မြန်မာတဝှမ်းလုံး H1N1 ရောဂါ ကြောင့် သေဆုံးသူ ၂၉ ဦးထိ ရှိ

0

မြန်မာနိုင်ငံ တဝှမ်းလုံး H1N1 ရာသီ တုပ်ကွေး ကြောင့် သေဆုံးသူ ၂၉ ဦး ရှိလာနေကြောင်း ကျန်းမာရေး နှင့် အားကစား ဝန်ကြီးဌာနမှ ထုတ်ပြန်ကြေညာထားသည်။

Photo by anwarpress

ဇူလိုင် ၁ ရက် မှ ဇူလိုင် ရ ရက် အထိ မြန်မာတနိုင်ငံလုံးအတိုင်းအတာ ရာသီတုပ်ကွေး ရောဂါ ဖြစ်ပွားမှု နှင့် ပတ်သတ်ပြီး ဓာတ်ခွဲ စစ်ဆေးသူ ၄၀၂ ဦး တွင် ရာသီတုပ်ကွေး ရောဂါပိုး H1N1 ရှိသူ ၁၄၁ ဦး နှင့် သေဆုံးသူ ၂၉ ဦး ရှိကြောင်း ထုတ်ပြန်ချက်တွင် ရေးသားထားသည်။

H1N1 ရောဂါပိုးကြောင့် ရန်ကုန်တိုင်းဒေသကြီးတွင် ၂၃ ဦး၊ ဧရာဝတီတိုင်းဒေသကြီးတွင် ၃ ဦး၊ စစ်ကိုင်းတိုင်း ဒေသကြီးတွင် ၂ ဦး နှင့် မွန်ပြည်နယ်တွင် ၁ ဦး သေဆုံးခဲ့ကြောင်း ထုတ်ပြန်ချက်တွင်ရေးသားထားသည်။

ထို့ပြင် သျှမ်းပြည်နယ် တွင်လည်း H1N1 ရောဂါပိုးစစ်ဆေးသူ ၈ ဦးတွင် H1N1 ပိုးရှိသူ ၄ ဦးရှိပြီး သေဆုံးသူ မရှိကြောင်းလည်း ဖော်ပြထားသည်။

H1N1 ရာသီတုပ်ကွေး ရောဂါသည် Influenza Virus ကြောင့် ဖြစ်ပွားခြင်းဖြစ်ပြီး၊ ယခင်က Swine Flu ဟုလဲ ခေါ်ဆိုခဲ့ကြသည်။

H1N1 ရောဂါလက္ခဏာများမှာ ဖျားခြင်း၊ ချောင်းဆိုးခြင်း၊ လည်ချောင်းနာခြင်း၊ နှာရည်ယိုခြင်း၊ ကိုယ်လက် နာကျင်ကိုက်ခဲခြင်း၊ ခေါင်းကိုက်ခြင်း၊ ချမ်းကာဖျားခြင်း၊ ကိုယ်လက် မအီမသာဖြစ်ခြင်း စသည့် လက္ခဏာများအပြင် အန်ခြင်း၊ ၀မ်းလျောခြင်းတို့ကိုလည်း တွေ့ရကြောင်း သိရသည်။

H1N1 ရောဂါဝင်ရောက်ချိန်မှ ရောဂါလက္ခဏာ ပြမည့်အချိန်သည် (Incubation period) ၁ ရက်မှ ၅ ရက်အတွင်း ဖြစ်သည်။

H1N1 Influenza သည် ရာသီအလိုက် ဖြစ်ပွားတက်သေတာ တုတ်ကွေး ရောဂါ ကဲ့သို့ပင် ကူးစက်ပျံ့ပွားနိုင်ပါသည်။

အသက်ရှုလမ်းကြောင်းမှ ထွက်သော အရည်များ (droplets)များ- ရောဂါပိုးရှိသောသူမှ နှာချေ၊ ချောင်းဆိုးရာမှ လေထဲသို့ ပျံ့နှံ့ ကာ၊ တခြားသူသို့ လျင်မြန်စွာ ကူးစက်တတ်ပါသည်။

