Tuesday, January 27, 2026

ကိုဗစ်-၁၉ ကာလ အတွင်း လားရှိုးမြို့နယ်တွင် အစိုးရတပ်မှ လူ့အခွင့်အရေးချိုးဖောက်မှု များပြုနေ

သျှမ်းပြည် မြောက်ပိုင်း လားရှိုးမြို့နယ် အတွင်း မြန်မာ့တပ်မတော်သည် ကိုဗစ်-၁၉ ထိန်းချုပ် ကာကွယ်သည့် ကာလအတွင်း စစ်အင်းအားတိုးချဲ့မှုများပြုလုပ်ကာ ရွားသားများကို အတင်းအဓမ္မခိုင်းစေမှုများပြုလုပ်နေကြောင်း သျှမ်းလူ့အခွင့်အရေး မဏ္ဍိုင် ကထုတ်ပြန်ထားသည်။

SHAN

မေ ၁၁ ရက်စွဲဖြင့် ထုတ်ပြန်သော SHRF ၏အဆိုပါကြေငြာချက်သည် ကမ္ဘာ့ကပ်ရောဂါ ကိုဗစ်-၁၉ ကာလအတွင်း အစိုးရ တပ်များ လားရှုှိးမြို့နယ် အတွင်း စစ်ရေး အရှိန်မြင့်ခြင်း၊ လယ်သမားများအား ညှင်းပန်းနှိပ်စက်သတ်ဖြတ်ခြင်း နှင့် ရွာသားများ အား အတင်းအဓမ္မ ခိုင်းစေခြင်းတို့ပြုလုပ်နေသည် ဟု ရေးသားထားသည်။

ဧပြီ ၂၄ ရက် က အစိုးရတပ်မ ၉၉ မှ တပ်သား များသည် လားရှိုးမြို့နယ် ဝမ်ဟိုဆေ ကျေးရွာသား တဦးသည် နွားကျောင်းပြန်လာသည်ကို ဖမ်းဆီး ရိုက်နှက်ကာ ပစ်သတ်လိုက်ကြောင်း သိရသည်။

တပ်မတော် မှ သေနတ်ပစ်သတ်ခံရသည့် အသက် ၂၇ နှစ် အရွယ် အဆိုပါ အမျိုးသားကို ဧပြီ ၂၆ ရက် မှ မိသားစုဝင်များက ပြန်လည်ရှာဖွေတွေ့ရှိခဲ့ကြောင်း လည်း SHRF ၏ ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

ထို့ပြင် လားရှိုးမြို့နယ် မိုင်းကျက် ကျေးရွာအုပ်စု နေ ရွာသားများကိုလည်း မြန်မာ့ တပ်မတော်က ဧပြီလက လုပ်အား စေခိုင်းခြင်းတို့ကို ပြုလုပ်သေးကြောင်း ထုတ်ပြန်ချက်တွင်ရေးသားထားသည်။

“ ကျနော်တို့ အနေနဲ့က ဒီလို ကာလမှာ မြန်မာ့ တပ်မတော်အနေနဲ့ ဒေသခံ ပြည်သူတွေကို လူ့အခွင့်အရေးချိုးဖောက်တာ၊ အတင်းအဓမ္မစေခိုင်းတာ၊ သတ်ဖြတ်တာတွေကို ရှုံ့ချပါတယ်။ ဒါက မဖြစ်သင့်တဲ့အရာပါ” ဟုSHRF၏ ပြောရေး ဆိုခွင့်ရှိသူ စိုင်းဟော်ရှဲန် က သျှမ်းသံတော်ဆင့် သို့ပြောသည်။

သျှမ်းလူ့အခွင့်အရေး မဏ္ဍိုင် အနေဖြင့် အစိုးရစစ်တပ် ၏ အပြစ်မဲ့ ပြည်သူများအား ဆက်တိုက် နှိပ်စက် ညှင်းပန်းခြင်း၊ တရားမဲ့ သတ်ဖြတ်ခြင်း၊ အတင်းအဓမ္မစေခိုင်းမှု ကို ရှုတ်ချကြောင်း၊ အထူးသဖြင့် လက်ရှိ ကိုဗစ်-၁၉ အချိန် စစ်တပ်မှ ကပ်ရောဂါ အန္တရာယ်ကို ကာကွယ်ထောက်ပံ့ ကူညီပေးသင့်ကြောင်းလည်း ဝေဖန်ထောက်ပြလိုက်သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

လားရှိုးမြို့နယ်တွင် စစ်ကော်မရှင်တပ်နှင့် ကိုးကန့်တပ် အပြိုင်အဆိုင် တပ်သားသစ်စုဆောင်း

0
သျှမ်းပြည် လားရှိုးမြို့တွင် စစ်ကော်မရှင်တပ်မှ ပထမအကြိမ် စစ်မှုထမ်းတပ်သားသစ် ခေါ်ယူရန် ရပ်ကွက်အတွင်း လူဦးရေစာရင်း ပြန်လည်ကောက်ယူနေကြောင်း စုံစမ်းသိရသည်။ စစ်ကော်မရှင် ပြန်လည်ထိန်းချုပ်ထားသည့် လားရှိုးမြို့ပေါ် ရပ်ကွက်များကို ယခု ဇန်နဝါရီ ၂၁ရက်မှစတင်ပြီး အုပ်ချုပ်ရေးမှူးများမှ နေအိမ်များတွင် လူဦးရေစာရင်း ဝင်ရောက်စစ်ဆေးပြီး စာရင်းကောက်ယူနေခြင်းကြောင့် စစ်မှုထမ်းခေါ်ယူမည်ကို စိုးရိမ်နေရကြောင်း လားရှိုးဒေသခံများက...

