ချင်းမိုင်မြို့ ရဲများ နေအိမ်ထဲထိ ဝင်ရောက်စစ်ဆေး၊ ရဲကင်းများလည်း အရင်ကထက်ပိုများလာ

ထိုင်းနိုင်ငံ ချင်းမိုင်မြို့ အတွင်း ထိုင်းရဲတပ်ဖွဲ့များက ယခုရက်ပိုင်း နေအိမ်ထဲထိ ဝင်ရောက်စစ်ဆေးမှုရှိသကဲ့သို့ ရဲကင်းစောင့်များတွင်လည်း စစ်ဆေးမှု ပိုတင်းကြပ်လာကြောင်း စုံစမ်းသိရသည်။

ချင်းမိုင်မြို့အတွင်း ယခုရက်တစ်ပတ် ညအချိန်များတွင် ထိုင်းရဲ့တပ်ဖွဲ့များက ယခင်ထပ်ပို၍ စစ်ဆေးတင်း ကြပ်မှုများ ပြုလုပ်လာပြီး ရွှေ့ပြောင်းအလုပ်သမားများ သတိထားသွားလာရန် လိုအပ်ကြောင်း ရွှေ့ပြောင်း အလုပ်သမားကတ်ရရှိရေး ကူညီပေးနေသည့် အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“သူတို့ကတော့ ဒီရက်ပိုင်းမှာ စစ်ဆေးကြမ်းတယ်လို့ ပြောလို့ရတယ်။အိမ်တွေ တိုက်ခန်းတွေဝင်စစ်တာမျိုးတွေ ကလည်းရှိတယ်။ညစစ်ဆေးမှုတွေက ၁၀ နာရီ ကနေ စ စစ်တာာမျိုးတော့နည်းပေမဲ့ သတင်းရထားတာမျိုးရှိရင် လည်း စောစောစစ်တာမျိုးတွေလုပ်တယ်။သူတို့ ဒီလိုစစ်ဆေးမှုတွေကလည်း နေရာတိုးလာတာမျိုးတွေ ရှိတယ်” ဟု အလုပ်သမားကတ်ရရှိရေး ကူညီပေးနေသည့် အမျိုးသားတစ်ဦးက ပြောသည်။

ထိုအပြင်ယခင်တွင် ယာဉ်မောင်းလိုင်စင်၊ဆိုင်းကယ်ဦးထုပ် နှင့် မူးယစ်ဆေး စစ်ဆေးမှုများသာ အဓိကထား စစ်ဆေးသော်လည်း ယခုတွင် အထောက်အထား နှင့် အလုပ်လုပ်ခွင့် (Work Permit) တို့ကို အသေးစိတ်ထား စစ်ဆေးမှုများလည်းရှိလာကြောင်း ရွှေ့ပြောင်း အလုပ်သမားကတ်ရရှိရေး ကူညီပေးနေသည့် အမျိုးသား တစ်ဦးက ဆက်ဆိုသည်။

“အရင်က ညဆိုရင် အရက်သောက်သုံးတာ နဲ့ ယာဉ်မောင်းလိုင်စင်ကိုပဲစစ်တယ်။အခုတော့ အထက်အမိန့် ဆိုပြီးတော့ သူတို့က (Passport) ဒီနိုင်ငံကူး လက်မှတ်ထဲက visa က ဘာအလုပ်လုပ်လဲ။ အလုပ်တကယ်လုပ် မလုပ် ဆိုတာမျိုးတွေ အစ စစ်တာပေါ့။ ပြီးတော့ ကျောင်းသားလား၊အလည်းလာတာလား အကုန်စစ်တာတယ်။ အရင်နှစ်တွေမှာက ဒီလောက်အခြေအနေမဆိုးဘူး။”ဟု အလုပ်သမားကတ်ရရှိရေး ကူညီပေးနေသည့် အမျိုးသားတစ်ဦးက ပြောသည်။

ချင်းမိုင်မြို့တွင်း စစ်ဆေးမှု

ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်းအလုပ်သမားများကိုင်ဆောင်ထားသည့် အလုပ်လုပ်ကိုင်ခွင့် သက်တမ်းသည် ဖေဖော်ဝါရီ ၁၃ရက်တွင် ကုန်ဆုံးခဲ့သော်လည်း ထိုင်းအစိုးရအနေဖြင့် သြဂုတ်လအထိ ဆက်လက်နေထိုင်ခွင့် ပြုထားသည်။

