နမ့်ဆန်မြို့ မြန်မာ့တပ်မတော်နှင့် TNLA တိုက်ပွဲ ပြင်းထန် ဒေသခံ စိုးရိမ်ထိတ်လန့်

တဖက်သတ်အပစ်ရပ်များ အသီးသီးကြေငြာထားသည့်ကြားက အစိုးရတပ်မတော်နှင့် မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့ ၃ ဖွဲ့တို့ နမ့်ဆန်မြို့နယ်အတွင်း တိုက်ပွဲပြင်းထန်ပြန်လည်ဖြစ်ပွါးရာ တိုက်ပွဲရက်ကြာမည်ကို ဒေသခံများက စိုးရိမ်နေကြသည်။

Photo by Namhsen News/ နမ့်ဆန်မြို့ အဝင် ဆိုင်းဘုတ်ပုံ

နမ့်ဆန်မြို့ တောင်ရိုးဘုရားပေါ် တွင် စက်တင်ဘာလ ၁၃ ရက် ယနေ့ မနက် ၇ နာရီ ဝန်းကျင် မှ စတင်သည့် တိုက်ပွဲတွင် လက်နက်ကြီးများ၊ လေယာဉ်များ အသုံးပြု ပြီးတိုက်ခိုက်မှုများရှိနေသဖြင့် နမ့်ဆန် ဒေသခံ များ စိုးရိမ်ထိတ်လန့်မှု နေကြောင်း ဒေသခံ အမျိုးသမီး လွေးအေး က သျှမ်းသံတော်ဆင့် သို့ပြောသည်။

“တိုက်ပွဲတွေက ညနေ ၃နာရီ ကျော်ထိ ဖြစ်တယ်။ လက်နက်ကြီးသံတွေအကျယ်ကြီးပဲ။ လေယာဉ်ရော တက်လာတယ်။ အိမ်တွေ အားလုံး ပိတ်ထားတယ်” ဟု လွေးအေး က ဆိုသည်။

Photo by Namhsen CJ/ တိုက်ပွဲဖြစ်ပွားမှုကြောင့် တိတ်ဆိတ်နေသည့် နမ့်ဆန်

တိုက်ပွဲများ ပြင်းထန်မှုကြောင့် နမ့်ဆန်ဒေသခံများ အိမ်တွင်းသာ ပုန်းနေကြရကြောင်း၊ တိုက်ပွဲများ ဆက်လက်မဖြစ်ပွားအောင် ဆုတောင်းနေရကြောင်း လည်း လွေးအေး က ပြောသည်။

“ ဒီနေ့ တိုက်ပွဲ က ပြင်းထန်တယ်လို့ပြောရမယ်။ မနက် ၇နာရီကနေ နေ့လည် ၁၂ထိ တောင်ရိုးနဲ့ ဟိုချောင်းကျေးရွာဘက် ဖြစ်တယ်။ ခဏနားပြီးတော့ ၂နာရီ ကျော်မှာ တပ်ဘက်က လေယာဉ်နဲ့ လာပစ်တယ်” ဟု TNLA မှ ပြောရေး ဆိုခွင့်ရှိသူ တားအိုက်ကျော် က သျှမ်းသံတော်ဆင့် သို့ ပြောသည်။

လက်ရှိမှာ တိုက်ပွဲ ငြိမ်နေသော်လည်း စစ်ရေး တင်းမာမှုများရှိနေသေးကြောင်း၊ အချိန်မရွေးဆက်လက်ဖြစ်ပွားနိုင်ကြောင်းလည်း တားအိုက်ကျော် က ပြောသည်။

မြောက်ပိုင်းမဟာမိတ် ၃ ဖွဲ့က စက်တင်ဘာလ ၉ ရက်မှ အောက်တိုဘာလ ၈ ရက်အထိလည်းကောင်း၊ မြန်မာ့တပ်မတော်ကလည်း စက်တင်ဘာလ ၂၁ ရက်နေ့အထိလည်းကောင်း တဖက်သတ်အပစ်ရပ်မည်ဟု ၂ ဖွဲ့လုံးက အသီးသီး ထုတ်ပြန်ကြေငြာထားသော်လည်း ယခုကဲ့သို့ တိုက်ပွဲများပြန်လည်ပြင်းထန်ဖြစ်ပွါးနေသည့်အပေါ် ဒေသခံများ စိုးရိမ်ထိတ်လှန့်နေကြကြောင်း သိရသည်။

