၄လအတွင်း တရားမဝင် ထိုင်းရောက်မြန်မာရွှေ့ပြောင်း ၂သိန်းနီးပါး နေရပ်ပြန်ပို့ခံရ

ထိုင်းနိုင်ငံတွင် တရားမဝင်နိုင်ငံခြားလုပ်သားများကို ဖမ်းဆီးရေးစီမံကိန်းကြောင့် ၄ လ အတွင်း မြန်မာနိုင်ငံသား ၂ သိန်းနီးပါးဖမ်းဆီးခံခဲ့ရပြီး နေရပ်ပြန်ပို့ခံရကြောင်း သတင်းရရှိသည်။

ထိုဖမ်းဆီးခံရပြီး နေရပ်ပြန်ပို့ခံရသူများကို စစ်မှုမဖြစ်မနေထမ်းဆောင်ရမည်ဆိုသည့် သတင်းများကြောင့် ထိုင်းနိုင်ငံသို့ တရားမဝင်နည်းလမ်းဖြင့်လာသော လူငယ်များ စိုးရိမ်နေကြပြီး ဖမ်းဆီးမခံရမီ မိမိနေရပ်သို့ ပြန်လည် ဝင်ရောက်သူများလည်း ရှိကြောင်း နေရပ်ပြန်သူများထံ သိရသည်။

“ကျနော်ရောက်တာက ၁ လပိုင်းတည်းက ဘာစာရွက်စာတမ်းမှလည်း မပါတော့ အလုပ်က ရှာလို့ မလွယ်၊ အလုပ်ရပြီးတော့လည်း ဖမ်းမယ်ဆီးမယ်သတင်းတွေထွက်လာတော့ သူဌေးကလည်း ဆက်မခန့်ချင်တော့တာနဲ့၊ ပြန်လာလိုက်ရတယ်၊ ဆက်နေဖို့ကလည်း နေဖို့စားဖို့တောင်နပ်မမှန်လို့” ဟု အသက် ၂၂အရွယ် လူငယ်တစ်ဦးက သျှမ်းသံတော်ဆင့်ကိုပြောသည်။

ဖမ်းဆီးခံရသည့် ရွှေ့ပြောင်းအလုပ်သမားများ

ထို့အပြင် လက်ရှိပြည်တွင်း၌လည်း စစ်မှုထမ်းအကြုံးဝင်စာရင်းထဲ ပါဝင်နေသည့်အတွက် ရှောင်တိမ်းနေထိုင်နေရကြောင်း ပြည်တွင်းသို့ ပြန်လည်ဝင်ရောက်လာသည့် လူငယ်တစ်ဦး၏ မိခင်တစ်ဦးက သျှမ်းသံတော်ဆင့်ကိုပြောသည်။

“ဟိုမှာလည်း အဆင်မပြေဘူးလေ ဒီရောက်တော့လည်း ဘယ်ချိန် ဆွဲခံရမလဲ မသိ၊ ယောကျ်ားလေးဆိုတော့ အသွားအလာဆင်ခြင်ခိုင်းရတယ်၊ နေ့ရောညရော စိတ်ဆင်းရဲရတယ် အလုပ်ကလည်းအဆင်မပြေနဲ့” ဟု ၎င်းအမျိုးသမီးကပြောသည်။

စစ်မှုထမ်းဥပဒေကြောင့် မြန်မာနိုင်ငံအတွင်းရှိ လူငယ်အများအပြားသည် အနီးဆုံး ထိုင်းနိုင်ငံသို့ ရသည့်နည်းလမ်းဖြင့် တိမ်းရှောင်လာကြပြီး ငွေကြေးတတ်နိုင်သူများက အဆင်ပြေသော်လည်း တရားမဝင်နည်းလမ်းများဖြင့် နယ်စပ်မှ တဆင့်ဝင်ရောက်လာသူများမှာ အလုပ်အကိုင်မရခြင်း၊ နေထိုင်စားရိတ်ကြီးမားခြင်း၊ ဖမ်းဆီးခြင်းများလည်း ဆက်တိုက်ရှိလာသည့်အတွက် အခက်အခဲများစွာရင်ဆိုင်နေရသည်။

ထိုအထဲတွင် ပွဲစားများဖြင့်‌ရောက်ရှိလာကြသူများမှာလည်း အလုပ်ခွင်များအတွင်းရောင်းစားခံရသည့် ကိစ္စများလည်း ရှိနေကြောင်း ရွှေ့ပြောင်းလုပ်သားများအရေးကူညီပေးနေသူတစ်ဦးကပြောသည်။

“စစ်မှုထမ်းကြောင့် ဖြစ်တဲ့နည်းနဲ့လာတဲ့ကလေးတွေကို ဒီက ပွဲစားတွေက လိမ်ခေါ်ပြီး အလုပ်တွေသွင်းပေးတယ် ပြီးခဲ့တဲ့လကလည်း ၂ ယောက်အဲ့လိုဖြစ်တယ်၊ သူဌေးဆီမှာ တစ်ယောက်ကို ဘတ် ၅ ထောင်တောင်းသွားတယ်၊ သူတို့ဆီက ပွဲခကလည်း ယူသေးတယ်၊ ကလေးတွေက အလုပ်ခွင်ထဲမှာ လစာကမရနဲ့လုပ်နေရတာမျိုးတွေရှိနေတယ်” ဟု ၎င်းကပြောသည်။

ထိုင်းနိုင်ငံတွင်း၌ ဖမ်းမိသည့် တရားမဝင်အလုပ်သမားများကို မြန်မာနိုင်ငံတွင်းသို့ပြန်ပို့သည့်အချိန်တွင်လည်း စစ်ကောင်စီမှ အတင်းအဓ္ဓမ စစ်မှုထမ်းခိုင်းမည်ဆိုသည့် သတင်းကြောင့်လည်း လူငယ်များအကြားတွင်လည်း စိုးရိမ်မှုများ မြင့်တက်နေသည်။

