ထိုင်းရောက် ရွှေ့ပြောင်းအလုပ်သမားများ နေရပ်ပြန်စရာမလိုဘဲ အလုပ်သမားကဒ် သက်တမ်း ၂ နှစ် ဆက်တိုးပေးမည်

0

ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်းအလုပ်သမားများ နေရပ်ပြန်စရာမလိုဘဲ အလုပ်သမားကဒ် သက်တမ်း ၂ နှစ်တိုး ပေးမည် ဟု ထိုင်းအလုပ်သမား ဝန်ကြီး ဌာန က ကြေညာလိုက်သည်။

Photo Credit to Munistry of Labour- ထိုင်းရောက် ရွှေ့ပြောင်းအလုပ်သမားများ နေရပ်ပြန်စရာမလိုဘဲ အလုပ်သမားကဒ် သက်တမ်း ၂ နှစ် ဆက်တိုးပေးမည့်အကြောင်း ထိုင်းအလုပ်သမားဝန်ကြီးဌာနက တရားဝင်ပြောကြာနေစဉ်

ဇူလိုင် ၈ ရက်နေ့က ထိုင်းအစိုးရက ထိုသို့ထပ်မံကြေငြာလိုက်ခြင်းဖြစ်ပါသည်။

ယခင်က နှစ်နိုင်ငံ သဘာတူညီချက် MOU ဖြင့်သာ အလုပ်ခွင့်ပြုမည် ဟု ထိုင်း အလုပ်သမားဝန်ကြီးဌာန က ကြေညာခဲ့ပြီး မြန်မာရွှေ့ပြောင်းအလုပ်သမားများအနေဖြင့် မြန်မာပြည်ပြန် ကာ MOU စာချုပ်ချုပ်ရမည် ထိုင်း အစိုးရ က ဥပဒေ ထုတ်ခဲ့သည်။

သို့သော် လက်ရှိမှာ ရွှေ့ပြောင်းအလုပ်သမားများ နေရပ်ပြန်စရာမလို့ဘဲ ထိုင်းနိုင်ငံတွင် One stop Service ဖြင့် ဆောင်ရွက်ပေးသွားမည် ဟု လည်း အလုပ်သမား အရေး ဆောင်ရွက်နေသည့် HRDF မှ စိုင်းပိန်း က သျှမ်းသံတော်ဆင့် ကို ပြောသည်။

“ ရွှေ့ပြောင်းအလုပ်သမား ကဒ် ကို ထိုင်းနိုင်ငံမှာပဲ သက်တမ်း တိုးပေးမယ်။ One stop service နဲ့ ပြုလုပ်ပေးမယ်လို့ ကြားရပါတယ်” ဟု စိုင်းပိန်း ကဆိုသည်။

ရွှေ့ပြောင်းအလုပ်သမား ကဒ် သက်တမ်း ကုန်ဆုံးမည့် ၃၀ စက်တင်ဘာ ၂၀၁၉ ၊ ၁ နိုဝင်ဘာလ ၂၀၁၉ နှင့် ၃၁ ရက် မတ် ၂၀၂၀ အတွက် ရွှေပြောင်းအလုပ်သမားကဒ် များကို ထိုင်း နိုင်ငံတွင် သက်တမ်း ၂ နှစ် ထပ်မံတိုးပေး သွားမည် ဟု ထိုင်း အလုပ်သမား ဝန်ကြီးဌာန က ကြေညာထားသည်။

ရွှေ့ပြောင်းအလုပ်သမား ကဒ် ပြုလုပ်ခြင်း နှင့် ပတ်သတ်ပြီး ရှင်းလင်းစွာ မသိရှိသေးကြောင်း၊ ကဒ်ပြုလုပ်သည့် အခါ ငွေကြေး ကုန်ကျမှုမှာလည်း သေချာမှု မသိရသေးကြောင်း စိုင်းပိန်း ပြောသည်။

“ ဘယ်လောက်ကုန်မယ်။ ဘယ်လို လုပ်ရမလဲ ဆိုတာကတော့ စောင့်ရမယ်။ အစိုးရ အနေက ပြောတာတော့ အွန်လိုင်းပေါ်ကနေ တိုကင် ယူတဲ့ စနစ် လုပ်မယ်လို့ပြောတယ်။ ဒါပေမယ့် ကျနော်တို့ အလုပ်သမားတွေ က ဒါကို နားမလည်ကြဘူး။ ဒါကြောင့် စောင့်ကြည့်ရမယ်” ဟုလည်း စိုင်းပိန်း က ထပ်လောင်းပြောသည်။

ရွှေ့ပြောင်းအလုပ်သမားများအနေဖြင့် အလုပ်သမားကဒ် ပြုလုပ်မည့် ကိစ္စ နှင့် ပတ်သတ်ပြီး သတင်း အချက်အလက် သေချာ နားထောင် ထားရန် အလုပ်သမားအရေး ဆောင်ရွက်သူများက ပြောသည်။

ထိုင်းနိုင်ငံ ရောက် မြန်မာရွှေ့ပြောင်းအလုပ်သမားအရေအတွက် ၃ သန်း ခန့်ရှိကြောင်း အလုပ်သမားအရေးဆောင်ရွက်နေသူများ၏စာရင်းအရသိရသည်။

ဢုပ်ႇဢူဝ်း ၽူႈတွႆႇႁွၵ်ႈ

SHARE