လားရှိုးမြို့ DENKO ဆီဆိုင် ဗုံးပေါက်ကွဲ၊ ၂ ဦးထက်မနည်း သေဆုံး ထိခိုက်ဒဏ်ရာရသူများပြား

သျှမ်းပြည် လားရှိုးခရိုင်၊ လားရှိုးမြို့ရှိ DENKO ပန့်ဆီဆိုင်တွင် ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီး ၂ ဦးထက် မနည်း သေဆုံးကာ ထိခိုက်ဒဏ်ရာရသူများပြားနေကြောင်း သိရသည်။

ယနေ့ စက်တင်ဘာလ ၂၇ ရက်နေ့ ညနေပိုင်း ၄ နာရီ ၅၅ မိနစ်တွင် လားရှိုးမြို့ပြင် ခိုဆန်တန် ကျေးရွာ အနီး ရှိ DENKO စက်သုံးဆီဆိုင် (ပန့်ဆီဆိုင်) တွင် ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ကြောင်း အနီး ပတ်ဝန်းကျင်တွင် နေထိုင်သည့် အမည်မဖော်လို ဒေသခံ အမျိုးသားတစ်ဦးက သျှမ်းသံဝောာ်ဆင့်ကို ပြောသည်။

Photo – Credit

“ပေါက်ကွဲသံ တစ်ချက် အကျယ်ကြီး ကြားရပြီးတော့ မီးက ထလောင်တာ။ အဲ့ကနေ မီးတောက်တွေ တဖြည်းဖြည်းကြီးလာပြီး လူတွေလည်း ဝရုန်းသုန်းကားတွေ ဖြစ်ကုန်တယ်။ အစကတော့ မီးငြိမ်းဖို့ ကြိုးစားကြသေးတယ်၊ ဒါပေမဲ့ မီးညွှန့်က တအားကြီးတော့ မနိုင်ဘူးလေ” ဟု အနီးပတ်ဝန်းကျင်မှ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

အဆိုပါ ဗုံးပေါက်ကွဲမှုသည် မည်သည့်အဖွဲ့အစည်း၏ လက်ချက်ဖြစ်သည်ကို မသိရကြောင်း နှင့် မီးသတ်ကားများ ရောက်ရှိလာပြီး ၁ နာရီကျော် မီးငြိမ်းသတ်မှု ပြုလုပ်ခဲ့ရကြောင်းလည်း သိရသည်။

အဆိုပါ ဗုံးပေါက်ကွဲမှုကြောင့် DENKO ပန့်ဆီဆိုင်မှ ဝန်ထမ်းများ၊ ဆီလာဖြည့်သူများမှ ထိခိုက်ဒဏ်ရာ ရရှိသူ (၁၀) ဦးထက် မနည်း ရှိပြီး သေဆုံးသူလည်း (၂) ဦးထက်မနည်း ရှိနေကြောင်း ကူညီဆောင်ရွက် ပေးနေသည့် ပရဟိတသမား တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ကျနော်တို့ အတည်ပြုရသလောက်တော့ ကျား (၈) ဦး၊ မ (၄) ဦး ဒဏ်ရာပြင်းထန်လို့ ဆေးရုံကို ပို့ထားလိုက်ပါပြီ။ သေဆုံးသူက နှစ်ဦး (ကျား) ပါ။ ထိခိုက်မှုကတော့ ကား (၂) စီး၊ ဆိုင်ကယ် (၁) စီး မီးလောင်ပျက်စီးပါတယ်။ ဆိုင်လည်း မီးလောင်သွားပါပြီ” ဟု အမည်မဖော်လို ပရဟိတသမားက သျှမ်းသံတော်ဆင့်ကို ပြောသည်။

မီးလောင်ပျက်စီးမှုတွင် သစ္စာရှင် Express ကား တစ်စီး၊ ခွေးဘီလူး အမျိုးအစား ကား တစ်စီး နှင့် ဆိုင်ကယ် တစ်စီးတို့ ပါဝင်ကြောင်းလည်း ပရဟိတ သမား၏ ပြောပြချက်အရ သိရသည်။

