ကျောက်မဲမြို့နယ် အတွင်း တိုက်ပွဲကြောင့် စစ်ရှောင် ၃၀၀နီးပါး တိမ်းရှောင်နေရ

သျှမ်းပြည် မြောက်ပိုင်း ကျောက်မဲမြို့နယ် အတွင်း တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော်(TNLA) နှင့် မြန်မာ့တပ်မတော် တို့ ယခုလအတွင်း တိုက်ပွဲများ ပြန်လည်ဖြစ်ပွါးရာ  ဒေသခံ ပြည်သူလူထု စစ်ဘေးတိမ်ရှောင်နေရသည်။

Photo by ခုံငင်း ကျေးရွာဒေသခံ၊ တိုက်ပွဲကြောင့် စစ်ဘေးရှောင်လာသည့် သူများ

တိုက်ပွဲများကြောင့် နိုဝင်ဘာ ၁၅ ရက်က  ကျောက်မဲမြို့နယ် ကွန်ကော်၊ တော့ဖယ်နှင့် အုံအွီးကျေးရွာ မှ ဒေသခံ ၃၀၀ နီးပါး စစ်ဘေးတိမ်းရှောင်နေရသည်ဟုသိရသည်။

စစ်ရှောင်များသည်  ခုံငင်းကျေးရွာ ရှိဘုန်းကြီးကျောင်းတွင်  ခိုလှုံနေခဲ့ရာမှ နေထိုင်စားသောက်မှုအခက်အခဲအကျပ်အတည်းကြောင့်  နိုဝင်ဘာလ ၁၇ ရက် ယမန်နေ့က နမ့်ဆန်မြို့နယ် ပန်နင်း ကျေးရွာသို့ ထပ်မံ  တိမ်းရှောင်ခဲ့ရကြောင်း ကျောက်မဲမြို့နယ် တအာင်း အမျိုးသားပါတီ တာဝန်ခံ မိုင်းရန်နိုင် က သျှမ်းသံတော်ဆင့် သို့ပြောသည်။

“ စစ်ရှောင် ၂၈၀ ကျော် က အစမှာ ကျောက်မဲမြို့နယ် ခုံငင်း ကျေးရွာ ထွက်ပြေးတိမ်းရှောင်တယ်။ အဲ့နေရာက ရေ အဆင်မပြေ ဘူး။ လူနေအိမ်ကလည်း သိပ်မရှိတော့ မနေ့က သူတို့ ထပ်ပြီး နမ့်ဆန်မြို့နယ် ပန်နင်းကျေးရွာ ကို ထပ်မံ ပြောင်းရတယ်” ဟု မိုင်းရန်နိုင် က ဆိုသည်။

Photo by ခုံငင်း ကျေးရွာဒေသခံ၊ တိုက်ပွဲကြောင့် စစ်ဘေးရှောင်လာသည့် သူများ

ကျောက်မဲမြို့နယ် ခုံငင်းကျေးရွာ နှင့် နမ့်ဆန်မြို့နယ် ပန်နင်းကျေးရွာသည်   ၆ မိုင် ခန့်ကွာဝေးကြောင်းသိရသည်။

စစ်ဘေးရှောင်အများစုသည် အမျိုးသမီး နှင့် ကလေးငယ်များဖြစ်ပြီး၊ လက်ရှိတောင်ပေါ်အေးစက်သောရာသီဥတုကြောင့် အနွေးထည်များနှင့် စားစရာများလိုအပ်နေကြောင်း စစ်ရှောင်များအား ကူညီမှုပေးနေသည့် အမျိုးသားတဦးက ပြောသည်။

“ အခုကစစ်ရေးတွေ တင်းမာနေတော့ သူတို့ပြန်ဖို့ ခက်မယ်။ တိုက်ပွဲက ဘယ်ချိန်ပြန်ဖြစ်မယ်မသိသေးဘူး။ ထွက်ပြေးလာတော့ ဘာမှ မပါလာဘူး။ အခုက အေးပြီဆိုတော့ အနွေးထည်တွေ တော့လိုမယ်” ဟု  ၎င်း အမျိုးသားက ဆိုသည်။

TNLA နှင့် မြန်မာ့တပ်မတော်သည့် အောက်တိုဘာ လမှ စတင်ကာ ယနေ့တိုင်ထိ စစ်ရေး တင်းမာနေပြီး တချို့ဒေသများတွင်တိုက်ပွဲအပြင်းအထန်ဖြစ်ပွားသဖြင့် နေအိမ်များ ဘုရားကျောင်းကန်များထိခိုက်ပျက်စီးကြောင်း ကျောက်မဲမြို့နယ် မန်ခေါက်ကျေးရွာ မှ ဒေသခံ ဦးသန်းအောင်က သျှမ်းသံတော်ဆင့် သို့ပြောသည်။

“ လောလောဆယ်တိုက်ပွဲတွေငြိမ်နေပေမယ့် တပ်တွေ ထပ်တက်လာတယ်လို့ ကြားတယ်။   မနေ့ ညက လက်နက်ကြီးတွေ ဆက်တိုက်ပစ်တယ်။ ကျနော်တို့ မန်ခေါက် ဘုရားလည်း လက်နက်ကြီးထိတယ်။ နေအိမ်တွေလည်း ထိတယ်။ လူတော့ ထိတာ မကြားသေဘူး” ဟု ဦးသန်းအောင် က ထပ်လောင်းပြောသည်။

လက်ရှိ  ကျောက်မဲမြို့နယ် နှင့် နမ့်ဆန်မြို့နယ် အတွင်း TNLA နှင့် မြန်မာ့တပ်မတော် စစ်ရေး တင်းမာမှုရှိနေရာ တိုက်ပွဲများအချိန်မရွေးဖြစ်လာနိုင်သဖြင့်  ဒေသခံများမှာစိုးရိမ် ထိတ်လန့်မှု များကြားနေထိုင်နေရကြောင်းသိရသည်။