လားရှိုးမြို့နယ် ကျေးရွာအချို့တွင် MNDAA လုံခြုံရေးဖြင့် ရွေးကောက်ပွဲကျင်းပနိုင်ရေး လုပ်ဆောင်နေ

0
သျှမ်းပြည် လားရှိုးမြို့နယ်ရှိ ကိုးကန့်တပ်ဖွဲ့ MNDAA ထိန်းချုပ်ထားသည့် ကျေးရွာအုပ်စုအချို့တွင် ရွေးကောက်ပွဲအတွက် မဲရုံဖွင့်လှစ်နိုင်ရန် စစ်ကော်မရှင်လက်အောက်ခံ ဌာနဆိုင်ရာဝန်ထမ်းများ သွားရောက်ကြည့်ရှုခဲ့ကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (ဒီဇင်ဘာလ ၁၄ ရက်) နံနက်ပိုင်းတွင် လားရှိုးမြို့နယ်အတွင်း ကိုးကန့်တပ်ဖွဲ့ MNDAA ထိန်းချုပ်ထားသည့် လားရှိုး-မိုင်းရယ် လမ်းမကြီးတလျှောက်ရှိ ကျေးရွာများတွင် ရွေးကောက်ပွဲ...

ထိုင်း-မြန်မာနယ်စပ်တွင် တူးဖော်နေသည့် မြေရှားနှင့်ရွေလုပ်ငန်း တရုတ်အစိုးရ ပါဝင်ပတ်သက်နေ

0
ထိုင်း-မြန်မာနယ်စပ် သတ္တုတွင်းလုပ်ငန်းများကြောင့် ဒေသခံ တစ်သန်းကျော်၏ ကျန်းမာရေးကို ခြိမ်းခြောက်နေသော်လည်း တရုတ်အစိုးရမှ ကျောထောက်နောက်ခံ ပြုထားသော ကုမ္ပဏီတစ်ခုသည် ယင်းသတ္တုတူးဖော်မှုလုပ်ငန်းကို ဆက်လက်လုပ်ကိုင်နေသည်။ တရုတ်အစိုးရ ကျောထောက်နောက်ခံ ပြုထားသော China Investment Mining အမည်ရ ကုမ္ပဏီသည် အာဏာသိမ်းပြီးနောက် ၂၀၂၃ နှစ်လယ်ပိုင်းကတည်းက သျှမ်းပြည်အရှေ့ပိုင်း မိုင်းဆတ်မြို့နယ်...

“ကိုယ့်နယ်မြေဒေသမှာ သယံဇာတတွေ ပိုင်ဆိုင်ထားပေမယ့် မကာကွယ်နိုင်ရင် သူများ ပိုင်ဆိုင်သွားနိုင်တယ်”

0
မြန်မာပြည် မြေပုံရဲ့ လေးပုံ တစ်ပုံခန့် ကျယ်ဝန်းတဲ့ သျှမ်းပြည်ဟာ အမျိုးမျိုးသော သဘာဝ သယံဇာတတွေ ထွက်ရှိတဲ့ပြည်နယ် ဖြစ်ပေမယ့်လည်း မြေပေါ်မြေအောက် တွင်းထွက်သယံဇာတတွေကို တူးဖော်ထုတ်ယူပြီး ကုန်ကြမ်းအဖြစ်နဲ့သာ နိုင်ငံခြားကို တင်ပို့ရောင်းချနေရပါတယ်။ အဲ့ဒီထဲမှာ မြေရှားသတ္တု၊ ရွှေ၊ ငွေနဲ့ အဖိုးတန် သစ်အမျိုးမျိုး စတဲ့ သဘာဝ...

လားရှိုးမြို့နယ် MNDAA မှ ကျေးရွာတိုင်းနီးပါး တပ်သားသစ် အတင်းအကြပ် စုဆောင်းနေ

0
သျှမ်းပြည် လားရှိုးမြို့နယ်ရှိ ကိုးကန့်တပ်ဖွဲ့ MNDAA မှ ကျေးရွာအားလုံးနီးပါးတွင် တပ်သားသစ် အတင်းအကြပ် စုဆောင်းနေကြောင်း စုံစမ်းသိရသည်။ ကိုးကန့်တပ်ဖွဲ့ MNDAA သည် လားရှိုးမြို့ပေါ် ရပ်ကွက် (၁၂) ခုကို စစ်ကောင်စီထံ ဧပြီလအတွင်း ပြန်လည်အပ်နှံရပြီးနောက် လားရှိုးမြို့ပြင်ရှိ ကျေးရွာအားလုံးနီးပါးတွင် တပ်သားသစ် အတင်းအကြပ် စုဆောင်းနေကြောင်း...