ပြည်ထောင်စုနိုင်ငံရေးအင်အားစုတွေရဲ့ နိုင်ငံရေးဆိုင်ရာညှိနှိုင်းဆွေးနွေးရေးအဖွဲ့ (Political Coordination Body – PCB) ကနေပြီးတော့ ထုတ်ပြန်လိုက်တဲ့ အချက် (၉) ချက်နဲ့ ပတ်သက်ပြီးတော့ ဒီအဖွဲ့မှာပါဝင်နေတဲ့ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် (SNLD) ပါတီ ဥက္ကဌ ဦးစိုင်းညွန့်လွင်ကို သျှမ်းသံတော်ဆင့် မြန်မာပိုင်း အယ်ဒီတာ နန်းဆိုင်နွမ် ကတွေ့ဆုံမေးမြန်းထားပါတယ်။ ။
နန်းဆိုင်နွံ။ ။ အဓိကကတော့ လက်ရှိ PCB အဖွဲ့ကနေပြီးတော့ ထုတ်ပြန်လိုက်တဲ့ အချက် (၉) ချက်ထဲမှာဆိုရင်လည်း လက်ရှိအစိုးရသစ်က ထွက်လာတာဆိုတော့ အချိန်ကိုက်ထွက်လာတာလားလို့ လူတွေက စိတ်ဝင်စားနေကြတာပေါ့နော်။ ဒီအပေါ်မှာရော ဘာပြောချင်ပါသလဲ။
ဦးစိုင်းညွန့်လွင်။ ။ သူက အာဏာသိမ်းပြီးတော့ ၂၀၂၁၊ ၂၀၂၃ လောက်မှာ ကျနော်တို့ ရန်ကုန်တို့ မန္တလေးတို့မှာရှိတဲ့ မြေပေါ်က နိုင်ငံရေးသမားတွေပေါ့၊ အထဲမှာ ကျန်ခဲ့တဲ့ နိုင်ငံရေးသမားတွေ တွေ့ကြဆုံကြ၊ လက်ဖက်ရည်ဆိုင်မှာ တွေ့ကြ၊ အိမ်တွေမှာလည်း တွေ့ကြပေါ့။
နောက်ဆုံးမှာ ငွေဆောင်မှာ ကျနော်တို့ တွေ့ပြီးတော့ ကြေညာချက် (၇) ချက်ဆိုပြီးတော့ ထုတ်ခဲ့ဖူးတယ်။ အဲဒီတုန်းကလည်း တော်တော်လေး ဝေဖန်မှုတွေလည်း ရှိတာပေါ့။ နောက် (၂) နှစ်လောက် ကြာလာတဲ့အခါမှာ အခု ကျနော်တို့ ပြန်ဆုံပြီးတော့ နိုင်ငံရေးဆိုင်ရာ ညှိနှိုင်းဆွေးနွေးရေးအဖွဲ့ (PCB) ဆိုပြီးတော့ ဖွဲ့လိုက်ပါတယ်။ အဓိကကတော့ ဒီနေ့ မြန်မာနိုင်ငံက တော်တော်လေးကို ဆိုးဆိုးဝါးဝါး ထိခိုက်နေပြီ၊ ပညာရေးရော၊ ကျန်းမာရေးရော၊ စီးပွားရေးကအစ အကုန်လုံး ထိခိုက်နေတဲ့အချိန်မှာ ဒါကို ဘယ်လိုပြန်ပြီး အဖတ်ဆယ်မလဲ၊ အနည်းဆုံးတော့ ထပ်ပြီး အောက်မဆင်းသွားအောင်၊ ထပ်ပြီး မပျက်စီးသွားအောင် ရပ်တန့်သွားအောင် ဘာလုပ်နိုင်မလဲဆိုပြီးတော့ အသင့်တော်ဆုံးဖြစ်နိုင်တဲ့ အချက် (၉) ချက်ကို ကျနော်တို့ ရခဲ့ပါတယ်။ ဖွဲ့လိုက်ပြီးတော့ အချက် (၉) ချက်ကို တိုင်းပြည်ကို ကျနော်တို့ တင်ပြလိုက်တာ ဖြစ်ပါတယ်။ တိုင်းပြည် အမျိုးသားပြန်လည်သင့်မြတ်ရေး၊ ဖွံ့ဖြိုးတိုးတက်ရေး၊ တည်ငြိမ်ရေးအတွက် ဒီအချက်တွေက လုပ်သင့်တယ်လို့ ကျနော်တို့ ယူဆပါတယ်။
