Wednesday, January 28, 2026

မိုင်းပျဉ်းဒေသခံတဦးကို RCSS နဲ့ ချိတ်ဆက်သည်ဟုစွပ်စွဲကာ တပ်မတော် ဖမ်းဆီးပြီး မူးယစ်မှုနဲ့ အမှုဖွင့်

 

သျှမ်းပြည်နယ် အရှေ့ပိုင်း မိုင်းပျဉ်း မြို့နယ်တွင် အသက် ၅၂ နှစ်အရွယ် ရွာသားအမျိုးသားတဦးကို NCA ထိုး သျှမ်းလက်နက်ကိုင် အဖွဲ့ နှင့် ပတ်သတ်မှု ရှိသည်ဟု စွပ်စွဲကာ တပ်မတော် ဖမ်းဆီးခဲ့ကြောင်းသိရသည်။

Photo Credit to Mong Pain Youth

မိုင်းပျဉ်း မြို့နယ် ယန်းခမ်းကျေးရွာအုပ်စု နမ့်တက်ရွာနေ ဦးနန္ဒိယ အား တပ်မတော်က ရက်ပေါင်း ၂၀ ကျော် ဖမ်းဆီးစစ်ဆေးခဲ့ပြီးနောက် ဇူလိုင် ၂၈ ရက် ည ၈ နာရီ ခွဲကျော်က မိုင်းပျဉ်းမြို့နယ် ရဲစခန်း တွင် မူးယစ်ဆေးဝါးမှု ဖြင့် တိုင်ချက်ဖွင့် ခဲ့ခြင်းဖြစ်သည်။

စစ်တပ်မှ ဖမ်းဆီးသည့် ဦးနန္ဒိယ သည် မည်သည့် လက်နက်ကိုင် အဖွဲ့အစည်းနှင့် ပတ်သတ်မှု မရှိကြောင်း၊ ဒေသခံ တဦးသာဖြစ်ကြောင်း မိုင်းပျဉ်း မြို့နယ် နမ့်ပူးကျေးရွာ မှ အသက် ၅၀ ကျော် လယ်သမား အမျိုးသား တဦး က ပြောသည်။

“ ဦးနန္ဒိယ က ပြည်သူပါပဲ။ ဘယ်အဖွဲ့အစည်းမှ မဟုတ်ဘူး။ ဖမ်းထားတာ ရက် ၂၀ ရှိတော့မယ် သတင်းမကြားဘာမကြားဖြစ်နေတယ်။ ဖမ်းသွားတဲ့တပ်ကလည်း ဘာမှအကြောင်းကြားလာတာမရှိဘူး ” ဟု ၎င်း အမျိုးသား ဆိုသည်။

ဦးနန္ဒိယ ကို RCSS/SSA တပ်ဖွဲ့ အမာခံ ဟု မိုင်းပျဉ်းအခြေစိုက်တပ်က စွပ်စွဲကာ ရက်ပေါင်း ၂၀ ကျော် စစ်ဆေးမှု မှာ မပြုလုပ်သင့်ကြောင်း၊ RCSS/SSA သည် အပစ်ခတ်ရပ်စဲရေး လက်မှတ်ထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ တခုဖြစ်ကြောင်းလည်း သျှမ်း လူ့အခွင့်အရေး မဏ္ဍိုင် (SHRF) မှ ပြောရေး ဆိုခွင့်ရှိသူ စိုင်းဟော်ရှဲန် က သျှမ်းသံတော်ဆင့် သို့ ပြောသည်။

“ ကျနော် အနေနဲ့ ပြောရရင် RCSS/SSA လက်မှတ်ထိုးထားတဲ့အဖွဲ့လေ။အန်စီအေလည်း ထိုးထားတယ်။ဒီလို ဖမ်းဆီးတာ က ပြည်သူအတွက် အခက်အခဲဖြစ်စေတယ်။ အခုလို ဖမ်းတာ က NCA လက်မှတ်ထိုးထားတာကို ချိုးဖောက်တယ်လို့ မြင်တယ်” ဟု စိုင်းဟော်ရှဲန် က ဆိုသည်။

