Thursday, April 25, 2024

မြန်မာ့တပ်မတော်

ကိုဗစ်-၁၉ ကာလ အတွင်း လားရှိုးမြို့နယ်တွင် အစိုးရတပ်မှ လူ့အခွင့်အရေးချိုးဖောက်မှု များပြုနေ

သျှမ်းပြည် မြောက်ပိုင်း လားရှိုးမြို့နယ် အတွင်း မြန်မာ့တပ်မတော်သည် ကိုဗစ်-၁၉ ထိန်းချုပ် ကာကွယ်သည့် ကာလအတွင်း စစ်အင်းအားတိုးချဲ့မှုများပြုလုပ်ကာ ရွားသားများကို အတင်းအဓမ္မခိုင်းစေမှုများပြုလုပ်နေကြောင်း သျှမ်းလူ့အခွင့်အရေး မဏ္ဍိုင် ကထုတ်ပြန်ထားသည်။ မေ ၁၁ ရက်စွဲဖြင့် ထုတ်ပြန်သော SHRF ၏အဆိုပါကြေငြာချက်သည် ကမ္ဘာ့ကပ်ရောဂါ ကိုဗစ်-၁၉ ကာလအတွင်း အစိုးရ...

ကျောက်မဲမြို့နယ် အတွင်း တိုက်ပွဲကြောင့် စစ်ရှောင် ၃၀၀နီးပါး တိမ်းရှောင်နေရ

သျှမ်းပြည် မြောက်ပိုင်း ကျောက်မဲမြို့နယ် အတွင်း တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော်(TNLA) နှင့် မြန်မာ့တပ်မတော် တို့ ယခုလအတွင်း တိုက်ပွဲများ ပြန်လည်ဖြစ်ပွါးရာ  ဒေသခံ ပြည်သူလူထု စစ်ဘေးတိမ်ရှောင်နေရသည်။ တိုက်ပွဲများကြောင့် နိုဝင်ဘာ ၁၅ ရက်က  ကျောက်မဲမြို့နယ် ကွန်ကော်၊ တော့ဖယ်နှင့် အုံအွီးကျေးရွာ မှ...

ကျောက်မဲ-နောင်ချို လမ်းမပေါ် ပစ်ခတ်မှု ဖြစ်ပွား

သျှမ်းပြည် မြောက်ပိုင်း ကျောက်မဲ- နောင်ချို ပြည်ထောင်စု လမ်းမပေါ်တွင် ယနေ့  နေ့လည် ၁၂နာရီ ဝန်းကျင်တွင် ပစ်ခတ်မှု ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။ ဖြစ်စဉ်မှာ ကျောက်မဲမြို့နယ် ခိုက်တုံဟုန်းကျေးရွာအနီး၊ ကောင်းမူးလျှံလမ်းခွဲ အနီးတွင် မြန်မာ့တပ်မတော် မှ လုံခြုံရေး အရ ပစ်ခတ်မှု ပြုလုပ်ခဲ့ကြောင်း၊ တိုက်ပွဲ...

ကွတ်ခိုင်မြို့နယ် အတွင်း မြန်မာ့တပ်မတော် နှင့် TNLA တို့ တိုက်ပွဲဖြစ်ပွား၊ ကားလမ်းခေတ္တပိတ်

သျှမ်းပြည် မြောက်ပိုင်း ကွတ်ခိုင်မြို့ နယ် အတွင်း ယနေ့မနက် ပိုင်းတွင် မြန်မာ့တပ်မတော် နှင့် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA) တို့ တိုက်ပွဲ ဖြစ်ပွားမှုကြောင့် ကားလမ်းခေတ္တ ပိတ်ထားရ ကြောင်း သတင်းရရှိသည်။ ယနေ့ အောက်တိုဘာ ၂၅ ရက် မနက်...

မတ်ကျိုင်းနှင့် နားရိုင်း ပြည်သူ့စစ်နယ်မြေ အတွင်း တပ်မတော် စစ်ရေး လေ့ကျင့်

သျှမ်းပြည် တောင်ပိုင်း လွိုင်လင်ခရိုင် နမ့်စန်မြို့နယ် အတွင်း ယနေ့ မနက်ပိုင်းတွင် မြန်မာ့တပ်မတော် မှ စစ်လေ့ကျင့် ပြုလုပ်ကြောင်း သိရသည်။ အဆိုပါ စစ်လေ့ကျင့်ရေး ကို အရှေ့အလယ်ပိုင်းတိုင်း( ရလခ) လက်အောက်ခံ တပ်ရင်းများနှင့် နမ့်စန်အခြေစိုက် လေတိုက်စခန်း ဌာနချုပ် တို့ ပူးပေါင်းပြီး နမ့်စန်မြို့...

