သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့နယ်အတွင်း ဟိုနောင်ရပ်ကွက်သူ ကလေး ၃ ယောက်မိခင် နန်းမိုဟွမ်အား TNLA တအာင်းတပ်ဖွဲ့မှ ဖမ်းဆီးသွားသည်မှာ ရက်ပေါင်း ၅၀ ကျော်ကြာခဲ့ပြီဖြစ်သော် လည်း ပြန်မလွှတ်ပေးသေးသဖြင့် မိသားစုဝင်များက အထူးစိုးရိမ်ပူပန်နေကြကြောင်းသိရသည်။ “သူ့ကိုဖမ်းသွားတာ ၂ လပြည့်တော့မယ်။သတင်းမကြားဘာမကြားနဲ့ သူ့ကျန်းမာရေးအတွက်စိတ်ပူရပါတယ်။ သူ့ကလေး ၃ ယောက် ၊...
UWSA မှဖမ်းဆီးရမိသော မူးယစ်ကယ်ရီ သားအမိအား မိုင်းတုံရဲတပ်ဖွဲ့သို့ လွဲအပ်ပေး
သျှမ်းပြည်အရှေ့ပိုင်း မိုင်းတုံမြို့နယ်အတွင်း UWSA မှဖမ်းဆီးရမိသော မူးယစ်ဆေးဝါးကယ်ရီ သားအမိအား မိုင်းတုံမြို့နယ် ရဲတပ်ဖွဲ့သို့လွဲပြောင်းပေးကြောင်းသိရသည်။ အောက်တိုဘာလ ၆ ရက်နေ့က မိုင်းတုံမြို့နယ်ပုံပါကျင်မြို့နယ်ခွဲ ထိုင်းနယ်စပ် ဟွေ့အော့ရွာအနီးတွင် မူးယစ်ဆေးများသယ်ဆောင်လာသည့် လီဆူးသားအမိ အား နယ်စပ်တလျှောက်တွင်လှုပ်ရှားနေသော ဝ တပ်ဖွဲ့ အမှတ် ၁၇၁ က ဖမ်းမိခြင်းဖြစ်ကြောင်းသိရသည်။ ပုံပါကျင်ဒေသခံ စိုင်းမောင် က-...
သျှမ်း-ထိုင်းနယ်စပ်နေ သျှမ်းတော်လှန်ရေးသမားဟောင်း တဦး ကွယ်လွန်
သျှမ်းပြည်တပ်မတော် နွံစစ်ဟန်စတင်ကတည်းက ပါဝင်လာခဲ့သော သက်တမ်းရင့် တော်လှန်ရေး သမားဟောင်း စဝ်လျန်းမိဏ်းသည် သက်ကြီးရောဂါဖြင့် ကွယ်လွန်သွားခဲ့သည်။ နမ္မတူမြို့နယ် (သိန္နီစော်ဘွားလက်အောက်ခံ) မိုင်းရင် မြို့စား၏ သားဖြစ်သူ စဝ်လျန်းမိဏ်း အသက် ၇၆ နှစ်သည် အောက်တိုဘာလ ၈ ရက် နေ့ က သက်ကြီးရောဂါဖြင့် ကွယ်လွန်သွားခဲ့ပြီး...
ကျောက်မဲမြို့ ကျောင်းထိုင်ဆရာတော်တပါး ပစ်သတ်ခံရ
သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့ ရွှေကျင်ကျောင်းတိုက် ကျောင်းထိုင်ဆရာတော်အား အမည်မသိ သေနတ်သမား ၂ ဦးက ၀င်ရောက်ပစ်ခတ်မှုကြောင့် ပျံလွန်တော်မူသွားကြောင်းသိရသည်။ အောက်တိုဘာလ ၅ ရက် ယနေ့ညနေ ၆ နာရီခွဲအချိန် စာသင်သားကိုရင်ငယ်လေးများ ဘုရာဝတ်ပြုရှိခိုးရန်ပြင်ဆင်နေချိန် ဆိုင်ကယ်စီး သေနတ်သမား ၂ ဦးက ကျောင်းသို့ ၀င်ရောက်လာပြီး ဘုရားခန်းဝင်မည့်...
NCA လက်မှတ်ရေးထိုးခြင်း ၃ နှစ်ပြည့် ထိပ်သီးခေါင်းဆောင်များ တွေ့ဆုံမည်ဟုသိရ
လာမည့်အောက်တိုဘာလ ၁၅ ရက်နေ့တွင်ကျရောက်မည့် တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်လက်မှတ်ရေးထိုးခြင်း ၃ နှစ်ပြည့်အခမ်းအနား ထိပ်သီးခေါင်းဆောင်များ တွေ့ဆုံဆွေးနွေးမည်ဖြစ်ကြောင်းသိရသည်။ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တလျှောက်တွင်ပါ၀င်လာခဲ့သည့် ပြည်ထောင်စုအင်စတီကျုမှ ဒါရိုက်တာ ဦးခွန်စိုင်းက - အောက်တိုဘာ ၁ ရက်နဲ့ ၂ ရက်နေ့တုန်းက အစိုးရနဲ့ တိုင်းရင်းသား ဘက်က ကိုယ်စားလှယ် တဖက် ရ...
