မိုင်းတုံ မြို့တွင် အသက် ၆၀ ကျော် အမျိုးသား တဦး ခေါင်းဖြတ်သတ်ခံရ
သျှမ်းပြည်နယ်အရှေ့ပိုင်း မိုင်းတုံမြို့ နောင်ပါရင်ရွာ တွင် အသက် ၆၀ ကျော် အမျိုးသား တဦး ၄င်း၏ ယာတောအတွင်း ခေါင်းဖြတ်ခံရသည်ဟု သတင်းရရှိသည်။ ဖြစ်စဉ်မှာ ဇူလိုင်လ ၉ ရက် နံနက်ပိုင်းက အသက် ၆၅ နှစ် အရွယ် ဦးအိုက်တူး နှင့် ဇနီးဖြစ်သူ...
လားရှိုးမြို့တွင် ကျပ်သိန်း ၃ထောင်ကျော် ဘိန်းဖြူ များ ဖမ်းဆီးရမိ
သျှမ်းပြည်နယ် မြောက်ပိုင်း လားရှိုးမြို့ တွင် ငွေကျပ် သိန်း ၃ထောင်ကျော် တန်ဖိုးရှိ ဘိန်းဖြူ များ ဖမ်းဆီးရမိကြောင်း မူးယစ်ဆေးဝါး တားဆီးနှိမ်းနင်းရေး ရဲတပ်ဖွဲ့ ထုတ်ပြန်ချက် အရ သိရသည်။ ဇူလိုင် ၉ ရက်နေ့ ည ၈ နာရီ တွင် လားရှိုမြို့...
ပိတ်ဆို့နေသည့် ငြိမ်းချမ်းရေး ပူးပေါင်းဖြေရှင်းရန် အတွက် RCSS/SSA နှင့် အစိုးရ တွေ့ဆုံမည်
ပိတ်ဆို့နေသည့် ငြိမ်းချမ်းရေး ပူပေါင်းဖြေရှင်းရန်အတွက် သျှမ်းပြည်ပြန်လည်ထူထောင်ရေးပါတီ၊ သျှမ်းပြည် တပ်မတော် RCSS/SSA နှင့် မြန်မာ့တပ်မတော်၊ အစိုးရ ၏ ငြိမ်းချမ်းရေးကော်မရှင် (PC) အဖွဲ့တို့နှင့် ယခု လ အတွင်းတွေ့ဆုံ ဆွေးနွေးရန်ရှိကြောင်း သတင်းရရှိသည်။ RCSS/SSA ၊ မြန်မာ့တပ်မတော် နှင့် အစိုးရ ၏...
တန့်ယန်းမြို့နယ်တွင် အမျိုးသမီးငယ်တဦးအား အမျိုးသမီး ၄-၅ ယောက်အဖွဲ့က ဝိုင်းဖွဲ့ရိုက်နှက်ရန်ဖြစ်သည့် ဗီဒီယိုကလစ်ယခုရက်ပိုင်းအတွင်း ဖေ့စ်ဘု လူမှုကွန်ယက်တွင်ပျံ့နှံ့ခဲ့ပြီးနောက် နစ်နာသူဆွေမျိုးများနှင့် မြို့နယ်အုပ်ချုပ်ရေးမှူးများက အမှုဖွင့်တိုင်ကြားလိုက်သဖြင့် ရိုက်နှက်မှုလက်သည်အား ရဲများက ဖမ်းဆီးထိန်းသိမ်းစစ်ဆေးနေကြောင်းသိရသည်။ အသက် ၁၄ နှစ်အရွယ်အမျိုးသမီးငယ်ကို တန့်ယန်းမြို့ ကျောက်တောင် တရုတ် နတ်စင်အနီးတွင် အမျိုးသမီး ၄-၅ ယောက်ကအုပ်စုဖွဲ့ကာ...
လားရှိုးမြို့ တွင် ဓားရှည်ကိုင် ရမ်းကားသူ တဦး ကြောင့် ရပ်ကွက် အုပ်ချုပ်ရေးမှူး ဒဏ်ရာရ
သျှမ်းပြည်နယ် မြောက်ပိုင်း လားရှိုးမြို့ တွင် အရက်မူးပြီး ဓားဖြင့် ရမ်းကားနေသည့် အမျိုးသား အား ရပ်ကွက် အုပ်ချုပ်ရေးမှူး က ၀င်ရောက်ဟန့်တားရာ အရက်မူးသူက ဓားဖြင့်ခုတ်သည်ဟု သတင်းရရှိသည်။ ဖြစ်စဉ်မှာ ဇူလိုင် ၈ ရက်နေ့လည်ပိုင်းက လားရှိုးမြို့ အမှတ်(၆) ရွှေလီ ရပ်ကွက်တွင် အရက်မူးပြီးလမ်းသွားလမ်းလာများအား...
