သျှမ်းပြည် က ကျည်မဲ့ လက်နက်ကြီးကြောင့် ဘဝပျက်နေရ

စစ်အာဏာသိမ်းလာတဲ့ တနှစ်ကျော် ကာလမှာ သျှမ်းပြည်တောင်ပိုင်းမှာ ပြည်သူ့စစ်တပ်ဖွဲ့တွေ ဦးဆောင်ပြီး လောင်းကစားတွေ ပြန်လည် ဦးမော့လာပါတယ်။

ပြည်သူ့စစ်

တခေတ်တခါ ကာလမှာ သျှမ်းပြည်ဒေသ တခွင်မှာ လောင်းကစားတွေ ပေါများခဲ့ကာ ၂၀၁၀ ခုနစ် စစ်ယူနစ်ဖောင်းချွတ် အရပ်သား အစိုးရ ဦးသိန်းစိန်လက်ထက်ကနေ စပြီး လောင်းကစားဖွင့်လှစ်မှု တဖြည်းဖြည်း လျော့ကျလာခဲ့ပါတယ်။

NLD အစိုးရလက်ထက်မှာလည်း လောင်းကစားဟာ ပပျောက်မှုရှိလာကာ စစ်ကောင်စီ လက်အောက်ခံ သျှမ်းပြည်ရှိ ပြည်သူ့စစ်အခန်းကဏ္ဍာ ကလည်း လျော့ကျလာခဲ့ပါတယ်။

စစ်အာဏာသိမ်းပြီး လပိုင်းမှာ ၁၀ နှစ်နီးပါး ငြိမ်သက်နေတဲ့ ပြည်သူ့စစ်တွေ ဟာ သူတို့ ထိန်းချုပ်လှုပ်ရှားတဲ့နေရာမှ လက်နက်အပြည့်နဲ့ ရဲစခန်းတွေ၊ စစ်ကောင်စီအုပ်စုတွေနဲ့ ပူးပူးတွဲတွဲနဲ့ ပြန်လည်ရှိလာကြောင်းကို သျှမ်းပြည် ပြည်သူ့စစ်နယ်မြေမှာ နေထိုင်တဲ့သူတွေက သျှမ်းသံတော်ဆင့်ကို ပြောပြလာပါတယ်။

ဒီ စစ်အာဏာသိမ်းပြီးနောက်ပိုင်းမှာတော့ စစ်ကောင်စီ လက်အောက်ခံ ပြည်သူ့စစ် တွေက သျှမ်းပြည်တဝှမ်းမှာ ပြန်လည်ပြီး ခြေရှုပ်လာကာ တရားမဝင် လောင်းကစားတွေကို ရဲစခန်းတွေ ဘုန်းကြီးကျောင်း ထီးတင်ပွဲတွေမှာ ပေါ်ပေါ်တင်တင် ဖွင့်လှစ်လာကြပါတယ်။

လင်းခေးမြို့နယ်ရှိ ရဲစခန်းတစ်ခုအတွင်းဖွင့်ခဲ့တဲ့လောင်းကစားပုံ

“ ကျမတို့ မြို့ ထီးတင်ပွဲမှာ လောင်းကစားပါတော့ တော်တော်လန့်သွားတယ်။ အရင် အာဏာရှင်ခေတ်ကတော့ ရှိခဲ့တယ်။ ဒီမိုကရေစီ ခေတ်ဘက်ပြောင်းလာတော့ လောင်းကစားပျောက်သွားတယ်။ အခုတစ်စခန်း ပြန်ထလာပြီလေ” လို့ လင်းခေးသူ က လက်ရှိ အခြေအနေကို ပြောပြလာပါတယ်။

လင်းခေးမြို့မှာ ဖွင့်လှစ်နေတဲ့ လောင်းကစားဝိုင်းဟာ စစ်မှုထမ်းဟောင်းနဲ့ မဟာဂျာဦးဆောင်တဲ့ SSS ပြည်သူ့စစ် တို့ ဖွင့်လှစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ခွန်ဆာဦးဆောင်တဲ့ Mong Tai Army ၁၉၉၆ ခုနှစ်တွင် လက်နက်ချခဲ့ပြီးနောက် ထွက်ပေါ်လာတဲ့ အဖွဲ့တစ်ခု ဖြစ်ပါတယ်။

သျှမ်းပြည်ရဲ့ လောင်းကစားဝိုင်းတွေမှာ လေးကောင်ဂျင်၊ ဂုံးဂင်း၊ ဖဲဝိုင်း နဲ့ သျှမ်းကိုးမီးတွေ အပါအဝင် တခြား လောင်းကစားဝိုင်း တွေလည်း ထည့်သွင်းကြတာတွေရှိပါတယ်။

