ပိတ်ဆို့နေသည့် ငြိမ်းချမ်းရေး ပူးပေါင်းဖြေရှင်းရန် အတွက် RCSS/SSA နှင့် အစိုးရ တွေ့ဆုံမည်

ပိတ်ဆို့နေသည့် ငြိမ်းချမ်းရေး ပူပေါင်းဖြေရှင်းရန်အတွက် သျှမ်းပြည်ပြန်လည်ထူထောင်ရေးပါတီ၊ သျှမ်းပြည် တပ်မတော် RCSS/SSA နှင့် မြန်မာ့တပ်မတော်၊ အစိုးရ ၏ ငြိမ်းချမ်းရေးကော်မရှင် (PC) အဖွဲ့တို့နှင့် ယခု လ အတွင်းတွေ့ဆုံ ဆွေးနွေးရန်ရှိကြောင်း သတင်းရရှိသည်။

Photo by SHAN- RCSS/SSA အတွင်းရေးမှူး ၂ ဗိုလ်မှူးကြီး စိုင်းငင်း နှင့် RCSS ခေါင်းဆောင် ၊အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် မြန်မာ့ငြိမ်းချမ်းရေးကော်မရှင် တို့ ယခင်က တွေ့ဆုံစဉ်ကပုံ

RCSS/SSA ၊ မြန်မာ့တပ်မတော် နှင့် အစိုးရ ၏ ငြိမ်းချမ်းရေး ကော်မရှင် PC တို့သည် ပိတ်ဆို့နေသည့် ငြိမ်းချမ်းရေး ကိစ္စကို ပူးပေါင်းဖြေရှင်းရန် ဇူလိုင် ၁၁ ရက်မှ ၁၂ ရက်ထိ တွေ့ဆုံ ဆွေးနွေးကြမည် ဖြစ်ကြောင်း RCSS/SSA အတွင်းရေးမှူး ၂ ဗိုလ်မှူးကြီး စိုင်းငင်း က သျှမ်းသံတော်ဆင့်ကို ပြောကြားသည်။

“ အခု တွေ့ဆုံမှုက အရေးပေါ် တွေ့ဆုံမှု တော့မဟုတ်ပါဘူး။ အရင် တခါကလည်း တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။ အခု တခါလည်း တွေ့သင့်တဲ့ အခြေအနေ မို့လို့တွေ့ကြတာပါ” ဟု ဗိုလ်မှူးကြီး စိုင်းငင်း ကဆိုသည်။

မြန်မာ့တပ်မတော်နှင့် အစိုးရ၏ ငြိမ်းချမ်းရေးကော်မရှင်တို့နှင့် တွေ့ဆုံသည့် အခါ အဓိက အနေဖြင့် လက်ရှိ ငြိမ်းချမ်းရေး အခြေအနေကို ဆွေးနွေးကြမည် ဖြစ်ကြောင်း၊ ထို့ပြင် မိမိပြည်နယ် ဒေသရှိသည့် ပြည်သူလူထု ဖွံ့ဖြိုးတိုးတက်အောင် ပူးပေါင်းဆောင်ရွက်မည့် ကိစ္စများကိုပါ ထည့်သွင်းဆွေးနွေးသွားမည် ဟု ဗိုလ်မှူးကြီး စိုင်းငင်းက ထပ်လောင်း ပြောပြသည်။

“ မကြာခဏ တွေ့ကြတာကောင်းပါတယ်။ မတွေ့တာ မဆွေးနွေးတာ ထက်စာရင် တွေ့တာကောင်းတာပေါ့။ ဒါမှ တဖွဲ့နဲ့တဖွဲ့နားလည်ပြီး စစ်ပွဲတွေ တကယ်ရပ်တန့်နိုင်မယ်။ စားပွဲပေါ်တွေ့ဆုံဆွေးနွေးတာ ကောင်းပါတယ်” ဟု ဗိုလ်မှူးကြီး စိုင်းငင်းက မှတ်ချက် ပြုလိုက်သည်။

RCSS/SSA နည်းတူ တခြား တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့များလည်း အစိုးရ၏ ငြိမ်းချမ်းရေး ကော်မရှင် PC နှင့် တွေ့ဆုံရန် ရှိကြကြောင်း သိရသည်။

ဇူလိုင်လ ၉ ရက်နေ့ကလည်း ကရင်အမျိုးသားအစည်းအရုံး KNU နှင့် အစိုးရ၏ ငြိမ်းချမ်းရေး ကော်မရှင် ( PC ) တို့သည် ရန်ကုန် မြို့ ရွှေလီလမ်းရှိ အမျိုးသား ပြန်လည်သင့်မြတ်ရေး နှင့် ငြိမ်းချမ်းရေးဗဟိုဌာန( NRPC) ရုံး၌ “ အလွတ်သဘောဆွေးနွေး ” တွေ့ဆုံခဲ့ကြသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

