ကိုဗစ်-၁၉ ကာလ အတွင်း လားရှိုးမြို့နယ်တွင် အစိုးရတပ်မှ လူ့အခွင့်အရေးချိုးဖောက်မှု များပြုနေ

သျှမ်းပြည် မြောက်ပိုင်း လားရှိုးမြို့နယ် အတွင်း မြန်မာ့တပ်မတော်သည် ကိုဗစ်-၁၉ ထိန်းချုပ် ကာကွယ်သည့် ကာလအတွင်း စစ်အင်းအားတိုးချဲ့မှုများပြုလုပ်ကာ ရွားသားများကို အတင်းအဓမ္မခိုင်းစေမှုများပြုလုပ်နေကြောင်း သျှမ်းလူ့အခွင့်အရေး မဏ္ဍိုင် ကထုတ်ပြန်ထားသည်။

SHAN

မေ ၁၁ ရက်စွဲဖြင့် ထုတ်ပြန်သော SHRF ၏အဆိုပါကြေငြာချက်သည် ကမ္ဘာ့ကပ်ရောဂါ ကိုဗစ်-၁၉ ကာလအတွင်း အစိုးရ တပ်များ လားရှုှိးမြို့နယ် အတွင်း စစ်ရေး အရှိန်မြင့်ခြင်း၊ လယ်သမားများအား ညှင်းပန်းနှိပ်စက်သတ်ဖြတ်ခြင်း နှင့် ရွာသားများ အား အတင်းအဓမ္မ ခိုင်းစေခြင်းတို့ပြုလုပ်နေသည် ဟု ရေးသားထားသည်။

ဧပြီ ၂၄ ရက် က အစိုးရတပ်မ ၉၉ မှ တပ်သား များသည် လားရှိုးမြို့နယ် ဝမ်ဟိုဆေ ကျေးရွာသား တဦးသည် နွားကျောင်းပြန်လာသည်ကို ဖမ်းဆီး ရိုက်နှက်ကာ ပစ်သတ်လိုက်ကြောင်း သိရသည်။

တပ်မတော် မှ သေနတ်ပစ်သတ်ခံရသည့် အသက် ၂၇ နှစ် အရွယ် အဆိုပါ အမျိုးသားကို ဧပြီ ၂၆ ရက် မှ မိသားစုဝင်များက ပြန်လည်ရှာဖွေတွေ့ရှိခဲ့ကြောင်း လည်း SHRF ၏ ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

ထို့ပြင် လားရှိုးမြို့နယ် မိုင်းကျက် ကျေးရွာအုပ်စု နေ ရွာသားများကိုလည်း မြန်မာ့ တပ်မတော်က ဧပြီလက လုပ်အား စေခိုင်းခြင်းတို့ကို ပြုလုပ်သေးကြောင်း ထုတ်ပြန်ချက်တွင်ရေးသားထားသည်။

“ ကျနော်တို့ အနေနဲ့က ဒီလို ကာလမှာ မြန်မာ့ တပ်မတော်အနေနဲ့ ဒေသခံ ပြည်သူတွေကို လူ့အခွင့်အရေးချိုးဖောက်တာ၊ အတင်းအဓမ္မစေခိုင်းတာ၊ သတ်ဖြတ်တာတွေကို ရှုံ့ချပါတယ်။ ဒါက မဖြစ်သင့်တဲ့အရာပါ” ဟုSHRF၏ ပြောရေး ဆိုခွင့်ရှိသူ စိုင်းဟော်ရှဲန် က သျှမ်းသံတော်ဆင့် သို့ပြောသည်။

သျှမ်းလူ့အခွင့်အရေး မဏ္ဍိုင် အနေဖြင့် အစိုးရစစ်တပ် ၏ အပြစ်မဲ့ ပြည်သူများအား ဆက်တိုက် နှိပ်စက် ညှင်းပန်းခြင်း၊ တရားမဲ့ သတ်ဖြတ်ခြင်း၊ အတင်းအဓမ္မစေခိုင်းမှု ကို ရှုတ်ချကြောင်း၊ အထူးသဖြင့် လက်ရှိ ကိုဗစ်-၁၉ အချိန် စစ်တပ်မှ ကပ်ရောဂါ အန္တရာယ်ကို ကာကွယ်ထောက်ပံ့ ကူညီပေးသင့်ကြောင်းလည်း ဝေဖန်ထောက်ပြလိုက်သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

လားရှိုးမြို့နယ် နမ့်ပေါင်ဒေသ ရေကြီး လယ်ယာများ ပျက်စီး၊ နေအိမ်ရေနစ်မြှုပ်

0
သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့နယ် နမ့်ပေါင်ဒေသတွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ချောင်းရေမြင့်တက်ကာ လယ်ကွက်များ၊ လမ်းများနှင့် နေအိမ်အချို့အတွင်း ရေကြီးရေလျှံမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။ ယမန်နေ့ (ဩဂုတ်လ ၃ ရက်) ညပိုင်းမှ ယနေ့ (ဩဂုတ်လ ၄ ရက်) နံနက်ပိုင်းအထိ နမ့်ပေါင်ဒေသတွင် မိုးသည်းထန်စွာ ရွာသွန်းခဲ့ပြီးနောက်...