စစ်အာဏာသိမ်းပြီးနောက် တနှစ်ကျော်ကာလမှာ မြန်မာပြည်တဝှမ်းမှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF)နဲ့ စစ်ကောင်စီ တပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွားခဲ့ပေမယ့် သျှမ်းပြည်တောင်ပိုင်း လောင်းကစားဝိုင်းဖွင့်တဲ့နေရာကတော့ စစ်ရေးတိတ်ဆိတ်နေတဲ့ ဒေသတွေဖြစ်ပါတယ်။

လင်းခေးမြို့နယ်ထဲက လောင်းကစားနေရာ

စစ်ကောင်စီ တပ်ဖွဲ့ဟာ သျှမ်းလူထုတွေကို နိုင်ငံရေး စိတ်ဝင်စားမှု မရှိလာအောင် လောင်းကစားကို ကြီးကြီးကျယ်ကျယ် ဖွင့်လှစ်လာသလို လောင်းကစားဝိုင်းတိုင်းမှာလည်း နာမည်ကျော် အဆိုတော်တွေ ကို ခေါ်ယူတာတွေလည်းရှိပါတယ်။

“ ကျနော်တို့ မြို့မှာဆိုရင် လောင်းကစားမှာ လူတွေလာအောင် ပွဲစည်အောင်ဆိုပြီး နာမည်ကြီးအဆိုတော်တွေက စခေါ်တယ်။ လူငယ်တွေအကြိုက်ခေါ်တာ။ နိုင်ငံရေးမှာ လူငယ်တွေ စိတ်မဝင်စားအောင် တမြင်လုပ်နေတာ” – လို့ နမ့်စန်မြို့မှ နိုင်ငံရေးသမား တစ်ဦး က ပြောပါတယ်။

နမ့်စန်မြို့ပေါ်မှာဆိုရင် Mong Tai Army အဖွဲ့ဝင်ဟောင်းတွေဦးဆောင်တဲ့ မတ်ကျန်း ပြည်သူ့စစ်၊ နားရိုင်းပြည်သူ့စစ်နဲ့ SSS (မဟာဂျာ) ပြည်သူ့စစ်တွေက လောင်းကစားရုံကို တရွာဝင် တရွာထွက် နေရာပြောင်းပြီး လုပ်ဆောင်နေကြပါတယ်။ တချို့ လောင်းကစားဒိုင်တွေကလည်း မြို့နယ်ရဲစခန်းနဲ့ ပူးပေါင်းပြီး ပေါ်တင်ဖွင့်လာကြတာပါ။

မတ်ကျန်းပြည်သူ့စစ် က ဦးစိုင်းလူ(ခေါ်) စဝ်လျဲန်းဆိုင် ဦးဆောင်ပြီး နအဖ အစိုးရထံ ၂၀၀၄ ခုနစ်တွင် အလင်းဝင်ခဲ့ကာ ပန်လျဲန်းဆိုင်ဒေသ မှာ ပြည်သူ့စစ်အဖြစ် ပြောင်းလဲခဲ့ပါတယ်။

မဟာဂျာ ဦးဆောင်တဲ့ SSS (Southern Shan State) အများသိတဲ့ အက်သုံးလုံး နဲ့ ဂျိုးဆန်း ဦးဆောင်တဲ့ နားရိုင်းပြည်သူ့စစ်ကတော့ ၁၉၉၆ ခုနစ် ကတည်းက ပြည်သူ့စစ်ပြောင်းခဲ့ပါတယ်။

ဒီပြည်သူ့စစ် (၃)ခုလုံးဟာ Mong Tai Army လက်နက်ချပြီးခွဲထွက်လာတဲ့အဖွဲ့တွေဖြစ်ပြီး၊ အရှေ့အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် တည်ရှိတဲ့ ခိုလမ်မြို့ အနီးဖြစ်တဲ့ နမ့်စန်မြို့မှာ ဆက်ဆံရေးရုံး စိုက်ထားပါတယ်။

ပြည်သူ့စစ်တွေဟာ စစ်ကောင်စီနဲ့ ပူးပေါင်းပြီး သျှမ်းပြည်တောင်ပိုင်းမှာ စီးပွားရေးလုပ်ငန်းတွေ ဖြစ်တဲ့ သစ်လုပ်ငန်းတွေ ၊ လယ်ယာထွက်ကုန်၊ စက်သုံးဆီ၊ မွေးမြူရေး လုပ်ငန်းတွေ သဘာဝသယံဇာတ ထုတ်ယူခွင့်နဲ့ ဟိုတယ် လုပ်ငန်းတွေ အကြီးအကျယ်လုပ်ကိုင်ကြပါတယ်။

