Wednesday, April 24, 2024

လားရှိုးမြို့ တွင် သက်ငယ်မုဒိမ်းမှု ပပျောက်ရေး ဒေသခံ ၆၀၀ ဝန်းကျင် ဆန္ဒထုတ်ဖော်

Must read

 

သျှမ်းပြည် မြောက်ပိုင်း လားရှိုးမြို့တွင် ယနေ့မနက် ပိုင်းက သက်ငယ်မုဒိမ်း ပပျောက်ရေး နှင့် “ ဗစ်တိုးရီးယား အတွက် တရားမျှတမှုရရှိရေး ” အတွက် ဒေသခံ ၆၀၀ ဝန်းကျင် ဆန္ဒထုတ်ဖော်မှု ပြုလုပ်ခဲ့ကြောင်း သတင်းရရှိသည်။

Photo Credit to နန်းစံပယ် နှင့် မထွေးထွေး ဖေ့ဘွတ် မှ – လားရှိုးမြို့တွင်ပြုလုပ်သည့် သက်ငယ်မုဒိမ်းမှု ပပျောက်ရေး ဒေသခံ ၆၀၀ ဝန်းကျင် ဆန္ဒထုတ်ဖော်မှု

အဆိုပါ ဆန္ဒ ထုတ်ဖော်မှုတွင် သက်ငယ်မုဒိမ်း မှု ပပျောက်ရေး အမြန်ဆုံး ဆောင်ရွက်ပေးရေး ၊လူတိုင်း အတွက် တရားမျှတမှု ရရှိအောင် ဆောင်ရွက်ပေး ရေး နှင့် “ Justice for Victoria” ဆိုသည့် ဆိုင်းဘုတ် များ ကိုင်ဆောင်ကာ လားရှိုးမြို့ ဗောဓရုံကျောင်းမှ ဗျူဟာလမ်းထိပ် ထိ ချီတက်ဆန္ဒထုတ်ဖော်ခဲ့ကြောင်း အဆိုပါ ဆန္ဒပြပွဲကို ဦးဆောင်သည့် မထွေးထွေး က ပြောပြသည်။

Photo Credit to နန်းစံပယ် နှင့် မထွေးထွေး ဖေ့ဘွတ် မှ – လားရှိုးမြို့တွင်ပြုလုပ်သည့် သက်ငယ်မုဒိမ်းမှု ပပျောက်ရေး ဒေသခံ ၆၀၀ ဝန်းကျင် ဆန္ဒထုတ်ဖော်မှု

“ အဓိကတော့ ဗစ်တိုးရီးယား လို အဖြစ်မျိုး နောက်ထပ် မဖြစ်စေချင်တော့ဘူး။ တကယ်လို့ ဖြစ်လာခဲ့ရင်လဲ ထိရောက်တဲ့ ပြစ်ဒဏ် ဒါမှ မဟုတ် သေမိန့် ပေးစေချင်ပါတယ်” ဟု ဆန္ဒပြပွဲ စီစဉ်သူ မထွေးထွေး က သျှမ်းသံတော်ဆင့် သို့ ပြောသည်။

Photo Credit to နန်းစံပယ် နှင့် မထွေးထွေး ဖေ့ဘွတ် မှ – လားရှိုးမြို့တွင်ပြုလုပ်သည့် သက်ငယ်မုဒိမ်းမှု ပပျောက်ရေး ဒေသခံ ၆၀၀ ဝန်းကျင် ဆန္ဒထုတ်ဖော်မှု

မြန်မာနိုင်ငံတွင် သက်ငယ်မုဒိမ်းဖြစ်ပွားမှု တနှစ်ထက် တနှစ် ရာခိုင်နှုန်း ပိုများလာပြီး နေ့စဉ် နှင့် အမျှ သက်ငယ်မုဒိမ်းမှု ကိုကြားသိနေရသည်။

Photo Credit to နန်းစံပယ် နှင့် မထွေးထွေး ဖေ့ဘွတ် မှ – လားရှိုးမြို့တွင်ပြုလုပ်သည့် သက်ငယ်မုဒိမ်းမှု ပပျောက်ရေး ဒေသခံ ၆၀၀ ဝန်းကျင် ဆန္ဒထုတ်ဖော်မှု

၂၀၁၇ ခုနစ် မှ ၂၀၁၉ ခုနစ် ဇွန်လအထိ ဖြစ်ပွားခဲ့သည့် သက်ငယ်မုဒိမ်းမှုများမှာ ၂၀၁၇ ခုနှစ်တွင် သက်ငယ်မုဒိမ်းမှု ၆၃.၈၄ရာခိုင်နှုန်း၊ ၂၀၁၈ ခုနစ် တွင် ၆၄.၉ ၃ရာခိုင်နှုန်း နှင့် ၂၀၁၉ ခုနစ် ဇွန်လ အထိ ၆၇.၉ ၈ ရာခိုင်နှုန်းထိ တိုးမြှင့်လာကြောင်း သိရသည်။

Leave a Comments

- Advertisement -spot_img

Latest article