မြန်မာ့တပ်မတော်နှင့် TNLA  ကွတ်ခိုင်မြို့နယ်တွင်း တိုက်ပွဲဖြစ်ပွား

သျှမ်းပြည်နယ် မြောက်ပိုင်း ကွတ်ခိုင်မြို့နယ် အတွင်း ယနေ့ မနက်ပိုင်းက မြန်မာ့တပ်မတော် နှင့် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA) တို့ တိုက်ပွဲဖြစ်ပွား ခဲ့ကြောင်း သတင်းရရှိသည်။

Photo Credit to Owner- TNLA and Myanmar Military

စက်တင်ဘာ ၂၄ ရက်  ယနေ့ မနက် ၅ နာရီခွဲက ကွတ်ခိုင်မြို့နယ် ကုန်းဆာရွာ အထက် တောင်ကုန်းပေါ်တွင် မြန်မာ့တပ်မတော်မှ ခြေလျင်တပ်ရင်း ခလရ ၄၅၊  ၂၄၂၊ ၆၉ ပူးပေါင်းပြီး TNLA တပ်မဟာ ၅ နှင့် တပ်ရင်း ၂၂၃ တပ်စွဲထားသည့် နေရာကို ဝင်ရောက်တိုက်ခိုက်မှု ကြောင့် တိုက်ပွဲဖြစ်ပွားရခြင်းဖြစ်သည် ဟု TNLA မှ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးတားအိုက်ကျော် က သျှမ်းသံတော်ဆင့် သို့ ပြောသည်။

“ မနက် ၅ နာရီခွဲ မှာ ကျနော်တို့ တပ်စခန်းချတဲ့နေရာကို မြန်မာ့တပ်မတော် ဘက်က လာပြီး တိုက်တာပါ။ တိုက်ပွဲက ယခုချိန်ထိ မငြိမ်သေးဘူး(၁၁နာရီခွဲ) ထိ ဖြစ်နေတုန်းပါ” ဟု တားအိုက်ကျော် က ဆိုသည်။

အဆိုပါက တိုက်ပွဲ ဖြစ်သည့်နေရာသည် ကွတ်ခိုင်မြို့ နှင့် ၂မိုင်ခန့်သာ ကွာဝေးပြီး၊ ကွတ်ခိုင် အခြေစိုက် မြန်မာ့တပ်မတော် ဘက်မှ လက်နက်ကြီးများအသုံးပြုပြီး ပစ်ခတ်မှုရှိကြောင်း လည်း တားအိုက်ကျော်က ကပြောသည်။

“ ကွတ်ခိုင်မြို့ထဲ လက်နက်ကြီးသံတွေ ကြားရတယ်။ ဖြစ်တဲ့နေရာက ကွတ်ခိုင်နဲ့ နီးတယ်လေ။ ဒီမနက် ၅ နာရီခွဲကနေ မနက် ၁၁ နာရီ ထိဖြစ်တယ်။ လွိုင်ဆမ်ဆစ် တောင်ကြောဘက်တွေမှာ ဖြစ်တာ အဲ့နားက ရွာတွေရှိတယ်” ဟု ကွတ်ခိုင်မြို့နယ် သျှမ်းစာပေ၊ယဉ်ကျေးမှု ဥက္ကဌ စိုင်းလှအောင် က သျှမ်းသံတော်ဆင့် သို့ ပြောသည်။

ယနေ့ဖြစ်သည့် တိုက်ပွဲသည် လွန်ခဲ့သည့် သြဂုတ်လကုန်ပိုင်းတွင်ဖြစ်ပွားသည့် တိုက်ပွဲကဲ့သို့ မဟုတ်ဘဲ အချင်းချင်း ထိတွေ့မှု ကြောင့် ဖြစ်သည့် တိုက်ပွဲဖြစ်ကြောင်း စိုင်းလှအောင် ပြောသည်။

“အခု ဖြစ်နေတာက အချင်းချင်း ထိတွေ့မှုလိုပါပဲ။ သေနတ်နဲ့ အချက်ပေးတဲ့သဘောပါပဲ။ အခု ကွတ်ခိုင်က ပုံမှန် ရက်တွေလိုပါပဲ” ဟု စိုင်းလှအောင် က ဆိုသည်။