တပ်မတော် မှ ဒေသခံ ဦးနန္ဒိယ ကို RCSS/SSA အဖွဲ့ နှင့် ဆက်စပ်မှုဖြင့် ဖမ်းဆီးခြင်းသည် ပြည်သူများအနေဖြင့် RCSS/SSA ကို မချိတ်ဆက်စေချင်သည့် သဘောဖြစ်ကြောင်း၊ ရှုပ်ထွေးမှု ဖြစ်စေချင်သည့် သဘောဖြစ်သည် ဟု RCSS/SSA ပြောရေး ဆိုခွင့် ရှိသူ ဒုတိယ ဗိုလ်မှူးကြီး စိုင်းဦး က သျှမ်းသံတော်ဆင့် သို့ ပြောသည်။

“ ပြည်သူတွေကို RCSS/SSA နဲ့ မဆက်သွယ်မပတ်သက်စေချင်တာ။ လူထုကြောက်သွားအောင် ခြောက်လိုက်တာ။ နောက် မူးယစ်ဆေးအမှုနဲ့ အမှုဖွင့်လိုက်တယ် ဒါဟာ အပြစ်မရှိ အပြစ်ရှာလိုက်တာပဲ” ဟု ဒုတိယဗိုလ်မှူးကြီးစိုင်းဦးက ဆိုသည်။

ယခုလ ၆ ရက်နေ့ကလည်း မိုင်းပျဉ်းမြို့နယ် မိုင်းလျန်းကျေးရွာ အသက် ၃၂ နှစ်အရွယ် ဂျပေါ သည် RCSS/SSA စစ်သားများအတွက် ဆန်ဝယ်ပေးသည် ဟု စွပ်စွဲကာ အစိုးရ စစ်တပ် ခြေမြန်တပ်ရင်း ခမရ ၅၇၉ မှတပ်သားများ က ထိုးနှက်မှု များပြုလုပ်ခဲ့ကြောင်း ဇူလိုင် ၂၅ ရက်စွဲဖြင့် သျှမ်းလူ့အခွင့်အရေး မဏ္ဍိုင် SHRF မှ ထုတ်ပြန်ထား သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ပြည်ထောင်စု ပြဿနာ နိဂုံးချုပ်သင့်ပြီ။

0
ဆောင်းရောက်လေပြီ။ အေးမြသည့် ဆောင်းရာသီနှင့်အတူ သျှမ်းပြည်မြောက်ပိုင်း၌ သေနတ်သံများ တိတ်ဆိတ်နေပြီ ဖြစ်သည်။ မရေရာမှုများစွာ ဖြစ်ပေါ်နေဆဲ ဆိုပေမယ့် ငြိမ်းချမ်းတော့မည်လော၊ သို့တည်းမဟုတ် နိုင်ငံရေးအရ ပိုမိုရှုပ်ထွေးပြီး ပို၍ ပြင်းထန်သည့် အနာဂတ် တိုက်ပွဲများအတွက် ပြင်ဆင်နေကြပြီလော။ ဒုတိယ ကမ္ဘာစစ် မဖြစ်ပွားမီ စစ်ကြိုကာလက အစပြုခဲ့သည့် ခေတ်သစ်...

နှစ်ဦးနှစ်ဖက်အကြား ယုံကြည်မှုမတည်ဆောက်နိုင်ခြင်းကြောင့် NCA အကောင်အထည် မဖော်နိုင်ခဲ့ဟု RCSS ပြော

0
တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) ကို ရည်မှန်းထားသည့်အတိုင်း မဆောင်ရွက်နိုင်ခဲ့ခြင်းသည် နှစ်ဦးနှစ်ဖက်အကြား ယုံကြည်မှုမတည်ဆောက်နိုင်ခြင်းကြောင့် RCSS က ပြောဆိုလိုက်သည်။ ၂၀၁၅ ခုနှစ် အောက်တိုဘာလ ၁၅ ရက်နေ့က ဦးသိန်းစိန် ဦးဆောင်သည့် အရပ်သားတစ်ပိုင်း အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများအကြား လက်မှတ်ရေးထိုးခဲ့သည့်...