နန်းဆိုင်နွမ်။ ။ အဲဒီအချက် (၉) ချက်ထဲမှာဆိုရင်လည်း ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးဝင်းမြင့် အပါအဝင် နိုင်ငံရေးအကျဉ်းသားတွေကို ပြန်လွှတ်ဖို့၊ ပြီးတော့ လူငယ်တွေကို စစ်မှုထမ်းဖို့ မခေါ်ဖို့၊ နိုင်ငံရေးဆွေးနွေးပွဲတွေမှာ သက်ဆိုင်သူတွေအားလုံး ပါဝင်ဖို့ဆိုတာတွေ ပါဝင်ပါတယ်နော်။ ဒီအချက်တွေကို တောင်းဆိုတဲ့အချိန်မှာ အစိုးရသစ်ကရော ဘယ်လိုတုံ့ပြန်လာမလဲဆိုတာ ဘယ်လိုထင်မြင်ပါသလဲ။
ဦးစိုင်းညွန့်လွင်။ ။ အခုလာမယ့် အစိုးရကတော့ လူဟောင်းတွေပဲ ပြန်ဖြစ်ဖို့ များမယ်လို့ ထင်ရတာပေါ့။ အရပ်သားအစိုးရသစ် ဖြစ်လာပြီဆိုရင်တော့ အရင်အတိုင်း သွားလို့မရဘူးဆိုတာ သေချာတယ်။ အရင်ပုံစံက စစ်တပ်ဆိုတော့ အမိန့်တွေနဲ့သွားတာပေါ့၊ အခုကတော့၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ သွားမှာဖြစ်တဲ့အတွက် ဒါကို သူတို့ လိုက်နာရမှာပါ။ နောက်တခုမျှော်လင့်တာက တိုင်းပြည်မှာ စစ်မီးတွေ ဖြစ်ပွားနေတာ၊ သွေးမြေကျနေတာ၊ နေ့စဉ် လူတွေသေနေတာက ကိုယ့်ပြည်တွင်းမှာရှိတဲ့ အချင်းချင်းတွေပဲ ဖြစ်နေတာလေ။ ဘယ်သူပဲ သေသေ ကိုယ့်နိုင်ငံထဲက ကလေးတွေပဲ သေနေရတာပဲ၊ ဒါတွေကို ငြိမ်သက်သွားအောင်၊ လျော့ပါးသွားအောင် အစိုးရသစ်အနေနဲ့ စိတ်စေတနာ ရှိလိမ့်မယ်လို့တော့ မျှော်လင့်ရတာပေါ့၊ ထင်ရတာပေါ့။
ဒါပေမယ့်ထင်တဲ့အတိုင်းလည်း တခါမှ မဖြစ်ခဲ့ပါဘူး၊ အခုလည်း ထပ်ထင်ရတာပေါ့
နန်းဆိုင်နွမ်။ ။ ကျနော်တို့ ၂၀၁၀ တုန်းကလည်း အရပ်သားအစိုးရတစ်ကြိမ် ဖြစ်ခဲ့ဖူးတယ်၊ လွှတ်တော်လည်း ရှိခဲ့ဖူးတယ်။ အခုတစ်ခါ ပြောင်းလဲလာမယ့်အပေါ်မှာရော ဘယ်လိုကွာခြားမှုတွေ ရှိလာနိုင်မလဲ။
