Friday, October 11, 2024

ထိုင်းနိုင်ငံ ဘန်ကောက်တွင် ဗုံးပေါက်ကွဲမှု ၃ နေရာဖြစ်ပွား

Must read

ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် လူစည်ကားရာနေရာ ၃ ခုတွင် ဗုံး ၃ လုံးပေါက်ကွဲမှု ဖြစ်ပွါးခဲ့ရာထိခိုက်ဒဏ်ရာရရှိမှုများရှိခဲ့ကြောင်း သတင်းရရှိသည်။

(Photo) Twitter @sospixs- ဘန်ကောက်တွင် ဗုံးပေါက်ကွဲသည့်နေရာအားတွေ့ရစဉ်

သြဂုတ်လ ၂ ရက် ယနေ့မနက်ပိုင်းက နေရာ ၃ ခုတွင် မိနစ်ပိုင်းသာခြားပြီး ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး မနက် ၈ နာရီ ၁၀ မိနစ် တွင် အများပြည်သူအသုံးပြုသည့် မဟာနခွန်း (MahanaKorn ) အဆောက်အဦး ရှေ့ ၊ ချုံနွမ်စီ(Chong Non Si) ရထားဘူတာအနီးတွင်တလုံး၊ ၈ နာရီခွဲ တွင် မဟာနာကွန် အဆောက်အဦး နှင့် ဘူတာရုံ ချိတ်ဆက်သည့် လူသွားကုန်းကျော် အောက်တွင်တလုံး၊ မနက် ၉ နာရီခွဲ ဝန်းကျင်တွင် အစိုးရ ရုံးဝန်းအတွင်း (Cheangwattana Government) ၌ တလုံး ပေါက်ကွဲခဲ့သည် ဟု Thai PBS သတင်း ဖော်ပြချက်အရ သိရသည်။

ထိုပေါက်ကွဲမှု ကြောင့် လူ၂ဦးထိခိုက်ဒဏ်ရာ ရရှိခဲ့ပြီး၊ တဦးမှာ ဆေးရုံတင်လိုက်ရပြီး၊ တဦးမှာ အသေးစားထိခိုက်မှု သာ ရရှိခဲ့သည် ဟု သိရသည်။

ဗုံးပေါက်ကွဲမှုနှင့် ပတ်သတ်ပြီး သက်ဆိုင်ရာ ထိုင်းရဲဌာန မှ သတိ ဝိရိယ ရှိရန်တိုက်တွန်းပြောဆိုထားသည်။

ဘန်ကောက်မြို့ သည် နိုင်ငံခြားခရီးသွား များ လာရောက်လည်ပတ်မှု အများဆုံးနေရာ ဖြစ်ပြီး၊ ယနေ့ဗုံးပေါက်ကွဲမှုနှင့်ပတ်သက်ပြီး ဘန်ကောက် အထင်ကရ နေရာများဖြစ်သော Baiyoke Suite နှင့် ပတူနမ့် အနီးတဝိုက်စျေးများကို အန္တရာယ် နယ်မြေ အဖြစ် ထိုင်း အစိုးရ သတ်မှတ်ထားကြောင်း သိရသည်။

Leave a Comments

- Advertisement -spot_img

Latest article