ရောဂါပိုး ကပ်တင်ကျန်သော အရာဝတ္ထု များကို ကိုင်တွယ်ပြီး လက်မဆေးရာမှတဆင့် ရှူရှိုက်မိ လျှင်လည်း ကူးစက်ပျံ့နှံ့ နိုင်ပါသည်။

H1N1 ရောဂါပိုး ကာကွယ်ရန် အတွက် ချောင်းဆိုး၊ နှာချေး ပါက ပါးစပ်၊ နှာခေါင်းကို တစ်ရှူးဖြင့် အုပ်ကာရန်၊ အသုံးပြုပြီး တစ်ရှူးကို အမှိုက်ပုံးထဲ စနစ်တကျ စွန့်ပစ်ရန် ၊ လက်ကို ရေ၊ ရေနွေး၊ ဆပ်ပြာ၊သို့မဟုတ် အရက်ပျံပါ၀င်သော လက်ဆေးရည်တို့ဖြင့် သေချာစွာ မကြာခဏဆေးရန် သာဖြစ်သည်။

ထို့ပြင် မိမိတွင် တုတ်ကွေးမိပါက ချက်ခြင်း ဆရာဝန်နှင့် ကုသမှုခံယူရန်၊ မိမိ တွင် အဖျားလက္ခဏာများရှိပါက အခြားသူသို့ မကူးစက်စေရန် အနည်းဆုံး ၁မီတာ အကွာအဝေးတွင်နေရန်၊ ရောဂါလက္ခဏာရှိသူနှင့် ပွေ့ဖက်နှုတ်ဆက်ခြင်း၊ လက်ဆွဲ နှုတ်ဆက်ခြင်း၊ နမ်းခြင်း မပြုရန်နှင့် ဖျားနေချိန်တွင် လူထူထပ်သော အလုပ်၊ ကျောင်းနှင့် အခြားနေရာများသို့ မသွားဘဲအိမ်တွင်အနားယူရန် လိုအပ်သည်။

H1N1 အရေးပေါ်လက္ခဏာများမှာ အသက်ရှူရခက်ခဲခြင်း၊ ရင်ဘတ်အောင့်ခြင်း၊ ဗိုက်အောင့်ခြင်း၊ ရုတ်တရက်မူးဝေခြင်း၊ ပြင်းထန်စွာ အန်ခြင်း နှင့် တုတ်ကွေးကဲ့သို့ လက္ခဏာ စတင်ပြီး သက်သာလာပြီးမှ ပြန်လည် အဖျားတက်ခြင်းနှင့် ချောင်းပြင်းထန်စွာဆိုးခြင်းတို့ ဖြစ်သည်။

တုတ်ကွေးဖြစ်ပြီး ၂ရက်အကြာထိ မသက်သာလျင် နီးစပ်ရာဆေးရုံဆေးခန်းသို့ ချက်ခြင်းသွားရောက်ကုသမှုခံယူသင့်ကြောင်းလည်း ဆရာဝန်များက အကြံပေးထားသည်။

H1N1 ရောရာပိုး ကြောင့် ၂၀၁၇ ခုနစ်တွင် ရောဂါပိုး တွေ့ရှိသူ ၄၀၀ ကျော် တွင် သေဆုံးသူ ၃၈ဦးရှိခဲ့ပြီး၊ ၂၀၁၈ ခုနစ် တွင် ရောဂါဖြစ်ပွားသူ ၁၀၀ ကျော်ရှိသော်လည်း သေဆုံးသူ မရှိခဲ့ကြောင်း ကျန်းမာရေး နှင့် အားကစား ဝန်ကြီးဌာန ထုတ်ပြန်ချက် စာရင်း အရ သိရသည်။

ဢုပ်ႇဢူဝ်း ၽူႈတွႆႇႁွၵ်ႈ

SHARE