ကွတ်ခိုင်မြို့နယ် အတွင်း မြန်မာ့တပ်မတော် နှင့် TNLA တို့ တိုက်ပွဲဖြစ်ပွား၊ ကားလမ်းခေတ္တပိတ်

သျှမ်းပြည် မြောက်ပိုင်း ကွတ်ခိုင်မြို့ နယ် အတွင်း ယနေ့မနက် ပိုင်းတွင် မြန်မာ့တပ်မတော် နှင့် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA) တို့ တိုက်ပွဲ ဖြစ်ပွားမှုကြောင့် ကားလမ်းခေတ္တ ပိတ်ထားရ ကြောင်း သတင်းရရှိသည်။

Photo by TNLA

ယနေ့ အောက်တိုဘာ ၂၅ ရက် မနက် ၈နာရီခွဲ တွင် ကွတ်ခိုင်မြို့ နယ် လွိုင်ဆမ်ဆစ်တောင် အနီးတဝှိက်တွင် TNLA တပ်ဖွဲ့ ရှိနေသည်ဟု သတင်းရသဖြင့် မြန်မာ့တပ်မတော်မှ သွားရောက်ပစ်ခတ်ခြင်းဖြစ်ကြောင်း ကွတ်ခိုင်ဒေသခံများ ပြောပြချက် အရ သိရသည်။

“ ဒီမနက် ၈ နာရီ နဲ ၉ နာရီ ခွဲကြားမှာ ပစ်ခတ်မှု ဖြစ်သွားတာပါ။ ။ စစ်ရှောင်ကတော့ ခဏပဲရှောင်တယ်။ ပြန်သွားပြီ။ လွိုင်ဆမ်ဆစ် အောက်က ရွာ မှာ လက်နက်ကိုင် ရှိတယ်ဆိုပြီး တပ်က သွားတယ်။ အသံ နည်းနည်း ထွက်လာတာပါ” ဟု ကွတ်ခိုင်မြို ဂရုဏာ လူမှုကူညီရေး အသင်းမှ ဦးထွန်းအောင် က သျှမ်းသံတော်ဆင့် သို့ ပြောသည်။

ယနေ့ ပစ်ခတ်မှုကြောင့် မနက်ပိုင်းတွင် ခေတ္တယာယီ ကားလမ်းပိတ်ထားကြောင်း၊ လက်ရှိမှာ ပုံမှန် ပြန်လည်သွားလာနေကြောင်းလည်း ဦးထွန်းအောင် က ပြောသည်။

“ ဒီနေ့ ပစ်ခတ်မှု မှာ လူထိတယ်လို့ ကြားတယ်။ ဒါပေမယ့် စုံစမ်းနေတုန်းပါ။ သတင်းပဲ ကြားရတယ်” ဟု ဦးထွန်းအောင် က ဆိုသည်။

အဆိုပါ ယနေ့ မနက် ပိုင်း ကွတ်ခိုင်မြို့နယ် လွိုင်ဆမ်ဆစ် တောင် အနီး၌ ဖြစ်ပွားသည့် တိုက်ပွဲသည့် မြန်မာ့တပ်မတော်ဘက်မှတဖက်သက် ပစ်ခတ်ခြင်းဖြစ်ကြောင်း၊ မြန်မာ့တပ်မတော် ဘက်မှ TNLAတပ် ရှိသည့် နေရာကို ပစ်ခတ်ကြောင်း TNLA မှ ပြောရေး ဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး တားအိုက်ကျော် က သျှမ်းသံတော်ဆင့် သို့ပြောသည်။

“ဒီမနက် ကွတ်ခိုင် လွိုင်ဆမ်းဆစ်နားက နမ့်ဟွေ တောင်ကြောတလျောက် ကျနော်တို့ ရှိတဲ့ ဘက်ကို လှမ်းပစ်တာပါ။ တပ်က တဖက်သတ်ပစ်တာပါ။တိုက်ပွဲ မဟုတ်ပါဘူး” ဟု တားအိုက်ကျော်က ဆိုသည်။

မြန်မာ့တပ်မတော် နှင့် TNLA သည် ယမန်နေ့ (အောက်တိုဘာ ၂၄) တွင် တိုက်ပွဲ ၃နေရာဖြစ်ပွားခဲ့ကြောင်း သိရသည်။