Photo by Namhsen CJ /ယနေ့ တိုက်ပွဲတွင် လေယာဉ်ဖြင့် ပျံသန်းနေပုံ

ယခုလ စက်တင်ဘာ ၁၆၊ ၁၇ ရက်နေ့တွင် TNLA ပါဝင်သည့် မြောက်ပိုင်းမဟာမိတ် တပ်ဖွဲ့ ကို ကျိုင်းတုံ တွင် ထပ်မံတွေ့ဆုံရန် အတွက် ငြိမ်းချမ်းရေး ကော်မရှင် ကိုယ်စားလှယ် အဖွဲ့ က ကမ်းလှမ်းထားသည်။

ထို့ကြောင့် တားအိုက်ကျော် က “ လက်နက်ကြီးတွေနဲ့ရံဖန်ရံခါ ပစ်ခတ်မှုတွေ ဖြစ်တယ်။ တိုက်ပွဲကလည်း ဆွေးနွေးပွဲက အခက်အခဲရှိစေနိုင်တယ်။ တဖက်နဲ့ တဖက် ယုံကြည်မှုနဲ့လည်းလျော့နည်းစေပါတယ်” ဟု ပြောသည်။

နမ့်ဆန် တိုက်ပွဲ နှင့် ပတ်သက်ပြီး တပ်မတော် သတင်းမှန်ပြန်ကြားရေး အဖွဲ့ကို သျှမ်းသံတော်ဆင့် မှ ဆက်သွယ်မေးမြန်းမှု ကြိုးစားသော်လည်း မရခဲ့ပါ။

သျှမ်းပြည်နယ်မြောက်ပိုင်း အတွင်း ညီနောင် မဟာမိတ် (၃)ဖွဲ့ နှင့် မြန်မာ့တပ်မတော်တို့သည် သြဂုတ် ၁၅ ရက်နေ့မှ စတင်ကာ တိုက်ပွဲများ ယနေ့တိုင် ဆက်တိုက်ဖြစ်ပွားကာ အရပ်သား သေဆုံးမှု ၁၀ဦး အထက်နှင့် ထိခိုက်ဒဏ်ရာရရှိသူ ၂၆ဦး အထက်ရှိကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

နမ္မတူတွင် စစ်တပ် Y-12 လေယာဉ် ကင်းထောက်ပျံသန်းခြင်းကြောင့် ဒေသခံထိတ်လန့်

0
သျှမ်းပြည် နမ္မတူမြို့နယ်တွင် စစ်တပ်ဘက်မှ Y-12 လေယာဉ်ဖြင့် ကင်းထောက်ပျံသန်းခဲ့ခြင်းကြောင့် ဒေသခံများ စိုးရိမ်ထိတ်လန့်နေကြောင်း စုံစမ်းသိရသည်။ တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထိန်းချုပ်ထားသည့် နမ္မတူမြို့နယ်ထဲ ဇွန်လ ဒုတိယပတ်အတွင်း စစ်တပ်ဘက်မှ Y-12 လေယာဉ်တစ်စင်းဖြင့် ကင်းထောက်ပျံသန်းခဲ့ခြင်းကြောင့် ထပ်မံဗုံးကြဲ တိုက်ခိုက်ခံရမည်ကို စိုးရိမ်ထိတ်လန့်နေရကြောင်း နမ္မတူ ဒေသခံများက...

