မိုးဗြဲစစ်ရှောင်စခန်း ကလေးများ ရာသီတုပ်ကွေးဖြစ်ပွား

သျှမ်းပြည်တောင်ပိုင်း မိုးဗြဲမြို့ အနီးဝန်းကျင်ရှိ စစ်ရှောင်စခန်းတွင်နေထိုင်သည့် ကလေးများ ရာသီတုပ်ကွေး ဖြစ်ပွားနေကြောင်း စုံစမ်းသိရသည်။

မိုးဗြဲ စစ်ရှောင်စခန်းတွင် စစ်ရှောင် ဦးရေ (၁၅၀၀) ကျော်ရှိပြီး ထိုထဲတွင်အသက် ၁၀ နှစ်အောက် ကလေး (၅၀၀) ကျော်ဝန်းကျင် ရှိသည်။

ထိုထဲမှ ကလေး (၃၀၀) ဝန်းကျင်သည် ယခုမိုးရာသီ ၌ ရာသီတုပ်ကွေး၊ ဝမ်းပျက်၊ ဝမ်းလျော များဖြစ်ပွားနေပြီး ဆေးကုသရန် ခက်ခဲနေကြောင်း မိုးဗြဲစစ်ရှောင် ကူညီသူတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

မိုးဗြဲစစ်ရှောင်စခန်း

“ တော်တော်ဖျားကြတယ်။ ပျှမ်းမျှ နဲ့ဆိုရင် ကလေးဦးရေ (၅၀၀) လောက်မှာ (၃၀၀) လောက်တော့ ဖျားနာနေကြတာ ဝမ်းပျက် ဝမ်းလျှောကြတယ်။ ကျနော်တို့ သီးသန့်ခွဲခြားထားတော့ မသိဘူး။ ဆေးကုသဖို့လည်း ခက်ခဲနေတယ်“ ဟု ၎င်းကပြောသည်။

အဆိုပါ တုပ်ကွေးဖြစ်ပွားသော ကလေးများ (၃၀၀) ကျော်ဝန်းကျင်သည် မည်သည့် ဆေးရုံဌာနမှ သွားရောက်ကူညီမှု မရှိသောကြောင့် စစ်ရှောင်စခန်းရှိ ကျန်းမာရေး အဖွဲ့များကိုသာ အားကိုးနေရသည်။

မိုးဗြဲစစ်ရှောင်စခန်း

“ပညာရေးပဲဖြစ်စေ၊ ကျန်းမာရေးပဲဖြစ်စေ တခြားဌာနကနေ လာကူတာမရှိဘူးဗျ။ အလှူရှင်ကနေပဲ အားကိုးနေရတယ်။ ဆေးဝါးတွေမှာရတယ်။ ဆေးဝါးလုံလုံလောက်လောက်တော့မရှိဘူး” ဟု အထက်ပါ ပုဂ္ဂိုလ်က ဆိုသည်။

ယခုကာလသည် မိုးတွင်းကာလဖြစ်ပြီး မိုးဗြဲစစ်ရှောင်များအတွက် မိုးကာများ ၊ ဆေးဝါးများ နှင့် စားနပ်ရိက္ခာများ အရေးပေါ် လိုအပ်နေကြောင်း လည်း မိုးဗြဲစစ်ရှောင်ကူညီသူများက ပြောသည်။

မိုးဗြဲစစ်ရှောင်စခန်း

ထိုအတူ မိုးဗြဲစစ်ရှောင်စခန်းတွင် ကိုယ်ဝန်ဆောင်မိခင် (၃၀) ဦးရှိပြီး ကလေးမွေးဖွားရန် အတွက်လည်း ခက်ခဲကြောင်း၊ မွေးဖွားလာသော ကလေးတွင် အသားဝါရောဂါ ဖြစ်မည်ကို စိုးရိမ်ကြောင်း စစ်ရှောင်ကူညီသူ တစ်ဦးက ထပ်လောင်းပြောသည်။

“ သူတို့ခက်ခဲတာကတော့ လွိုင်ကော်ဖက် ဆေးရုံသွားဖို့ လည်းငွေကြေးအတွက် ခက်ခဲတယ်။ ပြည်သူ့ဆေးရုံလည်း မဖွင့်ဘူး။ ဒီတောတောင်ထဲ စစ်ရှောင်စခန်းထဲမှာ မွေးပေးမယ်လို့ ဆုံးဖြတ်ထားတယ်။ ကျနော်တို့မှာ ဆေးဝါးလုံလုံလောက်လောက် မရှိတော့ မွေးလာတဲ့ကလေးတွေ အသားဝါရောဂါကို စိုးရိမ်တယ်” ဟု ၎င်းကပြောသည်။

လက်ရှိ စစ်ကောင်စီသည် ဖယ်ခုံမြို့နယ် နှင့် မိုးဗြဲမြို့အတွင်းရှိ ကျေးရွာများထဲတွင် တပ်စွဲထားပြီး၊ စစ်ကောင်စီ နှင့် ပြည့်သူကာကွယ်ရေးတပ် (PDF) တို့ မကြာခဏ တိုက်ပွဲဖြစ်ပွားကာ ဒေသခံ ထောင်ချီ ထွက်ပြေးတိမ်းရှောင်နေရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“စစ်ရေး ၊ နိုင်ငံရေးက သူတို့စစ်အုပ်စုချမှတ်ထားတဲ့ လမ်းစဉ်အတိုင်း ဆက်သွားမယ်”

