Wednesday, January 28, 2026

မတ်ကျိုင်းနှင့် နားရိုင်း ပြည်သူ့စစ်နယ်မြေ အတွင်း တပ်မတော် စစ်ရေး လေ့ကျင့်

သျှမ်းပြည် တောင်ပိုင်း လွိုင်လင်ခရိုင် နမ့်စန်မြို့နယ် အတွင်း ယနေ့ မနက်ပိုင်းတွင် မြန်မာ့တပ်မတော် မှ စစ်လေ့ကျင့် ပြုလုပ်ကြောင်း သိရသည်။

Photo by ပန်လျန်းဆိုင်ဒေသခံ/ ယနေ့ မြန်မာ့တပ်မတော် စစ်လေ့ကျင့်သည့် ယာဉ်တန်း

အဆိုပါ စစ်လေ့ကျင့်ရေး ကို အရှေ့အလယ်ပိုင်းတိုင်း( ရလခ) လက်အောက်ခံ တပ်ရင်းများနှင့် နမ့်စန်အခြေစိုက် လေတိုက်စခန်း ဌာနချုပ် တို့ ပူးပေါင်းပြီး နမ့်စန်မြို့ မှ အရှေ့တောင်ဘက် မတ်ကျိုင်း ပြည်သူ့စစ် အခြေစိုက် ပန်လျန်းဆိုင် ဒေသ နှင့် နားရိုင်း ပြည်သူ့စစ် အခြေစိုက် မိုင်းစစ် ဒေသ အတွင်း ပြုလုပ်ခဲ့သည်။

ထို စစ်လေ့ကျင့်ရေးကို မနက်ပိုင်း ၉ နာရီ မှ မွန်းလွှဲ ၂ နာရီထိ ပြုလုပ်ခဲ့ကြောင်း ဒေသခံများ ပြောဆိုချက် အရသိရသည်။

မတ်ကျိုင်း ပြည်သူ့စစ် ဒုဥက္ကဌ ဆရာဆိုင်လျန်း က “ ကျနော်တို့ ဆီကို အကြောင်းကြားပြီးလာတယ်။ စစ်ရေး လာကျင့်တာနေမယ်။ ဒီမနက် ၉ နာရီ လာပြီး မွန်းတည့်လောက် ပြန်သွားတယ်။ အတိအကျတော့ ကျနော်မသိဘူး။ အဲ့အချိန်က စာသင်နေတယ်” ဟု သျှမ်းသံတော်ဆင့် သို့ ပြောသည်။

Photo by ပန်လျန်းဆိုင်ဒေသခံ/ ယနေ့ မြန်မာ့တပ်မတော် စစ်လေ့ကျင့်သည့် ယာဉ်တန်း

မြန်မာ့တပ်မတော် စစ်လေ့ကျင့်မှုတွင် သံချပ်ကာ ကား၈စီး၊ တွဲကား နှင့် အမြှောက် ၂လက်၊ စစ်လေယာဉ် ၃စီး နှင့် စစ်ကား ၂၀တွင် စစ်အင်အား ၁၀၀ကျော် တို့ ပါဝင်ကြောင်း ပန်လျန်းဆိုင် ဒေသခံများ ပြောပြချက် အရ သိရသည်။

မတ်ကျိုင်း ပြန်သူ့စစ် ကို ဦးစိုင်းလူ ခေါင်းဆောင်ပြီး၊ နားရိုင်းပြည်သူ့စစ် ကို ဂျိုးဆန်း က ဦးဆောင်ကာ ၁၉၉၆ ခုနစ်တွင် MTA (မိုင်းတိုင်းတပ်မတော်) မှ လက်နက်ချပြီး စစ်အစိုးရ မှ ပြည်သူ့စစ်အဖြစ် ပြန်လည် တာဝန်ခန့်အပ်ခဲ့သည့် အဖွဲ့များဖြစ်သည်။

အဆိုပါ ဒေသ ပတ်ပတ်လည်တွင် သျှမ်းပြည် ပြန်လည်ထူထောင်ရေး ကောင်စီ၊ သျှမ်းပြည်တပ်မတော်( RCSS/SSA ) ထိန်းချုပ်လှုပ်ရှားသည့်ဒေသဖြစ်သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

သျှမ်းပြည် က ကျည်မဲ့ လက်နက်ကြီးကြောင့် ဘဝပျက်နေရ

0
စစ်အာဏာသိမ်းလာတဲ့ တနှစ်ကျော် ကာလမှာ သျှမ်းပြည်တောင်ပိုင်းမှာ ပြည်သူ့စစ်တပ်ဖွဲ့တွေ ဦးဆောင်ပြီး လောင်းကစားတွေ ပြန်လည် ဦးမော့လာပါတယ်။ တခေတ်တခါ ကာလမှာ သျှမ်းပြည်ဒေသ တခွင်မှာ လောင်းကစားတွေ ပေါများခဲ့ကာ ၂၀၁၀ ခုနစ် စစ်ယူနစ်ဖောင်းချွတ် အရပ်သား အစိုးရ ဦးသိန်းစိန်လက်ထက်ကနေ စပြီး လောင်းကစားဖွင့်လှစ်မှု တဖြည်းဖြည်း လျော့ကျလာခဲ့ပါတယ်။ NLD...

