Tuesday, January 27, 2026

နိုင်ငံရေးတွေ့ဆုံဆွေးနွေးမှု လမ်းကြောင်းသစ် ရှာဖွေနေဟု 7 EAO Alliance ပြော

တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်း (၇)ဖွဲ့၏ မဟာမိတ်အဖွဲ့ 7 EAO Alliance ဦးဆောင်အဖွဲ့ ဒုတိယအကြိမ် အစည်းအဝေးကို အွန်လိုင်းဖြင့် ကျင်းပပြီးစီးခဲ့ရာ နိုင်ငံရေးတွေ့ဆုံဆွေးနွေးမှု လမ်းကြောင်းသစ်ကို ရှာဖွေနေသည်ဟု စုံစမ်းသိရသည်။

စက်တင်ဘာလ (၁၀) ရက်မှ (၁၁) ရက်အထိ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်း (၇) ဖွဲ့၏ မဟာမိတ်အဖွဲ့ 7 EAO Alliance ဦးဆောင်အဖွဲ့ အစည်းအဝေး ဒုတိယအကြိမ်ကို အွန်လိုင်းမှတဆင့် ၂ ရက်တာ တွေ့ဆုံဆွေးနွေးခဲ့ပြီး လက်နက်ကိုင်ပဋိပက္ခ အကြပ်အတည်းမှ ကျော်ဖြတ်ရန် နိုင်ငံရေးတွေ့ဆုံဆွေးနွေးမှု လမ်းကြောင်းသစ်ကို ရှာဖွေနေကြောင်း အစည်းအဝေး တက်ရောက်သူများထံမှ သိရသည်။

“လမ်းသစ်ဆိုတာကလည်းပဲ တခြားတော့ မဟုတ်ပါဘူး၊ နိုင်ငံရေး တွေ့ဆုံဆွေးနွေးမှုပါပဲ။ နိုင်ငံရဲ့ လက်ရှိ ပကတိ အနေအထားအရ ဟိုဘက်ဒီဘက် ပေါ့ပေါ့ပါးပါးနဲ့ လိုက်ပါဆောင်ရွက်လို့ရအောင် ကျနော်တို့ EAO (၁၂) ဖွဲ့က သဘောတူထားပြီးသားဖြစ်တဲ့ ဖက်ဒရယ်အခြေခံမူ (၂၄) ချက်ကို ဆွေးနွေးဖို့ စဉ်းစားထားတယ်”ဟု 7 EAO Alliance ပြောရေးဆိုခွင့်ရှိသူ KNU/KNLA(PC)မှ ဗိုလ်မှူးကြီး စောကျော်ညွန့်က သျှမ်းသံတော်ဆင့်ကို ပြောသည်။

ပုံစာ (၁) – 7 EAO Alliance မျက်နှာစုံညီအစည်းအဝေးကို မတ်လအတွင်း ချင်းမိုင်မြို့တွင် ပြုလုပ်စဉ်

အွန်လိုင်းဖြင့် ဒုတိယအကြိမ် တွေ့ဆုံခဲ့သည့် 7 EAO Alliance ဦးဆောင်မှုကော်မတီ အစည်းအဝေးသို့ အဖွဲ့ဝင် အဖွဲ့အစည်း (၇) ဖွဲ့မှ ခေါင်းဆောင်များ အားလုံး တက်ရောက်ပြီး အတွင်းရေးမှူး အဖွဲ့မှ တင်သွင်းသည့် နိုင်ငံရေးအစီရင်ခံစာနှင့် လုပ်ငန်းအစီရင်ခံစာများအပေါ် ဆွေးနွေးသုံးသပ်ခြင်းများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

“ကျနော်တို့ဟာ ဆွေးနွေးတာနဲ့ပဲ အချိန်ကုန်တာ မဟုတ်ဘဲနဲ့ လက်တွေ့ကျကျ အကောင်အထည်ဖော်ဖို့အတွက် ပြည်နယ်တွေမှာ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေနဲ့ အစိုးရနဲ့ ပူးတွဲပြီးတော့ ပြည်နယ်အုပ်ချုပ်ရေးလုပ်ငန်းတွေ လုပ်ကိုင်ဆောင်ရွက်နေတဲ့ နည်းလမ်းတွေကိုလည်း အဲ့လိုဆွေးနွေးရင် ကောင်းမလားဆိုတဲ့ စဉ်းစားချက်တွေ ရှိတယ်”ဟု ဗိုလ်မှူးကြီး စောကျော်ညွန့်က ပြောဆိုသည်။