သက်ငယ်မုဒိမ်းမှု ပပျောက်ရေး သျှမ်းအရေးလှုပ်ရှားသူများရဲ့အမြင်
ယခုလ ဇူလိုင် ၆ ရက်နေ့့က သျှမ်းပြည်နယ် တောင်ကြီးမြို့ အပါအဝင် တခြားတိုင်း ပြည်နယ်တွေမှာ “Justice for Victoria” ဆိုတဲ့ သက်ငယ်မုဒိမ်း မှု ပပျောက်ရေး လှုပ်ရှားမှုကို ထောင်ချီ လူထုတွေ လမ်းပေါ်ထွက် ဆန္ဒပြခဲ့ကြပါတယ်။ ထို ဆန္ဒပြမှုကို ကြည့်ချင်းအားဖြင့် မိဘ...
တာချီလိတ် “ ရှင်းဒါ” ရွှေဆိုင် အနုကြမ်းစီးခံရ
သျှမ်းပြည်နယ် အရှေ့ပိုင်း တာချီလိတ်မြို့ တွင် အမည်မသိ အမျိုးသား ၂ ဦး မှ ရှင်းဒါ ရွှေဆိုင် ကို အနုကြမ်းစီးခဲ့ကြောင်း သတင်းရရှိသည်။ ဇူလိုင် ၈ ရက် ယနေ့မနက်ပိုင်း ၈ နာရီ ဝန်ကျင်က တာချီလိတ်မြို့ ဝမ်ကောင်း ရပ်ကွက်ရှိ “ရှင်းဒါ”...
ကျောက်မဲ ကေတီဗွီ ဆိုင် မီးလောင်မှု ဖြစ်ပွါး
သျှမ်းပြည် မြောက်ပိုင်း ကျောက်မဲမြို့ ရှိ ကေတီဗွီဆိုင်တဆိုင်အား မီးလောင်မှုဖြစ်ပွါးခဲ့ရာ ပိုင်ရှင်အား သက်ဆိုင်ရာများလိုက်လံရှာဖွေနေကြောင်းသိရသည်။ ဇူလိုင် လ ၈ ရက် မနက် ၅ နာရီ ခွဲကျော် ၌ အဆိုပါ ကေတီဗွီဆိုင် မီးလောင်မှု ဖြစ်ပွားခဲ့ကြောင်းသတင်းရရှိသည်။ မနက် အစောပိုင်း ၅ နာရီ ၄၅...
သက်ငယ်မုဒိန်း ပပျောက်ရေး တောင်ကြီး မြို့တွင် ဆန္ဒဖော်ထုတ်
တောင်ကြီး မြို့လူငယ်များ အရပ်ဖက်အဖွဲ့အစည်းများမှ ပူးပေါင်း ၍ သက်ငယ်မုဒိန်း ပပျောက်ရေး ဆန္ဒဖော်ထုတ် ပွဲကို ဇူလိုင်လ ၆ ရက်နေ့ကတောင်ကြီး မြို့တွင်ကျင်းပ ခဲ့သည် ။ လူအင်အားတစ်ရာ ဝန်းကျင်ခန့်သည် ဗိုလ်ချုပ်ပန်းခြံတွင် စုဝေးပြီး မြို့မစျေး မိန်းလမ် းတ လျောက်မှ စူဋာမုနိဘုရားသို့ လမ်းလျောက်...
မြန်မာတဝှမ်းလုံး H1N1 ရောဂါ ကြောင့် သေဆုံးသူ ၂၉ ဦးထိ ရှိ
မြန်မာနိုင်ငံ တဝှမ်းလုံး H1N1 ရာသီ တုပ်ကွေး ကြောင့် သေဆုံးသူ ၂၉ ဦး ရှိလာနေကြောင်း ကျန်းမာရေး နှင့် အားကစား ဝန်ကြီးဌာနမှ ထုတ်ပြန်ကြေညာထားသည်။ ဇူလိုင် ၁ ရက် မှ ဇူလိုင် ရ ရက် အထိ မြန်မာတနိုင်ငံလုံးအတိုင်းအတာ ရာသီတုပ်ကွေး...