 

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“စစ်ရေး ၊ နိုင်ငံရေးက သူတို့စစ်အုပ်စုချမှတ်ထားတဲ့ လမ်းစဉ်အတိုင်း ဆက်သွားမယ်”

0
အာဏာသိမ်း စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၅ နှစ်အကြာမှာ ၎င်းပုံဖော်ထားတဲ့အတိုင်း နိုင်ငံတော် သမ္မတရာထူးယူလိုက်ပါတယ်။ ဒါ့ကြောင့် စစ်ဝတ်စုံကနေ အရပ်သားဝတ်စုံပြောင်း စစ်ခေါင်းဆောင် သမ္မတ ဉီးမင်းအောင်လှိုင် တက်လာပြီး သျှမ်းပြည် နိုင်ငံရေး အပြောင်းအလဲတွေ ဘယ်လိုဖြစ်လာခဲ့ပါသလဲ။ အစိုးရသစ် စစ်ခေါင်းဆော်င သမ္မတ ဉီးမင်းအောင်လှိုင်တက်လာချိန်မှာလည်း စစ်အာဏရှင်ကို...

ကွတ်ခိုင်မြို့နယ် TLEC ကျောင်းကို MNDAA ပိတ်သိမ်း အစားထိုး ဖွင့်လှစ်သွားမည်

0
သျှမ်းပြည် မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်ရှိ တအာင်းစားသင်ကျောင်း (TLEC)ကို ကိုးကန့်တပ်ဖွဲ့ (MNDAA)ကပိတ်သိမ်းပြီး အစားထိုး ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် ၂၀၂၆ ဖေဖော်ဝါရီ လဆန်ပိုင်းတွင် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA) နှင့် MNDAA တို့သည် ကွတ်ခိုင်းမြို့နယ်အတွင်း အချင်းချင်းကြား ပဋိပက္ခစတင်ဖြစ်ပွားခဲ့သည့်။ ထို့နောက် MNDAAသည်...

ငြိမ်းချမ်းရေးဖိတ်ခေါ်နေချိန် MNDAA နှင့် TNLA နယ်မြေအပါအဝင် မြို့နယ် ၅၀ ကျော်ကို စစ်ကောင်စီ အရေးပေါ်အခြေအနေကြေညာ

0
စစ်ကောင်စီ၏ ငြိမ်းချမ်းရေးဖော်ဆောင်မှု ဗဟိုကော်မတီက တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များကို ဆွေးနွေးရန် ဖိတ်ခေါ်နေသည့်အချိန်မှာပင် အာဏာသိမ်းစစ်ခေါင်းဆောင်က TNLA နှင့် MNDAA တို့ ထိန်းချုပ်ထားသည့် နယ်မြေများအပါအဝင် တစ်နိုင်ငံလုံးရှိ မြို့နယ်ပေါင်း ၅၀ ကျော်ကို ယမန်နေ့ (ဧပြီလ ၂၄ ရက်) တွင် အရေးပေါ်အခြေအနေ ကြေညာလိုက်သည်။ ထိုသို့...

သျှမ်းမြောက် BRI စီမံကိန်း အမြန်ဖော်ဆောင်နိုင်ရန် တရုတ် နှင့် တိုင်းရင်းသားလက်နက်ကိုင်တွေ့ဆုံ

0
တရုတ်နိုင်ငံ၏ ဘီလီယံနှင့်ချီတန်သော (BRI) ပိုးလမ်းမစီမံကိန်းထဲမှ ရထားလမ်း အကောင်အထည်ဖော်နိုင်ရေး အတွက် တရုတ်ကိုယ်စားလှယ်အဖွဲ့သည် စစ်ကောင်စီနှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များကို တွေ့ဆုံခဲ့ကြောင်း သိရသည်။ တရုတ်နိုင်ငံ ယူနန်ပြည်နယ်မှ သျှမ်းပြည်မြောက်ပိုင်း၊ မန္တလေးတိုင်းတို့ကို ဖြတ်သန်းကာ ရခိုင်ပြည်နယ် ကျောက်ဖြူ ရေနက်ဆိပ်ကမ်းအထိ ပေါက်ရောက်မည့် အဆိုပါ ပိုးလမ်းမစီမံကိန်းသည် အာဏာသိမ်းပြီး...

သျှမ်းမြောက်ဒေသ KIA ဒုဗိုလ်ချုပ်ကြီးဂွမ်မော်ရောက်စဉ် MNDAA စစ်အင်အားဖြည့်

0
သျှမ်းပြည်မြောက်ပိုင်းသို့ ရောက်ရှိလာသည့် ဒုတိယဗိုလ်ချုပ်ကြီးဂွမ်မော် ဦးဆောင်သော အဖွဲ့သည် ဒေသခံ ပြည်သူလူထုအပြင် ဒေသတွင်း လက်နက်ကိုင်တပ်ဖွဲ့များမှ ခေါင်းဆောင်များကိုလည်း တွေ့ဆုံခဲ့ကြောင်း စုံစမ်းသိရသည်။ ဧပြီလ ပထမပတ်အတွင်း ကွတ်ခိုင်မြို့နယ် နမ့်ဖတ်ကာနှင့် နမ့်ခမ်းမြို့သို့ ရောက်ရှိလာသည့် ကချင်လွတ်လပ်ရေးကောင်စီ KIC ဒုဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီးဂွမ်မော် ဦးဆောင်သော အဖွဲ့သည် ကချင်လွတ်လပ်ရေးတပ်...