ဦးစိုင်းညွန့်လွင်။ ။ ၂၀၁၀ တုန်းက အရပ်သားအစိုးရက ၂၀၁၅ အထိ သူက အစွမ်းပြသွားပြီးပြီလေ၊ ကောင်းတာတွေရော၊ မကောင်းတာတွေရောပေါ့။ အခုက စတောင်မစရသေးဘူး။ အခုက မျှော်လင့်တယ်လို့ပဲ ပြောရမှာပေါ့။ ဒါပေမဲ့ တစ်ခါတစ်လေလည်း မျှော်လင့်ချက်တွေက ပျက်ပျက်သွားတတ်တော့ အရမ်းကြီးလည်း မမျှော်လင့်ရဲဘူး။
နန်းဆိုင်နွမ်။ ။ ဒီအချက် (၉) ချက်ထဲမှာ ပါဝင်တဲ့ ပဋိပက္ခဖြေရှင်းရေးအတွက် သက်ဆိုင်သူတွေအားလုံး ပါဝင်တဲ့ နိုင်ငံရေးဆွေးနွေးပွဲတွေ ပေါ်ပေါက်ဖို့ဆိုတာနဲ့ ပတ်သက်ပြီး ဆရာ့အနေနဲ့ ဘယ်လိုမျိုး ဖြစ်စေချင်ပါသလဲ။
ဦးစိုင်းညွန့်လွင်။ ။ အမှန်တော့ အခု ဆွေးနွေးပွဲတွေက အများကြီး ရှိပါတယ်။ နေပြည်တော်မှာလည်း ဖိုရမ်တွေ လုပ်ကြတာပဲ၊ အပြင်မှာလည်း ထိုင်းနိုင်ငံ ချင်းမိုင်တို့ ဘန်ကောက်တို့မှာ လုပ်တာတွေလည်း ရှိတယ်။ တောထဲမှာလုပ်တာတွေလည်း ရှိတယ်။ ဒါပေမဲ့ အဲဒါတွေအားလုံးက ကိုယ်နဲ့ပတ်သက်တဲ့လူ၊ အဆင်ပြေတဲ့လူတွေချည်းပဲ လုပ်နေကြတာ။ တကယ့်တကယ်ကျတော့ ပဋိပက္ခဖြစ်နေတဲ့ နှစ်ဖက်စလုံးက လူတွေ တွေ့ဖို့လိုတာ။ အခု လက်နက်ကိုင်တိုက်ပွဲတွေက အများကြီးရှိနေတယ်၊ တစ်ယောက်နဲ့တစ်ယောက် အမုန်းတရားတွေကလည်း အရမ်းကြီးနေကြတယ်။ ဒါက ဖြေလျှော့မှ ဖြစ်တော့မယ်။ တိုင်းပြည်က တော်တော်လေးကို နာနေပြီ၊ လက်နက်ကိုင် တိုက်ပွဲဆိုတာလည်း နိုင်ငံရေးရည်မှန်းချက်တစ်ခုအတွက် သွားနေတာပဲလေ။ အဲဒီရည်မှန်းချက် ရပြီဆိုရင် လက်နက်ကိုင်တော်လှန်ရေးတွေကလည်း ရပ်စဲသွားမှာပေါ့။ နောက်ဆုံးကျတော့လည်း စကားပြောကြရမှာပါပဲ။
နန်းဆိုင်နွမ်။ ။ ဒါပေမဲ့ ဒီလို နိုင်ငံရေး စကားဝိုင်းတွေပေါ်လာမယ်ဆိုရင် တစ်ဖက်မှာ တော်လှန်ရေးအင်အားစုတွေဘက်ကကျတော့ ဒါက တော်လှန်ရေးကို သွေးခွဲနေတယ်ဆိုတဲ့ စကားလုံးတွေ သုံးလာတာ တွေ့ရတယ်၊ အဲဒီအပေါ်မှာရော ဆရာက ဘယ်လိုမြင်ပါသလဲ။