ထို့အပြင် မြန်မာနိုင်ငံတဝှမ်း ထွက်ပေါ်လာနေသည့် လက်နက်ကိုင် အဖွဲ့အစည်းများ၏ အနာဂတ်အတွက် နဂိုစဉ်းစားချက်ဖြစ်သည့် ဖက်ဒရယ်ပြည်ထောင်စု တပ်မတော် တည်ဆောက်ရေးအတွက်လည်း စတင်ပြောဆိုရန် စဉ်းစားချက်ရှိကြောင်း သိရသည်။

ပြီးခဲ့သည့် ဩဂုတ်လ (၂၃) ရက်တွင် စစ်ကောင်စီလက်အောက်ခံ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုကော်မတီ (NSPNC) မှ 7 EAO Alliance အဖွဲ့ဝင်များကို နေပြည်တော်၌ ဖိတ်ခေါ်တွေ့ဆုံခဲ့ပြီး နိုင်ငံရေးပါတီ အစုအဖွဲ့နှင့်လည်း သုံးပွင့်ဆိုင် ဆွေးနွေးခဲ့ကြသည်။

“တစ်ဖွဲ့ချင်းစီကို ဖိတ်တယ်၊ တစ်ဖွဲ့ချင်းစီရဲ့ လွတ်လပ်စွာ ဆုံးဖြတ်ပိုင်ခွင့်နဲ့ တက်တဲ့အခါကျတော့ 7 EAO Alliance (၇) ဖွဲ့ထဲမှာကတော့ RCSS တစ်ဖွဲ့တော့ မတက်နိုင်ခဲ့ဘူး။ ကျန်တဲ့ ၆ ဖွဲ့စလုံးက တက်ဖြစ်ပါတယ်။ မှန်ပါတယ် NSPNC နဲ့ တွေ့ဆုံတာ” ဗိုလ်မှူးကြီး စောကျော်ညွန့်က သျှမ်းသံတော်ဆင့်ကို ဆက်ပြောသည်။

လာမည့် အောက်တိုဘာလထဲတွင် စစ်ကောင်စီလက်အောက်ခံ NSPNC ၊ နိုင်ငံရေးပါတီ အစုအဖွဲ့တို့နှင့် ထပ်မံတွေ့ဆုံရန်ရှိပြီး NCA စာချုပ် လက်မှတ်ရေးထိုးခြင်း (၉) နှစ်ပြည့် အခမ်းအနားနှင့် သက်ဆိုင်ခြင်း ရှိ မရှိ ကို မသိနိုင်သေးကြောင်း ဆိုသည်။

NCA လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင် (၇)ဖွဲ့တို့သည် မတ်လ(၁၇/၁၈)ရက်တို့တွင် ထိုင်းနိုင်ငံ ချင်းမိုင်မြို့၌ ထိပ်သီးအစည်းအဝေး ကျင်းပခဲ့ပြီး စုဖွဲ့မှုပုံစံအသစ်အဖြစ် “7 EAO Alliance”ကို ပြင်ဆင်ဖွဲ့စည်းခဲ့သည်။

7 EAO Alliance မဟာမိတ်အဖွဲ့တွင် သျှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ (RCSS)၊ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO)၊ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP)၊ KNU/KNLA ငြိမ်းချမ်းရေးကောင်စီ၊ လားဟူဒီမိုကရက်တစ် အစည်းအရုံး (LDU)၊ ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော် (DKBA) နှင့် မွန်ပြည်သစ်ပါတီ(NMSP) တို့ ပါဝင်ထားသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ယနေ့ … ဈေးနေ့ … ဖြစ်သည်

0
ပတ်ဝန်းကျင်တစ်ခုလုံး နှင်းများအကြား ပိန်းပိတ်နေသည်။ တစ်ယောက်နဲ့ တစ်ယောက် သဲသဲကွဲကွဲ မမြင်ရပေမယ့် အသံများကိုတော့ ကြားနေရသည်။ အနီးရောက်မှ ဖြတ်ကနဲ ဝင်လာသည့် လူတစ်ယောက်ကို ကျွမ်းကျင်စွာ ရှောင်လိုက်နိုင်သည်။ အားလုံးက ဒီအခြေအနေကို ကျင့်သားရနေကြပြီပဲ ဖြစ်သည်။ မနက် ၃ နာရီခန့်ကတည်းက ဈေးထဲ ရောက်နေပြီ ဖြစ်ကြသည်။ မကြာခင်...

