ထိုင်းရောက်မြန်မာများ အလည်ဗီဇာ သက်တမ်းတိုးခက်အောင် စစ်ကောင်စီတင်းကြပ်နေ

ထိုင်းနိုင်ငံ ချင်းမိုင်မြို့အခြေစိုက် စစ်ကောင်စီလက်အောက်ခံ အလည်ဗီဇာဖြင့် ထိုင်းနိုင်ငံသို့ လာရောက်သည့် မြန်မာနိုင်ငံသားများ ဗီဇာသက်တမ်းတိုးလိုလျှင် မြန်မာပြည် ရဲစခန်းထောက်ခံစာ ပါရမည်ဟု ကြေညာလိုက်သည်။

၁၄ ရက် ဗီဇာကင်းလွတ်ခွင့်နှင့် ခရီးသွားဗီဇာဖြင့် ထိုင်းနိုင်ငံ လာရောက်သူများ ဗီဇာသက်တမ်းတိုးရန် ထောက်ခံစာ ရယူလိုလျှင် မြန်မာနိုင်ငံတွင် နေထိုင်သော ရဲစခန်း/ ရပ်ကွက်မှ ထောက်ခံစာ (မိတ္တူ)နှင့် ထိုင်းနိုင်ငံတွင် လက်ရှိနေထိုင်လျက်ရှိသော လိပ်စာဖော်ပြထားသည့် TM 30 မူရင်းတို့ကို တင်ပြရမည်ဖြစ်ကြောင်း ချင်းမိုင်မြို့ မြန်မာကောင်စစ်ဝန်ချုပ်ရုံးမှ မတ်လ ၁၇ ရက်စွဲဖြင့် ထုတ်ပြန်ခဲ့သည်။

“စစ်ကောင်စီက တစ်နိုင်ငံလုံးကိုလည်း ထိန်းချုပ်နိုင်တော့တာ မဟုတ်ဘူး၊ တချို့ဒေသတွေဆိုရင် တိုင်းရင်းသားတပ်တွေက သိမ်းပိုက်သွားပြီ။ အဲ့ဒီက ထွက်လာတဲ့လူကျတော့ ဘယ်က ရဲစခန်း ထောက်ခံစာကို သွားယူရမှာလဲ။ CDM ဆိုရင်လည်း ကိုယ့်ရပ်ကွက်ထဲက ရဲစခန်းမှာ ထောက်ခံစာ သွားယူရဲမှာ မဟုတ်ဘူး၊ မဟုတ်ခါမှ Black list စာရင်းတွေ ထွက်လာရင် ပိုဒုက္ခရောက်တာမျိုးတွေ ဖြစ်လာမယ်”ဟု ထိုင်းရောက် မြန်မာရွှေ့ပြောင်းအလုပ်အမားအရေး ကူညီပေးနေသည့် အမျိုးသမီးတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ချင်းမိုင်မြို့တွင် ထောက်ခံစာနှင့် စာရွက်စာတမ်း မှန်ကန်ကြောင်း သက်သေခံလက်မှတ်ယူခြင်း (နိုတြီပြုလုပ်ခြင်း) ကို မတ်လ ၁၉ ရက်မှ စတင်၍ စိစစ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကြေညာခဲ့ရာ အလည်ဗီဇာဖြင့် ထိုင်းနိုင်ငံ လာရောက်သူများအား ဗီဇာသက်တမ်းတိုးရန် ထောက်ခံစာမှအပ ကျန်ထောက်ခံစာများကို ဆောင်ရွက်ပေးမည်မဟုတ်ကြောင်း ဆိုသည်။

ယင်းကဲ့သို့ သာမန်ထောက်ခံစာများ ထုတ်ပေးနိုင်ရန် အချိန် ၃ ရက်ခန့် ကြာမြင့်နိုင်ပြီး နိုတြီလက်မှတ် လာရောက်လျှောက်ထားမှုအား စိစစ်ရန် ၇ ရက်မှ ၁၄ ရက်အတွင်း ကြာမြင့်နိုင်သည်ဟု အသိပေးထားသည်။

“ထောက်ခံစာ မရခဲ့ရင် သူတို့ ဘယ်လိုနည်းနဲ့ လည်ပင်းညှစ်ဦးမလဲ ဆိုတာလည်း မပြောတတ်သေးဘူး။ ထောက်ခံစာ မရတဲ့လူဆိုရင် မြန်မာပြည်ပဲ ပြန်ခိုင်းမလားပေါ့၊ ထိုင်းဘက် ရောက်နေတဲ့လူလည်း စိုးရိမ်ရတယ်။ ဒီဟာက ကြီးမားတဲ့ အခက်အခဲ တစ်ခုဖြစ်လာမှာ”ဟု ၎င်းအမျိုးသမီးက ထပ်လောင်းပြောသည်။

စစ်ကောင်စီက အလည်ဗီဇာဖြင့် ထိုင်းရောက်လာသည့် မြန်မာနိုင်ငံသားများကို ဗီဇာသက်တမ်းတိုးချိန် ရဲစခန်းထောက်ခံစာ ထပ်မံတောင်းခံခြင်းသည် မြန်မာပြည်မှ ရဲတပ်ဖွဲ့ကို ဝင်ငွေရရန် နည်းလမ်းဖော်ဆောင်ပေးနေခြင်း ဖြစ်ကြောင်း ရွှေ့ပြောင်းအလုပ်သမားအရေး ကူညီနေသူများက ပြောဆိုသည်။

