Wednesday, January 28, 2026

အပစ်ရပ်ကာလ ကုန်ပြီး ၂ ရက် အကြာ မြန်မာ့တပ်မတော်နှင့် RCSS ထိတွေ့မှု ဖြစ်

သျှမ်းပြည်နယ် တောင်ပိုင်း မိုင်းကိုင်မြို့နယ် အတွင်း   မြန်မာ့တပ်မတော်နှင့် သျှမ်းတပ်မတော်(RCSS/SSA) တို့ ထိတွေ့မှု ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိခဲ့သည်။

Photo by Tai Freedom/facebook

မြန်မာ့တပ်မတော်၏ အပစ်ရပ်ကာလ ကုန်ပြီး ၂ ရက် အကြာ တွင် မြန်မာ့တပ်မတော် စစ်ကြောင်း နှင့် အပစ်ခတ်ရပ်စဲရေးသဘောတူ စာချုပ်လက်မှတ်ထိုးထားသည့် သျှမ်းတပ်မတော်  RCSS/SSA တို့  စက်တင်ဘာလ ၂၃ ရက် ယမန်နေ့က  ၁၅ မိနစ်ကြာ ထိတွေ့မှု ဖြစ်ပွားခဲ့ကြောင်း RCSS/SSA မှ ပြောရေးဆိုခွင့်ရှိသူ ဒုတိယ ဗိုလ်မှူးကြီး စိုင်းဦးက ပြောသည်။

“ မနေ့က လွိုင်လမ် ကျေးရွာ နားမှာ တပ်မတော်နဲ့ ကျနော်တို့ ထိတွေ့မှုတွေဖြစ်ခဲ့ပါတယ်။ မြန်မာ့တပ်မတော်ဘက်က ကျနော်တို့ကို အကြောင်းမကြားဘဲတက်လာတော့   ထိတွေ့မှု ဖြစ်တာပါ။ ၁၅မိနစ်ပါပဲ” ဟု ဒု ဗိုလ်မှူးကြီး စိုင်းဦး က ဆိုသည်။

မြန်မာ့တပ်မတော် နှင့် RCSS/SSA ဖြစ်ပွားသည့် ထိတွေ့မှု တိုက်ပွဲသည် အသေးစား တိုက်ပွဲဖြစ်ကာ နှစ်ဖက် တပ်သားထိခိုက်မှုမရှိကြောင်း၊ ယခုနှစ်အတွင်း မြန်မာ့တပ်မတော်နှင့် RCSS/SSA တို့ကြား မကြာခဏ ဖြစ်ပွါးသော ထိတွေ့မှု များသည်  အသေးစားတိုက်ပွဲများသာ ဖြစ်ကြောင်း သိရသည်။

မြန်မာ့တပ်မတော် သည် စစ်တိုင်း ၅ ခု တွင် တဖတ်သက် အပစ်ရပ်ရေးကို ၂၀၁၈  ဒီဇင်ဘာလကစပြီး ၂၀၁၉ ခုနှစ် စက်တင်ဘာ ၂၁ ရက်နေ့ထိ ပြုလုပ်ခဲ့သည်။

စက်တင်ဘာ ၂၁ ရက်နောက်ပိုင်း စစ်ဆင်ရေး လှုပ်ရှားမှု  ရပ်ဆိုင်းကြောင်းထပ်မံကြေငြာခြင်းမရှိခဲ့ပေ။

 

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ကျောက်မဲမြို့နယ် SSPP နှင့် TNLA စစ်ရေးတင်းမာ၊ တိုက်ပွဲဖြစ်မည်ကို ဒေသခံစိုးရိမ်

0
သျှမ်းပြည် ကျောက်မဲမြို့နယ်တွင် ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) နှင့် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တို့ မြေပြင် စစ်ရေးတင်းမာနေကြောင်း စုံစမ်းသိရသည်။ ဇန်နဝါရီလ ၁၇ ရက်မှ ညနေပိုင်းမှ စတင်ပြီး ကျောက်မဲမြို့နယ်အတွင်း တော့ဆန်ကျေးရွာအုပ်စုရှိ SSPP တပ်စခန်း အနီးသို့ TNLA ဘက်မှ...