ဦးစိုင်းညွန့်လွင်။ ။ အမှန်တော့ တော်လှန်ရေးဆိုတာ သေနတ်တွေနဲ့ ပစ်နေရုံနဲ့လည်း ပြီးမှာမဟုတ်ဘူး။ တစ်ဖက်ကလည်း နိုင်ငံရေးရှိဖို့ လိုတာပဲလေ။ ကျနော်တို့ ပြောပြောနေတာ နိုင်ငံရေးကဲတဲ့ တော်လှန်ရေး ဖြစ်ဖို့လိုတယ်။ နိုင်ငံရေးရည်မှန်းချက် မရှိဘဲနဲ့ အဲဒီလို စစ်ပွဲတွေ ဆင်နွှဲနေတာက အဓိပ္ပာယ်မှ မရှိဘဲ။ သူတို့ လုပ်နေတာတွေက ကျနော်တို့ မလုပ်နိုင်တဲ့ အလုပ်တွေပါပဲ။ သို့သော်လည်း နိုင်ငံရေးဘက်ကိုလည်း စဉ်းစားဖို့ လိုပါတယ်။ တကယ့်တကယ် ဒီလက်နက်ကိုင်တော်လှန်ရေး အဆုံးသတ်တယ်ဆိုတာ နိုင်ငံရေးမှာပဲ လာအဆုံးသတ်တာပါ။ ဒါကိုလည်း မမေ့စေချင်ဘူးပေါ့။
နန်းဆိုင်နွမ်။ ။မြန်မာပြည်မှာ ပြည်တွင်းစစ်က နှစ်ပေါင်း ၇၀ ကျော် ကြာခဲ့ပြီ။ လက်နက်ကိုင်တွေကလည်း ပိုပိုများလာတယ်။ စစ်ဘောင်က ကျယ်လာတာပဲ ရှိတယ်။ နိုင်ငံရေးအရ ဆွေးနွေးဖို့ဆိုရင် စစ်ဘောင်ကျဉ်းဖို့ လိုအပ်တယ်ပေါ့နော်၊ ဒါတွေကရော ဘယ်လိုမျိုး လုပ်ဆောင်သင့်သလဲ။
ဦးစိုင်းညွန့်လွင်။ ။ နိုင်ငံရေးကို စိတ်ကောင်းစေတနာကောင်းနဲ့ မလုပ်ကြလို့ စစ်ဘောင်တွေက ကျယ်လာတာပါ။ ကျနော်တို့ဆို နိုင်ငံရေးလောကထဲကို ၁၉၇၂ ထဲက ရောက်တာ။ ၈၈ ကျတော့ ပါတီဖွဲ့ပြီးတော့ ကျွန်တော်တို့ ရှင်သန်တာပေါ့။ လုပ်ရင်းလုပ်ရင်းနဲ့ အခု နှစ်ပေါင်း ၄၀ နီးပါးလောက် ရှိလာပြီ၊ ပိုပိုဆိုးသွားတယ်။ ကိုယ်လုပ်လိုက်မှ ပိုဆိုးသလိုမျိုး ဖြစ်နေတယ်။ ရှက်လည်းရှက်တယ်၊ ဝမ်းလည်းနည်းတယ်။ ကိုယ်လုပ်လိုက်မှ ပိုပိုဆိုးလာသလို စစ်ဘောင်ကလည်း အရမ်းကျယ်လာတယ်။ အမှန်တော့ နိုင်ငံရေးဆိုတာကို ပိတ်ပင်ခဲ့တာလေ၊ နိုင်ငံရေးအသိကို မရှိအောင် လုပ်ခဲ့ကြတာ။ ဒါပေမဲ့ ဒီနေ့ခေတ်က အွန်လိုင်းခေတ် ဖြစ်သွားပြီဆိုတော့ အရင်က မလေ့လာနိုင်တာတွေ အများကြီး လေ့လာလို့ ရတယ်။ ခုကတော့ ပြောင်းလာပြီလို့ထင်တယ်၊ လူငယ်တွေက အဲ့ဒါတွေကို သေချာလေ့လာဖို့လိုတယ်၊ စစ်ရေးက အဆုံးမသတ်နိုင်ပါဘူး။ လက်နက်ကိုင်တဲ့လူတွေကပဲ အုပ်ချုပ်လာတာ တိုင်းပြည်က အခု ဘယ်လောက် မွဲပြာကျသွားပြီလဲ မြင်နေရတာပဲ။ ဒါက ပြင်မှရမှာပါ။
နန်းဆိုင်နွမ် ။ ။ အိမ်နီးနားချင်း ထိုင်းနိုင်ငံမှာဆိုရင်လည်း မကြာခဏ အာဏာသိမ်းမှုတွေ ရှိတယ်၊ ဒါပေမဲ့ တော်လှန်ရေးက ပေါက်ဖွားမလာဘူး။ ကျနော်တို့မြန်မာပြည်နဲ့ ဘာတွေကွာခြားလဲ။