မော်တာနိုင်ငံမှ မီးရှူးမီးပန်းစက်ရုံပေါက်ကွဲမှု ရုပ်သံဗီဒီယိုကို နမ့်ခမ်း TNLA ယမ်းသိုလှောင်ရုံပေါက်ကွဲမှုဗီဒီယိုဆိုပြီး ဖြန့်ဝေနေသည့် သတင်းအမှား

0
မြန်မာ-တရုတ်နယ်စပ် သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့နယ် ကောင်းတပ်ကျေးရွာရှိ TNLA ယမ်းသိုလှောင်ရုံ ပေါက်ကွဲမှုကြောင့် တရုတ်ကျွမ်းကျင်ပညာရှင် ၂၅ ဦးနှင့် လူ ၁၇၀ ဦး သေဆုံးသည်ဆိုသည့် ရုပ်သံဖိုင်တစ်ခု ပျံ့နှံ့နေပါသည်။ အဆိုပါရုပ်သံဖိုင်ကို NameisEmil Chan အမည်ရှိ လူမှုကွန်ရက်အကောင့်တစ်ခုမှ စတင်ဖြန့်ဝေခဲ့ခြင်း ဖြစ်သည်။ မူရင်းလင့်ခ် - https://archive.ph/0yLgJ ပျံ့နှံ့နေသော...

နမ့်ခမ်း ယမ်းဂိုဒေါင်ပေါက်ကွဲမှုတွင် TNLA နှင့်အတူ တရုတ်လည်း တာဝန်ရှိဟု ဒေသခံများ ပြော

0
သျှမ်းပြည် နမ့်ခမ်းမြို့နယ်တွင် ဖြစ်ပွားခဲ့သည့် ယမ်းဂို‌ဒေါင်ပေါက်ကွဲမှုအတွင်း တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA နှင့်အတူ တရုတ်နိုင်ငံလည်း တာဝန်ရှိကြောင်း ဒေသခံများက ပြောဆိုလိုက်သည်။ မေလ (၃၁) ရက် နေ့လယ်ပိုင်းတွင် နမ့်ခမ်းမြို့နယ် ကောင်းတပ်ကျေးရွာရှိ TNLA စီးပွားရေးဌာနမှ မိုင်းတွင်းကျောက်ထုတ်လုပ်ရေး လုပ်ငန်းများတွင် အသုံးပြုရန်အတွက် သိုလှောင်ထားသော ယမ်းဂိုဒေါင်တစ်ခု...

နမ့်ခမ်းပေါက်ကွဲမှုအပြီး အကူအညီပေးဝေမှုအပေါ် TNLA ဝေဖန်ခံနေရ

0
မြန်မာ-တရုတ်နယ်စပ် သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့ ကောင်းတပ်ကျေးရွာရှိ လူနေရပ်ကွက်အတွင်း TNLA က သိုလှောင်ထားသည့် ယမ်းများပေါက်ကွဲမှုဖြစ်ပွားပြီးနောက် အကူအညီပေးဝေမှုနှင့် အလှူငွေ စီမံခန့်ခွဲမှု အပေါ် TNLA ကို ဒေသခံများက ဝေဖန်နေကြကြောင်း သတင်းရရှိသည်။  ပြီးခဲ့သည့် (မေလ ၃၁ ရက်)က နမ့်ခမ်းမြို့ ကောင်းတပ်ကျေးရွာတွင် မိုင်းတွင်းကျောက်ထုတ်လုပ်ရေး လုပ်ငန်းတွင် အသုံးပြုရန် သိုလှောင်းထားသော ယမ်းများ...

နမ့်ခမ်းမြို့အနီး ပေါက်ကွဲမှုကြီး ဖြစ်ပွား၊ သေဆုံးသူ ၂၀ ကျော်အထိရှိလာ၊ ထိခိုက်ဒဏ်ရာရသူ (၇၀)ကျော်ရှိ

0
သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့နယ် ကောင်းတပ်ကျေးရွာအနီးတွင် ယနေ့ နံနက်ပိုင်း၌ ပေါက်ကွဲမှုကြီး တစ်ခုဖြစ်ပွားခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။ အဆိုပါ ပေါက်ကွဲမှုအတွင်း ၂၀ ဦးကျော် သေဆုံးကြောင်း ကနဦး သိရှိရပြီး ထိခိုက်ဒဏ်ရာရသူ (၇၀)ကျော်နှင့် ပိတ်မိနေသူများကိုလည်း ဆက်လက် ကယ်ထုတ်နေဆဲ ဖြစ်ကြောင်း နမ့်ခမ်းမြို့ခံတစ်ဦးက ပြောသည်။ “သေတဲ့လူကတော့ ၂၀...