PNLA ထိန်းချုပ်သည့် ကဒူးကြီးဒေသကို စစ်ကော်မရှင်တပ်နှင့် PNO ပူးပေါင်းပြီး ထိုးစစ်ဆင်နေ

0
ပအိုဝ့်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (PNLA) ဌာနချုပ်တည်ရှိရာ သျှမ်းပြည်တောင်ပိုင်း မောက်မယ်မြို့နယ် ကဒူးကြီးဒေသကို စစ်ကော်မရှင်တပ်နှင့် ပအိုဝ်းပြည်သူ့စစ် PNO တို့ ပူးပေါင်းပြီး ထိုးစစ်ဆင်နေကြောင်း သတင်းရရှိသည်။ ဇန်နဝါရီလ ၁ ရက်နေ့မှစ၍ စစ်ကော်မရှင်တပ်နှင့် ပအိုဝ်းပြည်သူ့စစ် PNO တို့သည် မောက်မယ်မြို့နယ် ဟိုနမ့်ကျေးရွာအုပ်စုမှ PNLA လှုပ်ရှားရာ တောထဲသို့...

ဖယ်ခုံနှင့် ပင်လောင်း နယ်စပ်တကြော လေးလကျော်ကြာ တိုက်ပွဲဖြစ်ပွား

0
သျှမ်းပြည် ဖယ်ခုံနှင့် ပင်လောင်း နယ်စပ်တကြောတွင် စစ်ကော်မရှင်တပ်နှင့် ကရင်နီတော်လှန်ရေး တပ်ပေါင်းစုတို့ ၄ လကျော်ကြာ ထိတွေ့တိုက်ပွဲများ ဖြစ်ပွားနေကြောင်း သိရသည်။ ဖယ်ခုံနှင့် ပင်လောင်း နယ်စပ်တကြောရှိ တောင်စလုံးနှင့် မြောက်စလုံးကျေးရွာကြားတွင် စစ်ကော်မရှင်တပ်ဘက်မှ ပြီးခဲ့သည့် ၂၀၂၅ အောက်တိုဘာလတွင် နေရာယူ တပ်စွဲထားပြီး ကျေးရွာအနီးအနားသို့ နေ့စဉ်နီးပါး...

ပင်လောင်းစစ်‌ရှောင်များ နေရပ်ပြန်လာသော်လည်း ပြန်လည်ထူထောင်ရေး မလုပ်နိုင်သေး

0
သျှမ်းပြည်တောင်ပိုင်း၊ ပင်လောင်းမြို့နယ် နန်းနိမ့်ကျေးရွာသို့ နေရပ်ပြန်လာကြသော စစ်ဘေးရှောင်များသည် တိုက်ပွဲကြောင့် နေအိမ်ပျက်စီးမှုများကို ပြန်လည်ပြုပြင်မှု မလုပ်နိုင်သေးကြောင်း သတင်းရရှိသည်။ လွန်ခဲ့သည့် ၂၀၂၃ ခုနှစ်တွင် စစ်ကော်မရှင်တပ်၊ ပအိုဝ်းပြည်သူ့စစ် (PNO/PNA) တပ်နှင့် ကရင်နီတော်လှန်ရေးတပ်ပေါင်းစုတို့ ဖြစ်ပွားခဲ့သည့်တိုက်ပွဲကြောင်း ပင်လောင်းမြို့နယ် တောင်မဲသင်းကျေးရွာ၊ နန်းနိမ့်ကျေးရွာ နှင့် ပင်ပုံကျေးရွာ မှ...

နေရပ်ပြန် ပြောင်းချိုးသည့် အင်းလေးဒေသက စစ်ရှောင်အမျိုးသားပျောက်ဆုံးနေ

0
သျှမ်းပြည်တောင်ပိုင်း အင်းလေးဒေသသို့ စစ်ဘေးရှောင်လာသည့် အမျိုးသားတစ်ဉီးသည် ၎င်း၏ နေရပ်ဖြစ်သည့် ဖယ်ခုံမြို့နယ်အတွင်းသို့ ပြောင်းချိုးရန် သွားစဉ် ပျောက်ဆုံးသွားကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဒီဇင်ဘာ ၁၁ရက်တွင် အသက် ၂၄နှစ်အရွယ်ရှိ ကိုအောင်ကိုကို(ခ)ဖိုးနီသည် ဖယ်ခုံမြို့နယ် နောင်လိုင်ကျေးရွာသို့ ပြောင်းဖူးချိုးရန် နေရပ်ပြန်သွားခဲ့သည်။ ဒီဇင်ဘာ ၁၈ရက်တွင် အင်းလေးဒေသ စံကားကျေးရွာအုပ်စု...