ထိုတိုက်ပွဲဖြစ်ပွားသည့်နေရာများမှာ နမ့်ခမ်းမြို့နယ် နမ့်ဟောမ်ရွာတွင် မနက် ၈နာရီတွင် တကြိမ်၊ ကွတ်ခိုင်မြို့နယ် ပန်လုံရွာ နှင့် တာထီးရွာ ကြားတွင် နေ့လည် ၁နာရီတွင် တကြိမ် နှင့် ညနေ၅နာရီ ကျော်တွင် ကွတ်ခိုင်မြို့ နယ် နမ့်ဟွေရွာ တွင် တကြိမ် တရက်တည်း ၃နေရာ ဖြစ်ပွားခဲ့ကြောင်း TNLA မှ တားအိုက်ကျော် က ပြောသည်။

ယနေ့ ကွတ်ခိုင်မြို့ နယ် အတွင်း ဖြစ်ပွားသည့် တိုက်ပွဲတွင် မြန်မာ့ တပ်မတော် ဘက်မှ တင့်ကားများ ဖြင့်ကွတ်ခိုင်-မန္တလေး ပြည်ထောင်စုလမ်းမ ပေါ်တွင် သွားလာနေကြောင်း ဟု ဒေသခံများပြောဆိုချက် အရ သိရသည်။

ထို့ပြင် တချို့ ကွတ်ခိုင်- မန္တလေး ပြေးဆွဲနေသည့် ကားသမားပြောပြချက် အရ ယနေ့ မနက်ပိုင်းတွင် TNLA တပ် မှ လွိုင်ဆမ်ဆစ် တောင် အနီးတဝှိက်တွင် ဆက်ကြေး ကောက်ခံမှု ရှိကြောင်း လည်း ပြောဆိုကြသည်။

“ တချို့ကားသမားတွေကို TNLA တပ်သားတွေ ပိုက်ဆံလာတောင်းတယ်။ ဘယ်နှကား တောင်းခံလဲတော့မသိဘူး။ ကျနော် ကြားပဲ ကြားရတာပါ။ ကျနော်ကတော့ မပေးလိုက်ရဘူး” ဟု ယနေ့ ကွတ်ခိုင် မှ မန္တလေး သို့ သွားသည့် ကားသမား စိုင်းလှအောင် က သျှမ်းသံတော်ဆင့် သို့ ပြောသည်။

မြောက်ပိုင်း မဟာမိတ် ၃ဖွဲ့ မှ ၂၀၁၉ နှစ်ကုန်ထိ အပစ်ရပ်ရန် စက်တင်ဘာ ၂၀ ရက်တွင် ကြေညာပြီးနောက် မြန်မာ့တပ်မတော် နှင့် TNLA တို့ တိုက်ပွဲ ၁၀ကြိမ် ဖြစ်ပွားခဲ့ကြောင်း TNLA ၏ ထုတ်ပြန်ချက် အရ သိရသည်။

ထို့ပြင် မြောက်ပိုင်း မဟာမိတ် (၄)ဖွဲ့ နှင့် အစိုးရ၊ တပ်မတော် တို့ ပဏာမ အပစ်ရပ် နှစ်ဦးသဘောတူ ( Bilateral) လက်မှတ်ရေးထိုး ရန် တွေ့ဆုံဆွေးနွေးမှုကို နိုဝင်ဘာ လ အတွင်း ရွှေ့ဆိုင်းလိုက်ကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

နမ့်ခမ်း TNLA တပ်သားများ “မူးယစ်ဆေးဝါး တိုက်ဖျက်ရေး” အကြောင်းပြကာ ကျေးရွာအတွင်း ဝင်ရောက်တပ်စွဲ

0
သျှမ်းပြည် မြောက်ပိုင်း၊ နမ့်ခမ်းမြို့နယ်ရှိ သျှမ်းကျေးရွာများအတွင်း TNLA တပ်ဖွဲ့ဝင်များ “မူးယစ်ဆေးဝါး တိုက်ဖျက်ရေး”အကြောင်ပြကာ ဝင်ရောက် တပ်စွဲထားကြောင်း စုံစမ်းသိရသည်။ တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တပ်ဖွဲ့ဝင်များသည် ယခု ဩဂုတ်လအတွင်း နမ့်ခမ်းမြို့နယ် ဝိန်းဆာကျေးရွာ၊ နောင်ခန်ကျေးရွာ၊ ကောင်းဝိန်းကျေးရွာ၊ မန်ခမ်းကျေးရွာ၊ ကုန်းဆာကျေးရွာ၊ ဆံလွယ်ကျေးရွာများအတွင်း ဝင်ရောက်တပ်စွဲနေထိုင်နေကြောင်း...