ဦးစိုင်းညွန့်လွင်။ ။ ထိုင်းက လူမျိုးရေးပြဿနာ သိပ်မရှိဘူး။ မြန်မာပြည်က စတည်ကတည်းက လူမျိုးစုနာမည်နဲ့ တည်တာတွေ ရှိတယ်။ အဲဒီမှာတင် မတူကြတာ။ တကယ့်တကယ် ကျွန်တော်တို့ မြန်မာပြည်က ထိုင်းထက် အများကြီး သာပါတယ်။ ရွှေတို့ ဘာတို့၊ ရေအားလျှပ်စစ်ကအစ အကုန်သာတယ်။ မလုပ်တတ်မကိုင်တတ်တဲ့ ပြဿနာနဲ့ ပြဿနာက ကိုယ့်အချင်းချင်း ဖြစ်တဲ့ပြဿနာပဲ။ မြန်မာပြည်မှာက အာဏာသိမ်းတာနဲ့ အစိုးရယန္တရားတွေ အကုန်လုံး အသစ်ပြန်ပြင်တာ။ အဲဒီမှာ မတူတာ။
နန်းဆိုင်နွမ်။ ။ နောက်ဆုံးအနေနဲ့ ကျနော်တို့ အတိတ်က သင်ခန်းစာတွေကို ယူပြီးတော့ အနာဂတ်မှာရော ဘယ်လိုမျိုး ပြုပြင်သင့်သလဲ။
ဦးစိုင်းညွန့်လွင်။ ။ ကိုယ့်ကိုယ်ကိုယ် အရင်ဆုံး သုံးသပ်ရမယ်၊ တခြားလူတွေကိုလည်း သုံးသပ်ပြရမယ်။ အမှားတွေကို ပြင်ရမယ်၊ အားနည်းချက်တွေကို ဖြည့်တင်းရမယ်။ အခုက ခက်တော့ခက်တယ်၊ လူတွေက ခက်တဲ့လမ်းကို သိပ်မရွေးချင်ကြဘူး။ အခုတော့ မရတော့ဘူး၊ ဘယ်လောက်ခက်ခက် ဘယ်လောက်ပဲ မလွယ် မလွယ် ဇွဲနဲ့ပေါ့နော် ရအောင်လုပ်မှ ရတော့မယ်။ တိုင်းပြည်မှာရှိတဲ့ ကလေးတွေလည်း အကုန်လုံး အနာဂတ် ပျောက်ကုန်လိမ့်မယ်။ အချိန်မီ ကျွန်တော်တို့ လုပ်ရမယ် ကြိုးစားရမယ်။ အခုက ထိပ်ခနဲဖြစ်တာနဲ့ တိုက်ကြခိုက်ကြ လုပ်ကြတာပဲ။ ထိုင်းက အဲဒါတော့ သာတယ်၊ ထိုင်းကကျတော့ အာဏာသိမ်းရင်တောင် အစိုးရယန္တရားကို မထိခိုက်ဘူး။
သူတို့က နိုင်ငံရေးနည်းနဲ့ပဲ ပြောကြတာ မြန်မာပြည်မှာတော့ အာဏာသိမ်းတာနဲ့ အစိုးရ ယန္တရားကို အသစ်ပြင်တာပဲ။ ဆိုတော့ ၁၉၈၈ မှာ ပါတီစုံကို တခါလှမ်းဖွင့်တယ် တဖြည်းဖြည်းပြန်ပိတ်တယ်၊ ၂၀၁၀ မှာ ပါတီစုံကိုပြန်ဖွင့်တယ်၊ အဲ့တော့ ခုက အချိန်ကိုရောက်နေပြီ ဒီထက်ပိုအချိန်ကုန်ခံလို့မရတော့ဘူး၊ အားလုံးဒုက္ခရောက်မှာ၊ မြန်မာပြည်မှာ ဒီအတိုင်း ဆက်သွားရင် နိုင်တဲ့သူ ရှိမှာမဟုတ်ဘူး၊ အကုန်လုံး ရှုံးမှာပဲ။
