Tuesday, January 27, 2026

သျှမ်းပြည်နယ် အတွင်းရှိ သတင်းမီဒီယာသမားများ တွေ့ဆုံဆွေးနွေးပွဲ ကျင်းပ

သျှမ်းပြည်နယ်အတွင်းရှိ သတင်းမီဒီယာ သမားများ မှ သတင်းသမားနှင့် လုံခြုံရေး ခေါင်းစဉ်ဖြင့် တောင်ကြီး မြို့ ၊စိန်ပန်းရပ် ၊ အောင်မြေဘုံစံ ကျောင်းတိုက်တွင် ဆွေးနွေးပွဲ ကျင်းပခဲ့သည် ။

Photo SHAN- သျှမ်းပြည်နယ် အတွင်းရှိ သတင်းမီဒီယာသမားများ တွေ့ဆုံဆွေးနွေးပွဲ ကျင်းပ

သြဂုတ်လ ၁၅ ရက်နေ့က ကျင်းပသော အဆိုပါဆွေးနွေးပွဲတွင် သျှမ်းပြည််နယ်တွင်းရှိသတင်းသမားများအားလုံးစည်းလုံး ညီညွတ်မှုရှိစေရန်နှင့် ခိုင်မာအားကောင်း သော သတင်းမီဒီယာ များဖြစ်ပေါ်လာစေရန်ရည်ရွယ်ကြောင်း ဦးဆောင်ကျင်းပသည့် Taunggyi Journalist Association (TJA) အဖွဲ့ မှ စည်သာဟိန်းရှင်းပြသည် ။

” မီဒီယာ ကတဖြည်းဖြည်းကျဆင်းလာတယ် တရားစွဲခံရတယ် ၊ ခြိမ်းခြောက် ခံရတယ် စတာတွေကို အဖြေရှာ ဖို့လုပ်တာဖြစ်တယ် ။ ရလာဒ် ကိုတော့ ထုတ်ပြန်ချက် နဲ့လည်းထုတ်မယ် ၊ အစိုးရကိုလဲပေးပို့သွားမှာဖြစ်တယ် ” ဟု ဆက်လက်ပြောသည် ။

Photo SHAN- သျှမ်းပြည်နယ် အတွင်းရှိ သတင်းမီဒီယာသမားများ တွေ့ဆုံဆွေးနွေးပွဲ ကျင်းပ

ယင်းဆွေးနွေးပွဲသို့ သျှမ်းရှေ့ ၊ သျှမ်းတောင် ၊ သျှမ်းမြောက် မှ သတင်းသမားများ တက်ရောက်ဆွေးနွေးခဲ့ကြောင်းသိရသည် ။

“အဓိကတော့ သျှမ်းပြည်နယ် သတင်းသမားအနေနဲ့ သတင်း ယူတဲ့နေရာမှာ ကန့်သတ်နယ်မြေတွေ ရှိတယ် ၊ ထိန်းချုပ် နယ်မြေတွေရှိတယ် ၊ စစ်မက်ပဋိပက္ခ ဖြစ်နေတဲ့ နယ်မြေတွေရှိတယ် ၊ မှောင်ခိုကုန်သွယ်မှုနဲ့ မူးယစ်ဆေးဝါးပြသနာတွေကလဲကြီးကြီးမားမားရှိနေ တယ် ။ ဒီလိုအခြေအနေတွေမှာ သျှမ်းပြည်နယ် သတင်းထောက်တွေက သတင်းရေးသား နေရတယ်။ တစ်ဖက်က လုံခြံုရေးခြိမ်းခြောက်မှုတွေရှိသလို ဥပဒေအရ ခြိမ်းခြောက် မှု တွေရှိတယ် စတဲ့ သတင်းသမားရဲ့ အခက်အခဲ တွေကို ဆွေးနွေး အဖြေ ရှာဖို့ လိုတယ် ” ဟု ပို့ကုန်သွင်းကုန် ဥပဒေဖြင့် လက်ရှိ တရားစွဲ ဆိုခံရ သော DVB လားရှိုးသတင်းထောက် ကိုခွန်ဇော်ဦးက ပြောသည် ။

Photo SHAN- သျှမ်းပြည်နယ် အတွင်းရှိ သတင်းမီဒီယာသမားများ တွေ့ဆုံဆွေးနွေးပွဲ ကျင်းပ

အစိုးရသစ်လက်ထက်တွင် သတင်းသမားများအပေါ် တရားစွဲဆိုထားသော အမှုပေါင်း ၃၆ မှုရှိပြီးသတင်းသမားများ ၅၂ ဦးတရားတရား ရင်ဆိုင်နေရ ကြောင်း လွတ်လပ်စွာ ပြောဆိုခြင်း မြန်မာ ၏ အစီရင်ခံစာ တွင်ပါရှိကြောင်းသိရသည် ။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