ညီနောင်မဟာမိတ်ဆန့်ကျင်ကြောင်း စစ်ကော်မရှင်ဆန္ဒပြခိုင်းမှု တိုင်းရင်းသားအချင်းချင်း ပဋိပက္ခဖြစ်အောင် ဖန်တီးနေဟု RCSS ပြော

0
သျှမ်းပြည်တောင်ပိုင်း ဒေသခံများကို စစ်ကော်မရှင်လက်အောက်ခံများက ညီနောင်မဟာမိတ်တပ်များကို ဆန့်ကျင်ကြောင်း ဆန္ဒပြခိုင်းခြင်းသည် တိုင်းရင်းသားအချင်းချင်း ပဋိပက္ခဖြစ်အောင် ဖန်တီးနေခြင်းဖြစ်ကြောင်း RCSS/SSA ဘက်က ပြောဆိုလိုက်သည်။ ယနေ့ (ဩဂုတ်လ ၁၈ ရက်) နံနက်ပိုင်းတွင် သျှမ်းပြည်တောင်ပိုင်းရှိ မိုးနဲမြို့၊ မိုင်းပန်မြို့နှင့် ကွန်ဟိန်းမြို့တို့မှ ဒေသခံများကို စစ်ကော်မရှင်လက်အောက်ခံများမှ ညီနောင်မဟာမိတ်အဖွဲ့ဝင် TNLA...

နမ့်စန်မြို့နယ် မွေတော်ဘုရားပွဲသို့ RCSS ဥက္ကဋ္ဌနှင့် စစ်ဦးစီးချုပ် တက်ရောက်ခဲ့

0
သျှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ/ သျှမ်းပြည်တပ်မတော် (RCSS/SSA) ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ယွက်စစ်သည် နမ့်စန်မြို့နယ် ဝမ်နောင်ကျေးရွာအုပ်စုရှိ မွေတော်ဘုရား ဓမ္မာရုံ ရေစက်ချလှူဒါန်းပွဲသို့ တက်ရောက်ခဲ့ကြောင်း သတင်းသိရသည်။ ယမန်နေ့ (မတ်လ ၁၉ ရက်) မွန်းလွဲပိုင်း၌ နမ့်စန်မြို့နယ် ဝမ်နောင်ကျေးရွာအုပ်စု ဟိုတိကျေးရွာရှိ တိလုံမွေတော်ဘုရားတွင် ပြုလုပ်သည့် စေတီရေစက်ချ...

မိုင်းကိုင်မြို့နယ် ဆားတောဒေသခံ ရှော့တိုက်မိုင်းအန္တရာယ်ကြောင့် ကျေးရွာအတွင်း မနေရဲ

0
သျှမ်းပြည် မိုင်းကိုင်မြို့နယ် တုံလောကျေးရွာအုပ်စု ဆားတောကျေးရွာမှ ဒေသခံများသည် သျှမ်းတပ်နှစ်တပ်အကြား ရှော့တိုက်မိုင်းအန္တရာယ်ကြောင့် ကျေးရွာအတွင်း မနေရဲကြောင်း စုံစမ်းသိရသည်။ ဖေဖော်ဝါရီ လဆန်းပိုင်းမှ စတင်ပြီး မိုင်းကိုင်မြို့နယ် တုံလောကျေးရွာအုပ်စုရှိ ဆားတောကျေးရွာမှ ဒေသခံများသည် သျှမ်းတပ်နှစ်တပ်အကြား ထောင်ထားသည့် မိုင်းပေါက်ကွဲပါက သူကြီးနှင့် ရွာသားများ ခေါ်ယူစစ်ဆေးခံရခြင်းကြောင့် ရှော့တိုက်မိုင်းအန္တရာယ် စိုးရိမ်ကာ...