ပဋိပက္ခကြားက ကျောက်မဲ အထက်ရဲရွာစီမံကိန်းကို စစ်တပ်ပြန်စရန် ပြင်ဆင်နေ

0
သျှမ်းပြည်မြောက်ပိုင်းတွင် စစ်ရေးနှင့် နိုင်ငံရေးအခြေအနေများ ရှုပ်ထွေးနေဆဲကာလအတွင်း တိုက်ပွဲများကြောင့် ပျက်စီးသွားသည့် အထက်ရဲရွာ ရေအားလျှပ်စစ်စီမံကိန်းကို ပြည်ထောင်စုဘတ်ဂျက်သုံးစွဲကာ ပြန်လည်ပြင်ဆင်မည်ဟု စစ်ကော်မရှင်က ပြောဆိုလိုက်သည်။ ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် ဇွန်လအတွင်း ဖြစ်ပွားခဲ့သော တိုက်ပွဲများကြောင့် ကျောက်မဲမြို့နယ်ရှိ အဆိုပါစီမံကိန်းမှ စက်ပစ္စည်းနှင့် အဆောက်အအုံများ ငွေကျပ် ၂၆ ဘီလီယံခန့်...

MNDAA ဖမ်းဆီးထားသည့် ဆန္ဒပြသူ ၅ ဦး ပြန်မလွှတ်သေး၊ ချွင်းချက်မရှိ ပြန်လွှတ်ပေးရန် သျှမ်းအရပ်ဖက်အဖွဲ့ တောင်းဆို

0
သျှမ်းပြည် လားရှိုးမြို့နယ် မန်စယ်ကျေးရွာအုပ်စုတွင် ရွှေတူးဖော်မှုကို ကန့်ကွက်ခြင်းကြောင့် ကိုးကန့်တပ်ဖွဲ့ MNDAA ဖမ်းဆီးထားသည့် ဆန္ဒပြရွာသား (၅) ဦးသည် ယနေ့အချိန်ထိ ပြန်မလွှတ်သေးကြောင်း စုံစမ်းသိရသည်။ MNDAA ရွှေတူးဖော်မှုကို ကန့်ကွက်ဆန္ဒပြခဲ့သည့် မန်စယ်ရွာသား (၃၆) ဦးကို ကိုးကန့်တပ်သားများမှ ဖေဖော်ဝါရီလ (၁) ရက် ညနေပိုင်းတွင်...

လားရှိုးမြို့နယ်တွင် စစ်ကော်မရှင်တပ်နှင့် ကိုးကန့်တပ် အပြိုင်အဆိုင် တပ်သားသစ်စုဆောင်း

0
သျှမ်းပြည် လားရှိုးမြို့တွင် စစ်ကော်မရှင်တပ်မှ ပထမအကြိမ် စစ်မှုထမ်းတပ်သားသစ် ခေါ်ယူရန် ရပ်ကွက်အတွင်း လူဦးရေစာရင်း ပြန်လည်ကောက်ယူနေကြောင်း စုံစမ်းသိရသည်။ စစ်ကော်မရှင် ပြန်လည်ထိန်းချုပ်ထားသည့် လားရှိုးမြို့ပေါ် ရပ်ကွက်များကို ယခု ဇန်နဝါရီ ၂၁ရက်မှစတင်ပြီး အုပ်ချုပ်ရေးမှူးများမှ နေအိမ်များတွင် လူဦးရေစာရင်း ဝင်ရောက်စစ်ဆေးပြီး စာရင်းကောက်ယူနေခြင်းကြောင့် စစ်မှုထမ်းခေါ်ယူမည်ကို စိုးရိမ်နေရကြောင်း လားရှိုးဒေသခံများက...

လားရှိုးမြို့နယ် ကျေးရွာအချို့တွင် MNDAA လုံခြုံရေးဖြင့် ရွေးကောက်ပွဲကျင်းပနိုင်ရေး လုပ်ဆောင်နေ

0
သျှမ်းပြည် လားရှိုးမြို့နယ်ရှိ ကိုးကန့်တပ်ဖွဲ့ MNDAA ထိန်းချုပ်ထားသည့် ကျေးရွာအုပ်စုအချို့တွင် ရွေးကောက်ပွဲအတွက် မဲရုံဖွင့်လှစ်နိုင်ရန် စစ်ကော်မရှင်လက်အောက်ခံ ဌာနဆိုင်ရာဝန်ထမ်းများ သွားရောက်ကြည့်ရှုခဲ့ကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (ဒီဇင်ဘာလ ၁၄ ရက်) နံနက်ပိုင်းတွင် လားရှိုးမြို့နယ်အတွင်း ကိုးကန့်တပ်ဖွဲ့ MNDAA ထိန်းချုပ်ထားသည့် လားရှိုး-မိုင်းရယ် လမ်းမကြီးတလျှောက်ရှိ ကျေးရွာများတွင် ရွေးကောက်ပွဲ...