မြန်မာပတ်ပိုစ့်

“အရင်ကတော့ ဒီလိုမျိုး မရှိဘူး၊ အခု သတင်းထွက်ထားတဲ့ အတိုင်းဆိုရင် မြန်မာပြည်က ရဲတွေကို ဝင်ငွေရဖို့ နည်းလမ်းပေးလိုက်တယ်လို့ မြင်တယ်။ အများစုက အလည်ဗီဇာနဲ့ ထိုင်းကို ဝင်လာပြီး ရေရှည်နေဖို့အတွက် ဝေါ့ခ်ပါမစ်လို ဘတ်ရိုက်တာမျိုး လုပ်တယ်၊ ပြီးမှ ပက်စ်ပို့စာအုပ်ထဲ ဗီဇာပြန်ထည့်တာပေါ့။ အခုမှ ကြေညာထားတာဆိုတော့ ဘယ်လိုလာဦးမလဲ စောင့်ကြည့်ရဦးမယ်”ဟု ရွှေ့ပြောင်းအလုပ်သမားများ အထောက်အထားရရှိရေး ကူညီဆောင်ရွက်နေသူတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ယမန်နှစ် ၂၀၂၄ ဖေဖော်ဝါရီလတွင် စစ်ကောင်စီမှ နိုင်ငံသားတိုင်း စစ်မှုထမ်းရမည့် ပြည်သူ့စစ်မှုထမ်းဥပဒေကို ပြဋ္ဌာန်းလိုက်ပြီးနောက် အရွယ်ရောက်ပြီး လူငယ်အများစုမှာ အိမ်နီးချင်း ထိုင်းနိုင်ငံသို့ နည်းမျိုးစုံဖြင့် ဝင်ရောက်နိုင်ရန် ကြိုးပမ်းလာကြသည်။

၎င်းတို့အထဲမှ အလည်ဗီဇာဖြင့် ထိုင်းနိုင်ငံသို့ လာရောက်သူများသည် မြန်မာပြည်သို့ မပြန်တော့ဘဲ ထိုင်းအစိုးရမှ ပြုလုပ်ပေးသည့် အလုပ်လုပ်ကိုင်ခွင့်လက်မှတ် Work Permit မရခင်စပ်ကြား တရားဝင် နေထိုင်ခွင့် ဆက်လက်ထိန်းသိမ်းရန် ဗီဇာသက်တမ်းတိုး လုပ်ဆောင်စဉ် စစ်ကောင်စီလက်အောက်ခံ သံရုံး သို့မဟုတ် ကောင်စစ်ဝန်ချုပ်ရုံးမှ ထောက်ခံစာ တောင်းခံရခြင်း ဖြစ်ကြောင်း သိရသည်။

ပြီးခဲ့သည့် မတ်လဆန်းပိုင်းကလည်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လက်အောက်ခံ ဆေးတက္ကသိုလ် (မန္တလေး)မှ ဘွဲ့လက်မှတ် နိုတြီ (Notary – စာရွက်စာတမ်း မှန်ကန်ကြောင်း သက်သေခံချက်) ပြုလုပ်ပေးသူများ ဖမ်းဆီးရမိကြောင်း စစ်ကောင်စီက သတင်းထုတ်ပြန်သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...

ကျိုင်းတုံ တောင်ပေါ်ဒေသ လမ်းပန်းခက်ခဲမှုကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေးခက်ခဲနေ

0
ကျိုင်းတုံမြို့နယ်ရှိ တောင်ပေါ်ဒေသများတွင် ခေတ်အဆက်ဆက် အစိုးရ မှ လမ်းပန်းဆက်သွယ်ရေးကို ကူညီထောက်ပံ့မှု မရှိခဲ့ခြင်းကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေး ဝန်ဆောင်မှု မရရှိကာ သေဆုံးမှုများ ဖြစ်ပွားသည့်အထိ ရှိနေကြောင်း သတင်းရရှိသည်။ ကျိုင်းတုံမြို့နယ်အတွင်း တောင်ပေါ်ကျေးရွာပေါင်း ၃၀ ထက်မနည်ရှိကာ လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကို နေ့စဉ်ရန်ဆိုင်နေရသည်။ အဆိုပါ ဒေသများသည် ကျိုင်းတုံမြို့နှင့်...

“စစ်ရေး ၊ နိုင်ငံရေးက သူတို့စစ်အုပ်စုချမှတ်ထားတဲ့ လမ်းစဉ်အတိုင်း ဆက်သွားမယ်”

0
အာဏာသိမ်း စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၅ နှစ်အကြာမှာ ၎င်းပုံဖော်ထားတဲ့အတိုင်း နိုင်ငံတော် သမ္မတရာထူးယူလိုက်ပါတယ်။ ဒါ့ကြောင့် စစ်ဝတ်စုံကနေ အရပ်သားဝတ်စုံပြောင်း စစ်ခေါင်းဆောင် သမ္မတ ဉီးမင်းအောင်လှိုင် တက်လာပြီး သျှမ်းပြည် နိုင်ငံရေး အပြောင်းအလဲတွေ ဘယ်လိုဖြစ်လာခဲ့ပါသလဲ။ အစိုးရသစ် စစ်ခေါင်းဆော်င သမ္မတ ဉီးမင်းအောင်လှိုင်တက်လာချိန်မှာလည်း စစ်အာဏရှင်ကို...