 RCSS နှင့် SSPP နှစ်ဘက်ထိပ်သီးခေါင်ဆောင်များ ကွန်ဟိန်းမြို့တွင်တွေ့ဆုံ

0
သျှမ်းပြည် ကွန်ဟိန်းမြို့နယ်တွင်  သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ/ သျှမ်းပြည်တပ်မတော် (RCSS/SSA) နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ၊ ရှမ်းပြည်တပ်မတော် (SSPP/SSA)တို့ ထိပ်သီးခေါင်းဆောင်များ ယုံကြည်မှု တည်ဆောက်သည့်သဘောဖြင့် အလွတ်တွေ့ဆုံခဲ့ကြောင်း စုံစမ်းသိရသည်။  ပြီးခဲ့သည့် (မတ် ၂)ရက်တွင် ကွန်ဟိန်းမြို့နယ် မွေတော်နမ့်ဆွမ်စေတီ ထီးတင်ပွဲသို့ RCSS/SSA တပ်ဖွဲ့မှ ဥက္ကဌ ဗိုလ်ချုပ်ကြီး ယွက်စစ် နှင့် SSPP /SSA ဘက်မှ ဒုတိယဉက္ကဌ (၃) ဗိုလ်ချုပ်ကြီး ဆေပိုင်ဖ၊...

RCSS ဥက္ကဋ္ဌအဖြစ် ဗိုလ်ချုပ်ကြီးယွက်စစ် ပြန်ရွေးချယ်ခံရ

0
သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) ဥက္ကဋ္ဌအဖြစ် ဗိုလ်ချုပ်ကြီး ယွက်စစ်အား ပြန်လည်ရွေးချယ်လိုက်ပြီး နိုင်ငံရေးပြဿနာများကို တွေ့ဆုံဆွေးနွေးရေးလမ်းကြောင်းမှတစ်ဆင့် ဆက်လက်အဖြေရှာသွားမည်ဟု RCSS ယနေ့ (ဖေဖော်ဝါရီလ ၂၀ ရက်) တွင် ထုတ်ပြန်သည်။ ဖေဖော်ဝါရီလ ၁၆ ရက်မှ ၁၈ ရက်အထိ သုံးရက်ကြာ ကျင်းပခဲ့သည့် RCSS ၏...

“သား..သမီးပေးမလား၊ ငွေပေးမလား” – လက်နက်ကိုင်များ၏ ဓားစာခံ ဖြစ်လာရသည့် လူငယ်များ

0
ရပ်ကျေးအုပ်ချုပ်ရေးမှူးဆီက စာတစ်စောင်ရောက်လာတိုင်း မိခင်တစ်ယောက်အတွက် “စာရင်းထဲ ပါသလား” ဆိုသည့် မေးခွန်းက အရိပ်မဲတခုလိုပင် နေ့စဉ်ခြောက်လန့်နေသည်။ “သားသမီးကို စစ်တပ်ဆီ ပို့ရမလား၊ မပို့ချင်ရင် ငွေရှာပေးရမလား” ဆိုသည့် ရွေးချယ်မှုကြားတွင် မိဘများ၏ အသက်ရှူသံမှာ လေးလံနေပြီ။ သို့သော် ယခုအခါ ထိုရွေးချယ်များထဲတွင် “အသက်ပေးမလား” ဆိုသည့် အစွန်းရောက်သော...
RCSS_Chairman_Arrived_LangKhur

သျှမ်းနှစ်သစ်ကူးအကြို RCSS ဥက္ကဋ္ဌ လင်းခေးမြို့ရောက်ရှိ

0
သျှမ်းပြည်တောင်ပိုင်း လင်းခေးမြို့နယ် ဝမ်ဟတ်တိုက်နယ်တွင် ကျင်းပပြုလုပ်နေသည့် ၂၁၂၀ ပြည့်နှစ် သျှမ်းနှစ်သစ်ကူးပွဲနှင့် ဓမ္မစကူးလ် သင်တန်းဆင်းပွဲသို့ RCSS ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးယွက်စစ် တက်ရောက်ခဲ့ကြောင်း သတင်းသိရသည်။

ထိုင်းနိုင်ငံရှိ သျှမ်းလူမျိုးများ ဥပဒေကိုလိုက်နာရန် RCSS တိုက်တွန်း

0
ထိုင်းနိုင်ငံရှိ သျှမ်းလူငယ်ဂိုဏ်း၏ လုပ်ရက်များကြောင့် ထိုင်းနိုင်ငံရောက် သျှမ်းလူမျိုးများသည် အသက်မွေးဝမ်းကြောင်းလုပ်ငန်းများ ထိခိုက်နစ်နာသည့်အပြင် ထိုင်းလူမျိုးတို့၏ အထင်မှားခြင်း၊ အထင်သေးခြင်းခံခဲ့ရသည့်အတွက် ဥပဒေကိုလိုက်နာရန် RCSS က ယနေ့တွင် ထုတ်ပြန်တိုက်တွန်းလိုက်သည်။ ပြည်တွင်းနိုင်ငံရေး၊ စစ်ရေး အခြေအနေ၊ စားဝတ်နေရေးနှင့် အသက်မွေးဝမ်းကြောင်း အခက်အခဲကြောင့် သျှမ်းလူမျိုးအများအပြားသည် ထိုင်းနိုင်ငံအတွင်းသို့ ရွေ့ပြောင်းဝင်ရောက်ခိုလှုံပြီး အသက်မွေးဝမ်းကြောင်း...