မြန်မာ့တပ်မတော်နှင့် TNLA  ကွတ်ခိုင်မြို့နယ်တွင်း တိုက်ပွဲဖြစ်ပွား

သျှမ်းပြည်နယ် မြောက်ပိုင်း ကွတ်ခိုင်မြို့နယ် အတွင်း ယနေ့ မနက်ပိုင်းက မြန်မာ့တပ်မတော် နှင့် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA) တို့ တိုက်ပွဲဖြစ်ပွား ခဲ့ကြောင်း သတင်းရရှိသည်။ စက်တင်ဘာ ၂၄ ရက်  ယနေ့ မနက် ၅ နာရီခွဲက ကွတ်ခိုင်မြို့နယ် ကုန်းဆာရွာ...

အပစ်ရပ်ကာလ ကုန်ပြီး ၂ ရက် အကြာ မြန်မာ့တပ်မတော်နှင့် RCSS ထိတွေ့မှု ဖြစ်

သျှမ်းပြည်နယ် တောင်ပိုင်း မိုင်းကိုင်မြို့နယ် အတွင်း   မြန်မာ့တပ်မတော်နှင့် သျှမ်းတပ်မတော်(RCSS/SSA) တို့ ထိတွေ့မှု ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိခဲ့သည်။ မြန်မာ့တပ်မတော်၏ အပစ်ရပ်ကာလ ကုန်ပြီး ၂ ရက် အကြာ တွင် မြန်မာ့တပ်မတော် စစ်ကြောင်း နှင့် အပစ်ခတ်ရပ်စဲရေးသဘောတူ စာချုပ်လက်မှတ်ထိုးထားသည့် သျှမ်းတပ်မတော်  RCSS/SSA တို့...

မိုင်းပျဉ်းမြို့နယ် ကျေးရွာ အုပ်ချုပ်ရေးမှူးနှင့်ဒေသခံ အမျိုးသားတဦးကို တပ်မတော်က ခေါ်ယူရိုက်နှက်စစ်ဆေး

သျှမ်းပြည်နယ် အရှေ့ပိုင်း မိုင်းပျဉ်းမြို့နယ် မိုင်းပူးလုံကျေးရွာအုပ်စုတွင် ကျေးရွာအုပ်ချုပ်ရေးမှူး နှင့် ရွာသားတဦး ကို မြန်မာ့တပ်မတော်က ခေါ်ယူ စစ်ဆေးရာတွင်ရိုက်နှက်မှုပါ ပြုလုပ်ခဲ့ကြောင်း သတင်းရရှိသည်။ စက်တင်ဘာ ၁၂ ရက်နေ့ ညနေ ၆ နာရီဝန်းကျင်က မြန်မာ့တပ်မတော် ခြေလျင်တပ်ရင်း ခလရ ၂၇၈ မှ တပ်သားများသည်...

နမ့်ဆန်မြို့ မြန်မာ့တပ်မတော်နှင့် TNLA တိုက်ပွဲ ပြင်းထန် ဒေသခံ စိုးရိမ်ထိတ်လန့်

တဖက်သတ်အပစ်ရပ်များ အသီးသီးကြေငြာထားသည့်ကြားက အစိုးရတပ်မတော်နှင့် မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့ ၃ ဖွဲ့တို့ နမ့်ဆန်မြို့နယ်အတွင်း တိုက်ပွဲပြင်းထန်ပြန်လည်ဖြစ်ပွါးရာ တိုက်ပွဲရက်ကြာမည်ကို ဒေသခံများက စိုးရိမ်နေကြသည်။ နမ့်ဆန်မြို့ တောင်ရိုးဘုရားပေါ် တွင် စက်တင်ဘာလ ၁၃ ရက် ယနေ့ မနက် ၇ နာရီ ဝန်းကျင် မှ စတင်သည့် တိုက်ပွဲတွင်...

ပိတ်ဆို့နေသည့် ငြိမ်းချမ်းရေး ပူးပေါင်းဖြေရှင်းရန် အတွက် RCSS/SSA နှင့် အစိုးရ တွေ့ဆုံမည်

ပိတ်ဆို့နေသည့် ငြိမ်းချမ်းရေး ပူပေါင်းဖြေရှင်းရန်အတွက် သျှမ်းပြည်ပြန်လည်ထူထောင်ရေးပါတီ၊ သျှမ်းပြည် တပ်မတော် RCSS/SSA နှင့် မြန်မာ့တပ်မတော်၊ အစိုးရ ၏ ငြိမ်းချမ်းရေးကော်မရှင် (PC) အဖွဲ့တို့နှင့် ယခု လ အတွင်းတွေ့ဆုံ ဆွေးနွေးရန်ရှိကြောင်း သတင်းရရှိသည်။ RCSS/SSA ၊ မြန်မာ့တပ်မတော် နှင့် အစိုးရ ၏...

Latest news