လင်းခေးမြို့နယ် ရာသီတုပ်ကွေး ဖြစ်သူများပြားနေ

သျှမ်းပြည်တောင်ပိုင်း လင်းခေးမြို့နယ်အတွင်း ဒေသခံ ပြည်သူများ ရာသီတုပ်ကွေး ဖြစ်ပွားမှု များပြားနေကြောင်း သတင်းသိရသည်။

အောက်တိုဘာလဆန်းပိုင်းမှ စတင်ကာ လင်းခေးမြို့နယ်အတွင်းရှိ ဒေသခံပြည်သူများက ရာသီတုပ်ကွေးဖြစ်ပြီး နှာစေး၊ ချောင်းဆိုး၊ အဖျားတက်သူ များပြားသဖြင့် ဆေးရုံ နှင့် ဆေးပေးခန်းများ၌ လူနာများ နေ့တိုင်းပြည့်နေကြောင်း ဒေသခံအမျိုးသား တစ်ဦးက သျှမ်းသံဝောာ်ဆင့်ကို ပြောသည်။

“တစ်အိမ်လုံး ဖျားနေကြတာလည်းရှိတယ်၊ တခါဖြစ်ရင် လူတစ်ယောက်က အနည်းဆုံး ၃/၄ ရက်လောက် ဖျားတာ၊ ရာသီဥတု အပြောင်းအလဲကြောင့် အေးလိုက် ပူလိုက် မိုးရွာလိုက်ဆိုတော့ ဖျားနာကြတာလေ၊ ဆေးရုံ ဆေးခန်းကို ရောက်လာတဲ့ လူနာတွေ နေ့တိုင်း ဆေးခန်းအပြည့်ပဲ၊ ဆေးထိုး ဆေးသောက် နဲ့ ၃ ရက်လောက်ဆို အဖျားကျပြီ” ဟု အထက်ပါ အမျိုးသားက ပြောသည်။

လင်းခေးမြို့ လူနာတင်ကား

လက်ရှိ အချိန်တွင် လင်းခေးမြို့ရှိ ဘုန်းတော်ကြီးကျောင်း စာသင်တိုက်တစ်တိုက်ရှိ သံဃာတော်များ တစ်ကျောင်းလုံးနီးပါး ဖျားနာနေကြကြောင်း ဦးဇင်းတစ်ပါးက သျှမ်းသံတော်ဆင့်ကို မိန့်သည်။

“သူ့ ရာသီကျလာလို့ ဖြစ်ကြတယ်လို့ပဲ မှတ်ယူလိုက်ရတယ်၊ ရပ်ရွာထဲက ဒကာ ဒကာမတွေမှ မဟုတ်ဘူး၊ ဦးဇင်း တို့ ကျောင်းမှာလည်း တစ်ကျောင်းလုံးနီးပါး ဖျားနာ ကြပြီးတော့၊ ဆေးထိုးဆေးသောက်လိုက်ရင် ပြန်သက်သာလာရော၊ ကိုဗစ် နဲ့ ဆိုင်လား မဆိုင်ဘူးလားတော့ မသိဘူး။ အတတ်နိုင်ဆုံးတော့ ကိုယ့်ကိုယ်ကို ကာကွယ်ကြပေါ့” ဟု ဦးဇင်းက မိန့်သည်။

ရာသီတုပ်ကွေးမိ ဖျားနာသူများ၏ ရောဂါ အခြေအနေသည် တစ်ကိုယ်လုံး အကိုက်အခဲ ဖြစ်နေပြီး နှာစေး၊ ချောင်းဆိုး၊ ကိုယ်ပူ စသည်ဖြင့် တွေ့ရကြောင်း သိရသည်။

ထို့အပြင် ရာသီ တုပ်ကွေးသည် တစ်ဦး နှင့် တစ်ဦး ကူးစက်နိုင်ပြီး အိမ်သား တစ်ဦး စတင် ဖျားပါက တခြား မိသားစုဝင်များလည်း အဖျားကူးနိုင်သည့်အတွက် သတိထားသင့်ကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ခေတ်သစ်စစ်ပွဲများ ဝေဟင်စိုးမိုးမှုက စစ်ပွဲအောင်နိုင်ရေးအတွက် အဓိကကျကြောင်း စစ်ခေါင်းဆောင်ပြော

0
ခေတ်သစ်စစ်ပွဲများနှင့် လက်ရှိ ကမ္ဘာ့အရေးအခင်းများကို လေ့လာလျှင် ဝေဟင်စိုးမိုးမှုရယူနိုင်ခြင်းသည် စစ်ပွဲတစ်ခုကို အောင်နိုင်ရန်အတွက် အဆုံးအဖြတ်ပေးနိုင်သည့် အဓိကသော့ချက်ဖြစ်ကြောင်း အာဏာသိမ်း စစ်ခေါင်းဆောင် ပြောကြားခဲ့သည်။ ယမန်နေ့ (မတ်လ ၁၂ ရက်) က မိတ္ထီလာလေတပ်စခန်း၌ ပြုလုပ်သည့် လေယာဉ်နှင့် ရဟတ်ယာဉ်သစ်များ တပ်တော်ဝင် အခမ်းအနားတွင် ၎င်းက ထိုသို့ပြောကြားခဲ့ခြင်း...