ထို့ကြောင့် မြန်မာရွှေ့ပြောင်းအလုပ်သမားကတ်ကိုင်ဆောင်ထားသောသူများသည် နယ်မြေကျော်လွန်ပြီး ခရီးမသွားသင့်ကြောင်း၊ ခရီးသွားမည်ဆိုလျှင် သက်ဆိုင်ရာ နယ်မြေ အာဏာပိုင်များ၏ ခရီးသွားထောက်ခံချက်များယူရန်၊ အိမ်ပြင်သို့ထွက်လျှင်လည်း အထောက်အထားများကို တပါးတည်း ယူဆောင်သွားရန် နှင့် ဆိုင်ကယ်မောင်းလျှင်လည်း ဦးထုပ်ဆောင်ရန် ယာဉ်မောင်းလိုင်စင်လုပ်ရန် လိုအပ်သည်။

ထိုင်နိုင်ငံတဝန်းရှိ ရဲတပ်ဖွဲ့ဝင်များအနေဖြင့် သက်ဆိုင်ရာ တရားစီရင်ပိုင်ခွင့်အတွင်းမှနေ၍ နိုင်ငံခြားသားများ၏ အပြုအမူများကို စောင့်ကြည့် ကြပ်မတ်ရန် ထိုင်းရဲချုပ် Kitrat Panphet က ဖေဖော်ဝါရီ ၁၇ ရက်တွင် အရေးပေါ် အမိန့် ထုတ်ပြန်ခဲ့သည်။

ထိုအမိန့်ထုတ်ပြန်ပြီးနောက် ထိုင်းနိုင်ငံတဝှမ်းနည်းတူ ချင်းမိုင်ရဲတပ်ဖွဲ့သည်လည်း လုံခြုံရေးအရ ရပ်ကွက်ထဲသို့ ဝင်ရောက် ကင်းလှည့်ခြင်း၊ နေအိမ်အတွင်းသို့ ဝင်ရောက်စစ်ဆေးမှုပြုလုပ်ခြင်း၊ ဈေး နှင့် ဆိုင်ခန်းများတွင် ဈေးရောင်းနေသည့် အလုပ်သမားဝင်ထမ်းများ၊ ဆိုင်ရှင်များ ကိုလည်း စစ်ဆေးမှုများပြုလုပ်နေပြီး ကိုယ်တိုင်မြင်တွေ့သည့် မြန်မာရွှေ့ပြောင်းအလုပ်သမား တစ်ဉီးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

” ဒီရက်ပိုင်း ထိုင်းရဲတွေ အိမ်ထဲဝင်စစ်တာ၊သူတို့မသင်္ကာတဲ့အိမ်ကို ဝင်စစ်တာ၊နောက်လမ်းတွေမှာ ရဲတွေ အရင်က ထပ်စောင့်ပြီး မသင်္ကာရင်စစ်တာတွေရှိလာတယ်။ သတိထားသွားလာဖို့ နေထိုင်ဖို့လိုတယ်” ဟု မြန်မာရွှေ့ပြောင်းအလုပ်သမားက ဆိုသည်။

ယခုကဲ့သို့ ထိုင်းရဲတပ်ဖွဲ့များ စစ်ဆေးတင်းကြပ်မှုများပြုလုပ်နေစဉ် မိမိကိုင်‌ဆောင်ထားသည့် နိုင်ငံကူပြောင်း လက်မှတ်(Passport)၊ ပန်းရောင်ကတ် (Pink Card) နှင့် အလုပ်လုပ်ခွင့် (Work Permit)တို့ကို တပ်ကြပ်မကွာကိုယ်နှင့် ဆောင်ထားရန် လိုအပ်‌ကြောင်း ရွှေ့ပြောင်းအလုပ်သမား အရေးဆောင်ရွက်သူများ ကပြောသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

သက်ကြီးရွယ်အိုများလာသည့် ထိုင်းနိုင်ငံနှင့် ရွှေ့ပြောင်းလုပ်သား လိုအပ်ချက်

0
ထိုင်းနိုင်ငံ၏ အဓိက စက်မှုလုပ်ငန်းများနှင့် စိုက်ပျိုးရေး ကဏ္ဍများတွင် သက်ကြီးရွယ်အိုအုပ်စုများ ပိုမိုများပြားလာပြီး မြန်မာနိုင်ငံအပါအဝင် ပြည်ပရွှေ့ပြောင်း အလုပ်သများလိုအပ်ချက်ပိုမိုမြင့်မား လာနေကြောင်း ဘန်ကောက်ပို့စ်၏ ဆောင်းပါးတစ်ခုတွင် ဖော်ပြထားသည်။ ထိုင်နိုင်ငံအတွင်း စက်မှုကုန်ထုတ်လုပ်ငန်းများ နှေးကွေးလာမှုနှင့်အတူ အလုပ်ထုတ်ပယ်ခံရနိုင်သည့်သူ ၅ သိန်းအထိ ရှိလာနေသည့် အခြေအနေနှင့် ရင်ဆိုင်နေရာသော်လည်း၊ တဖက်တွင် ပြည်ပရွှေ့ပြောင်းလုပ်သား...