ဗုံးပေါက်ကွဲမှု အပြီး မီးများ ငြိမ်းသတ်ပြီးသွားသည့် အချိန်တွင် စစ်ကောင်စီတပ်သားများ၊ ရဲတပ်ဖွဲ့ဝင်များက လာရောက်စစ်ဆေးမှု ပြုလုပ်ခဲ့ကြောင်းလည်း သိရသည်။

ပြီးခဲ့သည့် စက်တင်ဘာလ (၂၂ )ရက်နေ့တွင် ယာဉ်ထိန်းရဲ တစ်ဉီး ပစ်သတ်ခံရသည့် အပြင် စက်တင်ဘာလ ၁၉ ရက်နေ့ကလည်း လားရှိုးမြို့ အမှတ် (၂) ရပ်ကွက်ရှိ CS Hotel အနီး ပေါက်ကွဲမှုဖြစ်ပြီး (၄) ဦးထိခိုက်ဒဏ်ရာရကာ (၂) ဦးသေဆုံးမှု ရှိခဲ့သည်။

လားရှိုးမြို့သည် စစ်ကောင်စီတပ်ဖွဲ့ရှိသော်လည်း လက်နက်ကိုင် တပ်ဖွဲ့များ မြို့ပေါ်အထိ ဆက်ကြေး ကောက်ယူမှုများ၊ ဗုံးခွဲတိုက်ခိုက်မှုများ နှင့် စစ်ကောင်စီ လက်အောက်ခံ စခန်းများ ပစ်ခတ် တိုက်ခိုက် ခံရမှု မကြာခဏ ဖြစ်ပွားလေ့ရှိသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

စစ်တပ်ထိန်းချုပ် လားရှိုးမြို့ပေါ် ခိုးဆိုးလုယက်မှုနှင့် ပြန်ပေးဆွဲမှုများလာ၊ ဖမ်းဆီးအရေးယူမှုမရှိ

0
သျှမ်းပြည် လားရှိုးမြို့တွင် ခိုးဆိုးလုယက်မှုနှင့် ပြန်ပေးဆွဲ ငွေညှစ်တောင်းခံမှုများ ခပ်စိပ်စိပ် ဖြစ်ပွားလာပြီး ဖမ်းဆီးအရေးယူမှုလည်း မရှိသလောက် နည်းပါးကြောင်း စုံစမ်းသိရသည်။ လားရှိုးမြို့ကို စစ်တပ်ပြန်လည်ထိန်းချုပ်ထားသည့် တစ်နှစ်ကျော်အတွင်း ခိုးဆိုးလုယက်မှုနှင့် ပြန်ပေးဆွဲ ငွေညှစ်တောင်းခံမှုများ ခပ်စိပ်စိပ် ဖြစ်ပွားလာပြီး မေလ ပထမပတ်အတွင်း အမျိုးသမီးတစ်ဦး ဆိုင်ကယ်လုယက်ခံရပြီး ခရိုင်ရဲစခန်းအနီးရှိ နေအိမ်တစ်အိမ်တွင်လည်း...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...

ကျိုင်းတုံ တောင်ပေါ်ဒေသ လမ်းပန်းခက်ခဲမှုကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေးခက်ခဲနေ

0
ကျိုင်းတုံမြို့နယ်ရှိ တောင်ပေါ်ဒေသများတွင် ခေတ်အဆက်ဆက် အစိုးရ မှ လမ်းပန်းဆက်သွယ်ရေးကို ကူညီထောက်ပံ့မှု မရှိခဲ့ခြင်းကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေး ဝန်ဆောင်မှု မရရှိကာ သေဆုံးမှုများ ဖြစ်ပွားသည့်အထိ ရှိနေကြောင်း သတင်းရရှိသည်။ ကျိုင်းတုံမြို့နယ်အတွင်း တောင်ပေါ်ကျေးရွာပေါင်း ၃၀ ထက်မနည်ရှိကာ လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကို နေ့စဉ်ရန်ဆိုင်နေရသည်။ အဆိုပါ ဒေသများသည် ကျိုင်းတုံမြို့နှင့်...