နောက်တစ်ခုက ကို စစ်တပ်က အရေးယူမယ် ကိုကျတော့ က အရေးယူမယ် ဆိုတော့ အလုပ်လုပ်တဲ့သူတွေက တစ်ယောက်မှ လွတ်တော့မှာမဟုတ်ဘူး၊ ဆိုတာဒါတွေကို အရေးမယူဖို့ ဆိုတာ ဌာနထဲမှာရှိတဲ့ ပစ္စည်းတွေကို ရိုက်ခွဲပြီးထွက်သွားတာမှ မဟုတ်ဘဲ၊ ဒါတွေလောက်ကိုတော့ ခွင့်လွှတ်ဖို့လိုတယ်။
လူငယ်တွေလည်း ကိုယ့်ဌာနကို ဂုဏ်သိက္ခာရှိရှိပြန်လာနိုင်အောင် တာဝန်ရှိတဲ့လူတွေ က လမ်းဖွင့်ပေးဖို့လိုတယ်၊ ဒီလိုမှ မလုပ်ရင်် ဆိုးသထက်ဆိုလာမှာပဲ၊ တနေ့သောအချိန်တော့ လူထုက သမိုင််းကို ကိုယ်တိုင်ရေးကြမှာပဲ
ထိုင်းကပြန်လာလို့ရှိရင် ပိုက်ဆံနဲ့ပြန်မယ်ဆိုတာထက်၊ ထိုင်းကနေပြန်ရင် ပညာနဲ့ပြန်မယ်၊ သျှမ်းပြည်ကိုပြန်လာတဲ့အချိန် ပညာတွေနဲ့ ပြန်လာနိုင်ရင် အလုပ်ဖြစ်မယ်၊ ထိုင်းမှာ အခွင့်အလမ်း ရေသစ်မြေသစ်ရှာကြတယ်၊ ကြီးပွားရာကြီးပွားကြောင်း၊ သျှမ်းပြည်မှာသာ တကယ်လို့ စစ်ပွဲတွေ ငြိမ်သွားခဲ့ရင် အုပ်ချုပ်ရေး၊ တရားစီရင်ရေးတွေကောင်းလာခဲ့ရင် သျှမ်းပြည်က ရေသစ်မြေသစ်ပြန်ဖြစ်လိမ့်မယ်၊ ကြီးပွားတိုးတက်နိုင်မယ့် အကြောင်းအရာတွေ ရှိလာလိမ့်မယ်၊ ထိုင်းမှာတော့ အကြာကြီး မရှင်သန်လောက်ဘူး။
နန်းဆိုင်နွမ်။ ။ ဆရာ အနေနဲ့ ဘာများဖြည့်စွတ်ခြင်းပါသလဲ။
ဉီးစိုင်းညွန့်လွင်။ ။ နောက်တစ်ခုက CDM ကို စစ်တပ်က အရေးယူမယ် Non-CDM ကိုကျတော့ NUG က အရေးယူမယ် ဆိုတော့ အလုပ်လုပ်တဲ့သူတွေက တစ်ယောက်မှ လွတ်တော့မှာမဟုတ်ဘူး၊ ဆိုတာဒါတွေကို အရေးမယူဖို့ CDM ဆိုတာ ဌာနထဲမှာရှိတဲ့ ပစ္စည်းတွေကို ရိုက်ခွဲပြီးထွက်သွားတာမှ မဟုတ်ဘဲ၊ ဒါတွေလောက်ကိုတော့ ခွင့်လွှတ်ဖို့လိုတယ်
လူငယ်တွေလည်း ကိုယ့်ဌာနကို ဂုဏ်သိက္ခာရှိရှိပြန်လာနိုင်အောင် တာဝန်ရှိတဲ့လူတွေ က လမ်းဖွင့်ပေးဖို့လိုတယ်၊ ဒီလိုမှ မလုပ်ရင်် ဆိုးသထက်ဆိုလာမှာပဲ၊ တနေ့သောအချိန်တော့ လူထုက သမိုင််းကို ကိုယ်တိုင်ရေးကြမှာပဲ
နန်းဆိုင်နွမ်။ ။ ဟုတ်ကဲ့ပါ ဆရာ၊ အခုလို ဖြေကြားပေးတဲ့အတွက် ကျေးဇူးအများကြီး တင်ပါတယ်












Leave a Comments