ညီနောင်မဟာမိတ် ၃ဖွဲ့ဖြစ်သည့် TNLA၊ ကိုးကန့်တပ် ( MNDAA )နှင့် ရခိုင် တပ် (AA) တို့သည့် တဖတ်သတ် အပစ်ခတ်ရပ်စဲရေးကို ဒီဇင်ဘာ ၃၁ ရက်ထိ တိုးမြင့်လိုက်ပြီး၊ မြန်မာ့ တပ်မတော်ဘက်မှ စက်တင်ဘာ ၂၁ ရက်နေ့တွင် ကုန်ဆုံးသွားသည့် စစ်တိုင်း (၅)တိုင်း တဖက်သတ် အပစ်ခတ်ရပ်စဲကို ထပ်မံ မတိုးထားပေ။

မြန်မာ့တပ်မတော်ဘက် မှ တဖက်သတ် အပစ်ခတ်ရပ်စဲရေး ထပ်မံတိုးခြင်း၊ မတိုးခြင်းသည် အဓိက မဟုတ်ကြောင်း၊ တပ်မတော် ဘက်မှ တဖက်သတ် အပစ်ခတ်ရပ်စဲရေး ကြေညာခဲ့သော်လည်း တိုက်ပွဲထပ်မံ ဖြစ်ပွားခဲ့ကြောင်း တားအိုက်ကျော်က ထောက်ပြ ပြောဆိုလိုက်သည်။

“ တပ်မတော်ဘက်က အပစ်ခတ်ရပ် တိုးတာ မတိုးတာ ကျနော်တို့နဲ့မဆိုင်ဘူး။ အရင်က တပ်က ထုတ်ပြန်လည်း တိုက်ပွဲဖြစ်တယ်။ မထုတ်ပြန်လည်း တိုက်ပွဲဖြစ်တယ်။ သူတို့ မတိုးတာ ကတော့ စစ်ရေး အရ ပြင်ဆင်နေပြီ။ စစ်ရေးပြင်းထန်လာမလားဆိုတာတော့ စိုးရိမ်ရတယ်” ဟု တားအိုက်ကျော် က ပြောဆိုလိုက်သည်။

မြောက်ပိုင်း မဟာမိတ် (၄)ဖွဲ့ နှင့် မြန်မာ့တပ်မတော်သည် စက်တင်ဘာ ၁၇ ရက်နေ့တွင် သျှမ်းပြည်နယ် ကျိုင်းတုံမြို့တွင် တွေ့ဆုံမှု ပြုလုပ်ခဲ့ကြပြီး နှစ်ဖက် စစ်ရေးလျော့ ကျမှုကို ဆွေးနွေးမှု မရှိခဲ့ကြောင်း၊ ထို့ပြင် အောက်တိုဘာ လတွင် ထပ်မံ တွေ့ဆုံရန်လည်း ကြေညာထားသည်။

 

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

နမ့်ခမ်း TNLA တပ်သားများ “မူးယစ်ဆေးဝါး တိုက်ဖျက်ရေး” အကြောင်းပြကာ ကျေးရွာအတွင်း ဝင်ရောက်တပ်စွဲ

0
သျှမ်းပြည် မြောက်ပိုင်း၊ နမ့်ခမ်းမြို့နယ်ရှိ သျှမ်းကျေးရွာများအတွင်း TNLA တပ်ဖွဲ့ဝင်များ “မူးယစ်ဆေးဝါး တိုက်ဖျက်ရေး”အကြောင်ပြကာ ဝင်ရောက် တပ်စွဲထားကြောင်း စုံစမ်းသိရသည်။ တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တပ်ဖွဲ့ဝင်များသည် ယခု ဩဂုတ်လအတွင်း နမ့်ခမ်းမြို့နယ် ဝိန်းဆာကျေးရွာ၊ နောင်ခန်ကျေးရွာ၊ ကောင်းဝိန်းကျေးရွာ၊ မန်ခမ်းကျေးရွာ၊ ကုန်းဆာကျေးရွာ၊ ဆံလွယ်ကျေးရွာများအတွင်း ဝင်ရောက်တပ်စွဲနေထိုင်နေကြောင်း...