မိုးသည်းရေကြီးမှုကြောင့် နမ္မတူမြို့နယ်အတွင်းနေအိမ်များရေလွှမ်း တံတားတစင်းကျိုးကျပျက်စီး
မိုးဆက်တိုက်သည်းထန်စွာရွာသွန်းမှုကြောင့် နမ္မတူမြို့နယ် မိုင်းတတ်ရွာတွင်တောင်ကျချောင်းရေလျှံကာ နေအိမ်များရေလွှမ်းပြီး တံတားတစင်းကျိုးကျပျက်စီးကြောင်းသိရသည်။ မိုးဆက်တိုက်ရွာသွန်းမှုကြောင့် အောက်တိုဘာလ ၄ ရက်နေ့က တောင်ကျချောင်းရေလျှံကာ နမ္မတူမြို့နယ် မိုင်းတတ်ရွာ တံတားတစင်းကျိုးကျပျက်စီးရေနှင့်မျောပါသဖြင့် ဒေခံလူထု သွားလာမှုခက်ခဲရကြောင်း၊ ဖောင်စီးဖြတ်သန်းရကြောင်း မိုင်းတတ်ဒေသခံနန်းဟွမ်ကပြောသည်။ မိုင်းတတ်အဝင် နမ့်တတ်ချောင်းကူး သံ၊ပျဉ် တံတားကြီးကျိုးပျက်သွားတော့ လူထုသွားရလာရခက်ခဲတာပေါ့။ ဖောင်စီးပြီးဖြတ်သန်းသွားလာနေရတယ်။ နေ့ခင်းကတည်းက ရေကြီးတာ ညပိုင်းအထိရေမကျသေးဘူး။...
ထိုင်း-မြန်မာနယ်စပ် သျှမ်းပြည်တပ်မတော် RCSS/SSA မှလုံခြုံရေးယူပေးသည့် လွယ်လမ် စစ်ဘေးရှောင်စခန်း နှင့်နီးကပ်စွာအစိုးရတပ်မှ မောင်းသူမဲ့ ဒရုန်းယာဉ် ပျံသန်းသဖြင့် စခန်းတွင်းနေထိုင်သူများ စိုးရိမ်ထိတ် လှန့် မှုများဖြစ်ခဲ့ကြောင်းသိရသည်။ ၄င်းနှင့်ပတ်သက်ပြီး နေရပ်မပြန်နိုင်သေးသည့် စစ်ဘေးရှောင်များ နေရပ်မှစွန့်ခွါရသူများအဖို့ ခြိမ်းခြောက် မှုတခု ဖြစ် နေကြောင်း သျှမ်းလူ့အခွင့်အရေးမဏ္ဍိုင်က ကြေငြာချက်တစောင်ထုတ်ပြန်ခဲ့သည်။ “ပြီးခဲ့သည့်စက်တင်ဘာလအတွင်း မိုင်းတော့အခြေစိုက်...
တာချီလိတ်စျေးသည်တဦး သေနတ်ထောက်ဖမ်းဆီးခံရ
သျှမ်းပြည်နယ် အရှေ့ပိုင်း တာချီလိတ် ခရိုင် မိုင်းဖုန်းကျေးရွာ အုပ်ရွာ ဝှေလေလန် ကျေးရွာတွင် အောက်တိုဘာ ၃ ရက်နေ့ မနက် ၈နာရီခွဲတွင် အမျိုးသမီး တဦးကို အမည်မသိ အမျိုးသား ၅ ဦးမှ အတင်းအဓမ္မ ဖမ်းဆီး ခေါ်ဆောင် သွားကြောင်း သတင်းရရှိသည်။ ဖြစ်စဉ်မှာ...
ထိုင်းနိုင်ငံ၏ဒီမိုကရက်ပါတီခေါင်းဆောင် မစ္စတာအဘီစစ် ဝေ့ချာချီဝ တာဝန်မှအနားယူ
ထိုင်းနိုင်ငံ ဒီမိုကရက်ပါတီ၏ ၇ ဦးမြောက်ပါတီခေါင်းဆောင်ဖြစ်သူ ထိုင်းနိုင်ငံ ၀န်ကြီးချုပ်ဟောင်း အဘီစစ်ဝေ့ချာချီဝ သည်ပါတီခေါင်းဆောင်အဖြစ်မှ အနားယူကြောင်း ပြောရေးဆိုခွင့်ရှိသူ မစ္စတာ ရာမေတ့် ရတန ဆဝိုင် က အောက်တိုဘာလ ၃ ရက်နေ့မနက်ပိုင်းက ကြေငြာလိုက်သည်။ လက်ရှိတွင် ပါတီ၏ ဒုတိယခေါင်းဆောင် မစ္စတာ ဆုရင်း လတ်ဆနာ...
သျှမ်းပြည်မြောက်ပိုင်း တရုတ်-မြန်မာနယ်စပ် မူစယ်မြို့နယ် ရွှေလီမြစ်တဖက်ကမ်း တရုတ် ဘက်ခြမ်းတွင် နယ်စပ်လမ်းအား မြေတူးကာ ဖြတ်တောက်လိုက်သဖြင့် နယ်စပ်နေ ၂ နိုင်ငံဒေသခံများ သွားလာမှု အခက်အခဲဖြစ်နေကြောင်း သိရသည်။ အောက်တိုဘာလ ၂ ရက်နေ့တွင် မူစယ်မြို့နယ် မန်ဟီးရိုး(မန့်ဟျိုး)မြို့နှင့်ကပ်လျက် နယ်ခြားမျဉ်းတဖက်ကမ်း တရုတ်နိုင်ငံ အိမ်ဇိမ်ရွာဘက်ခြမ်းတွင် တစ်နေရာ၊ မူစယ်မြို့နယ်...