0
အာဏာသိမ်း စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၅ နှစ်အကြာမှာ ၎င်းပုံဖော်ထားတဲ့အတိုင်း နိုင်ငံတော် သမ္မတရာထူးယူလိုက်ပါတယ်။ ဒါ့ကြောင့် စစ်ဝတ်စုံကနေ အရပ်သားဝတ်စုံပြောင်း စစ်ခေါင်းဆောင် သမ္မတ ဉီးမင်းအောင်လှိုင် တက်လာပြီး သျှမ်းပြည် နိုင်ငံရေး အပြောင်းအလဲတွေ ဘယ်လိုဖြစ်လာခဲ့ပါသလဲ။ အစိုးရသစ် စစ်ခေါင်းဆော်င သမ္မတ ဉီးမင်းအောင်လှိုင်တက်လာချိန်မှာလည်း စစ်အာဏရှင်ကို...

စစ်မှုထမ်း ခေါ်ဆောင်ခံရပြီး ပြန်လွတ်လာသည့် ရွာငံလူငယ်(၃)ဉီးသာရှိ

0
သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်တွင် စစ်မှုထမ်း အမှတ်စဉ်(၁)အတွက် မဲနှိုက်ရာမှ ပါရှိသွားသည့် ရွာငံမြို့နယ် အမျိုးသား (၃)ဦးသည် သုံးနှစ်အကြာမှ ပြန်လွတ်လာကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ (၁၀)ရက်တွင် စစ်ကော်မရှင်တပ်က စစ်မှုထမ်းဥပဒေကို ပြဌာန်းပြီးနောက် စစ်မှုထမ်းအမှတ်စဉ်(၁)အတွက် ကျေးရွာများအတွင်း မဲနှိပ်ခြင်း၊ ပေါ်တာဆွဲခြင်း စသည့်...

ကွတ်ခိုင်မြို့နယ် TLEC ကျောင်းကို MNDAA ပိတ်သိမ်း အစားထိုး ဖွင့်လှစ်သွားမည်

0
သျှမ်းပြည် မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်ရှိ တအာင်းစားသင်ကျောင်း (TLEC)ကို ကိုးကန့်တပ်ဖွဲ့ (MNDAA)ကပိတ်သိမ်းပြီး အစားထိုး ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် ၂၀၂၆ ဖေဖော်ဝါရီ လဆန်ပိုင်းတွင် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA) နှင့် MNDAA တို့သည် ကွတ်ခိုင်းမြို့နယ်အတွင်း အချင်းချင်းကြား ပဋိပက္ခစတင်ဖြစ်ပွားခဲ့သည့်။ ထို့နောက် MNDAAသည်...

သျှမ်းမြောက် BRI စီမံကိန်း အမြန်ဖော်ဆောင်နိုင်ရန် တရုတ် နှင့် တိုင်းရင်းသားလက်နက်ကိုင်တွေ့ဆုံ

0
တရုတ်နိုင်ငံ၏ ဘီလီယံနှင့်ချီတန်သော (BRI) ပိုးလမ်းမစီမံကိန်းထဲမှ ရထားလမ်း အကောင်အထည်ဖော်နိုင်ရေး အတွက် တရုတ်ကိုယ်စားလှယ်အဖွဲ့သည် စစ်ကောင်စီနှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များကို တွေ့ဆုံခဲ့ကြောင်း သိရသည်။ တရုတ်နိုင်ငံ ယူနန်ပြည်နယ်မှ သျှမ်းပြည်မြောက်ပိုင်း၊ မန္တလေးတိုင်းတို့ကို ဖြတ်သန်းကာ ရခိုင်ပြည်နယ် ကျောက်ဖြူ ရေနက်ဆိပ်ကမ်းအထိ ပေါက်ရောက်မည့် အဆိုပါ ပိုးလမ်းမစီမံကိန်းသည် အာဏာသိမ်းပြီး...

၂၀၂၆ နဲ့ ၂၀၁၀ နိုင်ငံရေးပြုပြင်ပြောင်းလဲမှုက ဘာတွေကွာခြားလဲ

0
အတုအယောင် ရွေးကောက်ပွဲမှတဆင့် လွှတ်တော်ပေါ်ပေါက်လာပြီးနောက် စစ်ကော်မရှင်ဘက်က စစ်ယူနီဖောင်းချွတ် စစ်အစိုးရ အသွင်ပြောင်းလဲကာ အများမျှော်လင့်ထားသည့်အတိုင်း စစ်ခေါင်းဆောင် မင်းအောင်လှိုင် သမ္မတဖြစ်လာသည်။ အလားတူ တော်လှန်ရေးကို အရှိန်အဟုန် မြှင့်တင်၍ အမြန်ဆုံး အောင်ပွဲရယူနိုင်ရန် “ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုပေါ်ထွန်းရေး ဦးဆောင်ကောင်စီ (SCEF)” ကို ဖွဲ့စည်းပြီး နိုင်ငံရေးဦးတည်ချက် (၆)...