လက်ရှိတွင် ထိုင်းအစိုးရမှ မြန်မာအပါအဝင် နိုင်ငံ ၄ နိုင်ငံမှ စာရွက်စာတမ်းမရှိသေးသည့် အလုပ်သမားများကိုလည်း တရားဝင်အလုပ်လုပ်ခွင့်ပေးမည်ဖြစ်ကြောင်း ကြေညာထားသည်။

စက်တင်ဘာ လ ၂၄ ရက် တွင် ထုတ်ပြန်ခဲ့သည့် ကြေညာချက်အရ အထောက်ထားသစ်အတွက် မှတ်ပုံတင်ခြင်း ကုန်ကျစားရိတ်များနှင့် ပြုလုပ်ပေးမည့် အချိန်သေးစိတ်အတွက် ထိုင်းဘုရင့်နန်းတော်မှ ခွင့်ပြုချက်ရ ပြီးနောက်မှသာ သိရမည်ဖြစ်ကြောင်းသိရသည်။

ွှအလုပ်သင် သတင်းထောက် ယူဂျင်း ရေးသားသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ထိုင်းတွင် တားမြစ်အလုပ် လုပ်ကိုင်သည့် ရွှေ့ပြောင်းလုပ်သားများကို ပြည်နှင်ဒဏ်အထိ တင်းကြပ်စွာ အရေးယူမည်

0
ထိုင်းနိုင်ငံအတွင်း အလုပ်လုပ်ခွင့်လက်မှတ် (Work Permit) မရှိဘဲ ရွှေ့ပြောင်းလုပ်သားများကို ငှားရမ်းခြင်း သို့မဟုတ် ဥပဒေအရ ခွင့်ပြုထားသည့် အလုပ်အကိုင်နယ်ပယ် ပြင်ပတွင် ခိုင်းစေခြင်းများ မပြုလုပ်ကြရန် ထိုင်းအစိုးရက အလုပ်ရှင်များ၊ စီးပွားရေးလုပ်ငန်းများနှင့် အများပြည်သူသို့ သတိပေးကြောင်း ထိုင်းသတင်းဌာနများတွင်ဖော်ပြသည်။ အစိုးရ ဒုတိယပြောရေးဆိုခွင့်ရှိသူ မနက်ဒါရက်စ် (Patdarasm Thongsaluaykorn)...

“အကျပ်အတည်း နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ”

0
“အကျပ်အတည်းကြား နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ” ဆိုသည့် ခေါင်းစဉ်ကို ဉီးတည်ကာ အဓိကထားဆွေးနွေးသွားမည့် (၅)ကြိမ်းမြောက် မြန်မာ့အရေး နိုင်ငံတကာ လေ့လာရေး ညီလာခံ (International Conference on Burma/Myanmar Studies) ကို ယနေ့ (သြဂုတ် ၁၄ရက်မှ...

သက်ကြီးရွယ်အိုများလာသည့် ထိုင်းနိုင်ငံနှင့် ရွှေ့ပြောင်းလုပ်သား လိုအပ်ချက်

0
ထိုင်းနိုင်ငံ၏ အဓိက စက်မှုလုပ်ငန်းများနှင့် စိုက်ပျိုးရေး ကဏ္ဍများတွင် သက်ကြီးရွယ်အိုအုပ်စုများ ပိုမိုများပြားလာပြီး မြန်မာနိုင်ငံအပါအဝင် ပြည်ပရွှေ့ပြောင်း အလုပ်သများလိုအပ်ချက်ပိုမိုမြင့်မား လာနေကြောင်း ဘန်ကောက်ပို့စ်၏ ဆောင်းပါးတစ်ခုတွင် ဖော်ပြထားသည်။ ထိုင်နိုင်ငံအတွင်း စက်မှုကုန်ထုတ်လုပ်ငန်းများ နှေးကွေးလာမှုနှင့်အတူ အလုပ်ထုတ်ပယ်ခံရနိုင်သည့်သူ ၅ သိန်းအထိ ရှိလာနေသည့် အခြေအနေနှင့် ရင်ဆိုင်နေရာသော်လည်း၊ တဖက်တွင် ပြည်ပရွှေ့ပြောင်းလုပ်သား...

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...

ချင်းမိုင်တွင် ခွင့်ပြုချက်မရှိဘဲ အပ်ချုပ်နှင့် ရုံးသန့်ရှင်းရေးလုပ်ကိုင်သည့် မြန်မာ ၃ ဦး ဖမ်းခံရ

0
ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့အတွင်း သတ်မှတ်ထားသည့် အလုပ်အကိုင် အမျိုးအစားကိုက်ညီမှုမရှိပဲ အထည်ချုပ်လုပ်ငန်းနှင့် ရုံးသန့်ရှင်းရေးအလုပ်များ ဝင်ရောက်လုပ်ကိုင်နေသည့် မြန်မာနိုင်ငံသား ၃ ဦးကို ဖမ်းဆီးရမိခဲ့ကြောင်း ချင်းမိုင်လူဝင်မှုကြီးကြပ်ရေးရဲတပ်ဖွဲ့မှ ယမန်နေ့ (ဇွန် ၂၄)ရက်တွင် သတင်းထုတ်ပြန်သည်။ ချင်းမိုင် လူဝင်မှုကြီးကြပ်ရေးဌာနမှ ရဲတပ်ဖွဲ့မှ ချင်းမိုင်ခရိုင် ဆန်ကန်ဖန်းမြို့နယ် (San Kamphaeng) အတွင်း...