အာဏာသိမ်းသမ္မတ ဦးမင်းအောင်လှိုင် ထိုင်းနိုင်ငံသို့ သွားရောက်

0
မြန်မာနိုင်ငံတွင် အာဏာသိမ်းပြီးနောက်ပိုင်း သံတမန်ရေးအရ အပယ်ခံထားရသည့် အာဏာသိမ်းသမ္မတ ဦးမင်းအောင်လှိုင်သည် ယနေ့ (သြဂုတ် ၆ ရက်) နံနက်ပိုင်းတွင် ထိုင်းနိုင်ငံသို့ ထွက်ခွာသွားသည်။ ယခုခရီးစဉ်အတွင်း ထိုင်းဝန်ကြီးချုပ်နှင့် တွေ့ဆုံမည်ဖြစ်ပြီး နိုင်ငံတော်အဆင့် ဂုဏ်ပြုအခမ်းအနားဖြင့် ကြိုဆိုရန် စီစဉ်ထားပြီး နှစ်နိုင်ငံခေါင်းဆောင်များသည် စီးပွားရေးပူးပေါင်းဆောင်ရွက်မှု၊ ချစ်ကြည်ရေးနှင့် ကဏ္ဍပေါင်းစုံ ပူးပေါင်းဆောင်ရွက်ရေးကိစ္စရပ်များကို...

မဲဆောက် တရားမဝင် “၁၀ နှစ်ကတ်” နှိမ်နင်းရေး စီမံချက် စတင်၊ စည်ပင်အရာရှိများနှင့် နိုင်ငံခြားသားများအား ဖမ်းဆီး

0
ထိုင်း-မြန်မာနယ်စပ် တက်ခ်ခရိုင်၊ မဲဆောက်မြို့နယ်အတွင်း တရားမဝင် ကိုယ်ရေးအချက်အလက် မှတ်ပုံတင်မှုများနှင့် စာရွက်စာတမ်း အတုပြုလုပ်သည့် အဂတိလိုက်စားမှုများအား ထိုင်းအာဏာပိုင် ပူးပေါင်းအဖွဲ့များမှ နှိမ်နင်းရေးစီမံချက် စတင်ကြောင်း ထိုင်းသတင်းများတွင်ဖော်ပြသည်။ ယနေ့ (ဩဂုတ် ၄ ရက်) နံနက် ၆ နာရီတွင် "တရားမဝင် ၁၀ နှစ်သက်တမ်းကတ်များ နှိမ်နင်းရေး...

မယ်ဆိုင်သို့ မြန်မာဘက်လူနာတင်ယာဉ်နှင့် အငှားယာဉ်များ ဝင်ရောက်ခွင့် ကန့်သတ်ခံရ

0
မြန်မာ-ထိုင်းနယ်စပ် မယ်ဆိုင်နယ်စပ်ဂိတ်တွင် ထိုင်းအာဏာပိုင်များ၏ ယာဉ်စည်းကမ်းနှင့် လုပ်ငန်းခွင် ဝင်ရောက်မှုဆိုင်ရာ စစ်ဆေးမှုများ တင်းကျပ်လိုက်ခြင်းကြောင့် မြန်မာနိုင်ငံဘက်မှ အရေးပေါ် လူနာတင်ယာဉ်များနှင့် အငှားယာဉ်များ အခက်တွေ့နေရကြောင်း ဒေသခံများက ပြောကြားသည်။ ပြီးခဲ့သည့် ဇူလိုင်လ ၂၀ ရက်တွင် မယ်ဆိုင်ရဲတပ်ဖွဲ့၊ လူဝင်မှုကြီးကြပ်ရေးနှင့် အလုပ်သမားဌာနတို့ ပူးပေါင်းပြီး စစ်ဆေးခဲ့ရာ ခွင့်ပြုချက်မရှိဘဲ...

အာဏာသိမ်းသမ္မတ သြဂုတ်လဆန်း ဘန်ကောက်လာမည်

0
မြန်မာ့ အာဏာသိမ်းသမ္မတ ဦးမင်းအောင်လှိုင်သည် လာမည့် သြဂုတ်လ ၆ ရက်နှင့် ၇ ရက်နေ့များတွင် ထိုင်းနိုင်ငံဘန်ကောက်မြို့သို့ လာရောက်ပြီး ထိုင်းဝန်ကြီးချုပ် အနုတင် သျှာန်ဗီရကူးလ် (Anutin Charnvirakul) နှင့် တွေ့ဆုံဆွေးနွေးရန်ရှိကြောင်း ထိုင်းနိုင်ငံခြားရေးဝန်ကြီးက AFP သတင်းဌာနသို့ ပြောကြားသည်။ ယမန်နေ့ (ဇူလိုင်လ ၂၁...