နမ့်စန်မြို့ ပြည်သူ့စစ်များဖွင့်လှစ်သည့် လောင်းကစားပွဲ မြန်မာပြည်အဆိုတော်များခေါ်ဆို

0
သျှမ်းပြည်တောင်ပိုင်း နမ့်စန်မြို့နယ် ဌာနေပြည်သူ့စစ်များ ဦးစီးဖွင့်လှစ်သည့် လောင်းကစားပွဲတွင် မြန်မာပြည်မှာ နာမည်ကြီးအဆိုတော်များကို ခေါ်ဆိုကြောင်း စုံစမ်းသိရသည်။ လက်ရှိ နမ့်စန်မြို့နယ်အတွင်း ပြုလုပ်နေသည့် လောင်းကစားပွဲများကို နားရိုင်းပြည်သူ့စစ်၊ ပန်လျန်းဆိုင်ပြည်သူ့စစ် နှင့် SSS ပြည်သူ့စစ် တို့ ဦးဆောင်ပြီး ဖွင့်လှစ်ကာ နာမည်ကြီးအဆိုတော် နီးနီခင်ဇော်၊ ၀ေလ၊ သာဒီးလူ၊၀န...

ကိုဗစ်-၁၉ ကာလ အတွင်း လားရှိုးမြို့နယ်တွင် အစိုးရတပ်မှ လူ့အခွင့်အရေးချိုးဖောက်မှု များပြုနေ

0
သျှမ်းပြည် မြောက်ပိုင်း လားရှိုးမြို့နယ် အတွင်း မြန်မာ့တပ်မတော်သည် ကိုဗစ်-၁၉ ထိန်းချုပ် ကာကွယ်သည့် ကာလအတွင်း စစ်အင်းအားတိုးချဲ့မှုများပြုလုပ်ကာ ရွားသားများကို အတင်းအဓမ္မခိုင်းစေမှုများပြုလုပ်နေကြောင်း သျှမ်းလူ့အခွင့်အရေး မဏ္ဍိုင် ကထုတ်ပြန်ထားသည်။ မေ ၁၁ ရက်စွဲဖြင့် ထုတ်ပြန်သော SHRF ၏အဆိုပါကြေငြာချက်သည် ကမ္ဘာ့ကပ်ရောဂါ ကိုဗစ်-၁၉ ကာလအတွင်း အစိုးရ...

ကျောက်မဲမြို့နယ် အတွင်း တိုက်ပွဲကြောင့် စစ်ရှောင် ၃၀၀နီးပါး တိမ်းရှောင်နေရ

0
သျှမ်းပြည် မြောက်ပိုင်း ကျောက်မဲမြို့နယ် အတွင်း တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော်(TNLA) နှင့် မြန်မာ့တပ်မတော် တို့ ယခုလအတွင်း တိုက်ပွဲများ ပြန်လည်ဖြစ်ပွါးရာ  ဒေသခံ ပြည်သူလူထု စစ်ဘေးတိမ်ရှောင်နေရသည်။ တိုက်ပွဲများကြောင့် နိုဝင်ဘာ ၁၅ ရက်က  ကျောက်မဲမြို့နယ် ကွန်ကော်၊ တော့ဖယ်နှင့် အုံအွီးကျေးရွာ မှ...

ကျောက်မဲ-နောင်ချို လမ်းမပေါ် ပစ်ခတ်မှု ဖြစ်ပွား

0
သျှမ်းပြည် မြောက်ပိုင်း ကျောက်မဲ- နောင်ချို ပြည်ထောင်စု လမ်းမပေါ်တွင် ယနေ့  နေ့လည် ၁၂နာရီ ဝန်းကျင်တွင် ပစ်ခတ်မှု ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။ ဖြစ်စဉ်မှာ ကျောက်မဲမြို့နယ် ခိုက်တုံဟုန်းကျေးရွာအနီး၊ ကောင်းမူးလျှံလမ်းခွဲ အနီးတွင် မြန်မာ့တပ်မတော် မှ လုံခြုံရေး အရ ပစ်ခတ်မှု ပြုလုပ်ခဲ့ကြောင်း၊ တိုက်ပွဲ...