“နိုင်ငံရေးပြဿနာကို စစ်အင်အားနဲ့ပဲ ဖြေရှင်းမယ်ဆိုရင် လမ်းမှားနေပြီ”

0
သျှမ်းသံတော်ဆင့်ကနေပြီးတော့ ဘယ်လ်ဂျီယံနိုင်ငံ၊ ဘရပ်ဆဲလ်အခြေစိုက် ဖွံ့ဖြိုးရေးနဲ့ ဒီမိုကရေစီ အကျိုးဆောင်အဖွဲ့ ဖြစ်တဲ့ ဥရောပ-မြန်မာရုံး (Euro-Burma Office: EBO) ရဲ့ အမှုဆောင်ဒါရိုက်တာ စဝ်ဟန်ယောင်ဟွေကို ဖိတ်ခေါ်ထားပါတယ်။ စဝ်ဟန်ယောင်ဟွေကတော့ မြန်မာနိုင်ငံရဲ့ ပထမဆုံးသမ္မတ ညောင်ရွှေစော်ဘွား စဝ်ရွှေသိုက်နဲ့ သျှမ်းပြည်တပ်မတော် (SSA) ကို စုစည်းတည်ထောင်ခဲ့တဲ့ မဟာဒေဝီ...

စစ်ကော်မရှင် NSPNC နှင့် အပစ်ရပ် ၇ ဖွဲ့တို့ NCA ၁၀ နှစ်ပြည့်ပွဲအတွက် နေပြည်တော်၌ ဆွေးနွေးနေ

0
NCA စာချုပ် လက်မှတ်ရေးထိုးခြင်း ၁၀ နှစ်ပြည့် အခမ်းအနား ပူးတွဲကျင်းပရေးအတွက် အပစ်ရပ် တိုင်းရင်းသားလက်နက်ကိုင် (၇)ဖွဲ့တို့၏ 7 EAO Alliance မဟာမိတ်အဖွဲ့နှင့် စစ်ကော်မရှင်၏ NSPNC တို့ နေပြည်တော်၌ တွေ့ဆုံဆွေးနွေးနေကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဩဂုတ်လ ၂၂ ရက်) နံနက်ပိုင်းမှ...

“နိုင်ငံရေးအဖြေ မဟုတ်တဲ့ ရွေးကောက်ပွဲကို ဘယ်လိုမှ လက်ခံစဉ်းစားလို့ မရတဲ့အတွက်ကြောင့်မလို့ ကျနော်တို့ ရပ်တည်ချက်ကနဂိုအတိုင်းပဲ ရှိတယ်”

0
စစ်ကောင်စီလက်အောက်ခံ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် UEC ထံ မှတ်ပုံပြန်မတင်ရန်  ၂၀၂၃ မတ်လကတည်းက ဆုံးဖြတ်ထားခဲ့သည့် SNLD ပါတီ၏ သဘောထားရပ်တည်ချက်၊ တရုတ်နိုင်ငံနှင့် နိုင်ငံခြားဆက်ဆံရေး၊ သျှမ်းပြည်နိုင်ငံရေး အခြေအနေများကို သျှမ်းသံတော်ဆင့် သတင်းထောက် စိုင်းခွမ်မိန်းမှ SNLD ပါတီ  ပြောရေးဆိုခွင့်ရှိသူ စိုင်းလိတ် ထံ ဆက်သွယ်မေးမြန်းထားသည်။

နိုင်ငံရေးတွေ့ဆုံဆွေးနွေးမှုလမ်းကြောင်းသစ်ရှာဖွေနေမှုနှင့်ပတ်သက်ပြီး 7EAO Alliance ဘာပြောလဲ

0
NCA အပစ်ရပ်စာချုပ်လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင် (၇) ဖွဲ့၏ စုဖွဲ့မှုပုံစံသစ်ဖြစ်သည့် 7 EAO Alliance မဟာမိတ်အဖွဲ့ ဦးဆောင်ကော်မတီ၏ ဒုတိယအကြိမ်အစည်းအဝေးကို အွန်လိုင်းဖြင့် စက်တင်ဘာ ၁၀ ရက်နေ့မှ ၁၁ ရက်နေ့အထိ ကျင်းပပြီးစီးခဲ့ရာ နိုင်ငံရေးတွေ့ဆုံဆွေးနွေးမှုလမ်းကြောင်းသစ်ကို ရှာဖွေနေသည်ဟု ဆိုပါသည်။ အစည်းအဝေးနှစ်ရက်တာအတွင်း ဆွေးနွေးခဲ့သည့် အကြောင်းအရာများ၊...