ခေတ်နဲ့ မလျော်ညီတဲ့ ၁၉၈၆ ခုနစ် လောင်းကစားဥပဒေကို ဖျက်သိမ်းလိုက်ပြီး ခေတ်နဲ့လျော်ညီတဲ့ ၂၀၁၉ လောင်းကစားဥပဒေသစ်ကို ၂၀၁၉ ခုနစ် မေ (၇)ရက် မှာ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) လက်ထက်မှာ နိုင်ငံတော်သမ္မတ မှ အတည်ပြုပြဌာန်းခဲ့ပါတယ်။

လောင်းကစားဥပဒေသစ် မှာ ပြည်ထောင်စု အစိုးရ အဖွဲ့ရဲ့ ခွင့်ပြုချက်နဲ့ သတ်မှတ်ချက်တွေနဲ့အညီ မှတ်ပုံတင်ပြီး ကာစီနို တွေဖွင့်ခွင့်ရရှိပေမယ့် မြန်မာနိုင်ငံသားတွေ ဝင်ရောက် လောင်းကစားတာ မပြုထားသလို ကန့်သတ်ချက်တွေ လည်းရှိပါတယ်။

လောင်းကစား

ဒီလောင်းကစားဥပဒေဟာ ဘယ်အစိုးရမဆို လက်ခံရပေမယ့် စစ်ကောင်စီ အုပ်စုတွေ အာဏာသိမ်းပြီးနောက်မှာတော့ လောင်းကစားဥပဒေဟာ အလိုအလျောက် ပျောက်ကွယ်သွားပြီး မြန်မာပြည်နည်းတူ သျှမ်းပြည်လည်း တရားဥပဒေမဲ့ ပြည်နယ်တခု ဖြစ်လာပါတယ်။

စစ်ကောင်စီလက်ထက်မှာတော့ စစ်အာဏာရှင်ကို ဆန့်ကျင်တဲ့ကိစ္စမှ အပ ကြိုက်တဲ့ တရားမဝင်မှုတွေကို လုပ်ပိုင်ခွင့် လမ်းဖွင့်ပေးလိုက်တဲ့သဘောဖြစ်နေတယ်လို့ သျှမ်းလူထုတွေက မှတ်ချက်ပြုလိုက်ပါတယ်။

“ သျှမ်းပြည်က တော့ အရင်ကတည်းက လောင်းကစားနဲ့နာမည်ကြီးခဲ့တယ်လေ။ ဒါပေမယ့် ဒီမိုကရေစီ ခေတ်ပြောင်း လာတော့ လောင်းကစားက မကြားရသလောက်ပါပဲ။ စစ်အာဏာပြန်သိမ်းတော့ သျှမ်းပြည်နေရာအနှံ့ ဘုန်းကြီးကျောင်း၊ ရဲစခန်း မရှောင် လောင်းကစားဝိုင်းပြန်ပေါ်လာတော့ တော်တော်တုန်လှုပ်သွားတယ်” လို့ သျှမ်းပြည် နိုင်ငံရေး လေ့လာသုံးသပ်နေသူ တစ်ဦးက မှတ်ချက်ပြုပါတယ်။

စစ်အာဏာသိမ်းပြီးနောက်မှာ မြန်မာပြည်ရဲ့စီးပွားရေးဟာ အဖက်ဖက် ယိုးယွင်းလာပြီး၊ ပြည်သူအများစုကလည်း အာဏာဖီဆန်ရေးလှုပ်ရှားမှုတွေလုပ်လာကာ စစ်ကောင်စီ လက်အောက်ခံ ဌာနဆိုင်ရာတွေ ပြည်သူ့စစ်တွေဟာ အခွန်ဝင်ငွေတွေ မရရှိသလောက်ဖြစ်လာပါတယ်။

ဒါ့ကြောင့် စစ်ကောင်စီ နဲ့ သူ့ရဲ့လက်အောက်ခံ အဖွဲ့အစည်းတွေ ဟာ သျှမ်းပြည်အတွင်း လောင်းကစားဝိုင်းကို တရားဝင်ဖွင့်လာပြီး ဝင်ငွေတွေ ရှားလာကြတယ်လို့ သျှမ်းပြည် နိုင်ငံရေးလေ့လာသူတွေက ပြောဆိုကြပါတယ်။