နိုင်ငံရေးတွေ့ဆုံဆွေးနွေးမှု လမ်းကြောင်းသစ် ရှာဖွေနေဟု 7 EAO Alliance ပြော

0
တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်း (၇)ဖွဲ့၏ မဟာမိတ်အဖွဲ့ 7 EAO Alliance ဦးဆောင်အဖွဲ့ ဒုတိယအကြိမ် အစည်းအဝေးကို အွန်လိုင်းဖြင့် ကျင်းပပြီးစီးခဲ့ရာ နိုင်ငံရေးတွေ့ဆုံဆွေးနွေးမှု လမ်းကြောင်းသစ်ကို ရှာဖွေနေသည်ဟု စုံစမ်းသိရသည်။ စက်တင်ဘာလ (၁၀) ရက်မှ (၁၁) ရက်အထိ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်း (၇) ဖွဲ့၏...

စစ်ကောင်စီ နှင့် ညီနောင်မဟာမိတ် တတိယအကြိမ်ဆွေးနွေးမှု ရလဒ်မကောင်း

0
သျှမ်းမြောက်ဒေသတွင် စစ်ရေးပြင်းထန်နေကြသည့် စစ်ကောင်စီနှင့် ညီနောင်မဟာမိတ်တို့သည့် တရုတ်နိုင်ငံ ကူမင်းမြို့မှာ တတိယအကြိမ် ထပ်မံတွေ့ဆုံဆွေးနွေးခဲ့ပြီး ရလဒ်မကောင်းကြောင်း သတင်းထွက်ပေါ်လာသည် ။ ပြီးခဲ့သည့် ရက်ပိုင်း (ဇန်နဝါရီလ ၇ ရက်) မှ (ဇန်နဝါရီလ ၉ ရက်)အထိ တရုတ်၏ ကြားဝင်ညှိနှိုင်းပေးမှုနှင့် စစ်ကောင်စီ နှင့် ညီနောင်မဟာမိတ်တို့...

တောင်ကြီး အေးသာယာမဲရုံသို့ မဲသွားပေးခဲ့သည့် အမျိုးသားတဦး ကိုဗစ်-၁၉ တွေ့

0
နိုဝင်ဘာ ၈ ရက်မှာကျင်းပသည့် အထွေထွေရွေးကောက်ပွဲနေ့တွင် တောင်ကြီး အေးသာယာရုံးသို့ မဲလာပေးသည့် အမျိုးသားတဦး ကိုဗစ်-၁၉ ကူးစက်ရောဂါပိုးရှိကြောင်း စုံစမ်းသိရှိရသည်။ သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့နယ် အေးသာယာမြို့ရှိ မဲရုံတစ်ရုံတွင် မဲသွားပေးခဲ့သည့် အမျိုးသားတစ်ဦးသည် ယနေ့ နိုဝင်ဘာ (၁၂) ရက်မှာ Rapid Antigen Diagnostic Test...

ကိုဗစ် -၁၉ လူနာ အမှတ် (၃၇၅) ကွင်းဆက် တောင်ကြီးမှ ၄ဦး ပိုးမတွေ့

0
ရခိုင်ပြည် မှ ကိုဗစ် -၁၉ လူနာ အမှတ် (၃၇၅ )ကွင်းဆက်ဖြစ်သည့် တောင်ကြီးမြို့မှ ၄ဦးသည် ကိုဗစ်-၁၉ ပိုးမတွေ့ရှိကြောင်း စုံစမ်းသိရသည်။ ၄င်း ၄ ဉီးအနက် တဦးသည် ဇူလိုင် ၃၁ ရက်က ကိုဗစ် လူနာအမှတ် (၃၇၅ )နှင့်...

တောင်ကြီး ရဲတပ်ဖွဲ့ဝင် ၂ဦးထံ မူးယစ်ဆေးမိ

0
သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့ရှိ ရွှေတောင်ရပ်ကွက်တွင် ရဲတပ်ဖွဲ့ဝင် ၂ ဦးထံ စိတ်ကြွဆေးပြား ဖမ်းဆီးရမိကြောင်း စုံစမ်းသိရှိရသည်။ ဇူလိုင် ၇ ရက် ညပိုင်းတွင် ရပ်ကွက်နေ ပြည်သူများ နှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးမှ တာဝန်ရှိသူများ ရပ်ကွက်တွင်း ကင်းလှည့်စဉ် ရဲဘော် ၂ ဦး ထံ WY...