တအာင်းပြည် မျှော်လင့်ချက်ကို တားဆီးထားသည့်၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ

0
တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) နှင့် အာဏာသိမ်းစစ်အစိုးရ၏ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) တို့အကြား ဇူလိုင် ၁၉ရက်တွင် နေပြည်တော်၌ ထူးခြားသည့် သံတမန်ရေးရာ တွေ့ဆုံဆွေးနွေးမှုတစ်ခု ပေါ်ပေါက်လာခဲ့သည်။  ထိုတွေ့ဆုံပွဲအတွင်း TNLA က လက်ရှိ ၎င်းတို့ထိန်းချုပ်ထားသော နယ်မြေများကို တရားဝင် အသိအမှတ်ပြုသည့် "တအာင်းပြည်နယ်" အဖြစ် သတ်မှတ်ပေးရန် တောင်းဆိုခဲ့သည်။ ထိုတောင်းဆိုချက်အပေါ် NSPNC က...

TNLA နှင့် NSPNC တို့ ဟိုင်ဂင်သဘောတူညီချက်လိုက်နာရေး နေပြည်တော်တွင် တွေ့ဆုံဆွေးနွေး

0
တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် (PSLF/TNLA) ဒုဥက္ကဋ္ဌ ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် စစ်အစိုးရ၏ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) ကို နေပြည်တော်တွင် သွားရောက်တွေ့ဆုံ ဆွေးနွေးခဲ့ကြောင်း သတင်းသိရသည်။ ယမန်နေ့ (ဇူလိုင်လ ၁၉ ရက်) နံနက်ပိုင်းမှ စတင်ပြီး နေပြည်တော်ရှိ ရွှေစံအိမ်ဟိုတယ်၌ TNLA...

နမ့်ခမ်းယမ်းပေါက်ကွဲမှု သောက်သုံးရေနှင့် စိုက်ခင်း အဆိပ်သင့်နိုင်

0
သျှမ်းပြည် မြောက်ပိုင်း နမ့်ခမ်းမြို့နယ်တွင် ယမ်းသိုလှောင်ရုံ ပေါက်ကွဲမှုဖြစ်ပွားပြီးနောက် သောက်သုံးရေ နှင့် စိုက်ခင်းများ အဆိပ်သင့်လာမည်ကို ဒေသခံများစိုးရိမ်ကြကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် (မေလ ၃၁ ရက်) နမ့်ခမ်းမြို့ ကောင်းတပ်ကျေးရွာတွင် မိုင်းတွင်းကျောက် ထုတ်လုပ်ရေး လုပ်ငန်းတွင် အသုံးပြုရန် TNLA သိုလှောင်ထားသည့် ယမ်းများ မတော်တဆပေါက်ကွဲမှုများ...

နမ္မတူတွင် စစ်တပ် Y-12 လေယာဉ် ကင်းထောက်ပျံသန်းခြင်းကြောင့် ဒေသခံထိတ်လန့်

0
သျှမ်းပြည် နမ္မတူမြို့နယ်တွင် စစ်တပ်ဘက်မှ Y-12 လေယာဉ်ဖြင့် ကင်းထောက်ပျံသန်းခဲ့ခြင်းကြောင့် ဒေသခံများ စိုးရိမ်ထိတ်လန့်နေကြောင်း စုံစမ်းသိရသည်။ တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထိန်းချုပ်ထားသည့် နမ္မတူမြို့နယ်ထဲ ဇွန်လ ဒုတိယပတ်အတွင်း စစ်တပ်ဘက်မှ Y-12 လေယာဉ်တစ်စင်းဖြင့် ကင်းထောက်ပျံသန်းခဲ့ခြင်းကြောင့် ထပ်မံဗုံးကြဲ တိုက်ခိုက်ခံရမည်ကို စိုးရိမ်ထိတ်လန့်နေရကြောင်း နမ္မတူ ဒေသခံများက...