“ ရဲတွေကလည်း ဒီလောင်းကစား ကနေ အခွန်ရတယ်လေ။ တမြင်မဖမ်းပဲလွှတ်ထားတာ။ အရေးယူရင် သူတို့အတွက် ဝင်ငွေမရှိဘူးလေ၊ ကျမတို့ ဒေသကတော့ အခုဆိုရင် လောင်းကစားဖွင့်လာတော့ ခိုးယူလုယက်မှုကလည်း ပိုလာတယ်” လို့ မိုင်းရှူးဒေသခံ အသက် ၄၅နှစ်အရွယ်ရှိ နန်းအေး က ပြောပါတယ်။

သျှမ်းပြည်မှာ တိုင်းရင်းသားအချင်းချင်းဖြစ်ပွားနေတဲ့တိုက်ပွဲတွေ မြေလု နေရာလုတိုက်ပွဲတွေကလည်း ရှိနေတဲ့အတွက် လောင်းကစားပပျောက်အောင်လုပ်ဖို့ ကလည်း ဘယ်တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေမှ စိတ်မဝင်စားနေကြကြောင်းလည်း နန်းအေး က ပြောပါတယ်။

ဒါ့ကြောင့် သျှမ်းလူမျိုးအရေး သျှမ်းပြည်အရေး ဖက်ဒရယ်ပြည်ထောင်စုပေါ်ထွန်းရေးလို့ ကြွေးကြော်နေတဲ့ တိုင်းရင်းသားလက်နက်ကိုင်တွကိုလည်း သျှမ်းပြည်သားတွေက အားကိုးလို့မရနိုင်တဲ့အခြေအနေ ဖြစ်နေပါတယ်။

အခုလို သျှမ်းပြည် အနှံ့ လောင်းကစားဝိုင်းတွေကို အာဏာပိုင်တွေ စိတ်ကြိုက်ဖွင့်လှစ်တာဟာ ခေတ်အဆက်ဆက် စစ်ကောင်စီရဲ့ လက်ကိုင်တုတ်တခုလိုဖြစ်နေပြီ။

သျှမ်းပြည်မှာ လောင်းကစားဝိုင်းပေါများတာဟာ သျှမ်းလူထုတွေကို ကျည်မဲ့နဲ့ ဘဝ ကိုသတ်နေတဲ့ပုံစံဖြစ်နေပြီး၊ ဘဝေတွရုန်းလို့မရအောင် လောင်းကစားနွံထဲနစ်နေတဲ့သူတွေ လည်းများစွာ ရှိပါတယ်။

ဒါ့ကြောင့် စစ်အာဏာရှင် ဟာ သျှမ်းပြည်သားတွေကို ကျည်မဲ့လောင်းကစားနဲ့ နှိပ်စက်နေတာဟာ သိသာမြင်သာ နေပါတယ်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ဗိုလ်ချုပ်ကြီးယွက်စစ်ကို စစ်တပ်ဘက်မှ တိုက်လေယာဉ်ဖြင့် အနီးကပ်ပျံသန်း ခြိမ်းခြောက်ခဲ့ကြောင်း RCSS ပြော

0
သျှမ်းပြည် နမ့်စန်မြို့နယ် ခိုလမ်မြို့အနီးသို့ ရောက်ရှိနေသော RCSS ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ယွက်စစ်နှင့် အဖွဲ့အား စစ်တပ်ဘက်မှ တိုက်လေယာဉ်တစ်စင်းဖြင့် အနီးကပ် ခြိမ်းခြောက်ပျံသန်းခဲ့ကြောင်း RCSS ဘက်မှ ထုတ်ပြန်လိုက်သည်။ ယမန်နေ့ (မေလ ၂၇ ရက်) နံနက် ၁၀ နာရီကျော်တွင် နမ့်စန်မြို့နယ် ခိုလမ်မြို့၊...

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...

ကျိုင်းတုံ တောင်ပေါ်ဒေသ လမ်းပန်းခက်ခဲမှုကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေးခက်ခဲနေ

0
ကျိုင်းတုံမြို့နယ်ရှိ တောင်ပေါ်ဒေသများတွင် ခေတ်အဆက်ဆက် အစိုးရ မှ လမ်းပန်းဆက်သွယ်ရေးကို ကူညီထောက်ပံ့မှု မရှိခဲ့ခြင်းကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေး ဝန်ဆောင်မှု မရရှိကာ သေဆုံးမှုများ ဖြစ်ပွားသည့်အထိ ရှိနေကြောင်း သတင်းရရှိသည်။ ကျိုင်းတုံမြို့နယ်အတွင်း တောင်ပေါ်ကျေးရွာပေါင်း ၃၀ ထက်မနည်ရှိကာ လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကို နေ့စဉ်ရန်ဆိုင်နေရသည်။ အဆိုပါ ဒေသများသည် ကျိုင်းတုံမြို့နှင့်...