းမိ

0
သျှမ်းပြည် မြောက်ပိုင်း၊ မူဆယ်မြို့တွင် အွန်လိုင်းလိမ်လည်မှု(ကျားဖြန့်) လုပ်ငန်းလုပ်ကိုင်သူ တရုတ်နိုင်ငံသား အပါအဝင် (၂၈) ဦး ထပ်မံဖမ်းဆီးရမိကြောင်း သတင်းရရှိသည်။ ယမန်နေ့ (မေလ ၂၈ ရက်) ညနေ ၃ နာရီခွဲ မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ နေအိမ်တစ်လုံးတွင် သတင်းအရ ဝင်ရောက်ရှာဖွေခြင်းကြောင့် အွန်လိုင်းလိမ်လည်မှု (ကျားဖြန့်)...

ကျောက်မဲမြို့ကို စစ်တပ်ပြန်ထိန်းချုပ်ပြီးနောက် စစ်မှုထမ်း စတင်ခေါ်နေ၊ လူစားထိုးထည့်ရန် ငွေကောက်

0
သျှမ်းပြည် ကျောက်မဲမြို့ကို စစ်ကော်မရှင်တပ် ပြန်လည်ထိန်းချုပ်ခဲ့ပြီးနောက် ပထမဆုံးအကြိမ် ပြည်သူ့စစ်မှုထမ်း စတင်ခေါ်ယူနေကြောင်း စုံစမ်းသိရသည်။ ဖေဖော်ဝါရီလ ပထမပတ်မှ စတင်ပြီး စစ်ကော်မရှင်တပ် ပြန်လည်ထိန်းချုပ်ထားသည့် ကျောက်မဲမြို့ပေါ်နှင့် ပြည်ထောင်စုလမ်းမကြီးဘေးရှိ ကျေးရွာများတွင် ပထမဆုံးအကြိမ် ပြည်သူ့စစ်မှုထမ်း စတင်ခေါ်ယူနေပြီး စစ်မှုထမ်းစေလွှတ်ရန် လူမရှိခြင်းကြောင့် လူစားထိုးရန် အုပ်ချုပ်ရေးမှူးများမှ ငွေကောက်ခံနေကြောင်း ကျောက်မဲဒေသခံများက...

ကျောက်မဲ စစ်တပ်ပြန်ဝင်လာပြီး TNLA နှင့်ဆက်စပ်သူများကို ဖမ်းဆီး၊ နေအိမ်ဆိုင်ခန်း ချိတ်ပိတ်

0
သျှမ်းပြည် ကျောက်မဲမြို့တွင် စစ်ကော်မရှင်တပ်က TNLA နှင့် ပတ်သက်ကြောင်း စွပ်စွဲခံရသူများကို စတင်ဖမ်းဆီးခဲ့ပြီး နေအိမ်ဆိုင်ခန်းများလည်း ချိတ်ပိတ်ခံရကြောင်း စုံစမ်းသိရသည်။ အောက်တိုဘာလ (၁) ရက်တွင် ကျောက်မဲမြို့ကို စစ်ကော်မရှင်တပ်က အလုံးစုံ ပြန်လည် ထိန်းချုပ်ခဲ့ပြီးနောက် မြို့ပေါ်ရပ်ကွက်များတွင် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထိန်းချုပ်စဉ် အုပ်ချုပ်ရေးပိုင်း...

ကျောက်မဲမြို့ထဲ စစ်ကော်မရှင်တပ် ပြန်ဝင်ရောက်နေရာယူ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ်သို့ စစ်ကော်မရှင်တပ်သားများ ဝင်ရောက်လာပြီး မြို့ပြင်ဘက်တွင် သေနတ်ပစ်ခတ်သံများ ဆက်ကြားနေရကြောင်း စုံစမ်းသိရသည်။ ယနေ့ (အောက်တိုဘာ ၁ ရက်) နံနက်ပိုင်းမှ စတင်ပြီး တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ခုခံကာကွယ်ခဲ့သည့် ကျောက်မဲမြို့ပေါ်သို့ စစ်ကော်မရှင်တပ်သားများ ဝင်ရောက်လာပြီး ယမန်နေ့တွင် မီးရှို့ခံထားရသည့် ဌာနဆိုင်ရာရုံးများတွင် နေရာယူထားကြောင်း...