တအာင်းပြည် မျှော်လင့်ချက်ကို တားဆီးထားသည့်၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ

0
တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) နှင့် အာဏာသိမ်းစစ်အစိုးရ၏ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) တို့အကြား ဇူလိုင် ၁၉ရက်တွင် နေပြည်တော်၌ ထူးခြားသည့် သံတမန်ရေးရာ တွေ့ဆုံဆွေးနွေးမှုတစ်ခု ပေါ်ပေါက်လာခဲ့သည်။  ထိုတွေ့ဆုံပွဲအတွင်း TNLA က လက်ရှိ ၎င်းတို့ထိန်းချုပ်ထားသော နယ်မြေများကို တရားဝင် အသိအမှတ်ပြုသည့် "တအာင်းပြည်နယ်" အဖြစ် သတ်မှတ်ပေးရန် တောင်းဆိုခဲ့သည်။ ထိုတောင်းဆိုချက်အပေါ် NSPNC က...

TNLA နှင့် NSPNC တို့ ဟိုင်ဂင်သဘောတူညီချက်လိုက်နာရေး နေပြည်တော်တွင် တွေ့ဆုံဆွေးနွေး

0
တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် (PSLF/TNLA) ဒုဥက္ကဋ္ဌ ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် စစ်အစိုးရ၏ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) ကို နေပြည်တော်တွင် သွားရောက်တွေ့ဆုံ ဆွေးနွေးခဲ့ကြောင်း သတင်းသိရသည်။ ယမန်နေ့ (ဇူလိုင်လ ၁၉ ရက်) နံနက်ပိုင်းမှ စတင်ပြီး နေပြည်တော်ရှိ ရွှေစံအိမ်ဟိုတယ်၌ TNLA...

နမ့်ခမ်းယမ်းပေါက်ကွဲမှု သောက်သုံးရေနှင့် စိုက်ခင်း အဆိပ်သင့်နိုင်

0
သျှမ်းပြည် မြောက်ပိုင်း နမ့်ခမ်းမြို့နယ်တွင် ယမ်းသိုလှောင်ရုံ ပေါက်ကွဲမှုဖြစ်ပွားပြီးနောက် သောက်သုံးရေ နှင့် စိုက်ခင်းများ အဆိပ်သင့်လာမည်ကို ဒေသခံများစိုးရိမ်ကြကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် (မေလ ၃၁ ရက်) နမ့်ခမ်းမြို့ ကောင်းတပ်ကျေးရွာတွင် မိုင်းတွင်းကျောက် ထုတ်လုပ်ရေး လုပ်ငန်းတွင် အသုံးပြုရန် TNLA သိုလှောင်ထားသည့် ယမ်းများ မတော်တဆပေါက်ကွဲမှုများ...

နမ္မတူတွင် စစ်တပ် Y-12 လေယာဉ် ကင်းထောက်ပျံသန်းခြင်းကြောင့် ဒေသခံထိတ်လန့်

0
သျှမ်းပြည် နမ္မတူမြို့နယ်တွင် စစ်တပ်ဘက်မှ Y-12 လေယာဉ်ဖြင့် ကင်းထောက်ပျံသန်းခဲ့ခြင်းကြောင့် ဒေသခံများ စိုးရိမ်ထိတ်လန့်နေကြောင်း စုံစမ်းသိရသည်။ တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထိန်းချုပ်ထားသည့် နမ္မတူမြို့နယ်ထဲ ဇွန်လ ဒုတိယပတ်အတွင်း စစ်တပ်ဘက်မှ Y-12 လေယာဉ်တစ်စင်းဖြင့် ကင်းထောက်ပျံသန်းခဲ့ခြင်းကြောင့် ထပ်မံဗုံးကြဲ တိုက်ခိုက်ခံရမည်ကို စိုးရိမ်ထိတ်လန့်နေရကြောင်း နမ္မတူ ဒေသခံများက...