တောင်ကြီး မြို့လူငယ်များ အရပ်ဖက်အဖွဲ့အစည်းများမှ ပူးပေါင်း ၍ သက်ငယ်မုဒိန်း ပပျောက်ရေး ဆန္ဒဖော်ထုတ် ပွဲကို ဇူလိုင်လ ၆ ရက်နေ့ကတောင်ကြီး မြို့တွင်ကျင်းပ ခဲ့သည် ။

လူအင်အားတစ်ရာ ဝန်းကျင်ခန့်သည် ဗိုလ်ချုပ်ပန်းခြံတွင် စုဝေးပြီး မြို့မစျေး မိန်းလမ် းတ လျောက်မှ စူဋာမုနိဘုရားသို့ လမ်းလျောက် ဆန္ဒ ထုတ်ဖော်ခဲဲ့ကြခြင်းဖြစ်သည် ။

” တနေ့တနေ့ တိုးပွားလာတဲ့ သက်ငယ်မုဒိန်းတွေကြောင့် ကျနော်တို့က တက္ကသိုလ်ကျောင်းကရော state ကျောင်းကရော မိဘ ပြည်သူတွေလဲပါတာပေါ့ စုပေါင်းပြီး သက်ငယ်မုဒိန်း ပပျောက်ရေးအတွက် ဆန္ဒဖော်ထုတ်တာပါ ” ဟု ဦးဆောင်ကျင်းပသူ ကောင်းဆက်မိုးကပြောသည် ။

မုဒိန်းမှုနှင့် ပြစ်ဒဏ် ကျခံရတဲ့သူများအားလွတ်ငြိမ်းချမ်းသာခွင့်တွင် ပြန်ပါမလာအောင် ထိရောက်သည့်အရေးယူမှုများ ရှိစေချင်ကြောင်း လူ့အခွင့်အရေးဆိုင်ရာ ဥပဒေ အထောက်အကူပြုအဖွဲ့ မှ ဝင်းသော်တာဆွေ ကပြောသည် ။

တောင်ကြီး မြို့ပေါ်တွင်ဖြစ်ပွားခဲ့ဖူးသော အသက် ၂ နှစ်နှင့် ၁၁လအရွယ် ကလေး သက်ငယ်မုဒိန်း မှုနှင့်ပတ်သက်၍ အမြင့်ဆုံးပြစ်ဒဏ်အနေ ဖြင့် ပြီးခဲ့သည့် ဒီဇင်ဘာလကအလုပ်ကြမ်းနှင့် ထောင်ဒဏ် နှစ် (၂၀) နှစ်သာ ချမှတ်ခဲ့ သည် ။











Leave a Comments