ကျောက်မဲတွင် စစ်ကော်မရှင်တပ်နှင့် SSPP ထိတွေ့တိုက်ပွဲဖြစ်

0
သျှမ်းပြည် ကျောက်မဲမြို့နယ်အတွင်း အွန်လိုင်းငွေလိမ် ကျားဖြန့်လုပ်ငန်းများကို လာရောက်ရှာဖွေသည့် စစ်ကော်မရှင်တပ်နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) ကြား ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း စုံစမ်းသိရသည်။ ယနေ့ (မတ်လ ၁၀ ရက်) နံနက် ၁၁ နာရီကျော်တွင် ကျောက်မဲမြို့နယ် ပုံဝိုးကျေးရွာအုပ်စုအတွင်း အွန်လိုင်းငွေလိမ် ကျားဖြန့်လုပ်ငန်းများကို ရှာဖွေရန်...

တာချီလိတ် စုံ၊မ ရက် မောင်းနှင်မှု ချိုးဖောက်လျှင် ထောင်ဒဏ်တစ်လ နှင့် ငွေဒဏ်ချမှတ်မည်

0
သျှမ်းပြည် အ‌‌ရှေ့ပိုင်း တာချီလိတ်မြို့နယ်တွင် စက်သုံးဆီချွေတာရေးအတွက် စစ်ကော်မရှင် သတ်မှတ်ထားသည့် စုံ၊ မရက် မောင်းနှင်မှုချိုးဖောက်လျှင် ထောင်ဒဏ်တစ်လနှင့် ငွေဒဏ်ချမှတ်သွားမည်ဟု သတင်းရရှိသည်။ ယမန်နေ့ (မတ်လ ၉ ရက်) တာချီလိတ်မြို့နယ်တွင် စစ်ကော်မရှင်မှ စက်သုံးဆီချွေတာ‌ရေးအတွက် စုံ၊ မရက်ခွဲခြားပြီး မော်တော်ယာဉ် မောင်းနှင်သည့် စနစ်ကို ၎င်းလက်အောင်ခံတာဝန်ရှိ...

ရှုပ်ထွေးပွေလီ ကိစ္စများကြား တရုတ်အတွက် အိန္ဒိယ သမုဒ္ဒရာထွက်ပေါက်ပေးချင်တဲ့ စစ်ကောင်စီ

0
မြန်မာနိုင်ငံသည် တရုတ်အတွက် အိန္ဒိယသမုဒ္ဒရာထွက်ပေါက် ဖန်တီးပေးနိုင်သည့် နိုင်ငံဖြစ်ကြောင်း ယခုနှစ် ၂၀၂၆ တရုတ်နှစ်သစ်ကူးပွဲတော် အခမ်းအနားတွင် စစ်ကောင်စီ ဒုခေါင်းဆောင် ဒုဗိုလ်ချုပ်မှူးကြီး စိုးဝင်းက ထည့်သွင်း ပြောကြားခဲ့သည်။ စစ်ရေးပဋိပက္ခများ ပြင်းထန်ခဲ့သည့် သျှမ်းပြည်မြောက်ပိုင်းကို ဖြတ်သန်းသွားမည့် မူဆယ်-မန္တလေး ရထားလမ်းစီမံကိန်းနှင့် အခြားသော စီးပွားရေးစီမံကိန်းကြီးများကိုလည်း တရုတ်နိုင်ငံအတွက် အိန္ဒိယသမုဒ္ဒရာ...

မိုးဗြဲအနောက်ခြမ်းကို စစ်တပ် စစ်ကြောင်းထိုး၊ စစ်ရှောင်များ သတိထားသွားလာရန် 

0
သျှမ်း - ကရင်နီ န​ယ်စပ် မိုးဗြဲမြို့အနောက်ဘက်ခြမ်းရှိ ကျေးရွာများကို စစ်ကောင်စီတပ် နှင့် ၎င်းလက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် (PNO) တို့ အင်အားအလုံးအရင်းဖြင့်  စစ်ကြောင်းထိုးနေကြောင်း မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ်က ယမန်နေ့ ( ဖေဖော်ဝါရီလ ၂၅ ရက်)တွင် ထုတ်ပြန်ထားသည်။  ဖယ်ခုံမြို့နယ် မိုးဗြဲမြို့ အနောက်ဘက်ခြမ်းရှိ လွယ်ယင်းမင်္ဂလာကျေးရွာ နှင့် လာမောက်ရွာဖက်ကို  စစ်ကောင်စီတပ်နှင့် PNO စစ်ကြောင်းထိုးမှုများရှိနေကြောင်းကို စစ်ရေးသတင်းအရင်းမြစ်တစ်ဦးက...